ဒုတိယသမ္မတ (၂)

ဒုတိယသမ္မတ(၂)သတင်းများ

................................................................................................................................................................................................. 

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အားကစားသမားများအား တွေ့ဆုံနှုတ်ဆက်








နေပြည်တော် ဇန်နဝါရီ  ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် ရောက်ရှိနေသော အာဆီယံ နိုင်ငံများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအား ယနေ့ နံနက် ၁၀ နာရီတွင် အားကစား လေ့ကျင့်ရေးစခန်း၊ နေပြည်တော်ရှိ  Social Zone ၌ တည်ခင်းဧည့်ခံ သော လက်ဖက်ရည်ပွဲသို့ တက်ရောက် ချီးမြှင့်သည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အာဆီယံနိုင်ငံများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြ များနှင့် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲ အထိမ်းအမှတ် လက်ဆောင်များကို ပေးအပ်သည်။

အဆိုပါ ဧည့်ခံပွဲသို့ (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ (၇) ကြိမ်မြောက် အားကစား ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်း၊ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးအောင်ကြည်၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အာဆီယံနိုင်ငံများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
----------------------------------------------------------------------------------


ဒုတိယသမ္မတ ဦးဉာဏ်ထွန်း (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို သွားရောက် ကြည့်ရှု အားပေး







နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် ကျင်းပလျက် ရှိသည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင် ကစားလျက် ရှိရာ ၀ဏ္ဍသိဒ္ဓိ အားကစားပြိုင်ကွင်းရှိ တိုက်ကွမ်ဒို အားကစား ပြိုင်ပွဲသို့ သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

တိုက်ကွမ်ဒို ပြိုင်ပွဲ အားကစားရုံတွင် ကျင်းပသည့် အမျိုးသမီးပြိုင်ပွဲ (၄၆ ကီလိုတန်း အောက်)တွင် မြန်မာမှ နွေးနွေးနှင့် ထိုင်းနိုင်ငံမှ ပန်နီပက် ၀န်ပက်တာနကစ် တို့ ယှဉ်ပြိုင် ကစားကြသည်။
ပွဲစဉ်အစတွင် ပြိုင်ဘက်ကစားသမားနှစ်ဦးတို့သည် တစ်ယောက်အကဲ တစ်ယောက် စမ်းသပ်ကာ ကစားနေခဲ့ကြသည်။ ပြိုင်ဘက်ကစားသမားက ခြေတံပိုရှည် သွက်လက် သယောင် ရှိသော်လည်း နွေးနွေးက ခြေအနုတ် အရွှေ့ပုံစံ အမျိုးမျိုးပြောင်းကာ ပြိုင်ဘက်ကို လေ့လာအကဲခတ်ရင်း အားနည်ချက်ရှာကာ တစ်ချက်တစ်ချက် ပြန်လှန်တိုက်ခိုက် အမှတ် ရယူနေသည်ကို တွေ့မြင်ရသည်။
ဒုတိယအချီအစတွင် နွေးနွေးက ခြေအောက်ပိုင်းနှင့် ခါးလယ်ပိုင်းများဆီသို့ ပစ်မှတ်ထား တိုက်ခိုက်သည့် နှစ်ဆင့်ကန်ချက်များကို စတင်အသုံးပြုတိုက်ခိုက်သည်ကို တွေ့ရသည်။ ပြိုင်ဘက်ကစားသမား အလှည့်အငိုက်တစ်ချက်မိချိန်တွင် ညာအဖြောင့် ကန်ချက် တစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ကန်သွင်းလိုက်ရာ ရင်ညွန့်တည့်တည့်ကန်မိပြီး ပြိုင်ဘက် ဖင်ထိုင်လဲကြသည်။ ပရိသတ်အားပေးသံ ဘဝဂ်ညံ၏။ နောက်တစ်ကြိမ် ဘယ်ဝိုက်ခြေ ယောင်ပြ အနိမ့်ကန်ချက်ကို ထိုင်းကစားသမား ကာကွယ်ရန် ကြိုးစားစဉ် နွေးနွေးက ချက်ချင်း ဟန်ချက်ပြင်ကာ ညာဝိုက် ခြေကန်ချက်ဖြင့် ရင်ဘတ်ကို ဖြတ်ကန်လိုက်သဖြင့် ပြိုင်ဘက် ကစားသမား ကြမ်းပြင်ပေါ် လိမ့်ဆင်းသွားရာ ပရိသတ် အားပေးသံ ပတ်တုတ် မရနိုင် တော့ချေ။
တတိယအချီတွင်မူ ပြိုင်ဘက်ကစားသမား အတင်းမဝင်ရဲတော့၊ ခြေတံရှည် အားသားချက် ရှိသည့် သူမအဖို့ အဖြောင့်ထောက် ကန်ချက်များဖြင့်သာ နွေးနွေး၏ ဝင်လမ်းများကို ပိတ်ဆို့ ကာကွယ်နေသည်ကို တွေ့ရသည်။ တစ်ကြိမ်တွင် နှစ်ယောက်သား အပြိုင် ခြေကန်ချက်များဖြင့် ခြေခတ် ကစားကြရင်း နွေးနွေး၏ ဘယ်ခြေ အဖြောင့် ကန်ချက်က ပြိုင်ဘက် ညာဘက်မေးရိုးအပေါ် ထိချက် ပြင်းပြင်း ထိမှန်သွားရာ နွေးနွေး အနိုင်ရ  ဗိုလ်စွဲသွားခဲ့သည်။
မြန်မာနိုင်ငံအတွက် တိုက်ကွမ်ဒို အားကစားမှ လေးခုမြောက် ရွှေတံဆိပ်ကို ရယူပြီးချိန်တွင် ပရိသတ်များက လှိုက်လှဲ ၀မ်းသာစွာ အားပေး ဂုဏ်ပြုကြသည်ကို တွေ့မြင်ရသည်။
နိုင်ငံတော် အလံကို ပခုံးထက် လွှမ်းခြုံကာ ပီတိမျက်ရည်များဖြင့် ကွင်းအတွင်း အောင်ပွဲခံ ပြေးလွှားနေသည့် နွေးနွေးကို ပရိသတ်များက သောင်းသောင်း ဖျဖျ အားပေးကြသကဲ့သို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်တို့ကလည်း အမှတ်တရ ဓါတ်ပုံများ အတူတကွ ရိုက်ကူး ခြင်း၊ ငွေသားဆုများ ချီးမြှင့်ခြင်း စသည့် ဂုဏ်ပြု ချီးမြှောက်မှုများဖြင့် အားပေးခဲ့သည်ကို တွေ့ရသည်။
ပြိုင်ပွဲကို အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့ပြီး ပြိုင်ပွဲများ အပြီးတွင် ၄၆ ကီလို တန်းအောက် နိုင်ငံအလိုက် ဆုရရှိသည့် အောင်ပွဲရ အမျိုးသမီး အားကစားသမားများအား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။


ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရိုးရာလှေလှော်ပြိုင်ပွဲ ကြည့်ရှုအားပေး








နေပြည်တော်  ဒီဇင်ဘာ ၁၈

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပသည့် ရိုးရာလှေလှော် အားကစား ပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။


ပြိုင်ပွဲတွင် ရိုးရာလှေအမျိုးသား ၁ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲ၌ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းတို့ ပါဝင်ယှဉ်ပြိုင်ရာ ပထမဆုကို မြန်မာ၊ ဒုတိယဆုကို အင်ဒိုနီးရှား၊ တတိယဆုကို ထိုင်းတို့က  လည်းကောင်း၊ အမျိုးသမီးပွဲစဉ် ၁ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် စင်ကာပူ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို မြန်မာ၊ ဒုတိယဆုကို ထိုင်း၊ တတိယဆုကို အင်ဒိုနီးရှားတို့က လည်းကောင်း၊ အမျိုးသားပွဲစဉ် ၂ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို မြန်မာ၊ ဒုတိယဆုကို ထိုင်း၊ တတိယဆုကို အင်ဒိုနီးရှား တို့ကလည်းကောင်း၊ အမျိုးသမီးပွဲစဉ် ၂ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို မြန်မာ၊ ဒုတိယဆုကို ထိုင်း၊ တတိယဆုကို အင်ဒိုနီးရှားတို့က လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ၁ဝ တက်လှော် မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို မြန်မာ၊ ဒုတိယဆုကို ထိုင်း၊ တတိယဆုကို အင်ဒိုနီးရှားတို့က လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ၂ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို မြန်မာ၊ ဒုတိယဆုကို ထိုင်း၊ တတိယဆုကို အင်ဒိုနီးရှားတို့ကလည်းကောင်း ဆွတ်ခူး ရရှိခဲ့ကြသည်။


ပြိုင်ပွဲအပြီးတွင် အောင်ပွဲရ မြန်မာလှေလှော်ကစားသမားများအား ဒုတိယသမ္မတက အားပေးနှုတ်ဆက်သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပရာ အမျိုးသား ၁ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့က ဆုများချီးမြှင့်ခဲ့ကြသည်။ ယင်းနောက်အမျိုးသမီး ၁ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က လည်းကောင်း၊ အမျိုးသား ၂ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းတို့က လည်းကောင်း၊ အမျိုးသမီး ၂ဝ တက်လှော် မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ဆုရရှိသူများအား ACC  ရိုးရာလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှကနူး/ကယက်လှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းဦးတို့က လည်းကောင်း၊ အမျိုးသားအမျိုးသမီး ၁ဝ တက်လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲ တွင် ဆုရရှိသူများအား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် အမျိုးသားအားကစားကော်မတီ အထွေထွေအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ၂ဝ တက် လှော်မီတာ ၁ဝဝဝ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းနှင့် ဒုတိယဝန်ကြီး ဦးဇော်ဝင်းတို့ကလည်းကောင်း ဆုများကို ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
--------------------------------------------------------------------------------------------------------------------------------


ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့် ၂၀၁၃ ခုနှစ် အာဆီယံ အားကစားများနှစ် ဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက် အားပေး





 နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့သည် ယမန်နေ့ည၆နာရီ ခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပသည့် ၂၀၁၃ ခုနှစ် အာဆီယံ အားကစားများနှစ် ဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြည့်ရှုကြသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့နှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အာဆီယံ နိုင်ငံများမှ သရုပ်ပြ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ၊ အာဆီယံနိုင်ငံများ၏ နိုင်ငံအလိုက် အနုပညာရှင် များ၊ ကျောင်းသားကျောင်းသူ များနှင့်  ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံ နိုင်ငံများအတွင်း ချစ်ကြည်ရင်းနှီးမှုကို အခြေခံမည့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေး၊ ၂၀၁၅ ခုနှစ်တွင် တည်ထောင်မည့် အာဆီယံ အသိုက်အဝန်းအတွင်း ပိုမိုကောင်းမွန်မည့် ဆက်ဆံမှုများ ပြုလုပ်ဆောင်ရွက် သွားရေး၊ အာဆီယံ နိုင်ငံများအတွင်း ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှုများကို ပိုမိုတိုးတက် ခိုင်မာ လာစေရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် အာဆီယံနိုင်ငံများကို ကိုယ်စားပြုသည့် ဝတ်စားဆင်ယင်မှုများဖြင့် အနုပညာရှင်များက Sports Year သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မိမိတို့နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုကို ကိုယ်စားပြုသည့် အဆို၊ အကများဖြင့် အလှည့်ကျဖျော်ဖြေ တင်ဆက်ကြရာ ဧည့်ပရိသတ်များက စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည်။

အလားတူ အိမ်ရှင်မြန်မာနိုင်ငံ၏ ရိုးရာအကများဖြစ်ကြသော ဆီမီးခွက်ယိမ်းအက၊ ထာဝရ မြန်မာယိမ်းအကများကိုလည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နှစ်ခြိုက်သဘောကျစွာ ကြည့်ရှု အားပေးကြသည်ကိုလည်း တွေ့မြင်ရသည်။

နိုင်ငံအားလုံး ဖျော်ဖြေမှုအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးမှ အနုပညာရှင်များ စုပေါင်း၍ Sports Year သီချင်းကို စုပေါင်းအကဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူတို့က နိုင်ငံအလိုက် သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အာဆီယံနိုင်ငံများမှ အနုပညာရှင်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အာဆီယံနိုင်ငံများမှ အနုပညာရှင်များနှင့်တူ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
--------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတဦးဥာဏ်ထွန်း နိုင်ပွဲရအားကစားသမားများအား စိတ်ဓာတ်မြှင့်တင်အားပေး








နေပြည်တော် ဒီဇင်ဘာ ၁၃

(၂၇) ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ  ဦးဥာဏ်ထွန်းသည် ယနေ့တွင် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပလျက်   ရှိသောကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများ ချီးမြှင့်ပြီး နိုင်ငံတကာ အားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသော အားကစားရွာ (Social Zone) ရှိ ဆိုင်ခန်းများအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ နံနက် ၁၁ နာရီတွင် နေပြည်တော် ငလိုက်ဆည်၌ ကျင်းပလျက်ရှိသော ကနူး၊ ကယက် လှေလှော်ပြိုင်ပွဲ ဆုပေးပွဲတွင် ကယက်လှေလှော် ပြိုင်ပွဲအမျိုးသမီး လေးယောက်တွဲ ပွဲစဉ်၌ ပထမရရှိသော မြန်မာနိုင်ငံမှ ဖြူသီဦး၊ မျိုးသန္တာထွန်း၊ နော်အာလယ်လားရှီ၊ အေမီခိုင် တို့အတွဲ၊ ဒုတိယရရှိသော ထိုင်းနိုင်ငံမှအတွဲနှင့် တတိယရရှိသော စင်ကာပူနိုင်ငံတို့မှ ဆုရရှိကြသော အားကစားသမားများအား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းတို့က ဆုများကို ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပထမဆုရရှိသော မြန်မာအမျိုးသမီး အသင်းအား ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ငွေသားဆုများကို ချီးမြှင့်ခဲ့ကြပြီး  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ နိုင်ပွဲရ မြန်မာအားကစားသမားများအား ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးတို့က စိတ်ဓာတ်မြှင့်တင် အားပေးခဲ့ကြသည်။    

ဆက်လက်၍ ဒုတိယသမ္မတသည် နိုင်ငံတကာ အားကစားသမားများ တည်းခိုနေထိုင်လျက် ရှိသော အားကစားရွာ (Social Zone) ကို သွားရောက် လှည့်လည်ကြည့်ရှု စစ်ဆေးရာ  အားကစားသမားများ ဝယ်ယူစားသုံးမှု အခြေအနေ၊ စားသောက်ဆိုင်များ ရောင်းချနိုင်မှု အခြေအနေ၊ နိုင်ငံတကာ အားကစားသမားများ ငွေလဲလှယ် သုံးစွဲနိုင်ရန်အတွက် ငွေလဲ ဘဏ်များ ထားရှိပြီး ငွေလဲလှယ်သုံးစွဲမှု အခြေအနေ၊ နိုင်ငံတကာ အားကစားသမားများ အင်တာနက်၊ ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်မှု အခြေအနေ စသည်တို့ကို လေ့လာကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
--------------------------------------------------------------------

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ






နေပြည်တော် ဒီဇင်ဘာ ၁ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော် ဟိုတယ် ဇုန်ရှိ မြတ်တော်ဝင်ဟိုတယ်၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဒုတိယ ဝန်ကြီးချုပ် H.E. Mme. Liu Yandong ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဦးဌေးအောင်၊ ဦးအေးမြင့်ကြူနှင့် ဒေါက်တာ ဖေသက်ခင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာစန်းလွင်၊ ဒေါ်စန္ဒာခင်၊ ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ် H.E.Mme.Liu Yandong နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတနှင့် ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ အကြား အပြန်အလှန် ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် တည်ဆောက်ကြိုးပမ်းသွားရေး ဆိုင်ရာများ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဧည့်သည်တော် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံအကြား သဘောတူညီမှု စာချုပ်သုံးခုကို လက်မှတ်ရေးထိုးကြရာ ''ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား ချုပ်ဆိုသော စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးသဘောတူ စာချုပ်အရ ယွမ်ငွေသန်း ၅ဝ အကူအညီပေးရေးစာချုပ်'' နှင့် ''မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာ၌ လိုအပ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များနှင့် ယွမ်ငွေ ၁ဝ သန်း လှူဒါန်းမည့် စာချုပ်'' များအား ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်တို့ကလည်းကောင်း၊ ''တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရက ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ ဆက်လက်ကျင်းပမည့် မသန်စွမ်းအားကစားပြိုင်ပွဲအားကစား ပွဲဆိုင်ရာ လိုအပ်သည့် အသုံးအဆောင်များ ဆက်လက်သုံးစွဲခွင့်ပြုခြင်း စာချွန်လွှာ'' စာချုပ်အား ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်နှင့် တရုတ်သံ အမတ်ကြီး မစ္စတာယန်ဟို့လန်တို့ ကလည်းကောင်း လက်မှတ်ရေးထိုး ကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
---------------------------------------------------------------------------------


ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကွင်းသွင်းခြင်းလုံး ပြိုင်ပွဲဗိုလ်လုပွဲစဉ်များ ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်


Add caption

 နေပြည်တော် ဒီဇင်ဘာ ၁ဝ

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ ကွင်းသွင်းခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်သည်။

ရှေးဦးစွာ ပထမ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော ကွင်းသွင်းခြင်းလုံးပြိုင်ပွဲ အမျိုးသမီးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၇၆ဝ မှတ်၊ လာအို အသင်းက ၃ဝဝ မှတ်တို့ဖြင့် မြန်မာအမျိုးသမီးအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဒုတိယဗိုလ်လုပွဲစဉ်အဖြစ် ကွင်းသွင်းခြင်းလုံးပြိုင်ပွဲ အမျိုးသားပွဲစဉ်မှ မြန်မာအသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၆၅ဝ မှတ်၊ ထိုင်းအသင်းက ၈၃ဝ မှတ်ဖြင့် ထိုင်းအသင်းမှ အနိုင်ရ ဗိုလ်စွဲသွားသည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကွင်းသွင်းခြင်းလုံးပြိုင်ပွဲ အမျိုးသား ပွဲစဉ်တွင် ဆုရရှိကြသော ပထမ ထိုင်းနိုင်ငံအသင်း၊ ဒုတိယ မြန်မာနိုင်ငံအသင်း၊ ပူးတွဲတတိယ ရရှိသော စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ အသင်းတို့အား ထိုင်းနိုင်ငံအမျိုးသား အိုလံပစ် ကော်မတီ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် တို့က ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ကွင်းသွင်းခြင်းလုံးပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် ဆုရရှိကြသော ပထမ မြန်မာ အသင်း၊ ဒုတိယ လာအိုအသင်း၊ တတိယကမ္ဘောဒီးယား အသင်းတို့အား ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်းတို့က ဆုများချီးမြှင့်ကြသည်။

ယင်းနောက် ပထမဆုဆွတ်ခူးရရှိသော မြန်မာအမျိုးသမီးအသင်းအား မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် နာယက အဖွဲ့ဝင်များဖြစ်ကြသော ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဇနီး ဒေါ်ဝေဝေနှင့် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်ခင်သန့်ဇင်တို့က ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ညနေ ၆ နာရီတွင် ဝဏ္ဏသိဒ္ဓိ မြင်းစီး အားကစား ကွင်း၌ ကျင်းပလျက်ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီး ပြိုင်ပွဲ၏ မြင်းစီးစွမ်းရည်သရုပ် ပြပွဲများနှင့် မြင်းစီးပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------


ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေ၊ ဓါတုကင်းလွတ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး





 နေပြည်တော် ဒီဇင်ဘာ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအနီးရှိ ဓါတုကင်းလွတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနား ကျင်းပရာ မုခ်ဦးမှတစ်ဆင့် ကုန်ထုတ်လမ်းမတစ်လျှေက် လမ်းဘေးဝဲယာတွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် ဓာတုကင်းလွတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများကို လိုက်လံ ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်၊ ဦးစိုးမောင်နှင့် ဦးမြင့်လှိုင်တို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်းရှိ လယ်ဧက (၆၃၈၂) ဧက ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စံပြလယ်ယာအဖြစ် ဖော်ထုတ်ခဲ့မှု အခြေအနေနှင့် ရှေ့ဆက်ဆောင် ရွက်မည့် အစီအစဉ် များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နေပြည်တော်ကောင်စီနယ်မြေအား စိုက်ပျိုးရေးအထူးဇုန်အဖြစ် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် လုပ်ငန်း အစီအမံများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများက နေပြည်တော် ကောင်စီနယ်မြေအတွင်း သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များကို စနစ်တကျ စိုက်ပျိုးပြီး တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်ကြမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ မြတ်အိနြေ္ဒကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံမှ Safal Seed ကုမ္ပဏီတို့ ပူးပေါင်း၍ ဆန်စပါးအပါအဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ ထုတ်လုပ် အကောင်အထည်ဖော် ဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ဒုတိယသမ္မတ၏ ရှေ့မှောက်၌ တာဝန်ရှိသူများက လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

ယင်းနောက် ဒုတိယသမ္မတက စိုက်ပျိုးရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက လယ်ယာကဏ္ဍ ဂုဏ်ပြုတေး သီချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများ အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၁၀၀)၊ နှစ်သိမ့်ဆု (၇) ဆုအတွက် တစ်ဆုလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် ငွေကျပ် (၃၅) သိန်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ထံ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ် (၈) ရပ် ချမှတ် ဆောင်ရွက်လျက် ရှိရာ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိက ပထမဦးစားပေး အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက် ဒေသ များတွင် နေထိုင်လျက်ရှိပြီး လယ်ယာကဏ္ဍ လုပ်ငန်းများတွင် အဓိက ပါဝင်လုပ်ကိုင် အသက်မွေးဝမ်းကျောင်းနေကြသူများ ဖြစ်ပါကြောင်း၊ ထိုအတွက် လယ်ယာကဏ္ဍမှ ဝင်ငွေ တိုးတက်ရရှိအောင် ဆောင်ရွက်ခြင်း သာလျှင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် လမ်းစဖြစ်ပါကြောင်း၊ တိုးတက်မှု၏ အခြေခံသည် ပြောင်းလဲခြင်းဖြစ်သည်ကို လက်ခံယူပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက လယ်ယာကဏ္ဍ ဝင်ငွေတိုးတက်ရန်အတွက် (၁) မိမိတို့လက်ထက်တွင် စားလောက်ရုံမျှဖြင့် တင်းတိမ်မနေဘဲ တိုးပွားလာမည့် သားစဉ်မြေးဆက် စားနပ်ရိက္ခာ ဖူလုံမှုကို မျှော်မှန်းပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင်မြင်အောင် လုပ်ရမည်ဟူသည့် စိတ်ဓာတ်မွေးမြူပြောင်းလဲခြင်း၊ (၂) သီးနှံအမယ်အလိုက် ဈေးကွက် အဝင် အထူးအထွက်ကောင်း မျိုးသန့်မျိုးစေ့ များ ပြောင်းလဲခြင်း၊ (၃) ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲခြင်း၊ (၄) သဘာဝမိုးရေကိုသာ အားကိုးမှီခိုနေရသည့် လယ်ယာစနစ်မှ ဆည်ရေသောက် လယ်ယာစနစ်သို့ ပြောင်းလဲခြင်း၊ (၅) သမရိုးကျ လယ်ကွက်ငယ်များ လက်မှုလယ်ယာစနစ်မှ ဧကကွက်၊ ဟက်တာကွက် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်း စသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ပေးထားပါကြောင်း။

အထက်ပါလမ်းညွှန်ချက်များနှင့်အညီ လက်ရှိလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန အနေဖြင့် စပါးအပါအဝင် သီးနှံများ၏ မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်ပြီး သီးနှံ အထွက်နှုန်းတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ ကမ္ဘာနှင့်အဝန်း လူသားများသည် ကျန်းမာရေး အသိစိတ်ဓာတ် မြင့်မားလာသည့်အတွက် ဓာတုကင်းလွတ်သည့် သြဂဲနစ် အစားအစာများကို သာမန် ထုတ်လုပ်သည့် အစားအစာ များထက် ပို၍ဈေးကြီး ပေးဝယ်နေကြသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) က သြဂဲနစ်စိုက်ပျိုးရေးသည် သက်ရှိတို့၏ ဂေဟစနစ် (Ecosystem) ကို ညီမျှကောင်းမွန်နေစေရန် ထိန်းသိမ်းစောင့်ရှောက်ရင်း သီးနှံများကို စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်း ဖြစ်သည်ဟု ဖွင့်ဆိုထားပါကြောင်း၊ နိုင်ငံတကာတွင် သြဂဲနစ်စိုက်ပျိုးရေးစနစ် ကျင့်သုံးမှုသည် ယေဘုယျအားဖြင့် ကောင်းမွန်သော မြေဆီလွှာရွေးချယ်ခြင်း၊ ဓာတုဆေးဝါး လုံးဝအသုံးမပြုခြင်း၊ သဘာဝ ပစ္စည်းများဖြင့်သာ မြေဆီလွှာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးကို အသုံးပြုခြင်း၊ အင်းဆက်ပိုးမွှားများ၊ အပင်ရောဂါများနှင့် ပေါင်းပင်များနှိမ်နင်းရာတွင် ဇီဝနည်းပညာဖြင့် ကာကွယ်ထိန်းချုပ်ခြင်း၊ စိုက်ခင်းမြေနေရာ၊ ရေရရှိမှု၊ သိုလှောင်မှု၊ ပြုပြင် စီမံမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်စသည်တို့ကို စနစ်တကျ သတ်မှတ်ထားခြင်း စသည့် အချက်များ၌ တူညီပါကြောင်း၊ သြဂဲနစ်သီးနှံစိုက်ပျိုးမှုကို တစ်ကမ္ဘာလုံးအနေဖြင့် ခြုံကြည့်မည်  ဆိုပါက ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပျမ်းမျှတစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးပွားလာခဲ့ကာ ယခုဆိုပါက မြေဟက်ကာ ၃၅ သန်းခန့်ရှိပြီဟု ဆိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမှုသည် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ၇ ပုံ ၁ ပုံသာရှိပြီး၊ ဗီယက်နမ်နှင့် နှိုင်းယှဉ်လျှင် ၃ ပုံ ၁ ပုံသာ ရှိသည်ဟု ပညာရှင်များက ဆိုကြပါကြောင်း။

သြဂဲနစ်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ အကျိုးပြုစေသောကြောင့် သြဂဲနစ်သီးနှံကို ဈေးကောင်းပေးဝယ် စားသုံးခြင်းသည်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ကြောင်း၊ စိုက်ပျိုးသူများ အနေဖြင့်လည်း သြဂဲနစ်စနစ်ကို တစ်ဦး တစ်ယောက်ထဲ တစ်ကွင်းထဲ သီးသန့်လုပ်နေခြင်းထက် စုပေါင်းပြီး ဧရိယာတစ်ကွင်းတစ်စပ် ဆောင်ရွက်ခြင်းဖြင့် ကုန်ကျစရိတ် ပိုမိုသက်သာမည် ဖြစ်သလို များများထုတ်၊ များများ ရောင်းခြင်းဖြင့် ဈေးသက်သက်သာသာနှင့် ရောင်းချပေးနိုင်မည် ဖြစ်ပါကြောင်း၊ သြဂဲနစ်သီးနှံကို စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများ အသင်းအဖွဲ့များကလည်း ငွေအရင်း အနှီးထည့်ဝင်ပြီး ဈေးကွက်ရှာဖွေပေးရန် လိုပါကြောင်း၊ သြဂဲနစ်သီးနှံ အစားအစာကို သီးသန့် ရရှိနိုင်သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စူပါမားကတ်များလည်း ဖွင့်လှစ်၍ ရမည် ဖြစ်သောကြောင့် ထိုလုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာ စေမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသူကစပြီး စားသုံးသူ လက်ထဲ ရောက်ရှိသည်အထိ Supply Chain တစ်ခုလုံးကို နည်းစနစ်ကောင်းကောင်း၊ စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် လုပ်နိုင်မည် ဆိုပါက အကျိုးအမြတ်ကောင်းကောင်း ရရှိနိုင်မည် ဖြစ်ကြောင်း။

ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို နိုင်ငံခြား တင်ပို့နေသည့် လုပ်ငန်းရှင်များ ကိုလည်း တွေ့ရသည့် အတွက် နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ နိုင်ငံခြားဝင်ငွေရရှိပြီး၊ ပြည်သူလူထုကျန်းမာရေးကိုလည်း အထောက်အကူ ပြုသည့်အတွက် ဤလုပ်ငန်းကို ဆောင်ရွက်ရန် တိုက်တွန်းအားပေးလိုပါကြောင်း၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန် အရေးကြီးသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ကိုလည်း မျိုးစေ့ထုတ်ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍၊ စိုက်ပျိုး ထုတ်လုပ်ဖြန့်ဖြူးရန် ဖိတ်ခေါ်လိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် စက်စက်ယို ဆည်ရေသောက်စနစ် အဆင့်မြင့်စံပြ စက်မှုလယ်ယာ တစ်ဆက်တစ်စပ်တည်း ဧက (၉၀၀) စံပြစိုက်ကွင်းအတွင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဓာတုကင်းလွတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

