Sunday, April 10, 2016

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူ ၁၉၉ ဦး လွှတ်ပေးခဲ့
နေပြည်တော် ဧပြီ ၉

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှု ရင်ဆိုင်နေကြရသူများနှင့် စပ်လျဉ်းသည့် အမှုများမှ ရုပ်သိမ်းပြီးသူ ၁၃၈ ဦးကို ယမန်နေ့က လွှတ်ပေးပြီးဖြစ်ကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထပ်မံရရှိသော သတင်းများအရ အမျိုးသား ၅၀ နှင့် အမျိုးသမီး ၁၁ ဦး ထပ်မံလွှတ်ပေးခဲ့သဖြင့် ယမန်နေ့က လွှတ်ပေးမှု စုစုပေါင်းမှာ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၆ ဦးနှင့် ကလေးနှစ်ဦး စုစုပေါင်း ၁၉၉ ဦးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Pages (25)12345 Next