Wednesday, April 6, 2016

ကချင်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၄/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
ကချင်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့ပါ ပြဌာန်းချက်များအရ ကချင်ပြည်နယ် ဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါ ပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ကချင်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်-
(၁)
ဗိုလ်မှူုးကြီးသူရမျိုးတင်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
(၂)
ဦးဝေလင်း
ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန
(၃)
ဦးဝင်းညွန့်
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန
(၄)
ဦးမြသိန်း
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(၅)
ဦးH လအောင်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၆)
ဦးနေဝင်း
စည်ပင်သာယာရေးဝန်ကြီးဌာန
(၇)
ဒေါက်တာသင်းလွင်
လူမှုရေးဝန်ကြီးဌာန

(ပုံ) ထင်ကျော်              
နိုင်ငံတော်သမ္မတ           
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်




No comments:

Post a Comment

Pages (25)12345 Next