အလားတူ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် (Alliance Stars Group) ကုမ္ပဏီမှ တာဝန်ယူ ခင်းကျင်းပြသ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး အဆင့်မြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ အတွက် ခေတ်မီသန့်စင်စက်နှင့် အအေးခန်းစက်ရုံ တည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာ အားပေးကြသည်။

အဆိုပါ ဓာတုကင်းလွတ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို လိုက်လံကြည့်ရှု လေ့လာလျက် ရှိကြသည့် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးဖြစ်သူ ကိုရဲရန်အောင်က အောက်ပါအတိုင်း သူ၏အမြင်ကို ပြောပြခဲ့သည်။

“ဒါတကယ့်ကို ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ပါ။ တောင်သူတွေ စိုက်ပျိုးချင်စိတ် ပေါ်ပေါက်လာ ပါလိမ့်မယ်။ ဈေးကွက်ကောင်းမယ် ဆိုရင်တော့ တောင်သူတွေက စိုက်အားကောင်း မှာပါ။ ကျွန်တော်တို့လို တောင်သူတွေ အတွက် ဈေးကွက်ခိုင်မာမှုရှိမယ် ဆိုလို့ရှိရင် ဘယ်တောင်သူမဆို စိတ်အားထက်သန်စွာနဲ့ စိုက်ကြမှာ သေချာပါတယ်။ အခုလို သြဂဲနစ် စိုက်ခင်းတွေကို မြင်တွေ့ရတာ အရမ်းသဘောကျ ပါတယ်။ စားသုံးသူတွေအတွက် အန္တရာယ်ကင်းတဲ့အတွက် ပိုသဘောကျတာလည်း ပါတယ်။ ဒေသမျိုးစေ့နဲ့တောင် ဒီလောက် ဖြစ်ထွန်းတာကို မြင်ရတော့ အတိုင်းထက်အလွန် သဘောကျပါတယ်ဗျာ။ နိုင်ငံခြားမျိုးနဲ့သာ စိုက်ရင် ဒီ့ထက်တောင် ပိုထွားဦးမယ်ထင်တယ်။

အလားလူ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာနေ ဒေသခံတောင်သူ ကိုစိုးမိုးအောင်က “ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး သြဂဲနစ် စိုက်ခင်းတွေ ဖြစ်ပေါ်လာတာကို ဒေသခံတစ်ယောက် အနေနဲ့ရော၊ ဒေသတစ်ခုလုံးအတွက်ရော အထူးဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ အခုဆိုရင် ဥတ္တရသီရိမြို့နယ် ဇလောင်းအုပ်စုဝန်းကျင်မှာ ဇုန်ဧက (၁၀၀) ကျမယ်လို့ ကြားနေရတဲ့ အတွက် ကြိုဝမ်းသာ မိတယ်။ ပြောရရင် တော်တော်လေး ကို ဝမ်းသာတာပါ။ သြဂဲနစ်စိုက်ခင်း ဖြစ်ပေါ်မှုက ကျယ်ပြန့်တယ်ဗျ။ စိုက်ပျိုးနည်း၊ လုပ်ကိုင် ဆောင်ရွက်နည်း နည်းပညာတွေ ကျယ်ပြန့်လာသလို ဈေးကွက်ကလည်း အလွန်အရေးကြီးတယ်။ နိုင်ငံတော်ရဲ့ စီမံချက်တွေ၊ ဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေ ရယူဖို့လဲ အရေးကြီး တယ်ဗျ။ ဒါ့ထက်ပိုအရေးကြီးတာက ဈေးကွက်ခိုင်မာဖို့ပဲ။ အဲ့ဒီအချက် တွေညီခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လက်ရှိစိုက်ပျိုးရေး စနစ်အရ ခေတ်နဲ့အညီ မလိုက်နိုင်စရာမရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံတွေ ဘယ်လောက်ပဲ တည်ဆောက်တည်ဆောက်၊ ဒီဒေသဟာ လယ်သမားတွေ အဓိကနေရာဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို ပိုပြီးဦးစားပေးဖို့လိုပါတယ်။ နောက်ဆိုရင် နေပြည်တော်ဟာ သြဂဲနစ် စိုက်ခင်းတွေနဲ့ အထင်ကရ ဖြစ်ပေါ်လာမယ်လို့ မျှော်မှန်း ထားပါတယ်” ဟု ၎င်းတို့၏ အမြင် နှင့် စိတ်ခံစားချက်များကို ပြောပြခဲ့သည်။
---------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ဦးဆောင် ညွှန်ကြားရေးမှူး Ms. Christine Lagarde ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ





 နေပြည်တော် ဒီဇင်ဘာ ၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ဦးဆောင် ညွှန်ကြားရေးမှူး Ms. Christine Lagarde ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက်(၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ မောင်မောင်သိမ်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဘဏ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍ ပြုပြင်ပြောင်းလဲမှု၊ ငွေကြေးစနစ် မူဝါဒ ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ကူညီပံ့ပိုး ဆောင်ရွက်ပေးမှုများ၊ အချိန်တို ကာလအတွင်း မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ် တိုးတက်လာသော ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် ဆက်လက် ကူညီ ပူးပေါင်းဆောင်ရွက်သွားရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေးကြသည်။
-----------------------------------------------------------------------------------------------------------


ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အကြီးစားဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံဖွင့်ပွဲသို့ တက်ရောက်၍ ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး






နေပြည်တော် ဒီဇင်ဘာ ၆
စက်စွမ်းအားပြည့် ထုတ်လုပ်မည်ဆိုပါက တစ်နှစ်လျှင် V-Type 170 ZC Series အမျိုးအစား ဆလင်ဒါ (၁၆) လုံးတပ် မြင်းကောင်ရေ ( ၂၀၀၀ မှ ၂၂၀၀) ဒီဇယ်အင်ဂျင်အလုံး (၁၀၀) ထုတ်လုပ်နိုင်မည့် အကြီးစားဒီဇယ် အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

စက်မှုဝန်ကြီးဌာန အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ)၏ အကြီးစား ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု အလုပ်ရုံ ဖွင့်ပွဲကို  ယနေ့နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် သာဂရစက်မှုဇုန်နယ်မြေရှိ အဆိုပါ စက်ရုံ၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်၍ အလုပ်ရုံ ကမ္ဗည်း မော်ကွန်းအား  စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shandong Puli Construction & Engineering Co., Ltd  ဥက္ကဋ္ဌ Mr.Liu Jianye  တို့က အလုပ်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက အလုပ်ရုံဖွင့်ပွဲ မုခ်ဦးရှေ့၌ အမှတ်တရ ဓာတ်ပုံရိုက် ကြသည်။

ယင်းနောက် ဒုတိယသမ္မတက အလုပ်ရုံ ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းကြသည်။

ထို့နောက် ဒုတိယသမ္မတက အလုပ်ရုံအတွင်း မြင်းကောင်ရေ ( ၂၀၀၀ မှ ၂၂၀၀) အကြီးစား အင်ဂျင်များတွင် တပ်ဆင်အသုံးပြုမည့် အင်ဂျင်အစိတ်အပိုင်းများ စက်ခုတ်စားနေမှုနှင့် တပ်ဆင်နေမှု၊ အင်ဂျင်များ စမ်းသပ် မောင်းနှင်နေမှု၊ သံရည်ကျို အလုပ်ရုံအတွင်း သံရည်ကျို လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Welding & Heat-Treatment Shop တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်  Shandong Puli Construction Engineering Co,Ltd ဥက္ကဋ္ဌတို့က အလုပ်ရုံဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယခုဖွင့်လှစ်သည့် အကြီးစားဒီဇယ်အင်ဂျင် ထုတ်လုပ်မှုအလုပ်ရုံကို နိုင်ငံပိုင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၆၆ ဒသမ ၈၅၃) သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအလုပ်ရုံသည် စက်မှုဝန်ကြီးဌာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shandong Puli Construction Engineering Co,Ltd တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး  ရေယာဉ်များ၊ မီးရထားစက်ခေါင်းများတွင် တပ်ဆင်အသုံးပြုသည့် မြင်းကောင်ရေ ( ၂၀၀၀ မှ ၂၂၀၀) ရှိ ဒီဇယ်အင်ဂျင်ကြီး များအား ပြည်ပသွင်းကုန် အစားထိုး အင်ဂျင်များအဖြစ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ယခုအခါတွင် မြန်မာ့ မီးရထား စက်ခေါင်း များတွင် တပ်ဆင် အသုံးပြုနေပြီဖြစ်သည်။

အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ XUJI Group Corporation (XJ) Henan နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး မီးစက်များ၊ ဘတ်စ်ကားများနှင့် ရေယာဉ်ငယ်များတွင် တပ်ဆင်အသုံးပြုသည့် V-Type 128 ZC Series အမျိုးအစား မြင်းကောင်ရေ ၂၅၀ အား ဆလင်ဒါ (၆) လုံးတပ်၊ မြင်းကောင်ရေ (၃၅၀) အား ဆလင်ဒါ(၁၈) လုံးတပ်နှင့် မြင်းကောင်ရေ(၈၀၀)အား ဆလင်ဒါ(၁၂)လုံးတပ် ဒီဇယ်အင်ဂျင်(၃)မျိုးတို့ကို ထုတ်လုပ်လျက်ရှိသည်။

အကြီးစား ဒီဇယ်အင်ဂျင်ထုတ်လုပ်မှု အလုပ်ရုံကို ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် သယ်ယူပို့ဆောင်ရေး ကဏ္ဍသုံး ရထားစက်ခေါင်းများ၊ ရေယာဉ်များတွင် တပ်ဆင်အသုံးပြုနိုင်မည့် ဒီဇယ်အင်ဂျင် ကြီးများကို ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

----------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံးပြိုင်ပွဲ၏ အခြေခံအထိ (၆) ချက်အတွဲ ခြင်းလုံးပြိုင်ပွဲကြည့်ရှု အားပေး






နေပြည်တော် ဒီဇင်ဘာ ၄        
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ခြင်းလုံး အသင်းက ပြိုင်ပွဲ၏ ပထမဆုံးနှင့် နိုင်ငံ အတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့ပြီး မြန်မာအမျိုးသားခြင်းလုံးအသင်းက နိုင်ငံအတွက် ဒုတိယရွှေတံဆိပ်ဆုကို ဆွတ်ခူးပေး လိုက်ပြီဖြစ်သည်။

 ယနေ့ညနေပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ မြန်မာခြင်းလုံးပြိုင်ပွဲ၏ အခြေခံအထိ (၆) ချက် အတွဲခြင်းလုံး ပြိုင်ပွဲတွင် အမှတ်အများဆုံး ရရှိသည့် မြန်မာအမျိုးသား ခြင်းလုံးအသင်းနှင့် ဒုတိယအမှတ် အများဆုံး ရရှိသည့် ထိုင်းအမျိုးသား ခြင်းလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် ကြည့်ရှု အားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း နှင့် အာရှပိုက်ကျော်ခြင်း ဥက္ကဋ္ဌ DATO HAJI  ABDUL HALIM BIN  KADER တို့က အမျိုးသမီး ခြင်းလုံးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရ မလေးရှားအသင်း၊ တတိယဆုရ ကမ္ဘောဒီးယား အသင်း၊ ဒုတိယဆုရ ထိုင်းအသင်းနှင့် ပထမဆုရ မြန်မာအသင်းတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်တို့က အမျိုးသားခြင်းလုံး ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရ မလေးရှားအသင်း၊ တတိယဆုရ လာအိုအသင်း၊ ဒုတိယဆုရ ထိုင်းအသင်းနှင့် ပထမဆုရ မြန်မာအသင်း တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

နံနက်(၉)နာရီတွင် မြန်မာခြင်းလုံးပြိုင်ပွဲဖွင့်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် အာရှပိုက်ကျော်ခြင်း ဥက္ကဋ္ဌ တို့က နှုတ်ခွန်းဆက် စကားပြောကြား ကြသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာခြင်းလုံး ကစားသမားများက ပြကွက်ဆန်းများဖြင့် သရုပ်ပြ ကစားခဲ့ကြသည်။

ပြိုင်ပွဲတွင် မြန်မာအမျိုးသားခြင်းလုံး အသင်းမှ ကစားသမားများဖြစ်ကြသည့် အောင်မြတ်လင်း၊ အောင်စိုးမိုး၊ ကျော်ခိုင်ဦး၊ မျိုးဇော်ဦး၊ မျိုးမြင့်သူ၊ အောင်မျိုးမြင့်၊ အောင်ကိုကိုခိုင်နှင့် ကျော်မိုးထွန်းတို့က အခြေခံ အထိ(၆)ချက် အတွဲခြင်းလုံး ကစားနည်း ဖြစ်သည့် ခြေခွင်၊ ခြေဖျား၊ ဒူး၊ ခြေဖနှောင့်၊ ခြေဖဝါး၊ ခြေဖမျက်တို့ဖြင့် ကြည့်ရှုသူ ပရိသတ်များ ရင်သပ်ရှုမောဖွယ်ဖြစ်အောင် အလှအပများဖြင့် ခတ်ပြယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း အမှတ် (၆၃၆) မှတ်ရရှိခဲ့သည်။

အလားတူ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် လာအိုနိုင်ငံတို့မှ အမျိုးသားခြင်းလုံး ကစားသမားများကလည်း စိတ်ဝင်စားဖွယ် ခတ်ပြယှဉ်ပြိုင်ကြရာ ထိုင်းအသင်းက (၄၀၇) မှတ်၊ မလေးရှားအသင်းက (၂၄၆) မှတ်၊ စင်ကာပူ အသင်းက (၁၅၆) မှတ်နှင့် လာအို အသင်းက (၃၄၄) မှတ်တို့ အသီးသီး ရရှိကြသည်။

ထို့နောက် အမှတ်အများဆုံးရရှိသည့် မြန်မာအမျိုးသား အသင်းနှင့် ဒုတိယအမှတ် အများဆုံး ရရှိသည့် ထိုင်း အမျိုးသား အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက အမှတ်(၆၆၀)ဖြင့် ပထမရွှေတံဆိပ်ဆု ရရှိပြီး ထိုင်းနိုင်ငံ အသင်းက (၄၀၄) မှတ်ဖြင့် ဒုတိယ ငွေတံဆိပ်ဆုရရှိသည်။

အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းမှအမျိုးသမီး ခြင်းလုံးကစားသမားများ ဖြစ်ကြသည့် တင်တင်လင်း၊ ဖြူဖြူဝင်း၊ ခိုင်ချောဆု၊ သူဇာအောင်၊ ဆုဆုဝင်း၊ ဝင်းပြည့်ပြည့်၊ သဲသဲ၊ ကေသီထွန်းတို့က အခြေခံအထိ (၆) ချက် အတွဲခြင်းလုံး ကစားနည်းဖြင့် ယှဉ်ပြိုင် ကစားကြရာ (၅၁၄) မှတ် ရရှိခဲ့သည်။

ထို့အတူ မလေးရှား၊ ထိုင်းနှင့်ကမ္ဘောဒီးယား ခြင်းလုံးအသင်းတို့မှ အမျိုးသမီးခြင်းလုံး ကစားသမားများက ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မလေးရှားအသင်းက (၁၂၈) မှတ်၊ ထိုင်းအသင်းက (၃၆၃) မှတ်နှင့် ကမ္ဘောဒီးယား အသင်းက (၁၅၇) မှတ် တို့ရရှိခဲ့ပြီး အမှတ်အများ ဆုံးရရှိသည့် မြန်မာအမျိုးသမီးအသင်းနှင့် ဒုတိယအမှတ် အများဆုံး ရရှိသည့် ထိုင်းအမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးအသင်းက (၅၃၄) မှတ်ဖြင့် ပထမရွှေတံဆိပ်ဆု ရရှိခဲ့ပြီး ထိုင်းအမျိုးသမီးအသင်းက (၃၇၅) မှတ်ဖြင့် ဒုတိယ ငွေတံဆိပ်ဆု ရရှိခဲ့ကြသည်။

ခြင်းလုံးပြိုင်ပွဲတွင် စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ဒိုင်လူကြီး (၂) ဦးစီ၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဒိုင်လူကြီး (၁) ဦးစီနှင့် မြန်မာနိုင်ငံမှ ဒိုင်လူကြီး (၂၃) ဦး တို့က အကဲဖြတ် အမှတ်ပေးကြကြောင်း သိရှိရသည်။

ယနေ့ ကျင်းပသည့် မြန်မာခြင်းလုံးပြိုင်ပွဲတွင် မြန်မာပရိသတ်များက မြန်မာ့ရိုးရာအိုးစည်၊ ဒိုးပတ်များ တီးမှုတ်၍ လည်းကောင်း၊ မြန်မာအလံများ ဝှေ့ယမ်း၍လည်းကောင်း မိမိတို့ အိမ်ရှင်ဖြစ်သော်လည်း တစ်ဖက်အသင်းများအား ပြိုင်ပွဲဝင်အားကစား စိတ်ဓာတ်များ တိုးပွားစေရန် သက်ဆိုင်ရာ နိုင်ငံအမည်များကို ခေါ်ဆို၍ စနစ်တကျ ကွင်းလုံးညံစွာအား ပေးခဲ့ကြသည်။

ယခုခြင်းလုံးပြိုင်ပွဲသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ထည့်သွင်း ကစားခဲ့ဖူးခြင်းမရှိဘဲ ယခုအကြိမ်၌ စတင်ထည့်သွင်းယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ(၅)ရက်တွင် အခြေခံအထိ (၆) ချက် အတွဲမျိုးတူခြင်းလုံးပြိုင်ပွဲကို အဆိုပါ အားကစားရုံ၌ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် ထိုင်း၊ လာအို၊ မလေးရှားနှင့် ကမ္ဘောဒီးယား ခြင်းလုံး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကာ အမျိုးသမီးပြိုင်ပွဲတွင် လာအို၊ မလေးရှားနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရှိရသည်။
-----------------------------------------------------------------------------------------


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ၂ဝ၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ဆုချီးမြှင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်





 ရန်ကုန် ဒီဇင်ဘာ ၃   
၂ဝ၁၂ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားပြီး အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် စာပေ ပညာရှင်ကြီးများအား ဆုများပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ကော်မတီဝင်များ၊   တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဆုရွေးချယ်ရေး ကော်မတီဝင်များ၊ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရ စာပေပညာရှင်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ လူမှုရေး အသင်းအဖွျဲ့ားနှင့် ဖိတ်ကြားထားသူမျာတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြားရာတွင်- ယနေ့ကျင်းပတဲ့ စာပေဆုနှင်းသဘင် အခမ်းအနားကို ကြွရောက်လာကြတဲ့ ဝန်ကြီးများ၊ အမျိုးသားစာပေ တစ်သက်တာဆုရ စာပေပညာရှင်ကြီးများနှင့်တကွ အမျိုးသားစာပေဆုရ ပုဂ္ဂိုလ်များ၊ စာပေဗိမာန် စာမူဆုရ ပုဂ္ဂိုလ်များ၊ စာပေလောက အဖွဲ့အစည်းအသီးသီးမှ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မြန်မာစာပေကို ချစ်မြတ်နိုးကြတဲ့ စာပေဝါသနာရှင် ပရိတ်သတ်များနဲ့ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒအပေါင်းပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်သအပ် ပါတယ်။

ဒီလဟာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများအရ (၁၂) လရာသီမှာ စာပေပညာရှင် စာဆိုတော်ကြီးများကို ချီးမြှင့်ဂုဏ်ပြုတဲ့လ ဖြစ်ပါတယ်။ မနှစ်က စတင်ပြီး “စာဆိုတော်နေ့” မှာ ယခုလို အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားများကို ကျင်းပခြင်းသည် စာပေကျေးဇူး၏ အနှစ်သာရကို ပိုမိုပြည့်ဝ စေပြီး စာပေပညာရှင်ကြီးများအပေါ် တန်ဖိုးထားမှုကို ပိုမိုပေါ်လွင်စေရန် ဖြစ်ပါတယ်။

မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေးကို တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ စာပေပညာရှင်များကို ချီးကျူးဂုဏ်ပြုတဲ့ ယခုလို အခမ်းအနားမှာ တက်ရောက် အမှာစကား ပြောကြားခွင့်ရရှိတဲ့ အတွက်လည်း ကျွန်တော့်အနေဖြင့် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိ ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား-
မြန်မာတို့ရဲ့ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုသက်တမ်းဟာ ရှေးနှစ်ပေါင်းထောင်ချီ ကာလ ကတည်းက ဖြစ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း တစ်လျှောက်မှာ စာပေပညာရှင်များ အပါအဝင် နိုင်ငံအကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြသူများရဲ့ ကြိုးပမ်းအားထုတ်မှု များ ကြောင့် အမျိုး၊ ဘာသာ၊ သာသနာနဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ယနေ့အထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စာပေဟာ အမျိုးသား ယဉ်ကျေးမှု အနုပညာအရပ်ရပ်ကို ရှင်သန်ဖွဲ့ဖြိုးစေတဲ့ ရေသောက်မြစ်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စာပေဟာ မှန်ကန်သော အတွေးအခေါ်၊ အယူအဆ၊ ဗဟုသုတများ ပေးစွမ်း နိုင်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်လို့ ခေါ်ဆိုရမယ့် ပြည်ထောင်စု စိတ်ဓာတ်ကိုလည်း ရှင်သန်တက်ကြွ စေနိုင်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဖော်ဆောင်ပေးနိုင်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသား အကျိုးစီးပွားကို များစွာ အထောက်အကူဖြစ်စေကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စာပေပညာရှင်ကြီးများရဲ့ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးပြုစာပေများ ရေးသားထုတ်ဝေမှုတွေအပေါ် အားပေးဂုဏ်ပြုတဲ့ အနေနဲ့ ယခုလို အမျိုးသားစာပေ တစ်သက်တာဆု အပါအဝင် အမျိုးသားစာပေဆုများနဲ့ စာပေဗိမာန်စာမူဆု များကို နိုင်ငံတော်က နှစ်စဉ်ချီးမြှင့်ပေးနေခြင်း ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား-
အမျိုးသားစာပေဆုများနဲ့ စာပေဗိမာန်စာမူဆုများကို နှစ်စဉ်ရွေးချယ် ချီးမြှင့်လာခဲ့ရာမှာ ဆုအမျိုးအစား၊ အရေအတွက်နဲ့ ဆုချီးမြှင့်ငွေ တို့ကို ခေတ်ကာလနဲ့ လိုက်လျောညီထွေ မှုရှိအောင် တိုးမြှင့်သတ်မှတ်ပြီး ချီးမြှင့်ပေးလျက် ရှိပါတယ်။ မြန်မာ့စာပေလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ စာပေပညာရှင်များရဲ့ ကြိုးပမ်းဆောင်ရွက် အားထုတ်မှုများကို အသိအမှတ်ပြုသော အားဖြင့်လည်း အမျိုးသားစာပေတစ်သက်တာဆု ကို ၂၀၀၁ ခုနှစ်က စတင်ပြီး ချီးမြှင့်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ စာပေပညာရှင်ကြီး များကို ပိုမိုအလေးထား ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားစာပေ တစ်သက်တာဆုကို (၃) ဦးအထိ တိုးမြှင့်ရွေးချယ်နိုင်ခဲ့ ပါတယ်။ အလားတူ အမျိုးသားစာပေဆုမှာ ဘာသာရပ် (၁၆) မျိုး၊ စာပေဗိမာန် စာမူဆုကို ဘာသာရပ် (၁၃) မျိုး အထိ တိုးမြှင့် သတ်မှတ် ချီးမြှင့်ပေးနေပြီ ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အခင်းအကျင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ အတွက်လည်း စာပေဆု ရွေးချယ်ရေး အဖွဲ့တွေမှာ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ စာပေလောကအတွင်းမှ အတွေ့အကြုံရှိတဲ့ စာပေထုတ်ဝေ ဖြန့်ချိသူတွေ နဲ့ အင်အားများနိုင်သမျှ များအောင် ပါဝင်စေခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဆုရွေးချယ်မှုမှာ မပါဝင်စေဘဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိုပဲ ဆောင်ရွက်စေခဲ့ပါတယ်။ အမျိုးသားစာပေဆု၊ စိစစ်ရွေးချယ်ရေး ကော်မတီကို စာပေပညာရှင် (၉၅) ဦးနဲ့ လည်းကောင်း၊ စာပေဗိမာန် ဆုရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင် (၃၆) ဦးနဲ့ လည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီး ဆုရသင့် ရထိုက်တဲ့သူ အမှန်တကယ် ရရှိစေရေးအတွက် ပဏာမ ရွေးချယ်မှုအဆင့် ဆန်ခါတင် ရွေးချယ်မှုအဆင့်၊ အတည်ပြုရွေးချယ်မှု အဆင့် စသည်ဖြင့် လစ်ဟာမှု၊ ချန်လှပ်မှု၊ ကျန်ခဲ့မှု မရှိရလေအောင် အဆင့်ဆင့် စိစစ်ရွေးချယ် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ယခုအခမ်းအနားမှာ ၂၀၁၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း (၂၃၂၉) အုပ်ထဲက အမျိုးသားစာပေဆုများ အတွက် သတ်မှတ်ထားတဲ့ ဘာသာရပ် (၁၆) ခု အနက် (၁၃) ခု၊ အလားတူ စာပေဗိမာန်စာမူဆုမှာလည်း ယှဉ်ပြိုင်တဲ့ စာမူပေါင်း (၁၆၅) ခုထဲက စာပေဗိမာန် စာမူဆု ချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့ (၁၃) ခုထဲက (၁၁) ခုမှာ ဆုအဖြစ် ရွေးချယ်ဖို့ သင့်လျော်တဲ့ စာမူပေါင်း (၂၆) ဆု တို့ကို ရွေးချယ်ပေးနိုင်ခဲ့တာ တွေ့ရှိရ ပါတယ်။ ဒါကြောင့် ဆုရရှိကြတဲ့ စာပေပညာရှင်အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်းနဲ့ အများပြည်သူအကျိုးအတွက် ကလောင်စွမ်းနဲ့ ဆထက်ထမ်းပိုး ဆက်လက် သယ်ပိုးနိုင်ကြ ပါစေကြာင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကြွရောက်လာကြတဲ့ စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား-
ကုန်လွန်ခဲ့တဲ့ (၂၀) ရာစုကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွေး အခေါ်၊ သိပ္ပံပညာဆိုင်ရာ စတဲ့ ရှုထောင်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွေဟာ အဖက်ဖက်က ပြောင်းလဲဖြစ်ထွန်းလာခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း (၂၀) ရာစုကို ပညာခေတ်လို့ အားလုံးက အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ (၂၁) ရာစုမှာတော့ ကမ္ဘာပေါ်မှာတဲ့ နိုင်ငံတိုင်းလိုလိုဟာ အသိပညာရဲ့ အရေးပါမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာခဲ့ကြပြီးတော့ မိမိတို့ နိုင်ငံတွေရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မြင့်မားဖို့၊ တတ်သိပညာရှင်တွေမွေးထုတ်ပေးနိုင်ဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လူသားအရင်း (Human Capital) ရဲ့ အရေးပါမှုတွေကို သိရှိနားလည်ကြပြီး ဥာဏကို အခြေခံတဲ့ လူမှုအဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်ပေါ်လာအောင် ကြိုးပမ်းပုံဖေါ်နေကြပြီး ဖြစ်ပါတယ်။

အလားတူပဲ ဒီနေ့ အချိန်အခါဟာ မိမိတို့ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကြိုးပမ်း တည်ဆောက်နေချိန် ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ တန်းတူရည်တူ ပခုံးချင်းယှဉ် ရင်ပေါင်တန်းနိုင်ဖို့ လုပ်ဆောင်နေချိန်မှာ အဓိက အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကတော့ တိုင်းရင်းသား မိဘပြည်သူတစ်ရပ်လုံးရဲ့ အသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့၊ သတင်း အချက်အလက်တွေကို တန်းတူညီမျှ စုံစုံလင်လင် ရရှိစေဖို့၊ ပြည်နယ်နဲ့ ပြည်မ၊ ကျေးလက်နဲ့ မြို့ပြတွေရဲ့ ကြားမှာ အသိပညာ ကွာဟချက်တွေ ကျဉ်းမြောင်းစေဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ ရှိနေမှာ ဖြစ်ပေမယ့် ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေထဲမှာ လူတိုင်းလူတိုင်းဟာ ပေးဝေလိုတဲ့ စိတ်ဓာတ်၊ စွန့်လွှတ်လိုတဲ့ စိတ်ဓာတ်နဲ့ အများပြည်သူ အကျိုးစီးပွားကို ဦးစားပေးလိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒီနေရာမှာ စာပေပညာရှင်ရဲ့ အသိပညာပေးဝေမှု အခန်းကဏ္ဍဟာ လွန်စွာ အရေးပါ အရာရောက်လှပါကြောင်း ပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား-
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-
ဒီနေ့ အခမ်းအနားဟာ ဘာသာရပ်အသီးသီးကို အထူးပြု လေ့လာဆည်းပူးပြီး ကျွန်တော်တို့ နိုင်ငံသားတွေကို သိသင့်သိထိုက်တဲ့ အသိပညာ ဗဟုသုတတွေ ဝေမျှပေးတဲ့ ဖြစ်စဉ်မှာ တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးကြတဲ့ စာပေပညာရှင်ကြီးများကို အသိအမှတ်ပြုတဲ့ ပွဲလို့ ခံယူပါကြောင်း၊ ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားအပ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံသားတွေရဲ့  အသိပညာကို စာပေပညာရှင်များရဲ့ စွမ်းဆောင် ကြိုးပမ်းမှုများနဲ့ ဆက်လက်ဝေမျှ ပေးသွားဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ စိတ်စေတနာကို နှိုးဆော်ပေးခြင်းလည်း ဖြစ်ပါတယ်။ အသိပညာဟာ စွမ်းဆောင်ရည်ရှိတဲ့ အဖွဲ့အစည်းများ အတွက် ပိုမိုကြိးထွားရှင်သန်စေမှုနဲ့ တန်းတူရည်တူ ရှိစေမှုတို့ကို တည်ဆောက်တဲ့ နေရာမှာ လိုအပ်တဲ့ စွမ်းရည်နဲ့ ရေရှည်တည်တံ့မှုကို ဖြစ်စေမယ့် အကျိုးရလဒ်တွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အသိပညာကို မျှဝေပေးခြင်းဟာ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတစ်ခုအတွက် နောင်လာနောက်သားတွေ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ရရှိခံစားနိုင်စေဖို့ လမ်းခင်းပေးခြင်းဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ပညာရှာဖွေ ဆည်းပူးပြီး အသစ်တီထွင် ဖန်တီးနိုင်မှုနဲ့ အသုံးချနိုင်မှုတွေဟာ လူတစ်ဦးချင်းစီမှာဖြစ်စေ၊ လုပ်ငန်းနယ်ပယ် အသီးသီးမှာဖြစ်စေ၊ နိုင်ငံအရပ်ရပ်မှာ မရှိမဖြစ် လိုအပ်နေပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ မှာ ဖော်ပြခဲ့တဲ့ “ ပညာ၏ သရုပ်” အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကိုးကားတင်ပြလို ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာ မဟုတ် လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို ညွှတ်နူးစေရမည်၊ ရာဇဝင်ကို သိရုံသာမဟုတ်၊ ရာဇဝင်ကို ဖန်တီးနိုင်ရမည်၊ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့နိုင်ရမည်။ ပထဝီပညာကို သိရုံသာမဟုတ်၊ မြေသစ် ရေသစ် တောတောင်ကို ရှာဖွေ စုံစမ်းနိုင်စွမ်း ရှိရမည်။ လောကအကြောင်း နားလည်စေရုံသာမဟုတ် ဒီထက်ကောင်းသော လောကဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းတည်း”  ဟုဖွင့်ဆိုခဲ့ပါတယ်။

အသိပညာ စဉ်ဆက်မပြတ် မျှဝေဖို့နဲ့ အတတ်ပညာ ဖန်တီးနိုင်မှုတွေဟာ ဘယ်လောက်တောင် ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်နေပါပြီလဲ။ ယှဉ်ပြိုင်နိုင်စွမ်း ရှိခြင်းဆိုတဲ့ အားသာချက်ဟာ စဉ်ဆက်မပြတ် တီထွက်ကြံဆ ဆန်းသစ်မှုများ မှသာ ပေါ်ထွက်လာနိုင်မှာဖြစ်ပြီး နိုင်ငံတစ်ခုရဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို ဖော်ဆောင် ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် ဆန်းသစ်တဲ့ အသိပညာတွေ၊ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာပြောင်းလဲမှုတွေကို အသုံးချနိုင်မှသာ ကျွန်တော်တို့ နိုင်ငံရဲ့ လူမှု စီးပွားဘဝ လိုအပ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် စာပေပညာရှင်ကြီးများ အနေနဲ့ ပြည်သူကြားကို ဒီပညာရပ်တွေ စီးဆင်းပျံ့နှံ့ ရောက်ရှိသွားစေဖို့အတွက် စွမ်းအားရှိသမျှ ကူညီအားထုတ်ပေးကြပါရန် မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။

ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဆရာကြီး ဦးအောင်သင်း (အောင်သင်း)နှင့် ဆရာကြီး ဦးတင်မောင် (သိပ္ပံမှူးတင် )တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အမျိုးသားစာပေဆုတွင် ''မပြောဖြစ်ခဲ့တဲ့စကား''ဖြင့် ဝတ္ထုရှည်ဆုရ  ဆရာထက်နိုင် (တလုပ်မြို့)၊ ''ကောင်းကင် မိုးတိမ် ဝတ္ထုတိုများ''ဖြင့် ဝတ္ထုတိုပေါင်းချုပ် ဆုရ ဆရာမ ခင်မြဇင်၊ ''မြကန်သာ ကဗျာ ပေါင်းချုပ် ''ဖြင့် ကဗျာပေါင်းချုပ်ဆုရ ဆရာကို(တက္ကသိုလ်)၊''ဖေဖေ ဗိုလ်လက်ျာ''ဖြင့် စာပဒေသာဆုရ ဆရာမ ဒေါက်တာ ခင်လက်ျာနှင့် ''ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း''ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုရ ဆရာစတီဗဲန်နီကိယို တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမျိုးသားစာပေဆုတွင် ''အရုဏ်ဦးမှာ ဖူးတဲ့ပန်း ကလေးကဗျာများ''ဖြင့် ကလေးစာပေဆုရ ဆရာမရွှေမြိုင်ပြုံးလဲ့မော်၊ ''မြန်မာပြည်မှ နေ့ရက်များ''ဖြင့် ဘာသာပြန်(သုတ)ဆုရ ဆရာ မောင်မြင့်ကြွယ်၊ ''ပြစ်မှုနှင့် ပြစ်ဒဏ်''ဖြင့် ဘာသာပြန်(ရသ) စာပေဆုရ ဆရာတင်မောင်မြင့် နှင့် ''မင်းသုဝဏ်နှင့် ကဗျာ(ကဗျာလေ့လာချက်)''ဖြင့် သုတပဒေသာ (ဝိဇ္ဇာ)ဆုရ ဆရာမောင်ဟုန်ဝမ် (ကထိက)တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အမျိုးသား စာပေဆုတွင် ''ရေကြည်တစ်ပေါက် ''ဖြင့် သုတပဒေသာ (ရိုးရိုးသိပ္ပံ)ဆုရ ဆရာကျော်ဦး၊''တိရစ္ဆာန်များမှ လူကိုကူးစက်တတ်သည့် ရောဂါများ''ဖြင့် သုတပဒေသာ (အသုံးချသိပ္ပံ) ဆုရ ဆရာမ ဒေါက်တာခင်စန်းမော်၊ ''မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ် ချက် (၁၉၄၈-၁၉၈၈)''ဖြင့် နိုင်ငံရေးစာပေဆုရ ဆရာကျော်ဝင်းနှင့် “Revealing Myanmar’s Past : An Anthology of Archaeological Articles” ဖြင့် အင်္ဂလိပ်ဘာသာ(သုတ) ဆုရ ဆရာမြင့်အောင်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြင့်ဆွေက စာပေဗိမာန်စာမူဆုတွင် ''မတို့ရဲ့ ဈေးလေးမှာ''ဖြင့် ဝတ္ထုရှည်ပထမဆုရ ဆရာစိုးမြင့်မောင် (သာရဝေါ)၊ ''မခန်းသောစမ်း မနွမ်းသောပန်း မပြယ်သောရနံ့'' ဖြင့် ဝတ္ထုရှည် ဒုတိယဆုရ ဆရာမသွဲ့ထားညို (သက္ကလ)၊''ကမ္ဘာကုန်ကျယ်သရွှေ့ ငယ်မှာဘယ်မေ့လိမ့်လဲ'' ဖြင့် ဝတ္ထုရှည် တတိယဆုရ ဆရာသုသိဏ်၊ ''မပြောင်းလဲသော မေတ္တာ တရားနှင့် အခြားဝတ္ထုတိုများ'' ဖြင့် ဝတ္ထုတိုပထမဆုရ ဆရာမောင်နေခြည်(ပြည်)၊ ''ရေညှာရပ်ဝန်းနှင့် အခြားဝတ္ထုတိုများ''ဖြင့် ဝတ္ထုတိုဒုတိယဆုရ ဆရာသောင်းမြင့်ဦး(ကွမ်းခြံကုန်း)၊''စမ်းရေ ပမာဆရာ့မေတ္တာနှင့် အခြားဝတ္ထုတိုများ''ဖြင့် ဝတ္ထုတို တတိယဆုရ ဗိုလ်လွင်ဘိုဘိုအောင် နှင့်''မင်္ဂလာစုံစွာ ဂုဏ်မဟာကဗျာများ''ဖြင့် ကဗျာပေါင်းချုပ်  ပထမဆုရ ဆရာ ခင်ဖုန်းကြည် (မိုင်းပွန်)တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက စာပေဗိမာန်စာမူဆုတွင် ''လောကကြေးမုံ ဘဝပုံရိပ်ကဗျာများ''ဖြင့် ကဗျာပေါင်းချုပ်  ဒုတိယဆုရ ဆရာကောင်းညွှန့်ဝေ (ရေစကြို)၊ ''အမျိုးသားဂုဏ်ရည် ဒို့မြှင့်မည်နှင့် အခြားကဗျာများ''ဖြင့် ကဗျာပေါင်းချုပ်  တတိယဆုရ ဆရာမြတ်ဘုန်း(တပ်ကုန်း)၊ ''မိတ္ထီလာမြို့နယ်ဖြစ်စဉ် သမိုင်းမှတ်တမ်း (ပုဂံခေတ်မှ ကိုလိုနီခေတ်)''ဖြင့် သုတပဒေသာ (ဝိဇ္ဇာ) ပထမဆုရ ဆရာ ဦးထွဏ်းလွင် (မိတ္ထီလာ)၊ ဘက်စုံအသုံးဝင်သည့် မြန်မာ့ကြိမ်ပင်''ဖြင့် သုတပဒေသာ(ဝိဇ္ဇာ) ဒုတိယဆုရ ဆရာမောင်နွယ်သန်း၊ ''သက်ရှည်ကျန်းမာ ချမ်းသာရေး အတွက် လူတိုင်းနေ့စဉ် စားသုံးရမည့် သီးနှံသုံးမျိုး(ဖရဲသီး၊ သခွားမွှေးသီး၊ နဂါးမောက်သီး)''ဖြင့် သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆုရ အမျိုးသားစာပေဆုရ ဆရာအောင်စိုး (စိုက်ပျိုး-၁ဝ၇)၊ စီးပွားဖြစ် သစ်တောစိုက်ခင်း တည်ထောင်နည်း''ဖြင့် သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ) တတိယဆုရ ဆရာသောင်းညွှန့်သစ်နှင့် ''အမှတ်တရ တစ်သက်တာဘဝ''ဖြင့် စာပဒေသာ ပထမဆုရ ဆရာဝန် မောင်မောင်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက်  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက စာပေဗိမာန်စာမူဆုတွင် ''ရာမဦးအုန်းမောင်''ဖြင့် စာပဒေသာ ဒုတိယဆုရ ဆရာမင်းသျှင်အောင် (တွံတေး)၊ ''ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများ'' ဖြင့် စာပဒေသာ တတိယဆုရ ဆရာမောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၊ ''မနောမြေကလာချိဒ် တိုင်းရင်းသား''ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေပထမဆုရ ဆရာမြတ်ဝေတိုး (ပညာရေး တက္ကသိုလ်)၊ ''ပလ္လင်တံကဲ''ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဒုတိယဆုရ ဆရာလှိုင်ဝင်းဆွေ၊ ''မြန်မာ့ရိုးရာသဘင် အနုပညာရပ်များ''ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရ ဆရာဦးရဲဒွေး (အမြင့်သဘင်)နှင့် ''ပန်းစုံရွှေပြည် ကလေးကဗျာများ''ဖြင့် ကလေးစာပေပထမဆုရ ဆရာဇော်မျိုးဟန် (ငါးသိုင်းချောင်း)တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က စာပေဗိမာန်စာမူဆုတွင် ''ရင်သွေးရတနာနှင့် ရိုးရာပွဲတော်များ''ဖြင့် ကလေးစာပေ ဒုတိယဆုရ ဆရာမရွှေရင်နှစ်၊ ''လေပြည်ချိုသွေးရနံ့မွှေး ကလေးကဗျာများ''ဖြင့် ကလေးစာပေ တတိယဆုရ ဆရာကန့်ဘလူ ခင်မောင်ဆွေ၊ ''ဘဝကျောင်းက ခေါင်းလောင်းသံနှင့် အခြားလူငယ်ဝတ္ထုတိုများဖြင့် လူငယ် စာပေဒုတိယဆုရ ဆရာ ကျွန်းစဉ်မြေ စောခက်၊ ''တီးလိုက်ပါတဲ့ ဗုံကြီးသံ''ဖြင့် ပြဇာတ် စာပေဒုတိယဆုရ ဆရာဇင်မင်း (သမိန်ထော်)၊ ''တစ်ဝက်မက အားလုံးပြီးမြောက်သည်'' ဖြင့် ပြဇာတ်စာပေ တတိယဆုရ ဆရာမောင်စိုးထိုက်(သုံးဆယ်)နှင့် ''အုပ်ချုပ်မှုစနစ်ကို အနက်ဖွင့်ဆိုခြင်း''ဖြင့် ဘာသာပြန်စာပေ ပထမဆုရ ဆရာတင်အောင်ချစ်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် စာပေဆုရရှိကြသူများ ကိုယ်စား အမျိုးသားစာပေတစ်သက်တာ စာပေဆုရှင် ဆရာမကြီးဒေါ်ခင်ဆွေဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များ၊ အမျိုးသားစာပေဆုရှင်များ၊ စာပေဗိမာန်စာမူဆုရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
အမျိုးသားစာပေ တစ်သက်တာဆုကို ယခင်က တစ်နှစ်လျှင် တစ်ဦးသာရွေးချယ် ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် သုံးဦးအထိ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ အမျိုးသား စာပေတစ်သက်တာဆုအတွက် ချီးမြှင့်ငွေကို ယခင်က ငွေကျပ် ၁ဝသိန်း ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၁၅သိန်းအထိ လည်းကောင်း၊ အမျိုးသားစာပေဆု အတွက် ချီးမြှင့်ငွေကို ယခင်က ငွေကျပ် ငါးသိန်း ချီးမြှင့်ခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၁ဝသိန်းအထိလည်းကောင်း၊ စာပေဗိမာန် စာမူဆုအတွက် ယခင်က ပထမဆုကို ငွေကျပ်နှစ်သိန်း မှ ယခုငွေကျပ် ၅သိန်း၊ ယခင်က ဒုတိယဆုကို ငွေကျပ်တစ်သိန်းခွဲမှ  ယခု ငွေကျပ်သုံးသိန်းနှင့် ယခင်က တတိယဆုကို ငွေကျပ် တစ်သိန်းမှ ယခုနှစ်သိန်း အထိ လည်းကောင်း တိုးမြှင့်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဆုတံဆိပ်များကိုလည်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
--------------------------------------------------------------------------------------------------------


ဒုတိယသမ္မတ ဦးဥာဏ်ထွန်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှုများ ကြည့်ရှုစစ်ဆေး






 နေပြည်တော် နိုဝင်ဘာ ၂၅

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် နိုဝင်ဘာ(၂၄)ရက်တွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ဆိုက်ရောက်မည့် အပြည်ပြည် ဆိုင်ရာလေဆိပ်များရှိ ကြိုတင်ပြင်ဆင် ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် နံနက်(၉)နာရီ(၁ဝ)မိနစ်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး အရှေ့တောင် အာရှနိုင်ငံများမှ ပြိုင်ပွဲဝင် အားကစားသမား များအား လက်ခံကြိုဆိုရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးတင့်ဆန်း၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေရှိ ရွက်လှေအားကစားပြိုင်ပွဲ ကျင်းပမည့် ငွေဆောင် ရွက်လှေကလပ်သို့ ရောက်ရှိသည်။

ဒုတိယသမ္မတအား မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်းတို့က (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ရွက်လှေ အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် မြန်မာ့ရွက်လှေ အားကစားအဖွဲ့ အောင်မြင်မှုရရှိရေးအတွက် ရည်မှန်းကြိုးပမ်းနေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြိုင်ပွဲကျင်းပရေးအတွက် ပြင်ဆင်ထားမှုများမှာ အားရဖွယ်ကောင်း ပါကြောင်း၊ ရွက်လှေကလပ်သို့ လာရာလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အမြင် တင့်တယ်ရေးအတွက် ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် မှာကြားပြီး ရွက်လှေအားကစားပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ထားမှုနှင့် ပြိုင်ပွဲဝင် အားကစားသမားများထားရှိမည့် တည်းခိုဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မြန်မာ့လက်ရွေးစင် ရွက်လှေ အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး ၎င်းတို့နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ရွက်လှေပြိုင်ပွဲကို ငွေဆောင်ကမ်းခြေတွင် ဒီဇင်ဘာ (၁၁) ရက်မှ (၂ဝ) ရက်ထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနည်း (၁၃) မျိုးမှ ရွှေတံဆိပ် (၁၃) ခု ချီးမြှင့်မည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အနည်းဆုံး ရွှေတံဆိပ် (၃) ခုရရှိရန် ရည်မှန်းထားကြောင်း သိရှိ ရသည်။

ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်တွင် ပြိုင်ပွဲဝင်အားကစားသမားများအား လက်ခံကြိုဆိုရန် စီစဉ်ထားမှု၊ ဆိုက်ရောက်ဗီဇာများနှင့် အားကစားသမား ဝင်ထွက်ခွင့်ကတ်များ လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု၊ ခေတ္တနားနေဆောင်တွင် ပို့ဆောင်ရေးဌာန ဖွင့်လှစ်၍ အားကစားသမားများ သွားလာရေး အဆင်ပြေအောင် စီစဉ်နေမှုတို့ကို လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့က လိုက်လံ ရှင်းလင်းပြသကြသည်။

ထို့နောက် ဒုတိယသမ္မတက အားကစားသမားများ သွားလာမှု အဆင်ပြေစေရေးအတွက် ဧည့်ကြိုများဖြင့် စနစ်တကျ ကြိုဆိုရန်၊ ခေတ္တနားနေဆောင်ကို သန့်ရှင်း သပ်ရပ်အောင် ဆောင်ရွက်ထားရန်နှင့် စားသောက်ဆိုင်ငယ်များ ဖွင့်လှစ်ပေးထားရန်၊ နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည့် အားကစားသမားများအတွက် လေကြောင်း ခရီးဖြင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊  မော်တော်ယာဉ်များ ကိုလည်း အသင့်စီစဉ်ထားရှိရန်နှင့် လမ်းခရီး ဘေးကင်းလုံခြုံမှု အစီအမံများ စနစ်တကျ စီမံဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဒုတိယသမ္မတသည် ညနေပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိပြီး မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ အားကစားသမားများအား လက်ခံကြိုဆိုရန် စီစဉ်ထားရှိမှုနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် မန္တလာသီရိ အားကစားကွင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာ၌ ယခုအခါတွင် ပြိုင်ပွဲကြီး ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှု အားလုံးမှာ ရာနှုန်းပြည့်နီးပါး ပြီးစီး နေပြီဖြစ်ပါကြောင်း၊ မန္တလေးမြို့တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ဘောလုံးပြိုင်ပွဲသို့ လာရောက်အားပေးသူများ ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွ လွတ်လွတ်လပ်လပ် အားပေးနိုင်အောင်၊ လုံခြုံစိတ်ချစွာ အားပေးနိုင်အောင် စီမံဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများကလည်း နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်အပြည့်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် စည်းရုံးဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်တို့က ပြိုင်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားမှု၊ အားကစားသမားများ တည်းခိုရေး၊ စားသောက်ရေး၊ သွားလာရေး၊ လေ့ကျင့်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်ထားမှုနှင့် ပြိုင်ပွဲကျင်းပမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

ထို့နောက် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ ပါသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဒီဇင်ဘာ(၁ဝ)ရက်မှ (၂ဝ)ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ညပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ 
-----------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအားကစားရွာ Athlete's Village နှင့် Social Zone ဖွင့်ပွဲ တက်ရောက် အားပေး






နေပြည်တော် နိုဝင်ဘာ ၂၄
(၂၇) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားရွာ Athlete's Village ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီ တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးကြသည်။

အခမ်းအနားတွင် ကျောင်းသား ကျောင်းသူလေးများက ဘင်ခရာနှင့် ပန်းဖွားအကများဖြင့် သရုပ်ပြ တီးခတ်ဖျော်ဖြေ ကပြကြပြီး  Village Mayor ဦးမျိုးလှိုင်က အားကစားရွာနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးတင့်ဆန်း၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်နှင့် ဦးဇော်ဝင်းတို့က အားကစားရွာ Athlete's Village ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အားကစားရွာ Athlete's Village ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အားကစားရွာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ အားကစားရွာ Social Zone ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဒုတိယသမ္မတနှင့် အဖွဲ့သည် အားကစားရွာ Social Zone အတွင်း လှည့်လည်ကြည့်ရှု၍ ခန်းမအတွင်း နံရံမျက်နှာစာ၌ အမှတ်တရ လက်မှတ်ရေးထိုးကြသည်။

ထို့နောက် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစားအဖွဲ့ များအတွက် အောင်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက အလှူရှင်များ ကိုယ်စား အလှူငွေများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်(ကြည်း/ရေ/လေ) မိသားစုများမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၁၀၀၀)ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကလည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇာနည်ဝင်းက ငွေကျပ်သိန်း(၃၀၀)ကို လည်းကောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ဗိုလ်ချုပ် တင်ထွန်းအေး က ငွေကျပ်(၉၂၅)သိန်းနှင့် အမေရိကန်ဒေါ်လာ (၄၀၀၀၀)ကိုလည်းကောင်း၊ စေတနာရှင် ပြည်သူများက လှူဒါန်းငွေ များကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ဒုတိယသမ္မတက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် အားကစားအောင်နိုင်ရေး အတွက် ဂုဏ်ပြုတီးခတ် သီဆိုဖျော်ဖြေနေ ကြသည့် တေးသံရှင်များအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

---------------------------------------------------------------------------------------------------------

မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ကျင်းပ





 နေပြည်တော် နိုင်ဝင်ဘာ ၂၂
မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု  (၆၅) နှစ်မြောက် အထိမ်းအမှတ် ချစ်ကြည်ရေး တေးဂီတ ဖျော်ဖြေပွဲကို ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် ကြည့်ရှု အားပေးသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပွန်တိုဝီချက်ခ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က သီးခြားမှတ်တမ်း ဓာတ်ပုံရိုက်ကြပြီးနောက် ဒုတိယသမ္မတက တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့နှင့်အတူ မှတ်တမ်း ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် ဧည့်သည်တော်များက ထိုင်းယဉ်ကျေးမှုအဆို၊ အကများနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အကများကို ကြည့်ရှု အားပေးကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတက ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ် ချီးမြှင့်သည်။
------------------------------------------------------------------------------------------------------------

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကျင်းပ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြား






နေပြည်တော် နိုဝင်ဘာ ၂၁
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ အမှတ်(၂)၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝင်းထွန်း၊ ဦးတင့်ဆန်း၊ ဦးဝင်းရှိန်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား မောင်မယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို ဖွင့်လှစ်ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အသင်း အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား မောင်မယ်များက အားကစားသန္နိဋ္ဌာန်ကို ရွတ်ဆိုကြပြီး အဖွဲ့အလိုက် မိတ်ဆက် ဂါရ၀ပြုကြသည်။
ယင်းနောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ရာစုဝက် နီးပါးကြာမှ မိမိတို့မြေပေါ်ကို တစ်ကျော့ပြန် ရောက်ရှိလာတော့မည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီး နီးသထက် နီးလာခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တစ်ဝန်းလုံးတွင် ရှိသည့် မိဘပြည်သူ အားလုံးကြား၌ ဆီးဂိမ်းသံ တညံညံ၊ ဆီးဂိမ်းအလံ တဖျပ်ဖျပ်၊ ဆီးဂိမ်း စိတ်ဓာတ် တလူလူ မြင့်တက်နေသော အချိန်လည်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တစ်ဝန်းလုံးတွင် ရှိသည့် မိဘပြည်သူများ အားလုံးက ဆီးဂိမ်း ပြိုင်ပွဲကြီးကို ခမ်းနား ထည်ဝါစွာ ကျင်းပနိုင်ပြီး အားကစား အောင်ပန်းများ ဆွတ်လှမ်း နိုင်တော့မည် ဆိုသည့် ယုံကြည် မျှော်လင့်ချက်များနှင့် ဆီးဂိမ်း ပွဲတော်ကြီးကို ကြိုဆိုနေကြပြီ ဖြစ်ကြောင်း။
အားကစား မောင်မယ်များ၏ ဇွဲ၊ စိတ်ဓာတ် အပြည့်အဝနှင့် ပွဲမဝင်ခင် အပြင်က ကျင်းပနေခဲ့ကြပုံများကိုလည်း မျက်ဝါး ထင်ထင် တွေ့မြင်ခံစား အသိအမှတ် ပြုနေကြ ပါကြောင်း၊ သမိုင်းတကွေ့၌ ကြုံတောင့်ကြုံခဲ ဆင်နွှဲရသည့် ဆီးဂိမ်း ပွဲတော်ကြီးတွင် နိုင်ငံအတွက် အားကစား အောင်ပွဲများ ဆွတ်ခူးပေးနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုကြီး တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုကြီးသည် အားကစား မောင်မယ်များအတွက် အားကစား လူချွန် လူကောင်းများ ဖြစ်ကြောင်း ပြသနိုင်သည့် အခွင့်အလမ်း ကောင်းကြီး တစ်ရပ်လည်း ဖြစ်ပါကြောင်း။
ယခု အခွင့်အလမ်းကောင်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် သွားနိုင်ကြလိမ့်မည်ဟု မိဘပြည်သူ တစ်ရပ်လုံးက ယုံကြည်မျှော်လင့် အားထား နေကြ ပါကြောင်း၊ ဤယုံကြည် မျှော်လင့်ချက် အိပ်မက်များကို အကောင် အထည်ဖော်ရန် အားကစား မောင်မယ်များအနေဖြင့် ရေကုန်ရေခမ်း အားထုတ် ကြိုးပမ်း သွားကြမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း။
"စိမ်းလန်း၊ သန့်ရှင်း၊ ချစ်ကြည်ချင်း" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ချစ်ကြည် သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းဖြင့် အာဆီယံ နိုင်ငံများအကြား ချစ်ကြည်ရေး သံတမန်ကောင်း တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင် သွားနိုင်လိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။
အားကစား ရွှေတစ်ခေတ် ထုဆစ် ပုံဖော်ပေးမည့် တာဝန်ကို အားကစား မောင်မယ်များ၏ ပခုံးပေါ်သို့ မိဘပြည်သူ တစ်ရပ်လုံးက ယုံကြည်စွာ အပ်နှင်းလိုက်ပြီ  ဖြစ်ပါကြောင်း၊ ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးမည့် အားကစား သူရဲကောင်း မောင်မယ်များအဖြစ် သမိုင်းမော်ကွန်း ရေးထိုးကြပါဟု တိုက်တွန်း လိုက်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မြန်မာအားကစား အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အပ်နှင်းသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးသောင်းထိုက်က မြန်မာအားကစား အောင်နိုင်ရေး ကတိပြုစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနား အပြီးတွင် ဒုတိယသမ္မတသည် အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား မောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အားကစားရုံ အတွင်း၌ ခင်းကျင်း ပြသထားသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့များ၏ ပြိုင်ပွဲဝင် ဝတ်စုံများနှင့် အားကစား ပစ္စည်းများကို လှည့်လည် ကြည့်ရှုရာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အဆိုပါ အားကစားရုံ၌ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များအား တွေ့ဆုံပြီး (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီး ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အားကစား သမားများ အကောင်းဆုံး စွမ်းဆောင်နိုင်ရေးနှင့် အောင်နိုင်ရေးတို့ အတွက် ဝိုင်းဝန်း ကြိုးပမ်းနေမှုများကို နိုင်ငံတော် အစိုးရအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ လိုအပ်ချက်များရှိက အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ရောက်ရှိပြီး ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ နိုင်ငံတကာ အဆင့်မီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ ကျင်းပမည့် ဖျော်ဖြေရေးစင်မြင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အားကစားနည်း အလိုက် ဒိုင်/ ဂျူရီများ၊ အသင်း အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ တည်းခို နေထိုင်မည့် နေရာများသို့ သွားရောက်၍ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

--------------------------------------------------------------------------------------------


ဒုတိယသမ္မတဦးဉာဏ်ထွန်း ကျေးလက်ဒေသ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား





