ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၆ / ၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့
ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့ပါ ပြဌာန်းချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို
ယှဉ်တွဲပါဝန်ကြီးဌာနများတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများအဖြစ်
ခန့်အပ် တာဝန်ပေးလိုက်သည်-
(၁)
|
ဗိုလ်မှူးကြီးကျော်သန့်နိုင်
|
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
|
(၂)
|
ဦးစိုးဦး
|
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
|
(၃)
|
ဦးကမ်ဇာမုံ
|
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
|
(၄)
|
ဦးသန်းညွှန့်ဝင်း
|
လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန
|
(၅)
|
ဦးမြင့်ကြည်
|
စည်ပင်သာယာရေးဝန်ကြီးဌာန
|
(၆)
|
ဒေါက်တာဇော်ဝင်း
|
လူမှုရေးဝန်ကြီးဌာန
|
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment