Wednesday, April 6, 2016

မွန်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၂၀/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
မွန်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့ပါ ပြဌာန်းချက်များအရ မွန်ပြည်နယ် ဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါ ပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် မွန်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်-
(၁)
ဝန်ကြီးချုပ်ဦးမင်းမင်းဦး
စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂)
ဗိုလ်မှူုးကြီးဝင်းနိုင်ဦး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
(၃)
ဦးမင်းထင်အောင်ဟန်
လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန
(၄)
ဒေါက်တာထိန်လင်း
လူမှုရေးဝန်ကြီးဌာန
(၅)
ဦးထွန်းဌေး
စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန
(၆)
ဒေါက်တာမင်းကြည်ဝင်း
(ခ) နိုင်ကြည်ဝင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၇)
ဦးဝဏ္ဏကျော်
စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

(ပုံ) ထင်ကျော်             
နိုင်ငံတော်သမ္မတ           
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်





No comments:

Post a Comment

Pages (25)12345 Next