ကျေးလက်/ မြို့ပြ

ကျေးလက်/မြို့ပြ

.......................................................................................................................................................................

တပ်မတော်ကသိမ်းယူထားသောမြေများအား ဒုတိယအကြိမ် စိစစ်စွန့်လွှတ်ပေးလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၅
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအပိုင်း (၁) နှင့် အပိုင်း (၃) တွင် ပါရှိသော တပ်မတော်နှင့် သက်ဆိုင်သည်ဟု ယူဆ၍ ပေးပို့ခဲ့သည့် အမှုပေါင်း (၅၆၅) မှုရှိသော်လည်း စိစစ်ချက်အရ တပ်မတော်နှင့် သက်ဆိုင်သည့်အမှု (၃၆၅)မှုတွင် ဖြေရှင်းပြီး (၃၅၇)မှုအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ပထမအကြိမ် ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်သည်-

-
ကော်မရှင်တိုင်စာတွင် ပါဝင်ခဲ့မှုမှ စွန့်လွှတ်ပေးခဲ့သောမြေ
-
၂၄၈၅၄.၉၁ဝဧက
-
ကော်မရှင်တိုင်စာတွင် မပါဝင်သော်လည်း သီးခြားစွန့်လွှတ် ပေးခဲ့သောမြေ
-
၂၉၄ဝဝ.ဝ၉၃ဧက

စုစုပေါင်း
-
၅၄၂၅၅.ဝဝ၃ဧက

တပ်မတော်က အထက်ပါ စုစုပေါင်း မြေ ၅၄၂၅၅.ဝဝ၃ ဧကအား တိုင်းဒေသကြီး/ ပြည်နယ် မြေယာစီမံခန့်ခွဲရေးအဖွဲ့များသို့ ပထမ အကြိမ် ပြန်လည်စွန့်လွှတ် အပ်နှံပေးခဲ့ပြီးဖြစ်သည်။ ခရိုင်/မြို့နယ်/ ရပ်ကွက်/ကျေးရွာ မြေယာစီမံခန့်ခွဲရေးအဖွဲ့များကလည်း စနစ် တကျ စိစစ်၍ တောင်သူများ လက်ဝယ် ပြန်လည်အပ်နှံပေးလျက်ရှိသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ နယ်မြေဒေသများအလိုက် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ မြေစာရင်း ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာန တာဝန်ခံများနှင့် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့များဖွဲ့စည်း၍ တပ်မတော်မှ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရန် သိမ်းဆည်းခဲ့သော မြေများအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါအဖွဲ့များ၏ မြေပြင်စစ်ဆေးချက်များအရ မြေဧရိယာ ၁၅၄၈၉၂.၁ဝ၂ ဧကအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများမှတစ်ဆင့် စနစ်တကျ စိစစ်ပြီး မူလသက်ဆိုင်သူများထံသို့ ယခုအခါ ဒုတိယအကြိမ် ထပ်မံစွန့်လွှတ် ပေးမည် ဖြစ်သည်။

တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးလျက်ရှိသော မြေများနှင့် ပတ်သက်၍ သိမ်းဆည်း မြေများအပေါ် ပြန်လည်စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် လျက်ရှိရာတွင်-
-
ပြည်ထဲရေးအမိန့် ရယူသိမ်းဆည်းခဲ့သည့် မြေများအား ပြန်လည်စွန့်လွှတ်ပေးမည့် တပ်ရင်း/တပ်ဖွဲ့များသည် မြေယာအမှုတွဲ ဖွင့်လှစ်၍ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး (ကော်လ္လိတော်အရာရှိ)မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ပြင်ဆင်ထုတ်ပြန်ရန် တင်ပြအပ်နှံရမည်။
-
အဆိုပါမြေများအား ပြည်ထဲရေးဝန်ကြီးဌာနမှ မြေသိမ်းပယ်ဖျက်သည့် အမိန့် ထုတ်ပြန်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးက ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လွှဲပြောင်းပေးပြီး သက်ဆိုင်သောတောင်သူများမှ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရန် သက်ဆိုင်ရာမြေယာစီမံခန့်ခွဲရေးအဖွဲ့သို့ လျှောက်ထား ရယူရမည်။
-
လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မ(၃၉)အရ သိမ်းဆည်းထားသော မြေများအား ပြန်လည်စွန့်လွှတ်ပေးမည့် တပ်ရင်း/ တပ်ဖွဲ့များမှ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြအပ်နှံရမည်။
-
တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ လန(၃၉)အား ပယ်ဖျက်အမိန့် ထုတ်ပြန်၍ စွန့်လွှတ်မြေများအား ခရိုင်/မြို့နယ် မြေယာ စီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် သက်ဆိုင်သူ များသို့ ပြန်လည်ပေးအပ်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်သူများမှလည်း လုပ်ကိုင်ခွင့် ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။
-
မြေစာရင်းပုံစံ(၁ဝ၅)တပ် အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်ရယူ သိမ်းဆည်းထားသောမြေနှင့် ယခင်ကာလသိမ်းဆည်းရေး ဆောင် ရွက်ဆဲမြေများအား တပ်ရင်း/တပ်ဖွဲ့များမှ ပြန်လည် စွန့်လွှတ်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြ ခွင့်ပြုချက်ရယူ၍ သက်ဆိုင်ရာ မြေယာ စီမံခန့်ခွဲမှုအဖွဲ့များထံသို့ အပ်နှံရမည်။
-
ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုမြေယာ စီမံခန့်ခွဲမှုအဖွဲ့များမှ သက်ဆိုင်သူ များသို့ ပြန်လည် အပ်နှံပေးရမည်ဖြစ်ပြီး သက်ဆိုင်သူများမှလည်း လုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားရယူရမည်ဖြစ်သည်။

တပ်မတော်က ပြန်လည်စွန့်လွှတ်ပေးလျက်ရှိသော မြေများအား တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ မြေယာစီမံခန့်ခွဲရေး အဖွဲ့များသည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် ပြန်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သိမ်းဆည်းမြေများအပေါ် ပြန်လည်စွန့်လွှတ် ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်စွန့်လွှတ် ပေးမည်ဖြစ်သည်။ တပ်မတော်က သိမ်းဆည်းထားသော မြေများအား မူလ သက်ဆိုင်သူသို့ ပြန်လည်စွန့်လွှတ်ပေးရာတွင် ယခုအကြိမ် အပါအဝင် စုစုပေါင်းမြေ ၂ဝ၉၁၄၇.၁ဝ၅ ဧက ရှိပြီဖြစ်သည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် ဦးဆောင်သော ကာကွယ်ရေးဆိုင်ရာ ဆပ်မကော်မတီ (Delivery Unit) အဖွဲ့များကလည်း မူလ သက်ဆိုင်သူများ၏ လက်ဝယ်သို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆက်သွယ်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

တပ်မတော်က ဒုတိယအကြိမ် စိစစ်ပြန်လည်စွန့်လွှတ်ပေးမည့်မြေများစာရင်း
ရက်စွဲ၊ ၅-၂-၂ဝ၁၄။
စဉ်
တိုင်း/
ပြည်နယ်
ပြည်ထဲရေး အမိန့်ရယူ သိမ်းဆည်းမြေ
လန(၃၉) ရယူသိမ်း ဆည်းမြေ
မြေစာရင်း ပုံစံ (၁၀၅/၁၀၆) ရယူ သိမ်းဆည်း ထားသောမြေ
တပ် အစီ အစဉ် ဖြင့် လုပ်ပိုင် ခွင့် ရယူ သိမ်းဆည်း ထားသော မြေ
ယခင် ကာလ သိမ်း ဆည်း ရေး ဆောင် ရွက်ဆဲ မြေ
စုစုပေါင်း
မှတ်ချက်
နေပြည်တော်
-
-
၁၁၆.၀၀
-
၆၈.၄၀၀
၁၈၄.၄၀၀

