Wednesday, April 6, 2016

နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုဝန်ကြီး(၂)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်သွင်း

နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုဝန်ကြီး(၂)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်သွင်း

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ပြည်ထောင်စု ၀န်ကြီး(၂)ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် တို့၏ အမည်စာရင်းများ အဆိုပြုတင်ပြခြင်းတို့ ကိုပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်သို့ တင်ပြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်သည်။

အဆိုပါ ခန့်အပ်တာဝန်ပေးခဲ့သော တိုင်းဒေသကြီး နှင့် ပြည်နယ် တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီးများမှာ ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးခင်မောင်မြင့် (ခ) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ဦးစိုင်းစိန်လင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးအားတီယောဟန်နှင့် ရ၀မ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးရန်နမ်းဖုန်၊ ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးလှမျိုးဆွေ၊ ကရင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ဦးတေဇထွဋ် လှိုင်ထွေး၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးမင်းတင်ဝင်းနှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ်ဦးခွန်မျိုးတင့်၊ စစ်ကိုင်းတိုင်းဒေ သကြီးတွင် ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါ်မွေးမွှေးခင်နှင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ဦးလာလ်ထောင်ထန်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာန၀န်ကြီးအဖြစ် ဦးစောလုကာ၊ ပဲခူးတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါ်နော်ပွယ်ဆေး၊ မကွေးတိုင်းဒေ သကြီးတွင် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးလှထွန်း၊ မန္တလေး တိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးစိုင်းကျော်ဇော၊ မွန်ပြည်နယ်တွင် ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးရွှေမြင့်၊ ပအိုဝ်း တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါ်စံဝင့်ခိုင်နှင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးအောင်မြင့်ခိုင်၊ ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးပုန်ဘွေ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါ်ပန်းသဉ္ဇာမျိုးနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီး အဖြစ် ဒေါက်တာအောင် သန်းမောင်၊ ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးဇုတ်ဒေါင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးဂူဆာ၊ လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးယောသပ်၊ အာခါတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးအာဗေလှ၊ အင်းသားတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါက်တာထွန်းလှိုင်နှင့် ကယန်း(ခ)ပဒေါင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ဦးခွန်အေးမောင်၊ ဧရာဝတီတိုင်းဒေ သကြီးတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဂါ့မိုးမြတ်မြတ်သူနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ဦးတင်စော တို့ဖြစ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတမှအဆိုပြုတင်ပြသော လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဦးဖေဇင်ထွန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီး တို့ကို လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းတို့ကို လည်းကောင်း လွှတ်တော်သို့တင်ပြပြီး အဆိုပါ ကိစ္စများနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။



No comments:

Post a Comment