နေပြည်တော် နိုဝင်ဘာ ၂၀
ကျေးလက်ဒေသလျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)၌ ကျင်းပရာ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ JICA ၊ USAID ၊ SUISSAID ၊ AUSAID ၊ BAJ စသည့် အဖွဲ့အစည်းများ၊ ကျေးလက်ဒေသ မီးလင်းရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေကြသည့် ပညာရှင်များ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အစိုးရက ဖော်ဆောင်နေသည့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု (Inclusive Development) ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးထံ ဖွံ့ဖြိုးတိုးတက်မှု အားလုံးကို မျှမျှတတ ပျံ့ပျံ့နှံ့နှံ့ အရောက်ပို့ဆောင် ပေးရန် ဖြစ်ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ (၇၀) ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများထံ ယင်းဖွံ့ဖြိုးမှု အသီးအပွင့်များ အရောက် ဆောင်ကြဉ်းပေးနိုင်မည့် လုပ်ငန်းစဉ်မှာ  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးပင် ဖြစ်ပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံလိုအပ်ချက် များကို ဖြည့်ဆည်းပေးရာတွင် လျှပ်စစ်မီးရရှိရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် အဓိကကျသည့် ဝန်ဆောင်မှုဖြစ်ပါကြောင်း၊ ထို့ကြောင့် အရည်အသွေး ပြည့်မီသည့် လျှပ်စစ်မီးနှင့် သောက်သုံးရေ ဝန်ဆောင်မှုပေးနိုင်ရန် ယနေ့ အရေးတကြီး လိုအပ်လျက် ရှိပါကြောင်း။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များက ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မဟာဓာတ်အား လိုင်းမှတစ်ဆင့် ဓာတ်အားရယူခြင်း၊ ဒီဇယ်အင်ဂျင်အသုံးပြုပြီး ဓာတ်အား ထုတ်လုပ်ခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပ ပြန်ဖြည့်မြဲစွမ်းအင် အရင်းအမြစ်များဖြစ်သည့် ရေအား၊ နေစွမ်းအင်၊ ဇီဝလောင်စာများ အသုံးပြု၍ အဖြေရှာခြင်း တို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိဒေသအခြေအနေအပေါ် မူတည်ပြီး နေအိမ်တစ်လုံးချင်း အိမ်သုံးဆိုလာစနစ်၊ ဆိုလာဗဟိုမှ ဖြန့်ဝေပေးသည့်စနစ်၊ ဆိုလာမီးအိမ် အားသွင်း ငှားရမ်းမှုစနစ်၊ အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ချိသည့်စနစ်၊ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး အသုံးပြုသည့်စနစ် စသည့်စနစ်များကိုသုံးပြီး ထုတ်လုပ် လျက်ရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မဟာဓာတ်အားလိုင်း တိုးချဲ့မှုကို စီမံကိန်းဖြင့် ဆောင်ရွက်နေသော်လည်း ကျေးရွာအားလုံးသို့ ဓာတ်အား ရောက်ရှိရေးမှာ ကန့်သတ်ချက် များစွာရှိပါကြောင်း။

မဟာဓာတ်အားလိုင်းနှင့် အလှမ်းဝေးနေဆဲဖြစ်သည့် ကျေးလက်ဒေသများသို့ လျှပ်စစ်မီး အရောက်ပေးပို့နိုင်ရေးအတွက် နိုင်ငံတကာ တွင် ဆောင်ရွက်နေသည့် အတွေ့အကြုံများကို လေ့လာကြည့်ရာတွင် ဆိုလာစနစ်၊ အသေးစားရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းနှင့် ဇီဝလောင်စာဖြင့် ထုတ်လုပ်သည့် စနစ်များ ပူးတွဲပေါင်းစပ်ထားသည့် အသေးစား ဓာတ်အားလိုင်း စနစ်ကို တွေ့ရှိရပါကြောင်း၊  အဆိုပါစနစ်မှာ လျင်မြန်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊ လုပ်ငန်း တိုးချဲ့ရန်လည်း လွယ်ကူခြင်း၊ ရေရှည်တွင် ငွေကုန်ခံရကျိုးနပ်ခြင်း စသည့် အကျိုးကျေးဇူးများ ရှိပါကြောင်း။               

ပြန်ပြည့်မြဲစွမ်းအင်သုံး အသေးစား ဓာတ်အားလိုင်းစနစ်သည် ရေရှည်ခံပြီး မိမိဒေသသို့ မဟာဓာတ်အားလိုင်း ရောက်ရှိလာပါက ချိတ်ဆက်နိုင်သည့် ထပ်တိုးသုံးစွဲမှု ပြုနိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများအတွက် လုပ်ငန်းဒီဇိုင်း မရေးဆွဲမီတွင် သုံးစွဲမည့် ပြည်သူများနှင့် တွေ့ဆုံ၍ တစ်ဦးချင်း လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီးမှ စနစ်တကျတွက်ချက် ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ထို့အတူ သုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်မီးကို ကျွမ်းကျင်စွာ သုံးစွဲတတ်စေရန်၊ ဗဟုသုတရှိစေရန် လက်ထပ်သင်ကြားပေးမှုများ လိုအပ်ကြောင်း၊ သို့မှသာ ရေရှည်တွင် ယင်းပြည်သူများက ကိုယ့်အားကိုယ်ကိုးပြီး လုပ်ငန်းစဉ်ကို ထိန်းသိမ်း ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရာတွင် ရွာခံကျွမ်းကျင် သူများကို မွေးထုတ်နိုင်သည့် ရပ်ရွာအခြေပြုချဉ်းကပ်မှုကို အသုံးပြုခြင်းဖြင့် ရေရှည် တည်တံ့ပြီး ကျေးရွာအတွက် အလုပ်အကိုင်နှင့် ဝင်ငွေဖန်တီးပေးရာ ရောက်မည် ဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းမှာပင် စွမ်းအင် ချွေတာမှု ပညာပေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက် ပေးကြရန် အကြံပြုလိုပါကြောင်း။

ဤလုပ်ငန်းစဉ်မှာ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် နည်းပါးသော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် ကြီးမားလှသောကြောင့် လုပ်ငန်း စတင်နိုင်ရန်နှင့် ရေရှည် တည်တံ့နိုင်ရန် ပြည်တွင်း ပြည်ပ ဘဏ္ဍာရေး အကူအညီများ ရယူ၍လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမည့် သူများကို ဖိတ်ခေါ်၍ Public Private Partnership (PPP)  စနစ်ဖြင့်လည်းကောင်း ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ လက်တွေ့ လုပ်ငန်းခွင် ကျွမ်းကျင်မှုမှာ တန်ဖိုးမဖြတ်နိုင်ပါကြောင်း၊ စိတ်ကူးစိတ်သန်း ကောင်းစွာ ချဉ်းကပ်ခြင်း၊ နည်းလမ်းပေါင်းစုံဖြင့် ဘဏ္ဍာငွေကြေး ရှာဖွေခြင်း၊ စုပေါင်းအဖြေရှာခြင်း ဟူသည့် အချက်များမှာ  အရည်အသွေးမြင့်မားပြီး တာရှည်ခိုင်မြဲသည့် လျှပ်စစ်မီးနှင့် သောက်သုံးရေ ဝန်ဆောင်မှုကို လူထုကြီးထံ အရောက်ပို့နိုင်ရန် ကြိုးစားသည့် လုပ်ငန်းစဉ်ကြီးတွင် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များတွင် ကျေးလက်နေပြည်သူများ၊ လျှပ်စစ်နှင့် သောက်သုံးရေရရှိရေး ထုတ်လုပ်ထောက်ပံ့ ပေးမည့်သူများ၊ နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ ပါဝင်သည့် Stakeholder အားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  လုပ်ငန်းများ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် (၁၀) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် ရာသီဥတုပြောင်းလဲမှု၊ လူဦးရေတိုးပွား လာမှုစသည့် အကြောင်း တရားများကြောင့် ရေလိုအပ်မှုသည် မြင့်မားနေဆဲပင် ဖြစ်ပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေအရင်းအမြစ်များစွာ ရှိသော်လည်း ထိရောက်စွာ အသုံးချနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် ပေါင်းစည်းထားသည့် ရေစီမံခန့်ခွဲမှု စနစ်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အမျိုးသားရေး လိုအပ်ချက် အဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

အစည်းအဝေး တက်ရောက်လာကြသူများ အနေဖြင့် ကျေးလက်ဒေသများတွင် အမှန်တကယ် လိုအပ်နေသည်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်နိုင်သည်က စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များ ရှိလာပါက နိုင်ငံတော်ပိုင်းက အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းစဉ်ကြီးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် အတွက် အားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးနှင့် သောက်သုံးရေ ရရှိရေးနည်းလမ်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှတ်တမ်းကို ဖတ်ကြား အတည်ပြုသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျေးလက်ဒေသလျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး နိဂုံးချုပ်  အမှာစကားပြောကြား ခဲ့သည်။
မွန်းလွဲပိုင်းတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနများအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေအတွက် ဘဏ္ဍာရေးတာဝန် လုပ်ပိုင်ခွင့်များ အပ်နှင်းပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ကျေးလက်ဒေသလျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးကော်မတီကို စက်တင်ဘာ(၉) ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ (၁၈) ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ပထမအကြိမ် အစည်းအဝေးက ဆုံးဖြတ်ချက် (၁၂)ရပ် ချမှတ်ခဲ့ပြီး  ယင်းဆုံးဖြတ်ချက်များအနက် ကျေးလက်မီးလင်းရေးနှင့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား ကျေးလက်နေပြည်သူများ လွယ်ကူစွာ နားလည်နိုင်မည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အိမ်ထောင်စုတစ်စုတွင် အသုံးပြုမည့် ဆိုလာမီးလင်းရေးစနစ်အတွက် ခန့်မှန်းကုန်ကျငွေကို တွက်ချက်ပြီးဖြစ်သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ကျေးလက်ဒေသ မီးလင်းရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကုမ္ပဏီများ၏ အချက်အလက်များကို ပြုစုပြီး တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များသို့ ဖြန့်ဝေပေးပြီးဖြစ်သည်။ လိုအပ်သော ရန်ပုံငွေရရှိရေးအတွက် Development Partners များနှင့် ဆွေးနွေးခြင်း၊ ပြည်တွင်း၊ ပြည်ပပညာရှင်များကို ဖိတ်ခေါ်ခြင်း တို့ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်သည်။ နိုဝင်ဘာ (၂၂) ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့နှင့် ပူးပေါင်း၍ အမျိုးအသားအဆင့် လျှပ်စစ်မီးလင်းရေးစီမံကိန်း ရေးဆွဲရေး (National Electrification Plan) အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး အဆိုပါစီမံချက် ရေးဆွဲခြင်းကို ယခုလအတွင်း ပြီးစီးအောင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

ကော်မတီအနေဖြင့် ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်မှ ခွင့်ပြု ရန်ပုံငွေအပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း အလှူရှင်များ၏ အလှူငွေများ တိုးတက်ရရှိရေး၊ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံရေး တို့ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လောလောဆယ်တွင် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အာရှ-ဂျပန် ပေါင်းကူးရေး အဖွဲ့(BAJ)၊ UNICEF ၊ UN-HABITAT စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------


ဒုတိယသမ္မတဦးဉာဏ်ထွန်း နယ်သာလန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ





နေပြည်တော် နိုဝင်ဘာ ၁၈   

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် နယ်သာလန် နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီး H.E. Ms. Lilianne Ploumen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးခင်ဇော်၊ ဦးဟံစိန်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဝန်ကြီး H.E. Ms. Lilianne Ploumen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး H.E. Mr. Joan Boer လည်း တက်ရောက်သည်။


ထိုသို့တွေ့ဆုံရာတွင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။  
------------------------------------------------------------------------------ 

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နယ်သာလန်နိုင်ငံ အခြေစိုက် ရွိုင်ရယ်ဒတ်ခ်ျရှဲလ် ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးအရာရှိချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





  နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် နယ်သာလန်နိုင်ငံ အခြေစိုက် ရွိုင်ရယ်ဒတ်ခ်ျရှဲလ် ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေး အရာရှိချုပ် Mr. Simon Henry ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာသက်သက်ဇင်၊ ဦးအောင်ထူး၊ ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E.Mr. Andrew Pactrick လည်း တက်ရောက်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ စွမ်းအင်ကဏ္ဍဆိုင်ရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေခံ အဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဘက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ အပေါ် ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။ 

----------------------------------------------------------------------------------------------------------

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရန်ကုန်မြို့ရှိ အားကစားကွင်းများအား ကြည့်ရှုစစ်ဆေး






ရန်ကုန် နိုဝင်ဘာ ၉

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပွဲစဉ်များ လက်ခံ ကျင်းပမည့် ရန်ကုန်မြို့ရှိ အားကစားကွင်းရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးသည်။

ရှေးဦးစွာ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာယကြံ့ခိုင်မှု အားကစားနည်းပြိုင်ပွဲ လက်ခံကျင်းပမည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာသို့ ရောက်ရှိရာ ရှင်းလင်းဆောင် ခန်းမ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးညီညီက ပြိုင်ပွဲလက်ခံ ကျင်းပရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမြင့်ဆွေက မြန်မာ့လက်ရွေးစင် အားကစားသမားများကို စခန်းသွင်း လေ့ကျင့်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့က ပြိုင်ပွဲဝင် အားကစား သမားများ၏ တည်းခို နေထိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် ပြိုင်ပွဲလက်ခံကျင်းပမည့် မြန်မာ ကွန်ဗင်းရှင်းစင်တာ အတွင်း ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြန်မာ့လက်ရွေးစင် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ သရုပ်ပြယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးသည်။

ထိုမှတစ်ဆင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်းသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ မြန်မာနိုင်ငံ သေနတ်ပစ် အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထက်ညီက ပြိုင်ပွဲကျင်းပရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး အပါအဝင် ကြိုတင်ပြင်ဆင် ထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များ၏ (၂၅) မီတာ လေပစ္စတိုသေနတ်ပစ် ပြိုင်ကွင်း၊ မီတာ(၅၀)လေရိုင်ဖယ် သေနတ်ပစ်ပြိုင်ကွင်း၊ (၁၀) မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ကွင်းတို့၌ လေ့ကျင့် ပစ်ခတ်နေမှုများနှင့် ပြိုင်ပွဲတွင် အသုံးပြုမည့် သေနတ်အမျိုးအစားများ ခင်းကျင်း ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် လူငယ် အားကစား လေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) သို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ညပိုင်းဘောလုံးပွဲစဉ်များအတွက် လျှပ်စစ်မီး ပေးမှုစနစ် ကောင်းမွန်စေရေးအတွက် စီစဉ်ထားရှိမှု၊ ဘောလုံး ပရိသတ်များ သွားလာမှု အဆင်ပြေစေရေး အတွက် စီစဉ် ဆောင်ရွက်ထားရှိမှု၊ ဘောလုံးကွင်း ပြင်ပတွင် LED ဘုတ်များတပ်ဆင်၍ လွှင့်ထုတ်ပြသနိုင်ရန် စီစဉ်ထားရှိမှု၊ လက်မှတ်များ ကြိုတင် ရောင်းချပေးရန်နှင့် ပရိသတ်များအား အေးချမ်းပျော်ရွှင်စွာ အားပေးရန်အတွက် လူထုပညာပေး နည်းလမ်းဖြင့် ဆောင်ရွက်ရန် စီစဉ်ထားမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နပန်းနှင့် ကမ်ပိုအား ကစားနည်း လက်ခံကျင်းပမည့် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သို့ ရောက်ရှိရာ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာအောင်ကျော်ဆန်းက ကမ္ဘာ့အဆင့်မီ နပန်းအားကစားနည်းပြ ဆရာများနှင့် လေ့ကျင့်ထားရှိမှု၊ အားကစားနည်းပြိုင်ပွဲ ဖွင့်ပွဲတွင် ရခိုင်ရိုးရာ ကျင်အားကစားနည်းကို ထည့်သွင်း သရုပ်ပြရန် စီစဉ်ထားရှိမှုနှင့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံ ကမ်ပိုအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က လက်ရွေးစင် အားကစားသမားများအား အင်ဒိုနီးရှားနိုင်ငံမှ အားကစား နည်းပြဆရာ လေးဦးဖြင့် လေ့ကျင့်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ပြီးစီးမှုတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ နပန်းနှင့် ကမ်ပိုအားကစားနည်းအလိုက် သရုပ်ပြ ယှဉ်ပြိုင်မှုတို့ကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလေးမ အားကစားနည်းပြိုင်ပွဲ လက်ခံကျင်းပမည့် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူမိုးလုံ လေလုံအားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လင်းက လက်ရွေးစင်အားကစားသမားများ စခန်းသွင်း လေ့ကျင့်ထားရှိမှုနှင့် ပြိုင်ပွဲဆိုင်ရာ ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် မြန်မာ့လက်ရွေးစင် အလေးမအားကစား မောင်မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး သရုပ်ပြ ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဟော်ကီအားကစားနည်းပြိုင်ပွဲ လက်ခံကျင်းပမည့် သိမ်ဖြူ မြက်ခင်းတု ဟော်ကီ အားကစားကွင်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံ ဟော်ကီအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထင်ဇော်ဝင်းက လက်ရွေးစင်အားကစားသမား များအား စခန်းသွင်း လေ့ကျင့်ထားရှိမှု၊ ပြိုင်ပွဲအတွက် ဟော်ကီအား ကစားကွင်း အဆင့်မြင့်ပြင်ဆင်ထားရှိမှုနှင့် ပြိုင်ပွဲအတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင် ထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် လက်ရွေးစင် အားကစား သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး သရုပ်ပြ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှု အားပေးသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြိုင်ပွဲလက်ခံ ကျင်းပမည့် ရန်ကုန်မြို့ရှိ အားကစားကွင်းရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစဉ် တာဝန်ရှိသူများအား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်ရေး၊ အားကစားသမားများ တည်းခို နေထိုင်မှု အဆင်ပြေစေရေး၊ ပရိသတ်များ အေးချမ်း ပျော်ရွှင်စွာဖြင့် နိုင်ငံကြီးသားပီသစွာ အားပေးနိုင်ရေးအတွက် လူထု ပညာပေး အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား အားထုတ်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၁/၂၀၁၃) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား




နေပြည်တော် နိုဝင်ဘာ ၎
ရေကို ကဏ္ဍစုံ အသုံးပြုမှုများတွင် မျှတမှုရှိစေရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် ပြည်သူလူထု ဘဝအရည်အသွေး မြင့်မားလာခြင်း၊ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာခြင်းနှင့်  တည်ငြိမ်အေးချမ်းခြင်း စသည့် အကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ကြောင်းဖြင့် ယနေ့နံနက် (၀၉၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသား အဆင့် ရေအရင်း အမြစ် ကော်မတီ (၁/၂၀၁၃) အစည်းအဝေးတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
       
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတနှင့်အတူ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကော်မတီဝင်များ၊ ရေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
       
ရှေးဦးစွာ  ဒုတိယသမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ရေသည် သက်ရှိသတ္တဝါ များ အသက်ရှင်နေထိုင်မှုအတွက် အခြေခံအကျဆုံး သဘာဝ အရင်းအမြစ် တစ်ခုဖြစ်ပါ ကြောင်း၊ ရေစီမံခန့်ခွဲမှု၏ ပင်မဒေါက်တိုင် သုံးခုဖြစ်သော စီးပွားရေး စွမ်းဆောင်ရည် ရှိမှု(Economic Efficiency)၊ မျှတမှု (Equity)နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု (Environmental Sustainability ) တို့၏ဆက်စပ်မှုကို သိရှိနားလည် သဘောပေါက်ပြီး “ရေ”နှင့် “ရေအရင်းအမြစ်”များအပေါ် ရှုမြင်သုံးသပ်ရာတွင် ပြောင်းလဲမှုရှိရန် လိုအပ်ပါ ကြောင်း။ “ရေ”သည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ပြည့်မြဲ စွမ်းအင်ရှိသော်လည်း အဆိုပါ ပြန်လည်ပြည့်ဖြိုးလာမည့် နှုန်းထားထက် ကျော်လွန်ပြီး ရေအရင်းအမြစ်များကို ဖော်ထုတ်သုံးစွဲ၍ မရပါကြောင်း၊ ထိုကြောင့် “ရေ”သည် မိမိတို့အားလုံး အတူတူ ပိုင်ဆိုင်သည့်  အကန့်အသတ်ရှိသော သယံဇာတတစ်ခု အဖြစ်ရှုမြင်ရမှာ ဖြစ်ပါကြောင်း။
       
မိမိတို့တွင်ရရှိပြီးသော ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရန် အလွန် အရေးကြီးပါကြောင်း၊ စဉ်ဆက်မပြတ်သော  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းသည် သာလျှင် စဉ်ဆက်မပြတ်သော ရေအရင်းအမြစ်ကို အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း။
               
နိုင်ငံတစ်နိုင်ငံလုံး၏ ရေအရင်းအမြစ်များ ဖော်ထုတ်ပြီး စီမံခန့်ခွဲနိုင်ရန်၊ ရှိပြီးသား ရေ အရင်းအမြစ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန် နှင့် ရေကိုအခြေပြု၍ တရားမျှတသော ရေခွဲဝေမှုစနစ်၊ ပြည်သူအားလုံး ပါဝင်နိုင်သော ပွင့်လင်းမြင်သာမှုရှိသည့် ဘက်စုံ ရေ စီမံ ခန့်ခွဲမှု စနစ်တစ်ခုကို မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း။
       
ရေအရင်းအမြစ်များအား စီမံခန့်ခွဲရာတွင် ရေကိုစနစ်တကျ အကျိုးရှိ ထိရောက်စွာ သုံးနိုင်မှုနှင့်‌ ရေလိုအပ်ချက်အပေါ် စီမံခန့်ခွဲနိုင်မှု ၊ အရင်းအမြစ်သစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ရှာဖွေ ဖန်တီးနိုင်မှု ၊ မြေအသုံးချမှုနှင့် ရေအရင်းအမြစ် အသုံးချမှုများအား ပေါင်းစပ်ညှိနှိုင်းမှု၊ ရေကို စီးပွားရေး ကိစ္စရပ်များအပေါ် ပင်မရေစီးကြောင်းအဖြစ် အသွင်ပြောင်းနိုင်မှုဟူသည့် နယ်ပယ် (၄) ခု အပေါ် အခြေခံ၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

တစ်မျိုးသားလုံး အတိုင်းအတာအရ လိုအပ်သည့် ဘက်စုံရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် ၊ အမျိုးသား ရေအရင်းအမြစ်နှင့် ဆိုင်သောမူဝါဒ ၊ အမျိုးသား ရေအရင်းအမြစ် ဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူဘောင် စသည်တို့ကို မိမိတို့ ဌာနဆိုင်ရာအလိုက် ညွှန်ကြား ဖော်ဆောင်ကြမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များတွင် ထင်သာ မြင်သာရှိအောင် ထည့်သွင်းပေးကြဖို့ လိုအပ်ပါကြောင်း။
       
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရေအရင်းအမြစ်မူဝါဒအား နိုင်ငံတစ်နိုင်ငံလုံးရှိ လူမှု အသိုက်အဝန်း၏ ပါဝင်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရှိ ရေအရင်း အမြစ်များအား ဖွံ့ဖြိုး တိုးတက်စေရန်၊ ရေအရင်းအမြစ်များအား မျှတစွာသုံးစွဲပြီး ထိရောက်သော စီမံခန့်ခွဲမှုများဖြင့် ဆင်းရဲမှု ပပျောက်ရေးအား အထောက်အကူပြုစေရန်၊ နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာမှုကို ကာကွယ်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန်၊ လက်ရှိနှင့် အနာဂတ်ကာလမျိုးဆက်များအား လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအတွက် သင့်တင့်မျှတသော ပမာဏနှင့်‌ လုံခြုံစိတ်ချရသော အရည်အသွေး ပြည့်မီသည့် ရေရရှိရေး အခွင့်အရေးများ ရစေရန် ရည်ရွယ်၍ ရေးဆွဲသွားရမှာ ဖြစ်ပါကြောင်း။
       
ထို့အပြင် ရေအရင်းအမြစ်များအား စီမံခန့်ခွဲရာတွင် ရေကိုတန်ဖိုးထားရန်၊ ရေကိုရေရှည် အကျိုးရှိရှိသုံးနိုင်ရန်၊ ရေကိုစီမံခန့်ခွဲရေးအတွက် သင့်တော်သောအဖွဲ့ အစည်းများဖွဲ့ရန်၊ ရေ အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းစုဆောင်းဖြန့်ဝေရန်၊ ရေအရင်းအမြစ်များ ထိန်းသိမ်းရာတွင် လူမှုရေး၊ ယဉ်ကျေးမှုစသော ရှုထောင့်မှ ရှုမြင်တတ်ရန်၊ ရေသုံးစွဲရာတွင် မျှမျှတတဖြစ်စေရန်၊ သင့်တော်သော နည်းပညာများ အသုံးချရန်၊ ရေအရင်းအမြစ် အသုံး ချရာတွင် ပြဿနာဖြစ်ပေါ်သော အကြောင်းအရင်း ရှာဖွေဖြေရှင်းရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းသော စနစ်ဖြင့်ဆောင်ရွက်ရန်နှင့် ဘက်ပေါင်းစုံမှ ပါဝင်သော ပညာရှင်အဖွဲ့များဖြင့် ဆောင်ရွက်ရန်ဟူသည့် လမ်းညွှန်ဥပဒေသများအတိုင်း လိုက်နာကျင့်သုံးသွားရမည် ဖြစ်ပါ ကြောင်း။
       
နောင်လာမည့် (၁၀) နှစ်အတွင်း မိမိတို့နိုင်ငံအနေဖြင့် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ် အပြည့်အဝ ဆောင်ရွက်မှုကို အခြေခံ၍ ရေအရင်းအမြစ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးပြီး ရေကို ထိရောက်စွာ သုံးစွဲနိုင်သော နိုင်ငံဖြစ်စေရေး ရည်မှန်းဆောင် ရွက်ကြရမှာ ဖြစ်ပါကြောင်း။
       
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအ‌နေဖြင့် နိုင်ငံတွင်း ရေအရင်း အမြစ်များ ကာကွယ်ထိန်းသိမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ် သော အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပညာရှင်များ၊ အသင်း အဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာနှင့် ကူးလူးဆက်သွယ်သူအဖြစ် ဥပဒေအရ တရားဝင် ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း။
       
ရေဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော ပြည်သူများ အပါအဝင် ကျယ်ပြန့်သော  ပြည်သူလူထုကြီး တစ်ရပ်လုံးနှင့်  မိမိတို့၏ ကော်မတီ ဝင်များအကြား  ယခုလက်ရှိ နိုင်ငံတကာတွင် လက်ခံကျင့်သုံးလျက် ရှိသည့် ရေနှင့် ရေအရင်း အမြစ်များ ဆိုင်ရာ လုပ်နည်းလုပ်ဟန်များကို အခြေခံသော နားလည်မှုတစ်ရပ်ကို ဖော်ဆောင် ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

မိမိတို့နိုင်ငံနှင့်‌ ကိုက်ညီမှုရှိမည့် ရေဆိုင်ရာမူဝါဒ၊ မူဘောင်နှင့်‌ ညွှန်ကြားချက်များ ရေးဆွဲ အကောင်အထည်ဖော်ရာတွင်  သက်ဆိုင်သူ အားလုံးက မိမိတို့ ကဏ္ဍအလိုက် အားသွန် ခွန်စိုက် ဝိုင်းဝန်းဆောင်ရွက် သွားကြရန်နှင့် အနာဂတ်မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် စီမံ ခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရှိစေမည့် အကြံဉာဏ်ကောင်းများ ရရှိရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် အလေးအနက်တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကော်မတီ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ပေါ်ပေါက်လာပုံ၊ ကော်မတီ၏ ဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရားများနှင့် ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
       
ထို့နောက် ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းက ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့ ဖွဲ့စည်းပုံ၊ လက်ရှိဆောင်ရွက်နေသည့် တာဝန်ဝတ္တရားများ၊ အဖွဲ့မှ ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများအပေါ် အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဧရာဝတီသာမက ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့် မြစ်လမ်းကြောင်းများ ပိုမို အားကောင်းလာစေရေး၊ စိုက်ပျိုးရေနှင့်‌ သောက်သုံးရေ ပြည့်စုံလုံ လောက်စွာရရှိရေးအတွက် လိုအပ်သည်များ ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ရေအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ယှဉ်ကာ ကောင်းမွန် ပြည့်စုံသော နည်းပညာ များ၊ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
       
အလားတူ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကျွမ်းကျင် ပညာရှင်များက     ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာကိစ္စရပ်များ အပေါ် နယ်ပယ် ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ရှင်းလင်း တင်ပြချက်များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

---------------------------------------------------------------------------------------------------------




နေပြည်တော် နိုဝင်ဘာ ၂

(၂၇) ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ခင်းကျင်း ပြင်ဆင်ထားရှိသည့် လူထုစည်းရုံး လှုံ့ဆော်ရေး၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ကော်မတီ၏ IBC နှင့် MPC လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား မဏိရတနာ ကျောက်စိမ်းခန်းမရှိ အစည်းအဝေးခန်းမ၌ ကော်မတီ အတွင်းရေးမှူး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက International Broadcast  Center (IBC) တွင် စက်ပစ္စည်းများ ရောက်ရှိတပ်ဆင်ပြီးစီးမှု၊ IBC  ဖွဲ့စည်း တည်ဆောက်မှုနှင့် Main  Press  Center (MPC) ဖွဲ့စည်းတည်ဆောက်မှု၊    လူထုစည်းရုံး လှုံ့ဆော်ရေး ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ IBC တွင် အသုံးပြုသည့် ဒေါ်လာ ၃ ဒသမ ၂၃ သန်းတန်ဖိုးရှိ ရုပ်သံလွှင့် စက်ပစ္စည်းများကို Grass  Valley ကုမ္ပဏီမှ နိုင်ငံတော်သို့ ပြန်လည် လှူဒါန်းမည့် အခြေအနေ၊ နိုင်ငံတကာ ရုပ်သံလွှင့် ဌာနများမှ ရုပ်သံ ထုတ်လွှင့်ခန်းများ ငှားရမ်းခနှင့် ဂြိုဟ်တုအသုံးပြုခများမှ ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ငွေ ရရှိမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများနှင့် ညှိနှိုင်းပေါင်းစပ်ပေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးများ ကောင်းမွန်အောင် အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနား များတွင် အသုံးပြုရန် အသစ်ဝယ်ယူထားသည့် 8 Camera  OB  Van တစ်စီးကို  လည်းကောင်း၊ 2. 4 Meter  Flyaway  System  ငါးစုံကို လည်းကောင်း၊ 3 Camera  DSNG  Van  နှစ်စီးအား ရန်ကုန်တွင် တပ်ဆင်နေမှုပုံစံများကို လည်းကောင်း၊ Panasonic  အမျိုးအစား AJ-  HPX- 3100  GJ၊  Sony အမျိုးအစား PDW- 700 နှင့် PMW-500 ကင်မရာများကို လည်းကောင်း၊ ရွေ့လျားရုပ်သံထုတ်လွှင့် စက်များကို လည်းကောင်း၊ ရုပ်သံတည်းဖြတ် ထုတ်လွှင့်စက် ပစ္စည်းများနှင့် ရုပ်သံ ရိုက်ကူးရေး ခန်းမငယ်များကို  လည်းကောင်း၊   IBC  Central  Equipment  Room  နှင့် Master  Control  Room တို့တွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု ကိုလည်းကောင်း၊ 3 Camera  Studio ခန်းကိုလည်းကောင်း၊ နိုင်ငံအလိုက်နှင့် ရုပ်သံထုတ်လွှင့်ရေး ကုမ္ပဏီများ၏ တိုက်ရိုက် ထုတ်လွှင့်ရေး အခန်း၂၀ ကို လည်း ကောင်း၊ မြေညီထပ်ရှိ MPC ခန်းမ ဖွဲ့စည်းထားရှိမှုနှင့် ပြင်ဆင် ဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

---------------------------------------------------------------------------------------------


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံရေးနေ့ အခမ်းအနား၌ တက်ရောက် အမှာစကားပြောကြား

 







နေပြည်တော် အောက်တိုဘာ ၁၆

လူသားတို့အတွက် စားနပ်ရိက္ခာ၏ အရေးပါမှုကို သတိမူမိကြစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာ စကား ပြောကြားသည်။

အခမ်းအနားသို့  ပြည်ထောင်စု ဝန်ကြီးများ၊  လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ် အစိုးရအဖွဲ့များမှ  စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ  အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ၊  အထူး ဖိတ်ကြား ထားသော  ပညာရှင်များ၊ စိုက်ပျိုးမွေးမြူရေး  ထူးချွန်ဆု ရရှိကြသူများနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက  အဖွင့်အမှာစကား ပြောကြားရာတွင် နေ့စဉ် တိုးပွားလာနေသည့်   ကမ္ဘာ့လူဦးရေအတွက်  စားနပ်ရိက္ခာ ဖူလုံရေးနှင့်   လုံခြုံရေးသည် အဓိက စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ် ပါကြောင်း၊ ကမ္ဘာ့လူဦးရေသည် ခုနစ် ဘီလီယံ အထိရှိကြပြီး လာမည့် ၂၀၅၀ ခုနှစ်တွင် စုစုပေါင်း ကိုးဘီလီယံအထိ တိုးပွားလာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားပါကြောင်း၊ လက်ရှိ အခြေအနေမှာပင်   ကမ္ဘာ့လူသား အားလုံး၏ နေ့စဉ်လိုအပ် သည့် စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီး၏  အစိုးရများ အနေဖြင့် ကြိုးပမ်းဆောင်ရွက် နေကြသလို လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင်ရေးအတွက်  လုံလောက်သည့် အာဟာရပြည့်ဝသော  စားနပ်ရိက္ခာများ ထုတ်လုပ်ရရှိရန်လည်း  လိုအပ် လျက်ရှိပါကြောင်း။

ကမ္ဘာပေါ်တွင်  အသက်ငါးနှစ် အရွယ်ကလေးငယ် လေးဦးတွင်တစ်ဦးသည် ကြီးထွားမှု နှေးကွေးပြီး ကြုံလှီနေသည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရပါကြောင်း၊  တစ်နည်းအားဖြင့်  ကမ္ဘာပေါ်ရှိ ၁၆၅ သန်းသော ငါးနှစ်အောက်  ကလေးငယ်များသည် အာဟာရချို့တဲ့နေကြ ပါကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ  ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံသည် ကျန်းမာမှုအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့မှုကို ခံစား နေကြရသည့်အပြင် ဖွံ့ဖြိုးပြီးနိုင်ငံများက လူဦးရေ ၁ ဒသမ ၄  ဘီလီယံခန့်သည်  ရှိသင့်သည့် ကိုယ်အလေးချိန် ထက်များနေကြပြီး   အဝလွန်ရောဂါ၊  ဆီးချိုရောဂါနှင့် နှလုံးရောဂါ  အပါအဝင် ကျန်းမာရေး ပြဿနာများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရပါကြောင်း။

အဆိုပါ ပြဿနာများသည် ကမ္ဘာ့ပြည်သူများအတွက် အစားအစာ ဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှုအပေါ် အဓိကစိန်ခေါ်မှုကြီးဖြစ်နေပြီး စားနပ်ရိက္ခာ ဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေး ကို မီးမောင်းထိုးပြလျက် ရှိပါကြောင်း။

ကမ္ဘာ့ပြည်သူတိုင်း စားနပ်ရိက္ခာ ရရှိပိုင်ခွင့်၊ အာဟာရ ပြည့်ဝစွာစား သောက်နေနိုင်ခွင့်သည်   ယနေ့ ကမ္ဘာလုံးဆိုင်ရာ အဓိက အကြောင်းတရား  ဖြစ်လာသည်နှင့်အညီ အဖွဲ့ဝင်  နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာနှင့်  အာဟာရဆိုင်ရာ အမျိုးသား စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းများ ရေးဆွဲချမှတ်ခြင်းသည် မိမိတို့နိုင်ငံ အတွက် သာမက ဒေသတွင်းနှင့်  ကမ္ဘာကြီးအတွက်  မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ အဖြစ် အလေးအနက် ခံယူပါကြောင်း။

ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရေးအတွက် နိုင်ငံအသီးသီးက  ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင်   ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်း မောင်းနှင်အားအဖြစ်  စားနပ် ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာခြင်းမှသည် ငတ်မွတ်သူ ပပျောက်ရေး အစီအစဉ် (Zero Hunger Program) အောင်မြင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အခြေခံ ရိက္ခာထုတ်လုပ်မှု ကဏ္ဍကြီးများဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် သားငါး ကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်း မရှိသည့် သဘာဝ သယံဇာတနှင့် ရာသီဥတုအပေါ် မှီခိုနေရသည့် အတွက် စားနပ်ရိက္ခာ ထုတ်လုပ်ရာမှာ အကန့်အသတ်များနှင့် အခက်အခဲ များရှိနေပါ ကြောင်း။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့် ရှောက်သွားရန်  အရေးကြီးလာပြီ ဖြစ်သည့်အလျောက် အစိမ်းရောင် စီးပွားစနစ် (Green Economy) ကို ထိထိရောက်ရောက်  အလေးမူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအားဖြင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံလျက် ရှိသော်လည်း လက်ရှိ လူဦးရေ သန်း ၆၀ မှ ၂၀၅၀ ခုနှစ်တွင် တိုးပွားလာမည့် လူဦးရေသန်း ၁၀၀ အတွက် ရေရှည်မျှော်မှန်းပြီး ရေတိုရေရှည် စီမံကိန်းများကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ လက်ရှိသဘာဝကပေးသည့် အနေအထားများအရ ဒေသတွင်း စားနပ် ရိက္ခာ ဖူလုံရေးအတွက်လည်း ပိုလျှံသည်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နိုင် သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ လူဦးရေ တိုးပွားလာမှုအတွက် စားနပ်ရိက္ခာ ဖြည့်ဆည်းနိုင်ရေး အပေါ် တွက်ချက်ဆောင်ရွက် ရသလို တစ်ဖက်တွင်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်တို့၏  လယ်ယာကဏ္ဍ အပေါ်အကျိုး သက်ရောက်မှုများကိုလည်း စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်အစိုးရ  အနေဖြင့် နိုင်ငံတော်၏  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အတွက် လူဦးရေ ၇၀ ရာခိုင်နှုန်း မှီခို အသက်မွေးဝမ်းကျောင်း ပြုနေရသည့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးကို  အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို အားလုံး သိရှိကြပြီး ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ တိုးတက်မှုကို အခြေခံပြီး နိုင်ငံ၏ စီးပွားရေး အခြေခံအုတ်မြစ်ကို တည်ထောင်လျက် အခြေခံ လူတန်းစားများ၏  လူနေမှု အဆင့်အတန်း တိုးတက်အောင် တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

သီးနှံ၊  သားငါးများ  စိုက်ပျိုးမွေးမြူ  ထုတ်လုပ်သူများအနေနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက် စေမည့် နည်းလမ်းများကို အသုံးပြုရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး အတွက် ဓာတ်မြေ သြဇာနှင့် ဓာတုဆေးများ၊   ပိုးသတ်ဆေးများကို သတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်း အသုံးပြုရေး၊ သဘာဝမြေဩဇာ တိုးတက်သုံးစွဲရေး၊   အော်ဂဲနစ် နည်းလမ်းများ အသုံးချရေး အတွက် ပညာပေးနည်းလမ်းများ၊   စံပြစိုက်ကွင်းများဖြင့် လက်တွေ့ပြသခြင်း လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့အပြင် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်  စီးပွားရေး အကျိုးအမြတ် ရရှိမှု ရှုထောင့်မှ သုံးသပ်ပြီး စိုက်ပျိုးသည်မှ ဈေးကွက်ရောက်သည် အထိလုပ်ငန်းစဉ် အဆင့်တိုင်း၌ တောင်သူ လယ်သမားများနှင့် တန်ဖိုးမြှင့် ထုတ်လုပ်သူများ   လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မည့် နည်းပညာများ၊  ခေတ်မီ စက်ကိရိယာများ၊ သိုလှောင်မှုစနစ်များ၊  ပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာအောင် မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

ထို့အပြင်   စားသုံးသူများကို ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်း စဉ်များ၊ အသိပညာပေးမှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အထူးသဖြင့် ငါးနှစ် အောက် ကလေးငယ်များနှင့်   ကျောင်းနေအရွယ် ကလေးသူငယ်များ အာဟာရ ပြည့်ဝရေး အတွက် စာသင်ကျောင်းများတွင် အာဟာရဖြည့် အစားအစာ တိုက်ကျွေးမှုများ၊ မိခင်နှင့် ကလေး ကျန်းမာရေး  စောင့်ရှောက်မှုများ၊ ကာကွယ်ဆေး ထိုးနှံမှုများ၊ သွေးလွန် တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများ စသည်တို့ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း။

စိုက်ခင်းမှသည်   စားပွဲဆီသို့ (Farm to Table ) ဆိုသည့်အတိုင်း စနစ်တကျဟန်ချက်ညီညီ စီမံထိန်းကျောင်း  ဆောင်ရွက်သွားနိုင်မည့် စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်ကို ရေရှည်တည် တံ့ခိုင်မြဲစွာ ထူထောင်ဆောင်ရွက် သွားနိုင်မှသာ မျှော်မှန်းထားသည့် လူသားတိုင်း စားနပ်ရိက္ခာ ဖူလုံပြီး   အာဟာရပြည့်ဝစွာဖြင့် သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်သွားနိုင်ရေး ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ပြီး   ဆင်းရဲငတ်မွတ်မှုကို ထိရောက်စွာ တိုက်ဖျက်နိုင်မည် ဖြစ်ပါကြောင်း။

ကမ္ဘာသူ ကမ္ဘာသား  အားလုံး အသက်ရှည်ကျန်းမာပြီး သက်တမ်းစေ့ ပျော်ရွှင်စွာ နေထိုင် သွားနိုင်ရန်အတွက် ရည်မှန်းချမှတ်ထားသည့် “အာဟာရပြည့်ဝရေးနှင့်  စားနပ်ရိက္ခာ ဖူလုံရေး၊ တည်တံ့ခိုင်မြဲသော ရိက္ခာထုတ်လုပ်မှုစနစ် ထူထောင်ပေး” ဆိုသည့် ယခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့ ဆောင်ပုဒ်နှင့်အညီ အစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများ အားလုံး ပါဝင် ကြသည့်   Stake- holders  တစ်ရပ်လုံး၊ ကမ္ဘာ့လူသား အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ကမ္ဘာ့လူသား အားလုံးအတွက် ”မွေးဖွားသည်မှ   သေဆုံးသည် အထိ” နေ့စဉ်နှင့် အမျှ သက်ရှင်လှုပ်ရှား နေထိုင်နိုင်ရန် စားရေရိက္ခာသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါကြောင်း၊ စားရေရိက္ခာမရှိဘဲ လူသားများ၏ဘ၀ ရှင်သန်ရပ်တည်နိုင်မှုသည်  လုံးဝ မဖြစ်နိုင်ကြောင်းကို  အားလုံး သိရှိကြပြီး ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် နေ့စဉ်စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသည့် ကမ္ဘာ့လူဦးရေနှင့် လျော်ညီစွာ  ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုကိုလည်း တိုးတက်အောင် အာရုံစူးစိုက် (Focus)  ပြီး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။

၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း  စားနပ်ရိက္ခာစိုက်ပျိုးရေး အဖွဲ့ကြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံ စာတစ်ခုတွင် ကမ္ဘာတစ်ဝန်း ထုတ်လုပ်သည့် စားနပ်ရိက္ခာအားလုံး၏  သုံးပုံ တစ်ပုံသည်   လေလွင့်အလဟဿ ဖြစ်ခဲ့ရသဖြင့် ကမ္ဘာ့စီးပွားရေးကို တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၇၅၀ မျှ လေလွင့်ဆုံးရှုံးစေခဲ့ကြောင်းကို ဖော်ပြထားပါကြောင်း၊ ယင်းဆုံးရှုံးမှုသည်  ရိက္ခာတန်ချိန်ပေါင်း ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး  တရုတ်နိုင်ငံ အပါအဝင် အာရှဒေသတွင် အဆိုးရွားဆုံးဖြစ်ကြောင်း သိရှိရပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်ချိန်၌ ပျက်စီး ဆုံးရှုံးမှုများ ရခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားနပ်ရိက္ခာ အသုံးပြုစားသုံးချိန်တွင် အလဟဿဖြစ်ပြီး လေလွင့်ဆုံးရှုံးရခြင်းများဖြစ်ကြောင်း ဖော်ပြထားပါကြောင်း။

ယင်းလေလွင့် ဆုံးရှုံးမှုများသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှု ပြဿနာများကို ကျော်လွှားရန်အတွက် အဓိက စိန်ခေါ်မှုများလည်း ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှု တိုးတက် လာခြင်းမှသည် စားနပ်ရိက္ခာဖူလုံရေး ရှေးရှုဆောင်ရွက်ရသလို ထွက်ရှိလာသည့် စားနပ် ရိက္ခာများ အကျိုးရှိရှိဖြင့် ထိရောက်စွာ အလေအလွင့် နည်းပါးအောင် စားသုံးနိုင်ရေးကိုလည်း စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်ဖြစ်သည့် ''Sustainable Food Systems for Food Security and Nutrition," “အာဟာရပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ တည်တံ့ခိုင်မြဲသော  စားရေ ရိက္ခာ ထုတ်လုပ်မှုစနစ် ထူထောင်ပေး” နှင့် ကိုက်ညီစွာ  လူသားများအတွက်   အမှန်တကယ် အခြေခံ လိုအပ်ချက်ဖြစ်သည့်  လူတိုင်းအာဟာရ ပြည့်ဝစွာဖြင့် သက်တမ်းစေ့ သက်ရှည် ကျန်းမာစွာ နေထိုင်စားသောက်နိုင်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် ရေရှည်တည်တံ့ ခိုင်မြဲသော လယ်ယာကဏ္ဍ စားနပ်ရိက္ခာ ထုတ်လုပ်မှု စနစ်များကို ထူထောင်ပေးနိုင်ရေး၊ အခြေခံ လိုအပ်ချက်များအပေါ် လေးလေးနက်နက် အာရုံစူးစိုက်ပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် အကောင်အထည် ဖော်ပေးကြခြင်းအားဖြင့် ဤကမ္ဘာမြေကြီးနှင့်  ဤလူ့ဘောင် ဘ၀ကြီးကို မဝေးတော့သည့် အနာဂတ်ကာလတွင်  ပိုမိုထွန်းတောက် သာယာလှပအောင်  အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms. Bui Thi Lan က နှုတ်ခွန်းဆက် စကားပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို  Video  နှင့် ရှင်းလင်းပြသသည်။

ထို့နောက် ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန၏ မြန်မာ နိုင်ငံဆိုင်ရာ   ဌာနေကိုယ်စားလှယ်နှင့်အကြီးတန်း သိပ္ပံပညာရှင်  Ms. Madonna C.Casimero က ဒေသအတွင်း  စားရေရိက္ခာဖူလုံရေးနှင့် မြန်မာနိုင်ငံ၏  ဆန်စပါးသီးနှံ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလားအလာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဂျပန်သံအမတ်ကြီး၊ ကိုရီးယားသံအမတ်ကြီး၊ အိန္ဒိယ သံအမတ်ကြီး၊ JICA နှင့်  KOICA တို့မှ ကိုယ်စားလှယ်များအား စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများနှင့် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများက စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်မှု ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဝက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ထူးချွန်ဆု၊ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု  ထူးချွန်ဆု၊  ရေငန်ပုစွန် မွေးမြူရာတွင် သဘာဝ မွေးမြူနည်းမှ အထွက်နှုန်း အကောင်းဆုံးဆု၊ ရေချို ငါးမွေးမြူထုတ်လုပ်ရေး  ဂုဏ်ပြုဆု၊ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခြင်း အကောင်းဆုံးဆု၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်း တည်ထောင်ခြင်း  လုပ်ငန်း ထူးချွန်ဆု၊ ပုဂ္ဂလိက သစ်မာစိုက်ခင်း  တည်ထောင်ခြင်း   အကောင်းဆုံးဆု၊ သစ်တောစိုက်ခင်း တောင်ယာသမား ထူးချွန်ဆု၊ ပြောင်းသီးနှံနှင့် စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု စွမ်းဆောင်ရည် ဂုဏ်ပြုဆု၊ လယ်ယာဖွံ့ဖြိုးတိုးတက်ရေး စက်ကိရိယာ ဆိုင်ရာ ဂုဏ်ပြုဆုနှင့်  ဆန်စပါး ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်ပြုဆု၊ လယ်ယာ ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ပြုဆု၊ ကြံစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး ဂုဏ်ပြုဆု၊ ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့် သကြား ထုတ်လုပ်မှု ဂုဏ်ပြုဆု၊ လယ်ယာကဏ္ဍပညာပေး ဆောင်းပါး ဂုဏ်ပြုမှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍ ပညာပေး  ကဗျာစာပေ  ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍပညာ ပေးထုတ်လုပ်မှု  ဂုဏ်ပြုမှတ်တမ်း လွှာ၊ ဆန်စပါးသီးနှံဖွံ့ဖြိုးရေး ဂုဏ်ပြုမှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဓာတ်မြေဩဇာလုပ်ငန်း ဂုဏ်ပြုမှတ်တမ်းလွှာ၊လယ်ယာကဏ္ဍပညာပေးတေးသီဆိုမှု ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဥယျာဉ်ခြံ သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ထုတ်လုပ်ရေး ဂုဏ်ပြုဆု၊ စပ်မျိုးစပါး စိုက်ပျိုး ထုတ်လုပ်မှု ဂုဏ်ပြုမှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  Tissue Culture ဂုဏ်ပြုဆု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး   စက်ကိရိယာဆိုင်ရာ    ဂုဏ်ပြု မှတ်တမ်းလွှာ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဓာတ်မြေဩဇာ ထုတ်လုပ်မှု ဂုဏ်ပြု မှတ်တမ်းလွှာ၊  စပ်မျိုးစပါး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန ပညာရှင်ဆု၊ အလား အလာ ကောင်းသော စပ်မျိုးစပါး မိဘလိုင်းများ၊ ပြည်တွင်း စပ်မျိုးစပါး   မွေးမြူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ထူးချွန်ဆု၊ စပ်မျိုးပြောင်း   မိဘလိုင်းမွေးမြူ ထုတ်လုပ်ပွားများခြင်း သုတေသနနှင့် အထွက်ကောင်း ရေဆင်းစပ်မျိုး ပြောင်းမျိုးသစ် အောင်မြင်စွာ မွေးမြူ ထုတ်လုပ်ခြင်း ထူးချွန်ဆု၊ ရေဆင်း ပုလဲသွယ်(၁) စပ်မျိုးစပါး မွေးမြူ ထုတ်လုပ်သော သုတေသနလုပ်ငန်း ထူးချွန်ဆု၊ စပါးစိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်တောင်သူဆု၊ အစေ့ထုတ် ပြောင်း စိုက်ပျိုးထုတ်လုပ်မှု ထူးချွန် တောင်သူဆု၊ မြေပဲစိုက်ပျိုးထုတ်လုပ်မှု  ထူးချွန် တောင်သူဆု၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်တောင်သူဆု၊  ပဲတီစိမ်း  စိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်တောင်သူဆု၊ စိုက်ပျိုးရေး ပညာပေးရေးပညာရှင် ထူးချွန် ဝန်ထမ်းဆု၊ စိုက်ပျိုးရေးပညာရပ် ဆိုင်ရာ စာပေထူးချွန်ဆုနှင့် ထူးချွန် ဝန်ထမ်းဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက်  ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ သည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြပြီး ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးကြသည်။

မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ခြင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများနှင့် FAO  ဌာနေကိုယ်စားလှယ်တို့က ထူးချွန်ဆုရရှိကြသူများအား  ဆုများကို အသီးသီး ပေးအပ် ခဲ့ကြကြောင်း သိရသည်။

 

-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတဦးဥာဏ်ထွန်း ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

 





ကွာလာလမ်ပူ အောက်တိုဘာ ၁၃

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် အောက်တိုဘာ ၁၁ ရက်  ဒေသစံတော်ချိန်  နံနက် ၉ နာရီတွင်  ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ၂ဝ၁၃ ခုနှစ် စတုတ္ထအကြိမ်မြောက်  ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေး (Fourth Global Entrepreneurship  Summit- GES 2013) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယား နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အမေရိကန် ပြည်ထောင်စုသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး၊ ဝန်ကြီးများ၊ အရှေ့တောင် အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မလေးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Dato 'Sri Hji. Ahmad   Husni Mohamad Hanadzlah က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ယင်းနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီက မိန့်ခွန်းပြောကြား ပြီးနောက် အမေရိကန်သမ္မတ မစ္စတာ အိုဘားမား၏ ဗီဒီယိုမိန့်ခွန်းကို ပြသသည်။

ထို့နောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato '  Sri  Mohd . Najib  Bin  Tun  Haji  Abdul  Razak က အဖွင့်မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ပါမောက္ခ W. Chan Kimက စီးပွားရေး လုပ်ငန်းရှင်များအကြား လက်တွဲ ဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြား ခဲ့သည် ဆက်လက်၍  ဒုတိယသမ္မတနှင့် အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို  လှည့်လည်ကြည့်ရှု လေ့လာသည်။

(Fourth Global Entrepreneurship Summit -GES 2013) ကို ၂ဝဝ၉ ခုနှစ်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ၁ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် လည်းကောင်း၊ ၂ဝ၁၁ ခုနှစ်တွင်  တူရကီနိုင်ငံ အီစတန်ဘူလ်မြို့တွင် လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ ဒူဘိုင်းမြို့တွင် လည်းကောင်း ကျင်းပခဲ့ပြီး ယခုကျင်းပသော စတုတ္ထအကြိမ်မြောက် GES 2013 သို့ ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းရှင် ၄ဝဝဝ ကျော် ပါဝင်တက်ရောက်ကြောင်း သိရှိရသည်။

GES ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များနှင့် စွန့်ဦးတီထွင် သူများ အကြား အမြင်ချင်းဖလှယ်ရန်နှင့် ပူးပေါင်း လုပ်ဆောင်မှုများကို အားပေးရန်ဖြစ်သည်။

ထို့နောက် ဒုတိယသမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲ၊  အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့်   နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများကို အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကွာလာလမ်ပူမြို့ရှိ Petronas  Twin  Tower သို့ သွားရောက်ကြည့်ရှု လေ့လာကြရာ ပက်ထရိုစ်နတ်စ်ကော်ပိုရေးရှင်း၏ ဒုတိယ အကြီးအကဲ အီးအန်န် ရာမ်လန် အဗ္ဗဒူလ် မေလ်လက်ခ်က ကြိုဆိုပြီး မြန်မာနိုင်ငံ၌ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဆောင်ရွက်ချက်များ အပါအဝင် ပက်ထရိုစ်နတ်စ် ကော်ပိုရေးရှင်း လုပ်ငန်း ဆောင် ရွက်မှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အီလက်ထရွန်နစ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပြီး အမြွှာမျှော်စင်ရှိ အထပ် (၈၃) ထပ်သို့ သွားရောက်လေ့လာ ကြည့်ရှုလျက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒုတိယသမ္မတနှင့် အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင်  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ ရောက်ရှိပြီး သံရုံးမိသားစုများနှင့် မလေးရှားနိုင်ငံတွင်  ရောက်ရှိနေ သည့်  ပညာတော်သင်များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး လက်ဆောင်ပစ္စည်းများကို  ပေးအပ်ခဲ့သည်။

ဒုတိယသမ္မတနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရန် ကွာလာလမ်ပူမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ  မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သံရုံးယာယီ တာဝန်ခံနှင့် သံရုံးဝန်ထမ်းများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိ


ကွာလာလမ်ပူ အောက်တိုဘာ ၁ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့သည် မလေးရှားနိုင်ငံအစိုးရ၏ ဖိတ်ကြားချက် အရ အောက်တိုဘာ ၁၁ ရက်မှ ၁၂ ရက် အထိ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ ထိပ်သီး အစည်းအဝေး (Fourth Global Entrepreneurship Summit -GES 2013) တက်ရောက်ရန် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံး သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ညနေ ၄ နာရီခွဲတွင် ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့အား မလေးရှားနိုင်ငံ သံတမန်ရေးရာဦးစီးဌာန ဒုတိယအကြီးအကဲ  Mr. Mohd Aini Atan နှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းမိသားစုများက ကွာလာလမ်ပူမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Prince ဟိုတယ်သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။  --------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အာဆီယံထောက်လှမ်းရေး အသိုက်အဝန်း ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ





 နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အကြိမ် (၄၀) မြောက် အာဆီယံထောက်လှမ်းရေး အသိုက်အဝန်း ညီလာခံသို့ တက်ရောက်လာကြသည့် ခေါင်းဆောင်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ထောက်လှမ်းရေး အသိုက်အဝန်း ညီလာခံကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ညီလာခံ ကျင်းပသည့်အတွက် ဒေသတွင်း နိုင်ငံများရှိ ထောက်လှမ်းရေးအဖွဲ့အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ထိတွေ့မှုများ ရှိစေပြီး နားလည်ယုံကြည်စိတ်ချမှု အလေ့အထကောင်းများနှင့် သတင်းအချက်အလက်များကို ဖလှယ်နိုင်ခြင်းဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ နှိမ်နင်းမှုနှင့် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာကိစ္စများ ဖြေရှင်းရာတွင် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး  အာဆီယံနိုင်ငံများ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး၊ သတင်းအချက်အလက် ဖလှယ်နိုင်ရေးနှင့် ဒေသတွင်း ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်မှုများ ထိရောက်စွာ ဖြေရှင်းနိုင်ရေးတို့ကို ဆွေးနွေးပြောကြား ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး  ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

--------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံ၌ ကြည့်ရှုလေ့လာ



နေပြည်တော် အောက်တိုဘာ ၅

ဘယ်လ်ဂျီယံနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ သည် အောက်တိုဘာ (၂) ရက်တွင် ဖလန်းဒါးစ်ပြည်နယ် အန်းဝါ့သ်မြို့ Lillo ဆိပ်ကမ်းသို့ သွားရောက်ခဲ့ပြီး ယင်းမှ Flandria ရေယာဉ်ဖြင့် Scheldt မြစ်ကမ်း တစ်လျှောက် ရေတံခါး Lock  မှ ရေယာဉ်များ ဖြတ်သန်းသွားလာမှုနှင့် မြစ်ကြောင်း တစ်လျှောက် ထိန်းသိမ်းထားမှု အခြေအနေ များအား လေ့လာကြည့်ရှုကြသည်။

