Wednesday, April 6, 2016

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၈/၂ဝ၁၆

၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ရက်
(၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁ရက်)
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များအရ ဒေါက်တာ မျိုးအောင် ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ထင်ကျော်             
နိုင်ငံတော်သမ္မတ         
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



No comments:

Post a Comment