ကချင်
-
-
၂၉၈၅၀.၂၀၀
-
၈၃၉၀.၀၈၀
၃၈၂၄၀. ၂၈၀

ကယား
၄၂၇.၀၀၀
-
-
-
၂၄၁.၁၈
၆၆၈.၁၈

ကရင်
-
-
၇၁၉.၄၀
၆၂၆.၇၂
၂၁၀.၂၀
၁၅၅၆.၃၂

ချင်း
-
-
-
-
၂၂၂.၈၈
၂၂၂.၈၈

စစ်ကိုင်း
-
၉၂၀.၀၀
၅၉၅၉.၅၀
၁၃၉၀၃.၁၃
၈၄၅၆.၄၉
၂၉၂၃၉. ၁၂

တနင်္သာရီ
-
၃၄၂.၇၆၀
၁၂၆၁.၀၇၀
၇၄၈.၇၁၀
-
၂၃၅၂. ၅၄၀

ပဲခူး
၄၃၉၀.၇၀၀
၂၀၇၆.၂၅၀
၆၂၀၀.၈၅၀
၆၀၀.၅၀၀
၂၀၄၈.၀၀၀
၁၅၃၁၆. ၃၀၀

မကွေး
-
-
၅၉၂.၁၈
၁၉၆၃.၁၆
၁၀၄၂.၅၄
၃၅၉၇. ၈၈

၁၀
မန္တလေး
၆၈၄.၆၆၀
၄၈၂.၄၃၀
-
၁၉၃၇.၆၂၀
၇၄၀.၀၀၀
၃၈၄၄. ၇၁၀

၁၁
မွန်
-
-
၁၆၂၅.၄၆
၁၇၇၂.၄၃
၃၂၃.၈၁
၃၇၂၁. ၇၀

၁၂
ရခိုင်
၁၇၆၀.၆၁၀
-
၉၃၀၅၂.၃၀၀
၃၉၁၄.၁၆၀
၃၂၉၂.၈၈၀
၁၈၀၁၉. ၉၅၀

၁၃
ရန်ကုန်
-
-
၁၃၇.၆၂၀
၇၃၇.၂၅၀
၄၈၄၉.၄၁၀
၅၇၂၄. ၂၈၀

၁၄
ရှမ်း
၁၄၂၀၈.၇၃၄
၄၇.၁၁၀
၆၉၅၄.၈၂၀
၇၃၄၀.၄၇၀
၃၆၅၂.၄၉၂
၃၂၂၀၃. ၅၆၂

၁၅
ဧရာဝတီ
-
-
၆၉၅၄.၈၂၀

-
-
မှတ်ချက် (၄)

စုစုပေါင်း
၁၂၄၁၇.၆၇၀
၃၈၆၈.၅၄၀
၆၂၄၆၉.၃၈၀
၃၃၅၄၄.၁၅၀
၃၃၅၃၈.၃၆၂
၁၅၄၈၉၂. ၁၀၂


မှတ်ချက်။
(၁)
ပြည်ထဲရေးအမိန့်ရယူ သိမ်းဆည်းမြေ (၂၁၄၇၁.၆၇) ဧကအား ကော်လ္လိတော် အရာရှိထံမှစ၍ အမှုတွဲ ဖွင့်ပြီး ပြန်လည်အပ်နှံရမည် ဖြစ်ပါသည်။

(၂)
လ/န(၃၉) ရယူ သိမ်းဆည်းမြေ (၃၈၆၈.၅၄) ဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ လ/န (၃၉) ပယ်ဖျက်ဆောင်ရွက်၍ အပ်နှံပေးသွားပါမည်။

(၃)
ကျန်မြေ (၁၂၉၅၅၁.၈၉၂) ဧကအား တိုင်းဒေသကြီး/ပြည်နယ် မြေယာ စီမံခန့်ခွဲမှုအဖွဲ့သို့ စွန့်လွှတ် အပ်နှံပေးရပါမည်။

