ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၉/ ၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ
၁၂တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာန
အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁)
|
ဦးဖေဇင်ထွန်း
|
ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
|
(၂)
|
ဒေါက်တာမျိုးသိမ်းကြီး
|
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
|
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment