Wednesday, April 6, 2016

ကယားပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၂၃/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်)
ကယားပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့ပါ ပြဌာန်းချက်များအရ ကယားပြည်နယ် ဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ကယားပြည်နယ် ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-

(၁)
ဗိုလ်မှူုးကြီးဇော်မျိုးတင်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
(၂)
ဦးခင်မောင်ဖြူ
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန
(၃)
ဦးဘော့စ်ကို
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(၄)
ဒေါက်တာအောင်ကျော်ဌေး
စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန
(၅)
ဦးတီရယ်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၆)
ဦးမော်မော်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

(ပုံ) ထင်ကျော်                
နိုင်ငံတော်သမ္မတ            
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်






No comments:

Post a Comment

Pages (25)12345 Next