(၄)
ဧရာဝတီတိုင်းဒေသကြီးတွင် မြေ (၉၃၃၅.၄၁) ဧကအား ပထမ အကြိမ်တွင် စွန့်လွှတ်ပေးခဲ့ပြီး ဖြစ်ပါ သည်။
-------------------------------------------------------------------------------------



(ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဗဟိုကော်မတီ၏ (၁/၂ဝ၁၁) အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသော အမှာစကားမှ (၂၀ - ၆ -၂၀၁၁))

 

1 comment:

  1. ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုတော့ စိတ်ဝင်စားပါသည်။ ကျွန်တော်၏စာအားဖတ်မည် ဖတ်ဖြစ်မည်ဆိုပါက တင်ပြချင်ပါသည်။
    ကျွန်တော်တို့ဒေသသည် နာဂစ်မုန်တိုင်း ဒဏ်အားပြင်းထန်စွာ ခံစားခဲ့ရသော ဒေသဖြစ်သည်။ အလယ်ကျွန်းဒေသဟု ဒေသဟုခေါ်သော ငပုတောမြို့
    နယ် ပိုင်ဒေသဖြစ်ပါသည်။ လယ်သမားများ လယ်လုပ်ငန်းအဓိကလုပ်ကိုင်သောဒေသဖြစ်ပါသည်။ ထို့ကြောင့်ပင် ဆင်းရဲသားဒေသဟုခေါ်လျှင်မှားမည် မထင်ပါ နာဂစ်ဖြစ်ပြီးစအချိန်တွင် အကူအညီများ ရရှိတန်သလောက်ရရှိကာ လယ်လုပ်ငန်းဆက်လက်လုပ်
    ကိုင်သည့် အခါ စပါးဈေးများ လွန်မင်းစွာကျဆင်းသဖြင့် လည်းကောင်း စပါးအထွက်နှုံးများ ဆိုးရွားစွာ ထိခိုက်သဖြင့် လ်ည်းကောင်း ဘဏ်ငွေပြန်လည် ဆပ်ချိန်တွင် လယ်သမားများမှာဝမ်းစာပါရောင်းကားဆပ်ရပါသည်။ ကျွန်တော်တို့နှင့် အတူတူဖြစ်သော ဆားတောင်သူများမှာ ချေးငွေ တစ်ဧက 3 သိန်းနှုံးရရှိကာ ယခု ထိတိုင် အကြွေး မဆပ်ကြသေးပါ နာဂစ်ဖြစ်ပြီးသည့်နှစ်တွင် ဆည်မြောင်းမှ ရေငံတားတာများအားယာယီ ဆိုကာ ဖြစ်သလို ဖို့ပေးခဲ့ပြီး ယနေ့အထိ လာရောက်ဖို့ပေးခြင်းမရှိသေးပါ အလယ်ကျွန်းဒေသ ကျွန်း သုံးကျွန်း မှ နှစ်စဉ် တိုးကာတက်နေသော ထူးကဲဒီရေအောက်တွင် စပါးများ နှစ်စဉ်ပျက်စီးနေရပါသည်။ ယခု နှစ်တွင် လဲ ဆည်မြောင်းမှ လာမည် တာလာ ဖို့မည် ဆိုသောသတင်းသာကြားရသော်လဲ ယခု အောက်တိုဘာလ အထိ လာရောက်ခြင်းမရှိသေးပါ လယ်သမားများအား စေတနာ ထားသောအားဖြင့် ငပုတောမြို့နယ် အလယ်ကျွန်းဒေသ မှ ဆည်မြောင်းတာ များအား အချိန်မှီလာရောက်ကာ ဖို့ပေးနိုင်ပါရန် တောင်းပန်ပါသည်
    အလယ်ကျွန်းသား လယ်သမား

    ReplyDelete