ရေယာဉ်ပေါ်တွင်လည်း International  Marine  &  Dredging  Consultants (IMDC) ကုမ္ပဏီမှ အကြီးတန်းအင်ဂျင်နီယာ Gijsbert  Van  Holland နှင့် တာဝန်ရှိသူများက IMDC ကုမ္ပဏီသည် သဘာဝရေအရင်းအမြစ်များအား ရေရှည်တည်တံ့စွာ စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကျွမ်းကျင်ပညာရှင် အကြံဉာဏ်များ ပံ့ပိုးပေးအပ်ကြောင်း၊ သောင်တူး လုပ်ငန်းများနှင့် အကြံဉာဏ်များ ပေးအပ်ခြင်း၊ မြစ်၏ အောက်ခြေပိုင်း ရေစီးကြောင်း၌ သဲနှင့် နုန်းမြေပို့ချမှု၊ ပင်လယ်ဆားငံရည် ဝင်ရောက်မှု၊ ရေလွှမ်းမိုးမှု ကိစ္စရပ်များကို လေ့လာခြင်း၊ ရေကြောင်း သွားလာမှုနှင့် ဆိပ်ကမ်းဒီဇီုင်းပုံစံများ၊ ဟိုက်ဒရောလစ် ဒီဇိုင်းပုံစံ စသည်တို့နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ကြောင်း၊ သဘာဝမြစ်ကြောင်း စနစ်ကို နားလည်မှု၊ စနစ်အပြောင်းအလဲကြောင့် ရေတို၊ ရေရှည် အကျိုးသက်ရောက်မှုများ၊ သဘာဝ အလျောက်နှင့် လွန်ကဲသည့် ရေမျက်နှာပြင် အမြင့်၊ ရေစီးနှုန်း၊ ရေကြောင်းသွားလာနိုင်မှု စသည့် နည်းစနစ်များကို အသုံးပြုလျက်ရှိကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံတွင် IMDC ကုမ္ပဏီ ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် Overall model  grid၊ Detail  model  grid  စသည့် နည်းစနစ်အမျိုးမျိုးကို အသုံးပြု၍ စိစစ်လေ့လာထားရှိ ချက်များ ကိုလည်းကောင်း၊ DEME ကုမ္ပဏီမှ SCHELDT  မြစ်အတွင်း တူးဖော်ရေး လုပ်ငန်းများနှင့် Wind  Mill  Farm များဖြင့် စွမ်းအင်ထုတ်လုပ်မှု အခြေအနေတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။

ယင်းနောက် ရဟတ်ယာဉ် (၂) စီးဖြင့် အန်းဝါ့သ် ဆိပ်ကမ်း၊ SCHELDT  မြစ်ကြောင်း တစ်လျှောက် ရေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများနှင့် မြောက်ပင်လယ်ရှိ ကမ်းဝေးရေပြင်၌ Wind  Mill  Farm  များဖြင့် စွမ်းအင်ထုတ်လုပ်မှု အခြေအနေများ ကို လေ့လာကြည့်ရှုကြသည်။

DEME ကုမ္ပဏီသည် မြောက်ပင်လယ်၌ ပြန်ပြည့်မြဲစွမ်းအင်ဖြစ်သည့် လေအားလျှပ်စစ် ထုတ်လုပ်ရေးကို တာဝန်ယူဆောင်ရွက် လျက်ရှိရာ ကမ်းခြေမှ ကီလိုမီတာ(၃၂)ခန့်အကွာတွင် Wind  Mill  Farm (၃)ခု တည်ဆောက်ထားရှိမှု အခြေအနေ၊ WIND  MILL  FARM  တစ်ခု လျှင် WIND  MILL   (၂၅)ခုစီ ပါဝင်ကြောင်း၊ ကမ်းလွန်ရေပြင်တွင် တည်ဆောက်ထားသည့် WIND MILL တစ်ခုလျှင် အမေရိကန်ဒေါ်လာသန်း(၂၀)ခန့် ကုန်ကျပြီး တစ်ခုလျှင် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ်(၆ ဒသမ ၅)စီ ထုတ်လုပ်နိုင်ကြောင်း၊ ရေပြင်တွင် တည်ဆောက် ထားသည့် WIND  MILL  များမှ လျှပ်စစ် ဓာတ်အား(၁)မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ(၃)သန်းခန့် ကုန်ကျမှုရှိပြီး ကုန်းမြေပေါ်တွင် တည်ဆောက်ထားသည့် WIND  MILL  များမှ လျှပ်စစ် ဓာတ်အား (၁) မဂ္ဂါဝပ်လျှင် အမေရိကန် ဒေါ်လာ(၁ ဒသမ ၅)သန်းခန့် ကုန်ကျမှုရှိကြောင်း သိရှိရသည်။

အောက်တိုဘာ (၃) ရက်တွင် ဖလန်းဒါးစ်ပြည်နယ် အန်းဝါ့သ်ဆိပ်ကမ်း အာဏာပိုင်အဖွဲ့သို့ ရောက်ရှိရာ အန်းဝါ့သ်မြို့ ဒုတိယမြို့တော်ဝန်နှင့် အန်းဝါ့သ်ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Mr.  Marc  Van  Peel   တို့က အန်းဝါ့သ်ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ ဆောင်ရွက်ချက် များကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် အန်းဝါ့သ်ဆိပ်ကမ်းသို့ ရေယာဉ်များ ပိုမိုဝင်ရောက်နိုင်ရန် ရည်ရွယ်လျက် SCHELDT မြစ်ကမ်းခြေဝဲဘက်၌ ယူရို(၃၈၂)သန်း ကုန်ကျခံပြီး Berendrechsluis  ရေတံခါး (Lock) တည်ဆောက်နေမှု အခြေအနေကို လှည့်လည်လေ့လာ ကြည့်ရှုကြသည်။

ယင်းနောက် ဖလန်းဒါးစ်ပြည်နယ် ဟိုက်ဒရောလစ် သုတေသနသို့ ရောက်ရှိရာ တာဝန်ရှိသူ များက သုတေသနဌာန လုပ်ငန်းဆောင်ရွက်ချက်များ၊ ဟိုက်ဒရောလစ် သတင်းအချက် အလက်ဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုး ဆောင်ရွက် SBE  Engineering  Co., Ltd.  မှ အန်းဝါ့သ်ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ Waterbouwkundic ဟိုက်ဒရောလစ် သုတေသနဌာန၌ ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆိုပြုနေရာ(၄)နေရာ၏ အချက်အလက်များကို Mathematical  Modeling စမ်းသပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ရန္တပို၊ လမ်းရွာ၊ မင်းလှ၊ အောင်လံ စသည့်နေရာများတွင် Low  Head ရေကာတာများ တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွက် သာမက နိုင်ငံတော် အတွက်ပါ များစွာ အကျိုးကျေးဇူးရရှိ နိုင်မည်ဖြစ်ကြောင်းနှင့် စမ်းသပ်တွေ့ရှိချက်များအပေါ် မူတည်၍ အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရေကြောင်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ၊ ရေယာဉ်ဦးခန်း ပုံစံငယ် (Simulator) ဖြင့် အန်းဝါ့သ်ဆိပ်ကမ်းတစ်လျှောက် မောင်းနှင်မှု၊ အန်းဝါ့သ်ဆိပ်ကမ်းသို့ ရေယာဉ်များ ဘေးအန္တရာယ်ကင်းစွာ ဝင်ရောက်နိုင်ရေးအတွက် ဆိပ်ကမ်း ပုံစံငယ်ဖြင့် ရေစီးကြောင်း အဝင်အထွက် သုတေသန ဆောင်ရွက်ထားရှိချက်များကို လှည့်လည်ကြည့်ရှုကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့သည် အောက်တိုဘာ (၄) ရက်တွင် အန်းဝါ့သ်မြို့မှ မော်တော်ယာဉ်များဖြင့် အမ်စတာ ဒန်မြို့သို့ ရောက်ရှိ ကြပြီး ဒေသစံတော်ချိန် ည(၉)နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ အောက်တိုဘာ (၅)ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

--------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတဦးဥာဏ်ထွန်း စီးပွားရေးနှင့် စက်မှုကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ



နေပြည်တော် အောက်တိုဘာ ၎

ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးစ်ပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နှင့် အဖွဲ့သည် အောက်တိုဘာ ၁ ရက် နံနက် (၉)နာရီတွင် ဖလန်းဒါးစ်ပြည်နယ် ဝန်ကြီးချုပ် H.E.Mr.Kris Peeters ဦးဆောင်သည့် စီးပွားရေးနှင့် စက်မှုကဏ္ဍမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဧရာဝတီမြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေး၊ ရန်ကုန်မြစ် ထိန်းသိမ်းရေးနှင့် သောင်တူးဖော်ရေး လုပ်ငန်း၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဖလန်းဒါးစ်ပြည်နယ်မှ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ဆေးပညာရှင်များ လာမည့် SEA Games တွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်သည့် နို့ထွက်ပစ္စည်းများကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးစသည့် ကိစ္စရပ်များ ကို ဆွေးနွေးကြ သည်။

ထို့နောက် ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံး၌ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် သံရုံးဝန်ထမ်း မိသားစုအား တွေ့ဆုံ၍ အမှာစကား ပြောကြား သည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖလန်းဒါးစ်ပြည်နယ်ရှိ Waterways & Sea Canal ဌာနသို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြည်တွင်းရေကြောင်း သွားလာရေး (Inland navigation) ထိန်းသိမ်းမှု၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းနှင့် မြစ်ရေလွှမ်းမိုးမှု မဖြစ်စေ ရန် ဆောင်ရွက်ထားမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ဖလန်းဒါးစ် ပြည်နယ်ရှိ De Water-grocp ကုမ္ပဏီအောက်ရှိ Kluizen ရေသန့်စင်ရေး အဆောက်အဦးကို သွားရောက်လေ့လာရာ ပြည်ပဆက်ဆံရေးရာ ညွှန်ကြားရေးမှူး Mr. Frederik Looten ၊ အကြီးတန်း စီမံကိန်းမန်နေဂျာ Mr. Ortwin Deroo အပါအဝင် တာဝန်ရှိသူများက ဖလန်းဒါးစ်ပြည်နယ်အတွင်းရှိ နယ်မြေ (၅) ခုအနက် (၄) ခု တို့၌ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ရေလှောင် ကန်များ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ ရေသန့်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အရည်အသွေး၊ အရည်အချင်းနှင့် ဝန်ဆောင်မှုစသည့် စိန်ခေါ်မှု (၃) ရပ်နှင့် ရင်ဆိုင်ရမှု အခြေအနေ၊ နောင်လာမည့် မျိုးဆက်များအတွက် ရည်မှန်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက် ထားရှိချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် Kluizen ရေသန့်စင်ရေး အဆောက်အအုံဝင်း အတွင်း လှည့်လည်လေ့လာကြည့်ရှုသည်။

ထို့နောက် DEME ကုမ္ပဏီသို့ သွားရောက်ခဲ့ရာ DEME  ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mr. Alain Bernard၊ အထွေထွေမန်နေဂျာ Mr. Philip Hermans အပါအဝင် တာဝန်ရှိ သူများက ကမ္ဘာ့ဒေသအနှံအပြား၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံ၌ ၎င်းကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ရန်ကုန်မြစ် ထိန်းသိမ်းရေးနှင့် သောင်တူးရေးလုပ်ငန်း၊ သောင်တူးရာမှ ထွက်ရှိလာသည့် သဲများကို သီလဝါ အထူးစီးပွားရေးဇုန်၌ ပြန်လည် အသုံးချနိုင်မှု၊ ယင်းသို့ ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် ငွေကြေးကုန်ကျခံရန် မလိုအပ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများ ( Developers ) မှ ကျခံသွားရန် အခြေအနေတို့ကို ရှင်းလင်း ပြောကြားကြသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် CFE ကုမ္ပဏီမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတဦးဥာဏ်ထွန်း စွန့်ပစ်ရေဆိုးအား ရေသန့်အဖြစ် ပြုပြင်သန့်စင်မှု ကြည့်ရှုလေ့လာ



နေပြည်တော် အောက်တိုဘာ ၎

ဘယ်လ်ဂျီယံနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးစ်ပြည်နယ်သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတဦးဥာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃၀ ရက် နံနက် (၈)နာရီတွင် ခေတ္တတည်းခိုရာ အန်းဝါ့သ်မြို့ Hilton ဟိုတယ်မှ ဖလန်းဒါးစ်ပြည်နယ်၊ Mechelen ရှိ၊ IVAREM ကုမ္ပဏီသို့ ရောက်ရှိရာ ဖလန်းဒါးစ်ပြည်နယ်၊ ပတ်ဝန်းကျင်ရေးရာ၊ သဘာဝနှင့် စွမ်းအင်ဌာန အတွင်းရေးမှူးချုပ် Mr. Jean–Pierre Heirman က ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍လည်းကောင်း၊ ဖလန်းဒါးစ် ပြည်နယ် Public Waste Agency ( OVAM )မှ Ms. Anne Vandeputte က စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍လည်းကောင်း၊ IVAREM ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ် Ms. Marijke Herinckx က ကုမ္ပဏီ၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် IVAREM ကုမ္ပဏီရှိ ဥယျာဉ်ခြံမြေထွက် စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ် ပစ္စည်းအမျိုးမျိုးအား စီမံခန့်ခွဲမှု၊ နေရောင် ခြည်သုံး ဆိုလာပြားများမှ ၁.၁ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်သည့် တာဘိုင်စက်များ လည်ပတ်မှုနှင့် ပတ်သက်၍ လက်တွေ့ဆောင်ရွက်ထားရှိသည့် Container Park၊ Aftercare Landfill နှင့် Composting Plant များသို့ လှည့်လည်လေ့လာ ကြည့်ရှုကြသည်။

ထို့နောက် ဖလန်းဒါးစ်ပြည်နယ်၊ Mechelen ရှိ AQUAFIN ကုမ္ပဏီသို့ ရောက်ရှိရာ AQUAPLUS ကုမ္ပဏီ နိုင်ငံတကာ စီမံကိန်းများဆိုင်ရာ Account Manager ဖြစ်သူ Mr.Herman Dc Schamphelaere နှင့် တာဝန်ရှိသူတို့က AQUAFIN ကုမ္ပဏီနှင့် ယင်း၏ ရာနှုန်းပြည့် ပံ့ပိုးမှု ခံယူထားသည့် AQUAPLUS ကုမ္ပဏီတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် AQUAPLUS ကုမ္ပဏီ၌ ဓါတုနည်း၊ သဘာဝနည်း စသည် နည်းလမ်းများကို အသုံးပြုလျက် စွန့်ပစ်ရေဆိုးအား ရေသန့်အဖြစ်သို့ ပြုပြင်သန့်စင်မှုများ ကို လေ့လာ ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ဖလန်းဒါးစ်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းများအား စဉ်ဆက်မပြတ် စီမံပြုပြင် ခန့်ခွဲမှုကို ဆောင်ရွက်သည့် Hooge Maey ကုမ္ပဏီသို့ ရောက်ရှိရာ Hooge Maey ကုမ္ပဏီ ဒါရိုက်တာ Mr.Daniel Dirickx နှင့် တာဝန်ရှိသူတို့က စွန့်ပစ်ပစ္စည်းများအား စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ယင်းတို့မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေသည့် စွမ်းအင်ထုတ်လုပ်မှုတို့နှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းပြော ကြားကြသည်။ ယင်းနောက် Hooge Maey ကုမ္ပဏီမှ စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုနှင့် ပတ်သက်၍လည်းကောင်း၊ ယင်းတို့မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို အထောက်အကူ ပြုစေသည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ လည်းကောင်း လေ့လာကြည့်ရှုခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဘယ်လ်ဂျီယံနိုင်ငံသို့ ထွက်ခွာ




နေပြည်တော် စက်တင်ဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဘယ်လ်ဂျီယံ နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ဒုတိယသမ္မတနှင့် အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိစဉ် ဖလန်းဒါးစ် ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အမျိုးသား ရေနှင့်စွန့်ပစ် ပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် မြစ်ဝှမ်းဒေသ ထိန်းသိမ်းမှု အစီအစဉ်၊ အန်းဝါ့သ် ဆိပ်ကမ်းမြို့ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် စီမံကိန်းများကို သွားရောက် ကြည့်ရှု လေ့လာမည် ဖြစ်ကြောင်း သိရသည်။
------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတဦးဉာဏ်ထွန်း Telenor Group ၏ Chairman of Board of Director ဖြစ်သူ Mr. Svein Aaser ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ






နေပြည်တော် စက်တင်ဘာ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် Telenor Group ၏ Chairman of Board of Director ဖြစ်သူ Mr. Svein Aaser  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်ကျော်၊ ဦးသောင်းတင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု သိပ်သည်းဆ မြင့်မားလာပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုရေးကိစ္စရပ်များ၊ ပြည်တွင်း ဆက်သွယ်ရေးဆိုင်ရာ ပညာရှင်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် Telenor Group မှ ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဆော်ဒီအာရေဗျ အမျိုးသားနေ့ သဝဏ်လွှာပေးပို့





နေပြည်တော် စက်တင်ဘာ ၂၃

၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ကျရောက်သော ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ထံမှ ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဆဲလ်မန်ဘင် အဘူဒယ်လ် အဇစ် အယ်လ်ဆာ အု(ဒ်) ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးတို့ ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်ပြည့် အထိမ်းအမှတ် ချစ်ကြည်ရင်းနှီးမှုသံစဉ်များ ဖျော်ဖြေတင်ဆက်ပွဲ တက်ရောက်အားပေး





နေပြည်တော် စက်တင်ဘာ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့် တို့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ ၌ ကျင်းပသည့် ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး တည်ထောင်မှု  (၆၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တင်ဆက်သည့် စူဝန်ပလူ ကော်ရက်စ်၏ ချစ်ကြည်ရင်းနှီးမှု သံစဉ်များ  ဖျော်ဖြေ တင်ဆက်ပွဲသို့ တက်ရောက်အားပေးသည်။

ဖျော်ဖြေတင်ဆက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြင့်ဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံများ၊ သံရုံးတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးတို့သည် အမျိုးသားကဇာတ်ရုံသို့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာကြရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Pisanu Suvanajata နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဖျော်ဖြေတင်ဆက်ပွဲကို စတင်ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးက မြန်မာ-ထိုင်း နှစ်နိုင်ငံ အနေဖြင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်း များအဖြစ် ပိုမိုစည်းလုံးချစ်ကြည်စွာ နေထိုင်သွားကြရန်၊ တူညီသော စိတ်ရင်းကောင်း ရှိကြသည့် အလျောက် မြန်မာ-ထိုင်း သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက်ခဲ့သည့် တိုင်အောင် ပို၍ပို၍  ခိုင်မာမြဲမြံသည့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖော်ဆောင်နိုင်ခဲ့ကြကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး  ဦးအေးမြင့်ကြူက အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် စူဝန်ပလူ ကော်ရက်စ်၏ ချစ်ကြည် ရင်းနှီးမှု သံစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ရာ အပိုင်း (၁) စူဝန်ပလူ အဖွင့်နိဒါန်း၌ ဂလော် ရီယာ၊ အချစ်၏ မျက်ဝန်းများမှတစ်ဆင့်၊  သင်မည်သည့်အခါမျှ  အထီးကျန် တစ်ကိုယ်တည်း လမ်းမလျှောက်ရပါ၊ အပိုင်း(၂) ချစ်ခင်ရင်းနှီးမှုရှိုက်သံ၌  လတ်လတ်လမ်ဘူ၊ အီလေ ဂန်ဒန်ဂန်၊ ကောင်မလေး၊ အပိုင်း(၃) လာကြ၊  ပူးပေါင်းကြစို့၌ ယော်ယို့စ်ဖရာလော်၊ အိုးအိုင်ဆေး၊ ဆန်းင်အိုင်ဆေး၊ လောင်ဒူအန်ဒန်း၊ ရိုမ်ပေါင်မက်ဒလီ၊ ကမန် စိုင်ယောက်၊ ပမာတုံလီ၊ လွိုင်ကထုံ စသည့် ထိုင်းနိုင်ငံ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားအပြီးတွင်  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ပြီး  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။            
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း Nissan Motor Co;Ltd မှ President နှင့်CEO ဖြစ်သူ Mr. Carlos Ghosn အား လက်ခံတွေ့ဆုံ








နေပြည်တော် စက်တင်ဘာ  ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် Nissan Motor Co;Ltd မှ President နှင့် CEO ဖြစ်သူ Mr. Carlos Ghosn ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်  နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးမျိုးအောင်၊ ဒေါက်တာဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍပေါင်းစုံတွင် လျင်မြန်၍ အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက် နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း Nissan Motor Co;Ltd  နှင့် Tan Chong Group of Companies တို့ ပူးပေါင်း၍ နီဆန်း အမှတ်တံဆိပ် တပ်ဆင်ထုတ်လုပ်သည့် ကမ္ဘာ့ အဆင့်မီ မော်တော်ယာဉ်စက်ရုံနှင့် မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတို့အား စီမံချက်အချိန်ကာလ ဇယားအတိုင်း တည်ဆောက်ရေး၊ ဒေသခံ ပြည်သူများအား ကျွမ်းကျင်မှု သင်တန်းများပေးပြီး အလုပ်အကိုင်များ ပေးနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးစွာ ဆွေးနွေးကြသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------  

လယ်ယာမြေများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိ







နေပြည်တော် စက်တင်ဘာ ၁၈

မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂ဝ၁၃)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့  မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနှင့်  ဦးမြင့်လှိုင်၊  ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့်  ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊  ဦးသိန်းညွန့်၊  ဦးဝင်းထွန်း၊ ဒေါက်တာမြင့်အောင်၊ ဦးကျော်လွင်နှင့် ဦးမောင်မြင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ  ဦးဥာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မြေ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၁၆-၉-၂ဝ၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၉/ ၂ဝ၁၃)ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဖွဲ့စည်း ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကော်မတီ၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွင်း လယ်ယာမြေနှင့်  အခြားမြေများ သိမ်းဆည်းခံရမှု နှင့်ပတ်သက်၍ မျှမျှတတ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း။

မြေအသုံးချခြင်းနှင့် စပ်လျဉ်း၍ မြေသည် လူသားတို့နှင့် အရင်းနှီးဆုံး ပစ္စည်းဥစ္စာဖြစ်ပြီး  လူတိုင်းနှင့် မကင်းနိုင်သည့်အတွက်    မြန်မာနိုင်ငံ အုပ်ချုပ်ရေးသမိုင်းနှင့်အတူ မြေနှင့် အခွန် အုပ်ချုပ်ရေးသည် သက်တမ်းအရင့်ဆုံး၊ အရှည်ကြာဆုံးသော ယန္တရား တစ်ခုအဖြစ် တည်ရှိနေခဲ့ ပါကြောင်း၊ မြေယာစီမံခန့်ခွဲမှုများကို ဖြစ်ပေါ်ပြောင်းလဲနေသည့်  အခြေအနေ အရပ်ရပ်နှင့် လိုက်လျော ညီထွေရှိစေရန်အတွက် ပြည်သူ ဗဟိုပြု စီမံခန့်ခွဲမှုစနစ်ဖြင့် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွင်း  မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ  တည်ဆောက်ခြင်း၊ လုံခြုံရေးဆိုင်ရာ အထူးစီမံကိန်းနယ်မြေများ သတ်မှတ် ခြင်း၊ စီးပွားရေးဆိုင်ရာ  ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ  တည်ထောင်ခြင်းစသည့် လုပ်ငန်းများသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် မလွဲမသွေ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ရာ  လိုအပ်ချက်အရ လယ်ယာမြေများနှင့် အခြားမြေများအား သိမ်းဆည်းခြင်း လုပ်ငန်းများ ရှိခဲ့ပါကြောင်း။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခဲ့မှုများနှင့် ပတ်သက်၍ တိုင်တန်းမှုများ ရှိခဲ့သည့် အတွက် မြေသိမ်းဆည်းမှု   စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းစုံစမ်း စစ်ဆေးခဲ့ပါကြောင်း၊ အဆိုပါ  စုံစမ်းရေးကော်မရှင်၏ စိစစ်တွေ့ရှိချက် အရ မြေသိမ်းဆည်း ခံရသည့် အကြောင်းရင်းများမှာ တပ်မတော် တပ်ရင်း၊   တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန်  တပ်မြေအဖြစ်  သိမ်းဆည်းခြင်း၊ မြို့ပြများ  တိုးချဲ့တည်ဆောက်ရန်အတွက် သိမ်းဆည်းခြင်း၊  စက်မှုဇုန်များတည်ဆောက်ရန် သိမ်းဆည်းခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်း များ ဆောင်ရွက်ရန်  ဌာနဆိုင်ရာများ၊  ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာချ ထားပေးခြင်းစသည့် ခွင့်ပြုချက်များအတွက် တောင်သူ လယ်သမားများ၏ လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ ပါရှိသွားသကဲ့သို့ နိုင်ငံတော် စီမံကိန်းဖြစ်သည့်  ရထားလမ်းများ၊  ကားလမ်းများ၊  လေယာဉ်ကွင်းများ တိုးချဲ့ တည်ဆောက်ရေး တို့အတွက်  သိမ်းဆည်းရာတွင်လည်း အလားတူ လယ်ယာမြေများ ဆုံးရှုံး သွားခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ  နစ်နာမှုမရှိစေဖို့  စုံစမ်းရေးကော်မရှင်က  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ အပိုင်းသုံးပိုင်းခွဲပြီး တင်ပြခဲ့သည့် အစီရင်ခံစာများတွင်-   
-
မြေသိမ်းဆည်းမှုတွင်  ပါဝင်ခဲ့သည့်  လယ်ယာမြေများ၊  မြေလွှဲခြင်း ဆောင်ရွက်သည့် အခါမှာ ပါဝင်ခဲ့သော မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ၊ ပယ်ဖျက်ပြီး စားကျက်မြေများ၊ ပယ်ဖျက်ပြီး သစ်တောမြေများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပြန်လည်စွန့်လွှတ် ၍ တောင်သူများသို့  ပြန်လည်ပေးအပ်လိုခြင်း။
 -
ပြည်ထဲရေးဝန်ကြီးဌာန၏ မြေသိမ်းအမိန့်ထုတ်ပြန်ခြင်း မရှိဘဲ သိမ်းယူခဲ့သည့် လယ်မြေများ အတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ သို့မဟုတ် ၂ဝ၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ နှင့် ပုဒ်မ ၃ဝ တို့အရ အခြားနည်း အသုံးပြုခွင့်  ရရှိထားသော လယ်ယာမြေများနှင့် မြေစာရင်းပုံစံ ၁ဝ၅ ဖြင့် သက်သေခံ မြေပုံရေးကူးခွင့် ရရှိထားသည့် သိမ်းယူထားသော လယ်ယာမြေ များကို စွန့်လွှတ်အပ်နှံ စေလိုခြင်း။
-
မြေအငြင်းပွားမှုနှင့်ပတ်သက်၍  နေပြည်တော်ကောင်စီ  သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ဖွဲ့စည်းပေး သည့် စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက် များအရ ဌာနဆိုင်ရာ/ကုမ္ပဏီ/ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ခွင့်ပြုခဲ့ သည့် မြေ လွတ်၊ မြေလပ်နဲ့ မြေရိုင်းများတွင်  ဦးပိုင်မပေါက်သော်လည်း  စားဝတ်နေရေးအတွက်  မူလ ကတည်း က တောင်သူ များ ခုတ်ထွင် ရှင်းလင်းစိုက်ပျိုးခဲ့သော ခိုင်မြဲပြီးဖြစ်သည့် လယ်ယာ မြေများ ပါဝင်သဖြင့်  ပြန်လည်ပေးအပ် လိုခြင်း။
 -
သစ်တောမြေနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက  ပြန်လည် အပ်နှံလိုခြင်း၊  မြေအငြင်း ပွားမှု များ နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ  ဖွဲ့စည်းပေးသည့်  စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအရ  တောင်သူများသို့ စားကျက်မြေ အမည်ပေါက် လယ်ယာမြေများကို ပြန်လည်ပေးအပ် လိုခြင်း။
-
သက်ဆိုင်ရာ တောင်သူများသို့ မြေလျော်ကြေး၊ သီးနှံနှင့်အဆောက် အအုံအတွက် နစ်နာကြေးနှင့်  အခြားထောက်ပံ့ကြေး များ ပေးဖို့အတွက် ဥပဒေ၊   လုပ်ထုံးလုပ်နည်း၊  အမိန့်၊  ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ခြင်း စသည့် အချက်များကို  တွေ့ရှိရပါကြောင်း။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနှင့်  ပတ်သက်၍ ပြည်သူများ နစ်နာမှု မရှိ စေရန် ပြည်ထောင်စုလွှတ်တော် နာယကမှ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာ များတွင် တိုင်ကြားစာ၊ အသနားခံစာများကို ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ ဥပဒေနဲ့အညီ ပြည့်စုံ၍ မှန်ကန်ပြီး အရည်အချင်းရှိသည့် သက်သေခံချက်များနှင့် တရားမျှတစွာ  အလေးထားဖြေရှင်း ဆောင်ရွက်ပေးရန်ြ ဖစ်ကြောင်း၊ မြေပြဿနာ အများစုဟာ ယခင်ကာလ များမှ ဆောင်ရွက်ချက်များကို  အခြေခံပြီး ဖြစ်ပွားနေကြောင်း၊ အစိုးရသစ်အနေဖြင့်  နိုင်ငံတော် ၏ ကောင်းမွေ၊ ဆိုးမွေ တွေကိုလက်ခံပြီး ပြဿနာများကို ကောင်းစွာ ဖြေရှင်းနိုင်သည့် စွမ်းရည်ရှိရမည် ဖြစ်သည့်အပြင် အဆိုပါ ကိစ္စရပ်များကို လိုအပ်သည်ထက် အချိန် ဆွဲ ဖြေရှင်းခြင်းမပြုဘဲ စီမံခန့်ခွဲပေးရန်လိုအပ်ကြောင်းဖြင့် ဖော်ပြ ပါရှိခဲ့ပါကြောင်း။

ဤနေရာတွင် နိုင်ငံတော်အစိုးရ၏ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံတော် အစိုးရသစ် တာဝန်ယူချိန်မှစ၍ နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ၊  စီးပွားရေးပြုပြင် ပြောင်းလဲ မှုများ၊  အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေး စနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ စားဝတ်နေရေး လိုအပ်ချက်၊ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်၊ နေ့စဉ်လူမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လုပ်ဆောင်နိုင်ရန် မြေအသုံးချမှု မူဝါဒနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးကို စနစ်တကျ အကောင်အထည်ဖော်ရန်  မြေယာပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်သမ္မတကြီးက  ၁၉-၈-၂ဝ၁၃ရက်နေ့တွင်  နေပြည်တော် ကောင်စီနယ်မြေ၌ ကျင်းပ သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး အခမ်းအနားမှာ ''မိမိတို့ နိုင်ငံသည်  စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အခြေခံကောင်းများ ရှိနေသော်လည်း ယနေ့ ဆင်းရဲ နွမ်းပါးမှုနှုန်း များနေကြကြောင်း၊ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး  ကျေးလက်နေ ပြည်သူများသည် ဆင်းရဲနွမ်းပါးမှု  အများဆုံးဖြစ်ကြောင်း၊  အဓိက အလုပ်အကိုင်မှာ လယ်ယာလုပ်ငန်းဖြစ်ပြီး လက်လုပ်လက်စား သမား အချို့သည်လည်း ယင်း လယ်ယာလုပ်ငန်းပေါ်တွင် မှီခို အားထားနေရပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှသာ ကျေးလက် ဒေသဖွံ့ဖြိုးမည်ဖြစ်၍ လက်ရှိအခြေအနေတွင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက် အောင် အလေးထား ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း'' ဖြင့် မိန့်ကြားခဲ့ပါကြောင်း၊ လယ်ယာ ကဏ္ဍကို  လက်ရှိအခြေအနေထက် ပိုမိုတိုးတက်အောင် လယ်ယာ ကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို စိတ်ဓာတ်၊ လယ်ယာမြေ ပုံသဏ္ဌာန်၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်၊  စက်မှုလယ်ယာနဲ့ စိုက်နည်းစနစ် ပြောင်းလဲခြင်းဆိုတဲ့ ပြောင်းလဲမှု(၅)ရပ်နဲ့ ဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးသည့်အပိုင်း၊ ရိတ်သိမ်းသည့်အပိုင်း၊ သယ်ဆောင်သည့် အပိုင်း၊ ကြိတ်ခွဲသည့်အပိုင်း၊ တင်ပို့ရောင်းချသည့် အပိုင်းအထိ (Supply Chain) တစ်ခုလုံး စဉ်းစား တွက်ချက်ပြီး တောင်သူ လယ်သမားများ အမှန်တကယ်အကျိုးရှိအောင် အလေးထား စီမံပေးလျက် ရှိပါကြောင်း။

လယ်ယာကဏ္ဍ တောင်သူလယ်သမား အကျိုးပြုလုပ်ငန်းစဉ် တစ်ရပ် အနေဖြင့် လယ်ယာမြေ ဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာ  လယ်ယာမြေ မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သတ်မှတ်ချက် များနှင့်အညီ  မှတ်ပုံ တင်ကြေး ပေးဆောင်၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ တစ်စိတ် တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ် ခွင့်နှင့် ပေးကမ်းခွင့်၊ အမွေဆက်ခံပိုင်ခွင့်များ ရရှိပြီ ဖြစ်ပါကြောင်း၊ ဘဏ်များမှတစ်ဆင့် လယ်ယာ ကုန်ထုတ် လုပ်မှု စရိတ်များ အတွက် လုံလောက်အောင် ချေးငှားယူနိုင်သည့် အားသာချက်များလည်း ရှိလာပါကြောင်း။

ထို့ပြင် လယ်ယာလုပ်ငန်းဖြင့် အမှန်တကယ် အသက်မွေးဝမ်းကျောင်း ပြုနေသော်လည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် မှတ်ပုံတင် ရယူခွင့်မရှိသည့် လယ်မဲ့ယာမဲ့ ပြည်သူများ ကိုလည်း ဥပဒေနှင့်အညီ လယ်ယာမြေများ ချထားစီမံပေးရန် လည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂ဝ၁၂ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့သည့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဆင့်ဆင့်မှာ  မြို့ကွက်ရွာကွက်များ  စနစ်တကျ ထူထောင်နေရာ ချထားရေးနှင့် လုပ်ကိုင် စားသောက်ရန် လယ်ယာမြေများ စီမံဖော်ထုတ်ရေးကို အလေးထား လုပ်ဆောင်ပြီး  မြေမဲ့ယာမဲ့ ပြည်သူ များ  မြေနှင့်ယာနှင့် ဖြစ်စေရေးဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုမြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတမှ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရာ တွင် မြေသိမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသည့်  မြေအငြင်းပွားမှုများကို  ဖြေရှင်း ဆောင်ရွက်ဖို့အတွက် မြေမူဝါဒနှင့်ပတ်သက်ပြီး
 -
တပ်မတော်က တည်ဆောက်ရန် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားတဲ့ မြေတွေမှာ အရပ်သားတွေကို သီးစားချထားခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများ လုံးဝမပြုလုပ်ရန်။
-
တပ်၊ ဌာနချုပ်များရဲ့ လုံခြုံရေး လိုအပ်ချက်များနှင့် လေ့ကျင့်ရေးကွင်း လိုအပ်ချက်တွေအတွက် အမှန်တကယ်လိုအပ်တဲ့ အနည်းဆုံးမြေ ဧရိယာအကျယ်အဝန်းကိုသာ တိုင်းထွာ တွက်ချက်ရယူ ဆောင်ရွက်သွားရန်။
-
နိုင်ငံအတွင်းရှိ  နေရာအနှံ့အပြားနဲ့  လွှတ်တော် အသီးသီးမှာ  သိမ်းဆည်းခံထားရတဲ့ မြေများ  ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး  နည်းမျိုးစုံဖြင့် တောင်းဆိုမှုအပေါ် တပ်များ အနေဖြင့် အမှန်တကယ် လိုအပ်တဲ့ မြေဧရိယာ အကျယ် အဝန်းကိုသာ ရယူပြီး  ကျန်မြေပို များကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်သွားရန်။
      
တို့ကို လမ်းညွှန်ခဲ့ပါကြောင်း၊ ယင်းလမ်းညွှန်ချက်များသည် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ဆိုသော်လည်း အခြားဝန်ကြီး ဌာန များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များအတွက်ပါ အကျုံးဝင်ပါကြောင်း။

အဆိုပါ လမ်းညွှန်ချက်အတိုင်း သိမ်းဆည်းခံ မြေယာ အငြင်းပွားမှုများအတွက်  ဒုတိယသမ္မတ ဦးဆောင်သည့်  မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟို ကော်မတီကို ဖွဲ့စည်းပြီး နေပြည်တော်၊ တိုင်း ဒေသကြီး၊  ပြည်နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီများ၊  ခရိုင်မြေအသုံးချမှု  စီမံ ခန့်ခွဲရေး ကော်မတီများ၊ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စု  မြေ အသုံးချမှု စီမံ ခန့်ခွဲရေး ကော်မတီတို့ကို အသီးသီးတာဝန် ပေးအပ်ထားပြီး  ဖြစ်ပါကြောင်း၊ ကော်မတီများ ဖွဲ့စည်းရာမှာလည်း ရပ်ကွက်ကျေးရွာအုပ်စု အဆင့်၊ မြို့နယ်အဆင့်များမှ ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌများ၊ ရပ်မိ ရပ်ဖများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များကို  ထည့်သွင်းထားပြီး  ပကတိ အခြေအနေမှန်များနှင့် ထင်ဟပ်သော လူထုဆန္ဒ သဘောထားနှင့်အညီ ညှိနှိုင်း ဖြေရှင်း နိုင်ရန်   အခွင့်အလမ်းများ ဖန်တီးပေးထားပါကြောင်း၊ ကော်မတီ အဆင့်ဆင့်ရဲ့ လုပ်ငန်း တာဝန်များကိုလည်း  ပြဋ္ဌာန်းပေးထားပြီး လယ်ယာမြေ ဥပဒေ (၂ဝ၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁)၊ လယ်ယာမြေ နည်းဥပဒေ (၂ဝ၁၂ ခုနှစ်)၊ မြေလွတ် ၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ (၂ဝ၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁ဝ)၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများ (၂ဝ၁၂ ခုနှစ်)နှင့် မြေကိုစီမံ ခန့်ခွဲလျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေး ကော်မတီများက ကျင့်သုံးလျက်ရှိသည့်  မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲဥပဒေ၊  နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ရန်လည်း ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။

ထို့အပြင် ဆိုင်ရာနယ်မြေအလိုက် လူထုရွေးကောက် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ကော်မတီ   အစည်းအဝေးများသို့  ဖိတ်ကြားတက်ရောက်စေပြီး  သဘောထားအမြင်  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြဖို့လည်း  လိုအပ် ပါကြောင်း၊  မြေ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် အဆင့်ဆင့်သော မြေအသုံးချမှု  စီမံခန့်ခွဲရေး   ကော်မတီများ အနေဖြင့် မြေသိမ်း ဆည်းခြင်း၊ မြေအငြင်းပွားမှု ဖြေရှင်းခြင်းများ ဆောင်ရွက် သည့်အခါမှာ မြေမူဝါဒနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်းသုံးပိုင်းမှာ ပါဝင်သည့်   အချက်များကို အလေးထားပြီး  ဥပဒေ၊  လုပ်ထုံးလုပ်နည်းများ နှင့်အညီ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ဆောင်ရွက်ပေးသွားရန် ပြောကြားလိုပါကြောင်း၊ ထို့အပြင် ဖွဲ့စည်းတာဝန် ပေးအပ် ထားသော  ကော်မတီအဆင့်ဆင့်တွင်   တာဝန် ထမ်းဆောင် လျက်ရှိသူများကို မြေအသုံးချမှုစီမံခန့်ခွဲရေး လုပ်ငန်းများ လုပ်ကိုင်ရာ မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးချမှု စီမံ ခန့်ခွဲရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း သင်တန်းများကို ဖွင့်လှစ်ပို့ချရန် ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွင်း လူအများစုရုံး နေထိုင်ရာ အရပ်ဒေသများဖြစ်သည့် မြို့နှင့်ကျေးရွာများ စနစ်တကျ ရှိစေရန်နှင့် လယ်ယာမြေ အုပ်ချုပ်ရေး နှင့် အခွန်စည်းကြပ်ကောက်ခံရန်အတွက်    ဥပဒေ၊  နည်းဥပဒေများ  ပြဋ္ဌာန်းထားရှိပြီး  မြေအသုံးချမှုကို  သက်ဆိုင်ရာ ဝန်ကြီးဌာနများက  စီစဉ် စီမံခန့်ခွဲလျက် ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ မြို့မြေ၊ ရွာမြေ၊ သာသနာ့ မြေ၊ မြစ်ကမ်း သဲသောင်မြေ၊ ရေကန်မြေ၊ သုသာန်မြေ၊ ကျေးရွာဘုံမြေနှင့် စားကျက်မြေကို လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာနမှ လယ်ယာမြေ၊  မြေလွတ်၊  မြေလပ်နှင့်  မြေရိုင်းများကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သစ်တောမြေကိုလည်းကောင်း၊ သတ္တုတွင်းဝန်ကြီးဌာနမှ ဓာတ်သတ္တုကန့်သတ် နယ်မြေနှင့် ရတနာနယ်မြေကို လည်းကောင်း၊ ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသော မြေကွက်များကိုလည်းကောင်း၊ စည်ပင်သာယာရေး ကော်မတီ များမှ  စည်ပင်သာယာရေး နယ်နိမိတ်မြေနှင့်   အရန်မြေများကို လည်းကောင်း အသီးသီး စီမံခန့်ခွဲ လျက် ရှိပါကြောင်း။

ယင်းမြေများကို တည်ဆဲဥပဒေများအရ အဆင့်ဆင့် စီမံခန့်ခွဲ အုပ်ချုပ်ရာမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အများပြည်သူ အကျိုး ငှာ မြေအသုံးချရန် ရည်ရွယ်၍ မြေသိမ်းခြင်း၊ မြေလွှဲခြင်း လုပ်ငန်းများကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရပါကလည်း ယင်းလုပ်ငန်း စဉ်များတွင် ပြည်သူများဘက်မှ နစ်နာမှုမရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် စနစ်တကျစီမံခန့်ခွဲပေးရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုပြုပြင် ပြောင်းလဲရေး အခြေခံ အချက်များ ဖြစ်သည့်- 
(က)  
ပြည်သူများအား မြန်ဆန်ပြီး အဆင်ပြေချောမွေ့စေသည့် ကျေနပ်ဖွယ်ရှိသော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်။
(ခ)  
အစိုးရရုံး ဌာနများအတွင်း တင်းကျပ်သော  ဗျူရိုကရေစီလုပ်ထုံး လုပ်နည်းများကြောင့်  ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များ အပေါ် အဟန့်အတား ဖြစ်နေသော ကြိုးနီစနစ် ဖယ်ရှားရန်။
(ဂ)  
လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်ရန် ရည်ရွယ်လျက် ထိရောက်သော ဝန်ဆောင်မှုအလေ့ အကျင့်များ ပြုစု ပျိုးထောင်ပေးရန်။
(ဃ) 
နိုင်ငံတော်သည်  ပြည်သူ့ဝန်ထမ်း  အရာထမ်းနှင့် အမှုထမ်းများအကြား  ရိုးသား ဖြောင့်မတ်မှုဖြင့်  ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအပေါ် တာဝန်သိမှုနှင့် တာဝန်ခံမှု ရှိစေရန်။
(င)  
ပြည်သူများနှင့် ဆက်ဆံဆောင်ရွက်ရာတွင်  တန်ဖိုးထားတတ်မှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှု တိုးမြှင့် ဆောင်ရွက် နိုင်ရန်။
  (စ)  
ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန်။
  
စသည့် အချက်များအပေါ် အခြေခံပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ မျှမျှတတ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ရေး သက်ဆိုင်သူအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဦးမြင့်လှိုင်တို့က ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် မြေယာ စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့်  လုပ်ငန်း တာဝန်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ တို့က မြေယာကိစ္စရပ်များ နှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြကြပြီး  ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ရှိသော တောင်သူလယ်သမားများ မှီခိုအသက်မွေးဝမ်းကျောင်း ပြုနေရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊  မည်သည့်အရေးကိစ္စမဆို ဖြေရှင်းဆောင်ရွက်ရာတွင် တရားဥပဒေ စိုးမိုးရေး ကို အဓိကထားပြီး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံသားအားလုံးသည် တရားဥပဒေစိုးမိုး မှုအောက်တွင် တူညီသော အခွင့်အရေးများ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့အကျိုးစီးပွား အလို့ငှာ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့် အညီသာ ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။

မြေယာကိစ္စရပ်များကို ဖြေရှင်းရာတွင် ခိုင်မာသည့် ကျိုးကြောင်း ဖော်ပြချက်များနှင့်အညီ တင်ပြကြရန် ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်  တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်သာသည့် ဆောင်ရွက်မှုများဖြစ်ရန် လိုအပ်ပြီး မိမိတို့၏ ဆောင်ရွက်ပေးနေမှုများကို ပြည်သူများအား အသိပေးပြောကြားရမည် ဖြစ်ပါကြောင်း၊ အမှုတွဲများကို မြန်မြန် ဆန်ဆန်နှင့် မှန်မှန်ကန်ကန်ဖြစ်အောင် အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------  

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ၊ ပထမအကြိမ်အစည်းအဝေးတက်ရောက် အမှာစကားပြောကြား





၂၀၁၃ စက်တင်ဘာလ ၁၃
စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီ ပထမအကြိမ် အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦး၊ ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို  ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ အနေဖြင့် ၂ဝ၁၁ မှ ၂ဝ၃၁ အထိ နှစ်(၂၀) ဆောင်ရွက်မည့် အမျိုးသားဘက်စုံ တိုးတက်ရေး စီမံကိန်း အား ရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဤကဲ့သို့ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရာတွင် တာဝန်ယူမှု အပြည့်အဝရှိပြီး အရည်အသွေး ကောင်းမွန်သည့် စာရင်းအင်းများသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်၍ အသက်သွေးကြောပမာ အရေးပါလှပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၄)ရပ်တွင် ကိန်းဂဏန်း စာရင်းအင်းများ အရည်အသွေး ပြည့်ဝရေးနှင့်  တိကျမှန်ကန်ရေးကို မူဝါဒ(၁)ရပ်အဖြစ်  ထည့်သွင်း ချမှတ်ပေးခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။

ကိန်းဂဏန်းအချက်အလက် အရည်အသွေး ဆိုသည်မှာ စာရင်းအင်းသတင်း အချက် အလက်များ၏ အံဝင်ဂွင်ကျ အသုံးပြုနိုင်မှုဖြစ်ကြောင်း၊ ကိန်းဂဏန်း အချက်အလက် အရည်အသွေးအား စပ်ဆိုင်မှု၊ တိကျမှု၊ အချိန်ကိုက်ရရှိမှု၊ အလွယ်တကူ ရရှိနိုင်မှု၊ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မှု၊ အခြားသတင်း အခြေအမြစ်များနှင့် သဘာဝ ယုတ္တိကျစွာ ဆက်စပ် ထားနိုင်မှု၊  အချက်အလက် ပြုစုခြင်းဆိုင်ရာ နည်းစဉ်များ ခိုင်မာမှုနှင့် စိတ်ချလက်ချ အားထားနိုင်မှုစသည့် အတိုင်းအတာ(၈)ရပ်ဖြင့် မှတ်ကျောက်တင်လေ့ ရှိပါကြောင်း၊ အချက်အလက် ကိန်းဂဏန်းများ အရည်အသွေးရှိမှသာ ယုံကြည်စိတ်ချရသည့် စာရင်းအင်း (Reliable  statistics)များ ပြုစုနိုင်မှာ ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ အကောင်အထည်ဖော်ရာတွင် လက်ရှိကျင့်သုံးနေသည့် စံ(Norm) သည် ယုံကြည်စိတ်ချ ရသည့် စာရင်းအင်းများ (Reliable statistics) မှ ရရှိသော သက်သေ သက္ကာယ အခြေခံ သတင်းအချက်အလက် (evidence based information) အား အသုံးပြုခြင်းပင် ဖြစ်ပါကြောင်း၊ အရည်အသွေးရှိ စာရင်းအင်းအချက်အလက်များ ရရှိရေးအတွက် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရများအတွက် စာရင်းအင်း အဖွဲ့အစည်းများနှင့် လုပ်ငန်းယန္တရားများကို ပြန်လည် ပြင်ဆင်ခြင်း (reengineering)  လုပ်ရန်ကိစ္စသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အလုပ်တစ်ခု ဖြစ်လာပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အပါအဝင် အမျိုးသား စာရင်းအင်းစနစ် ပြုပြင်ပြောင်းလဲရေး မြန်မြန်ဆန်ဆန် ခရီးရောက်စေရန် အတွက်  စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ ချမှတ်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊  ထိုသို့ချမှတ်ရာတွင် နိုင်ငံတကာ စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ယှဉ်ထိုး သုံးသပ်ရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံစာရင်းအင်းစနစ်အပေါ် ဆန်းစစ်လေ့လာကြည့်ပါက အားနည်းချက်များအဖြစ် ဆိုင်ရာဝန်ကြီးဌာနများအတွင်း စာရင်းအင်းအခန်းကဏ္ဍ မြှင့်တင်ရန် လိုအပ်ခြင်း၊ လုံလောက်သည့် စွမ်းရည် မရှိခြင်း၊ ဥပဒေနှင့်ပေါ်လစီ မူဘောင် ခေတ်မမီခြင်း၊ လူသား အရင်းအမြစ် မလုံလောက်ခြင်း၊ စာရင်းအင်းဆိုင်ရာ ဝန်ထမ်းများ လေ့ကျင့်သား မပြည့်ဝခြင်း၊ အခြေခံအဆောက်အဦနှင့် ပစ္စည်းကိရိယာများတွင် ရင်းနှီးမြှပ်နှံမှု နည်းပါးခြင်း၊ ပေါင်းစပ်ညှိနှိုင်းမှုနှင့် သဟဇာတဖြစ်မှု မရှိသည့် စာရင်းအင်းစီမံခန့်ခွဲမှု စနစ်ဖြစ်ခြင်း စသည့် အချက်များကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လက်ရှိကျင့်သုံးနေသည့် ဗဟိုစာရင်းအင်း စစ်တမ်းကောက်ယူရေး အာဏာပိုင် အက်ဥပဒေအမှတ်(၃၄)သည် ၁၉၅၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ခေတ်နှင့်မလျော်ညီတော့ပါကြောင်း၊ ထို့ကြောင့် လက်ရှိ အခြေအနေများနှင့် ကိုက်ညီသည့် ခေတ်မီစာရင်းအင်း ဥပဒေ ပြဋ္ဌာန်းပေးရန်နှင့် အမျိုးသားစာရင်းအင်း မူဝါဒ ရေးဆွဲ ချမှတ်ရန် လိုအပ်ပါကြောင်း။

ထိုအချက်များကို သုံးသပ်၍ မဟာဗျူဟာစီမံချက်ကို ရေးဆွဲရမည် ဖြစ်ပါကြောင်း၊  မဟာဗျူဟာစီမံချက်၏ မျှော်မှန်းချက်အမြင် Vision မှာ သုံးစွဲသူများ လွယ်လွင့်တကူ လက်လှမ်းမီသည့် စာရင်းအင်းများရရှိရန် ဖြစ်ပါကြောင်း၊ ရည်မှန်းချက်တာဝန်မှာ ပေါင်းစပ် ညှိနှိုင်းထားသော၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော၊ သဟဇာတဖြစ်သော တရားဝင်စာရင်းအင်းများအား ထောက်ပံ့ပေးနိုင်ရန်နှင့် ယင်းတို့ကိုအသုံးပြုမှု မြှင့်တင်ပေးရန် ဖြစ်ပါကြောင်း၊ မျှော်မှန်းချက် အမြင်အတိုင်း ပေါက်ရောက်ရန် အတွက် အဓိကကျသည့် အချက်များဖြစ်သော ကောင်းမွန်သည့် စာရင်းအင်းကျင့်စဉ်များ ဖွံ့ဖြိုး စေခြင်း၊ ဆိုင်ရာ ဝန်ကြီးဌာနနှင့် အေဂျင်စီများအတွင်း စာရင်းအင်း လုပ်ဆောင်မှုများ ပေါင်းစပ် ညှိနှိုင်းခြင်း၊ အခြေခံသဘောတရားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ စံနှုန်း သတ်မှတ်ခြင်း၊ နည်းစဉ်များ သဟဇာတဖြစ်စေခြင်း၊ ပညာရှင် ပီသသော စာရင်းအင်း ဝန်ဆောင်မှုပေးခြင်း၊ အမျိုးသားစာရင်းအင်းစနစ်၏ အဆင့်တိုင်းတွင် အရည်အချင်း ပြည့်ဝပြီး လုပ်ရည်ကိုင်ရည်ရှိသော စာရင်းအင်းဝန်ထမ်းများ စုဆောင်း၊ လေ့ကျင့်၊ ထိန်းသိမ်းထားခြင်း၊ အမျိုးသား စာရင်းအင်းစနစ်၏ အဆင့်တိုင်းတွင် ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ စာရင်းအင်း အသုံးပြုသူများအတွက် လွယ်လင့်တကူ ရရှိနိုင်ရန် ဖြန့်ဝေခြင်း တို့ကို အောင်မြင်စွာ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအားလုံး ခိုင်လုံသည့် စာရင်းအင်း အချက်အလက် များအပေါ် အခြေခံနိုင်ရေးအတွက် စီမံကိန်းရေးဆွဲသူတိုင်း၊ ဆုံးဖြတ်ချက် ချမှတ်ပေးရ သူတိုင်း၏ လက်ဝယ်သို့ အရည်အသွေးမီ စာရင်းအင်း အချက်အလက်များ အရောက် ပေးပို့နိုင်ရေးသည် မဟာဗျူဟာစီမံချက်၏ ဦးတည်ချက်ပင် ဖြစ်ပါကြောင်း။

ထို့ကြောင့် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီအနေနှင့် တင်ပြပါ အခြေခံသဘောတရားများနှင့်အညီ အမျိုးသား စာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ရေးဆွဲသွားရမှာ ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ စာရင်းအင်း ကောက်ယူသည့် စနစ်နှင့် စာရင်းအင်းပြုစုခြင်းဆိုင်ရာ နည်းစနစ်များ တစ်ပြေးညီဖြစ်စေရေး ပေါင်းစပ် ညှိနှိုင်းခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းများအား စီမံဆောင်ရွက်သွားရမှာဖြစ်သည့် အပြင် ခေတ်နှင့်လျော်ညီသည့် အမျိုးသားစာရင်းအင်း ဥပဒေသစ်ပြန်လည် အတည်ပြု ရေးဆွဲပြဌာန်းရေးအတွက်လည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကဏ္ဍများတွင် တိကျမှန်ကန်ပြီး အရည်အသွေး ရှိသည့် သတင်းအချက်အလက်များ စုဆောင်း၊ ဆန်းစစ်၊ အကဲဖြတ်၊ အနက်ကောက် တည်ဆောက်ထားသည့် တရားဝင် စာရင်းအင်းများသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခု၏  သတင်းအချက်အလက်ဆိုင်ရာ စနစ်တွင်  မရှိမဖြစ်သည့် လိုအပ်ချက် တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဘဏ္ဍာရေး အရင်းအမြစ်နှင့် နည်းပညာ အကူအညီများကိုလည်း နိုင်ငံတကာ မိတ်ဘက် အဖွဲ့အစည်းများမှ ရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒေါက်တာကိုကိုဦးက စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး အတွက် ဆောင်ရွက်နေမှု အခြေအနေ၊ အားနည်းချက်၊ အားသာချက်များနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများက စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးအတွက် ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို အသီးသီး ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးများက စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နေမှု၊ လိုအပ်ချက်နှင့် အခက်အခဲများ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ် များကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အနေဖြင့် စာရင်းအင်း ကောက်ယူသည့်စနစ်နှင့် စာရင်းအင်း ပြုစုခြင်းဆိုင်ရာ နည်းစနစ်များ တစ်ပြေးညီ ဖြစ်စေရေးအတွက် အစဉ်တစိုက် ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တမ်းနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းရပ်များကို တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာစာရင်းအင်းများနှင့် လိုက်လျောညီထွေ ရှိစေမည့် စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များကို တိကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းသည်။
  -------------------------------------------------------------------------------------------------------------------------------------------------------------------------------------------  

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ န၀မအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား






နေပြည်တော်   စက်တင်ဘာ   ၆
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ န၀မအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိ သူများနှင့် အထူး ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကား ပြောကြားရာ၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကစားရုံ၊ အားကစားကွင်း၊ အားကစားပစ္စည်း ကိရိယာများ ခေတ်မီနည်းပညာ စံနှုန်းများကိုက်ညီရေး၊ အားကစားပွဲ ဝန်ဆောင်မှု အားလုံး အသုံးပြုမှု လွယ်ကူအဆင်ပြေရေး၊ အားကစားပွဲကြီး ဘေးကင်းလုံခြုံမှုအတွက် တင်းကျပ်သော်လည်းကြည်သာသော လုံခြုံရေး အစီအမံများ ထားရှိရေး၊ မြန်မာ့အားကစား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစား စီမံခန့်ခွဲမှုနှင့် သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး၊ ယခင်ကျင်းပခဲ့သော အိမ်ရှင်နိုင်ငံများ၏ အတွေ့အကြုံအပေါ် အခြေခံ၍ နိုင်ငံ အတွက် အကျိုးဖြစ်ထွန်းမှု အကောင်းဆုံးရရှိရေး၊ အားကစားပွဲကြီး ကြိုတင်ပြင်ဆင်ရာတွင်လည်းကောင်း၊ ကျင်းပရာတွင် လည်းကောင်း၊ လုပ်ငန်းစနစ်၊ လုပ်ငန်းလည်ပတ်မှု ယန္တရားနှင့် စီမံခန့်ခွဲမှု တို့တွင် တီထွင်ဖန်တီးမှု စံနမူနာကောင်း ပြသနိုင်ရေး တို့အတွက် လက်တွေ့ကျပြီး ထိရောက်သော ကြိုးပမ်းအားထုတ်မှု ပြုလုပ်သွားရေး၊ မြန်မာ့ယဉ်ကျေးမှု၏ လေးနက်သိမ်မွေ့မှုနှင့် ချစ်ခင်နှစ်လိုဖွယ်ရှိမှုကို ဖော်ကျူးနိုင်သည့် ဖျော်ဖြေရေး အစီအစဉ်များကို ကမ္ဘာသိ တင်ဆက်နိုင်ရေး၊ အထူးသဖြင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများအား အားကစားနှင့် အနုပညာ ရသမြောက်စွာ ပေါင်းစပ်တင်ဆက်နိုင်ရေး စသည့်အချက်များကို ရည်မှန်းချက်များ အဖြစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျင်းပရေး လုပ်ငန်း လမ်းညွှန်တွင် ချမှတ်ပေးထားခဲ့ပါကြောင်း၊ အားကစားနေရာများ ပြင်ဆင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၍ အစိမ်းရောင် အားကစားပွဲအဖြစ် ဖန်တီးခြင်း၊ အဆင်ပြေ ဘေးကင်းလုံခြုံသည့် မြို့ပြပို့ဆောင်ရေး ကွန်ရက်စနစ်များ ထူထောင်ခြင်း၊ အားကစားပွဲဆိုင်ရာ သတင်းဝန်ဆောင်မှု အတွက် ခေတ်မီ ICT စီမံခန့်ခွဲမှုစနစ် တည်ဆောက်ခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အစီအမံများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ အိုလံပစ် ပဋိညာဉ်နှင့် စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်သည့် ဥပဒေရေးရာ ပတ်ဝန်းကျင် ထူထောင်ခြင်း၊ လူထုပူးပေါင်း ပါဝင်မှုအတွက် လှုံ့ဆော်စည်းရုံးခြင်း ဆိုင်ရာ ကိစ္စရပ်များ အတွက်လည်း အဆိုပါ လုပ်ငန်းလမ်းညွှန်တွင် အသေးစိတ် ဖော်ပြထားပြီး ဖြစ်ပါကြောင်း။

အဆိုပါ လုပ်ငန်း လမ်းညွှန်ချက်အတိုင်း ကော်မတီအသီးသီးက အရှိန်အဟုန်မပျက် အကွက်စေ့စေ့ ကြိုးပမ်းအားထုတ် ဆောင်ရွက် လျက်ရှိသည်ကို အားတက်ဖွယ် တွေ့ရှိရပါကြောင်း၊ လုပ်ငန်းစဉ် တိုင်းအတွက် ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသည့် ဆိုရိုးစကားအတိုင်း ဇာတ်တိုက်လေ့ကျင့် ပြင်ဆင်မှု ပြုလုပ်သွားပြီး ကောင်းသည်ထက် ကောင်းအောင် ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်း လက်ကျန်များကိုလည်း အချိန်ဇယားရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်နှင့် ဦးဇော်ဝင်းတို့က မြန်မာ့အားကစား အောင်နိုင်ရေးနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းဆိုင်ရာများ အပေါ် ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ကော်မတီများ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်များနှင့် အခက်အခဲများ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့ ကော်မတီအလိုက် လိုအပ်ချက်များ၊ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး တင်ပြကြရာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျင်းရေး ဦးစီး ကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ကော်မတီ တစ်ခုချင်းစီ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိသည်။          -------------------------------------------------------------------------------------------------------------------------------------------------------------------------------------------  

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဗီယက်နမ်အမျိုးသားနေ့ သဝဏ်လွှာပေးပို့


နေပြည်တော်   စက်တင်ဘာ   ၂          
၂၀၁၃ ခုနှစ် စက်တင်ဘာ (၂) ရက်တွင် ကျရောက်သော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ (၆၈) နှစ်မြောက် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းထံမှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မဒမ် ငုယင်သီဒုံး ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကျေးလက်ဒေသဖွံ့ဖြိုးမှု မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အဆင့်မြင့်အသိပညာဖလှယ်ရေး ဖိုရမ်သို့ တက်ရောက် အမှာစကားပြောကြား






နေပြည်တော် သြဂုတ် ၂၉
ကျေးလက်ဒေသဖွံ့ဖြိုးမှု မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အသိပညာ ဖလှယ်ရေးဖိုရမ်ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီမံ/ စီးပွားဝန်ကြီးများ၊ ကိုရီးယား သမ္မတနိုင်ငံမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ သမဝါယမ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာ၌ ယနေ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ကျေးလက်ဒေသနှင့် မြို့ပြတို့ ကွာဟမှုမရှိစေရေး ရှေးရှုပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် (၈)ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်သမ္မတကြီး၏ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလအတွင်း (၃)ရက်ကြာ ကိုရီးယားသမ္မတနိုင်ငံ ခရီးစဉ်တွင် ကိုရီးယားနိုင်ငံ စီးပွားရေးခေါင်းဆောင်များနှင့် စီးပွားရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည့်အပြင် Saemaul Undong Center သို့လည်း သွားရောက်၍ ကိုရီးယားသမ္မတနိုင်ငံ တစ်ဝှမ်းရှိ ကျေးရွာသစ် စီမံကိန်းအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်မှု များကိုလည်း လေ့လာခဲ့ပါကြောင်း၊ ကျေးလက်၏ ဆင်းရဲမွဲတေခြင်းကို ဖြေရှင်းရန်အတွက် သမ္မတ ပတ်ချုံဟီးလ် က လယ်သမားများ၏ ကိုယ့်အားကိုယ်ကိုး စိတ်နှင့် စုပေါင်းလုပ်ကိုင်ချင်စိတ်ကို မြှင့်တင်ပေးပြီး ကျေးရွာကို တိုးတက်အောင် လုပ်ရမည်ဟူသည် အတွေးပေါ်ပေါက်ခဲ့ပါကြောင်း၊ ယင်းကို အခြေခံကာ ကျေးရွာ၏ နေထိုင်မှုဘဝ ပတ်ဝန်းကျင်ကို ပြောင်းလဲစေ သည့် Saemaul  ကျေးရွာသစ် လှုပ်ရှားမှုကို စတင်ပျိုးထောင်ခဲ့ပါကြောင်း။

ပြည်သူများကိုယ်တိုင်က ငွေအားနှင့် လူအား စိုက်ထုတ်ခြင်းဖြင့် ရွာပြုပြင်ခြင်း လုပ်ငန်းများ ဖြစ်သည့် ရွာဧရိယာချဲ့ထွင်ခြင်း၊ အမိုးအကာ လုံခြုံအောင်ပြုပြင်ခြင်း၊ ယာယီတံတား၊ ချောင်းများ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထို့နောက် တစ်နိုင်ငံလုံး၏ ကျေးရွာပေါင်း (၃၅ဝဝဝ) မှာ တစ်ရွာလျှင် ဘိလပ်မြေ အိတ်ပေါင်း (၃၃၅) အိတ်ကို အခမဲ့ ထောက်ပံ့ပေး ခဲ့ပါကြောင်း၊ ယင်းသို့သော အနေအထားနှင့် ကျေးရွာသစ်လှုပ်ရှားမှုကို စတင် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံး (၁ဝ) နိုင်ငံ စာရင်းထဲသို့ ဝင်ရောက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာပါကြောင်း။

ထို့အပြင် ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် သမ္မတပတ်ချုံဟီးလ်က Korean Development  Institute (KDI) ကို ၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါကြောင်း၊ ဆယ်စုနှစ်(၃)ခုအတွင်း နိုင်ငံတကာနှင့် ပြည်တွင်း  စီးပွားရေး အခြေအနေများနှင့် စီမံကိန်းများအပေါ် လေ့လာဆန်းစစ်၍ မူဝါဒများနှင့် လမ်းညွှန်ချက် များ ချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (Myanmar  Development Institute-MDI) တစ်ခု ထူထောင်ရန် ရည်ရွယ်ထားပါကြောင်း၊ လက်ရှိကာလတွင် (Myanmar Development and  Resource Institute) ကို ထူထောင်ထားပါကြောင်း၊ ၎င်းသည် MDI ၏ ရှေ့ပြေး စီမံကိန်းပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယားနိုင်ငံ Saemaul Undong ပညာရှင်များ က ကျေးရွာသစ်လှုပ်ရှားမှု ရှေ့ပြေးစီမံကိန်းကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု သိရှိရပါကြောင်း၊ ယခုကဲ့သို့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးမှုများမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လွန်စွာ အရေးပါလှပါကြောင်း၊ ကျေးရွာသစ် လှုပ်ရှားမှု လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက် လာနိုင်စေရန် အတွက် ယခုဖိုရမ်မှာ ဆက်လက် ဆွေးနွေး အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည် ဖော်သည့်အခါ အစုအဖွဲ့ စုဖွဲ့မှုသည် အဓိက အကျဆုံးဖြစ်သည့်အတွက် မြို့နယ်များနှင့် ကျေးရွာများတွင် စိတ်တူကိုယ်တူများ စုစည်း၍ အစုအဖွဲ့ဖြင့် အကျိုးတူလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကာ နောင်တွင် အစုအဖွဲ့အဆင့်မှ ကျေးရွာသမဝါယမ အသင်းများအသွင်သို့ လူထု ယုံကြည်မှုရချိန်တွင် ပြောင်းလဲဖွဲ့စည်းခြင်းကို စီမံ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မိမိတို့အစိုးရ တာဝန်ယူသည့် လ (၃ဝ) ကာလအတွင်း ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှု များစသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိနေသည့် လ (၃ဝ) အတွင်း ပြည်သူဗဟိုပြု လူမှုစီးပွား ဖွံ့ဖြိုးရေး ဦးစားပေး လိုအပ်ချက်များဖြစ်သော လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး၊ အလုပ်အကိုင်များ တိုးတက်ရရှိနိုင်မည့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများအတွက် အဓိကဝင်ငွေနှင့် ဒုတိယဝင်ငွေရရှိရန်၊ တောင်သူ လယ်သမားတစ်ဦးချင်း အနေဖြင့် နည်းပညာနှင့် အရင်းအနှီး မလုံလောက်သည့်အတွက် ဆင်းရဲမှုနှင့် အကြွေးတင်မှုတို့မှ မလွတ်မြောက်နိုင်သည့် အခြေအနေကို ကျော်လွှားနိုင်ရန် တစ်ဦးတစ်ယောက်ချင်း လက်လီ စိတ်ပြီး နည်းပညာနှင့်  အရင်းအနှီးပေးရန် ခက်ခဲသည့် အတွက်ကြောင့် ယခုကဲ့သို့ မြို့နယ် အစုအဖွဲ့များနှင့် ကျေးရွာအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စုဖွဲ့သည့် အခါတွင်လည်း နယ်မြေဒေသနှင့် ဆီလျော်သည့် တောင်သူလယ်သမားများ လက်ရှိ တစ်ပိုင်တစ်နိုင် မွေးမြူနေသော ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ငါးတို့အနက် ယင်းတို့ ဆန္ဒအရ စုဖွဲ့ဆောင်ရွက်မှုကို လိုအပ်သလိုဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။
       
တစ်ပိုင်တစ်နိုင်ငံ အဆင့်ထက်ပိုမိုပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ပေါင်းစည်း လယ်ယာအဖြစ် လုပ်ကိုင်နိုင်သည့် တောင်သူ လယ်သမားကြီးများ ရွေးချယ်ပြီး ပေါင်းစည်း လယ်ယာ လုပ်ကိုင်နိုင်ရေးကို တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ အချို့မြို့နယ်၊ ကျေးရွာတို့တွင် တစ်ရွာလုံး ငါးမွေးခြင်း၊ တစ်ရွာလုံး ဆိတ်မွေးခြင်း၊ တစ်ရွာလုံး ကြက် မွေးခြင်းမျိုး ရှိပါက ရွေးချယ်စုစည်း၍ ကျေးရွာမွေးမြူရေးနှင့် သားငါးထုတ်လုပ်ရေးအစုအဖွဲ့ (ကျေးရွာအသင်းခွဲ) ကို သီးခြား ဖွဲ့စည်း ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမားများအနေဖြင့် အဓိကဝင်ငွေအတွက် စိုက်ပျိုးသော ရာသီ သီးနှံ များကို အနည်းဆုံး လေးငါးလကြာမှ ဝင်ငွေရနိုင်သည့်အတွက် ကြားကာလတွင် နေ့စဉ် ဝင်ငွေရစေရန် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို တစ်ချိန်တည်း ပူးပေါင်းပြုလုပ်သည့် ပေါင်းစည်း လယ်ယာလုပ်ငန်းကို အကော်အထည်ဖော်ပေးရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့် အရင်းအမြစ်များကို အသုံးပြုနိုင်ရန် အတွက် မိမိတို့အစိုးရအနေဖြင့် ပြည်သူများအတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ရာ၌ ပိုမိုထိရောက်ရေးအတွက် ခိုင်မာသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားရန်၊ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက် (NayPyiTaw Accord) ကို အတည်ပြု ထုတ်ပြန် ကြေညာပြီး ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအား သာမက နိုင်ငံတကာမှ အကူအညီများ၊ အကြံဉာဏ်များ၊ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါကြောင်း၊ ယနေ့ ဖိုရမ်တွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံတို့မှ ပညာရှင်များ၊ ကျွမ်းကျင်သူများက  ဆွေးနွေးခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းများ ဆောင်ရွက်သွားပြီး ၎င်းဖိုရမ်မှ မိမိတို့နိုင်ငံ အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ၊ ရလဒ်ကောင်းများ ပေါ်ထွက်နိုင်ရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အသေးစားချေးငွေလုပ်ငန်းသည် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အဓိက အခြေခံကျသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ပြည်သူအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရုံသာမက နောင် ၄/၅ နှစ်အတွင်း ငွေချေးစရာမလိုတော့ဘဲ မိမိပိုင်ငွေကြေးဖြင့် အလုပ် လုပ်နိုင်အောင်နှင့် ၎င်းမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် မျှော်မှန်းဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊

အသေးစားချေးငွေ လုပ်ငန်းအတွက် မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆ဝဝဝဝ ကျော်က ပြည်သူများကို အသင်းသားတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ရင်းနှီးငွေ ထုတ်ချေးမည် ဆိုပါက ကျပ်ဘီလီယံ (၆ဝဝ)ကျော် လိုအပ်မည်ဖြစ်ပြီး နောင် ၄/၅ နှစ်အတွင်း မိမိဖာသာ ရပ်တည်လာနိုင်အောင်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်အောင် တစ်ဦးလျှင် ကျပ် ၅ သိန်း အထိ တိုးမြှင့်ထုတ်ချေးမည် ဆိုပါက ကျပ်ဘီလီယံ (၃ဝဝဝ) ခန့် လိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ငွေကြေးများရရှိနိုင်ရန် Microfinance Bank ထူထောင် ဆောင်ရွက်သည့်တိုင် လိုအပ်သည့်ငွေကြေးကို လုံလောက်အောင် မရရှိနိုင်သည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြပါရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကိုရီးယားနိုင်ငံ မဟာဗျူဟာနှင့် ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Tae Yong Yoon ၊ KDI အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန၏ အမှုဆောင်ဒါရိုက်တာ Dr. Hongtaek CHUN နှင့် ကိုရီးယားနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးဝန်ကြီး  Mr. Yoo Jeong Bok တို့က အသီးသီး အမှာစကားပြောကြားကြပြီး ဆွေးနွေးပွဲကို အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ယခုဖိုရမ်ကို ကိုရီးယားသမ္မတနိုင်ငံ မဟာဗျူဟာနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကိုရီးယား ဖွံ့ဖြိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံအစိုးရ သမဝါယမဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့်မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုရီးယားသမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒသကြီး လှည်းကူး မြို့နယ် ဖောင်ကြီးရှေ့ကျေးရွာနှင့် သန်လျင်မြို့နယ် သနပ်ပင် ကျေးရွာတို့ကို ရွေးချယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျေးရွာသစ်စီမံကိန်းကို ၂ဝ၁၂ ခုနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဖောင်ကြီး အရှေ့ကျေးရွာ၌ ဆောက်လုပ်ထားသည့် Saemaul Undong Complex Center စုပေါင်းခန်းမ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၃ဝ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများကို အခြား ပြည်နယ်/ တိုင်းဒေသကြီး တို့တွင်လည်း တိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာသစ်လှုပ်ရှား စီမံကိန်း နားလည်မှု စာချွန်လွာကို ယနေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း Pre SEA Games Karatedo Test Match ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေး






နေပြည်တော် သြဂုတ် ၂၈
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (၃၀၀၀-A)၌ ကျင်းပသည့် Pre SEA Games Karatedo Test Match ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အာရှကရာတေးဒိုအဖွဲ့ချုပ် ဒိုင်လူကြီး ကော်မတီဥက္ကဋ္ဌ၊ အရှေ့တောင်အာရှကရာတေးဒိုအဖွဲ့ချုပ် အတွင်းရေးမှူး Mr. Vincent Chang ၊ နည်းစနစ်တာဝန်ခံ Mr. Lin Chee Jim ၊ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိုင်လူကြီးများ၊ အားကစား သမားများ၊ အသင်းတာဝန်ခံများ၊ အားကစား ပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ကို ၁၉၈၉ ခုနှစ်၊ ဇွန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစပြီး (၂၆) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မပျက်မကွက် ပါဝင် ယှဉ်ပြိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ ပြိုင်ပွဲများတွင် သာမက အာရှအဆင့်ပြိုင်ပွဲများတွင်လည်း ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး ကရာတေးဒို အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတကာပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ရရှိထားသော အတွေ့အကြုံများကို အခြေခံ၍ ပြိုင်ပွဲဝင်နိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ Test Match ပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် Pre SEA Games Karatedo Test Match ပြိုင်ပွဲမှ အရှေ့တောင်အာရှနိုင်ငံများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် နားလည်မှုများ ပိုမိုရရှိနိုင် မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးနှင့် ဒိုင်လူကြီးများကိုယ်စား ဒိုင်လူကြီးတစ်ဦးတို့က သစ္စာ အဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးအသင်းများက အသင်းလိုက်  “ခတ” သရုပ်ပြ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များက သီဆိုကပြဖျော်ဖြေကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြီး မွန်းလွဲပိုင်းတွင် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ တို့က ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် Pre SEA Games Karatedo Test Match ပြိုင်ပွဲတွင် မလေးရှားနိုင်ငံအသင်း၊ ထိုင်းနိုင်ငံအသင်း၊ ဗီယက်နမ် နိုင်ငံအသင်း၊ လာအိုနိုင်ငံအသင်း၊ အိမ်ရှင်မြန်မာနိုင်ငံမှ (အေအသင်း) နှင့် (ဘီအသင်း) တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို သြဂုတ် ၂၉ ရက်အထိ အဆိုပါ အားကစားရုံ၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း Pre SEA Games Karatedo Test Match ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေး






နေပြည်တော် သြဂုတ် ၂၈
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (၃၀၀၀-A)၌ ကျင်းပသည့် Pre SEA Games Karatedo Test Match ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အာရှကရာတေးဒိုအဖွဲ့ချုပ် ဒိုင်လူကြီး ကော်မတီဥက္ကဋ္ဌ၊ အရှေ့တောင်အာရှကရာတေးဒိုအဖွဲ့ချုပ် အတွင်းရေးမှူး Mr. Vincent Chang ၊ နည်းစနစ်တာဝန်ခံ Mr. Lin Chee Jim ၊ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိုင်လူကြီးများ၊ အားကစား သမားများ၊ အသင်းတာဝန်ခံများ၊ အားကစား ပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ကို ၁၉၈၉ ခုနှစ်၊ ဇွန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစပြီး (၂၆) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မပျက်မကွက် ပါဝင် ယှဉ်ပြိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ ပြိုင်ပွဲများတွင် သာမက အာရှအဆင့်ပြိုင်ပွဲများတွင်လည်း ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး ကရာတေးဒို အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတကာပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ရရှိထားသော အတွေ့အကြုံများကို အခြေခံ၍ ပြိုင်ပွဲဝင်နိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ Test Match ပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် Pre SEA Games Karatedo Test Match ပြိုင်ပွဲမှ အရှေ့တောင်အာရှနိုင်ငံများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် နားလည်မှုများ ပိုမိုရရှိနိုင် မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးနှင့် ဒိုင်လူကြီးများကိုယ်စား ဒိုင်လူကြီးတစ်ဦးတို့က သစ္စာ အဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးအသင်းများက အသင်းလိုက်  “ခတ” သရုပ်ပြ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များက သီဆိုကပြဖျော်ဖြေကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြီး မွန်းလွဲပိုင်းတွင် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ တို့က ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် Pre SEA Games Karatedo Test Match ပြိုင်ပွဲတွင် မလေးရှားနိုင်ငံအသင်း၊ ထိုင်းနိုင်ငံအသင်း၊ ဗီယက်နမ် နိုင်ငံအသင်း၊ လာအိုနိုင်ငံအသင်း၊ အိမ်ရှင်မြန်မာနိုင်ငံမှ (အေအသင်း) နှင့် (ဘီအသင်း) တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို သြဂုတ် ၂၉ ရက်အထိ အဆိုပါ အားကစားရုံ၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရင်းနှီးမြှုပ်နှံမှု ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့နှင့် မင်္ဂလာဒုံ စက်မှုဇုန် လှည့်လည် ကြည့်ရှုစစ်ဆေး






နေပြည်တော် ဩဂုတ် ၂၆  
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာနသို့ ရောက်ရှိသည်။

ဒုတိယသမ္မတအား စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်နှင့် တာဝန်ရှိသူတို့က ဌာနစတင်ဖွဲ့စည်းခဲ့မှု၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ ဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို မှာကြားသည်။
အသေးစားနှင့်အလတ်စားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့သည်။ ယင်းဌာနက နိုင်ငံစီးပွားရေး၏ အဓိက အသက်သွေးကြောဖြစ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ထိရောက်စွာ ကူညီထောက်ပံ့ အားပေးနိုင်ရေး၊ အောင်မြင်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများမှ အကြီးစားလုပ်ငန်းများသို့ ကူးပြောင်းချဲ့ထွင် လာနိုင်စေရန် ထောက်ပံ့ ကူညီပေးနိုင်ရေးတို့အတွက် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်း လုပ်ငန်းအဖွဲ့ (One Stop Service for Investment) ရုံးသို့ ရောက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များအတွက် ဌာနအသီးသီး၏ လုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပူးပေါင်းလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက ပူးပေါင်းလုပ်ငန်းအဖွဲ့ အနေဖြင့် ရင်းနှီးမြှုပ်နှံရန် လာရောက်သူများ အတွက် လုပ်ဆောင်ပေးဖွယ်ရာရှိသည်များကို ပိုမို မြန်ဆန်သွက်လက်စွာ ဆောင်ရွက် ပေးရန် မှာကြားသည်။

ရင်းနှီးမြှုပ်နှံမှု ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ဆောင်ရွက်ရေး၊ လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ လုပ်ငန်း ဆောင်ရွက်မှု များကို ကွင်းဆင်းစစ်ဆေး ကြပ်မတ်နိုင်ရေးတို့အတွက် တစ်နေရာတည်းတွင် လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ပူးပေါင်းလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စသည့်ဌာနများ ပူးပေါင်း ဖွဲ့စည်းထားပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများအား တစ်နေရာတည်းတွင် လုပ်ငန်းများ ပြီးမြောက်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုမှတစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံစက်မှုဇုန်သို့ ရောက်ရှိရာ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ မင်္ဂလာဒုံစက်မှုဇုန် ကုမ္ပဏီ လီမိတက်အထွေထွေမန်နေဂျာ ဦးမင်းသူနှင့် တာဝန်ရှိသူများက စက်မှုဇုန် တည်ထောင်ခဲ့မှု၊ မြေအကျယ်အဝန်းနှင့် ဖော်ထုတ်ပြီး စက်မှုမြေကွက် များအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများသို့ နှစ်ရှည်ငှားရမ်းနေမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက စက်မှုဇုန်များ ဖော်ထုတ်ရာတွင် ယခုကဲ့သို့ စနစ်တကျ ဖော်ထုတ်တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်မှာကြားပြီး စက်မှုဇုန် အတွင်းရှိ Myanmar Asia Optical International Co.,Ltd. မှ မှန်ဘီလူးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ဂျပန်နိုင်ငံ Mitsui Co. တို့ ပူးပေါင်း၍ မင်္ဂလာဒုံစက်မှုဇုန် ကုမ္ပဏီလီမိတက်ကို ဖက်စပ် တည်ထောင်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ရှိ မြေဧက ၂၂၀ ကျော်တွင် နိုင်ငံတကာအဆင့်မီ မင်္ဂလာဒုံစက်မှုဇုန်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက် ဖော်ထုတ် ခဲ့ကြသည်။ ဖော်ထုတ်ပြီးသော စက်မှု မြေကွက်များကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသို့ နှစ်ရှည်ငှားရမ်းရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်မှစတင်၍ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် စင်ကာပူနိုင်ငံ Kepventure Pte. Ltd တို့ ပူးပေါင်း၍ ယင်းစက်မှုဇုန်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ စက်မှုဇုန်တွင် စက်မှုလုပ်ငန်း ၁၈ ခု လုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတသည် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏသို့ ရောက်ရှိရာ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ရန်ကုန်မြို့တွင် ကျင်းပမည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ အားကစား အဖွဲ့ချုပ်များက ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ပြိုင်ပွဲကာလအတွင်း လုံခြုံရေးကိစ္စရပ်များ စီမံထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း Pre SEA Games Vovinam Test Match 2013 ဖွင့်ပွဲ အခမ်းအနားတက်ရောက် အားပေး






နေပြည်တော် သြဂုတ် ၂၂

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သော  Pre SEA Games Vovinam Test Match 2013 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။

အခမ်းအနားတွင် ရှေးဦးစွာ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား မောင်းတီး ဖွင့်လှစ် ပေးသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အရှေ့တောင်အာရှ ဗိုဗီနမ်(ဗန်တို)အဖွဲ့ချုပ် ဥက္ကဋ္ဌMr. Oknha RAT SOKHORN၊ မြန်မာသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိ ကော်မတီအဖွဲ့ဝင်များ၊၂ဝ၁၃ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ အသင်းတာဝန်ခံများ၊ အားကစားပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ယင်းနောက် ဒိုင်လူကြီးများကိုယ်စား ဒိုင်လူကြီးတစ်ဦးနှင့် ပြိုင်ပွဲဝင် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက သစ္စာအဓိဋ္ဌာန်များကိုရွတ်ဆိုကြသည်။

ထို့နောက် ဒုတိယသမ္မတဦးဥာဏ်ထွန်းက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်များပေးအပ် ချီးမြှင့်သည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ မြန်မာ့သိုင်းပညာ သရုပ်ပြခြင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ဦးရွှေရိုးနှင့် ဒေါ်မိုး၊ ဗွေးတုတ်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဗိုဗီနမ်(ဗန်တို)အားကစား ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ လေးယောက်တွဲခြေညှပ်လှဲ စနစ်သုံး တိုက်ခိုက်ပုံ သရုပ်ဖော်အပြပြိုင်ပွဲကို မြန်မာ-အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများမှ ပြိုင်ပွဲဝင်အသင်းများက အသင်းလိုက် သရုပ်ပြ ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပထမဆုရ မြန်မာ(က)အသင်း၊ ဒုတိယဆုရ အင်ဒိုနီးရှားအသင်းနှင့် တတိယဆုရ လာအိုအသင်းတို့ကို ပြည်ထောင်စု ဝန်ကြီးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။

အဆိုပါ ဗိုဗီနမ်(ဗန်တို)အားကစားသည် ဗီယက်နမ်ရိုးရာကိုယ်ခံပညာရပ်ဖြစ်ပြီး လက်နက်ဖြင့် တိုက်ခိုက်ခြင်းနှင့် လက်နက်မဲ့ တိုက်ခိုက်ခြင်းဟူ၍ အမျိုးအစားနှစ်မျိုး ရှိကြောင်း သိရသည်။ ဗိုဗီနမ်(ဗန်တို) အားကစားကို ၁၉၃၈ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံသား ငုယင်လောက်ဆိုသူက စနစ်တကျ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ရည်ရွယ်ချက် မှာ မိမိကိုယ်ကို ခုခံကာကွယ်နိုင်သော ပညာရပ်အား အချိန်တိုအတွင်း လေ့လာ တတ်မြောက်စေရန်ဖြစ်သည်။ ဗီယက်နမ်၌ ကိုယ်ခံပညာရပ်နှင့်ပတ်သက်၍ ပြင်ပမှ လွှမ်းမိုးမှုများ များပြားခဲ့ခြင်းကြောင့် ဗီယက်နမ်ရိုးရာစစ်စစ် ကိုယ်ခံပညာရပ်ဖြင့် ရပ်တည်လိုခြင်းသည် ၎င်း၏ အဓိကရည်မှန်းချက်ဖြစ်ခဲ့သည်။  အားကစားပြိုင်ပွဲများ၌ ထည့်သွင်းကျင်းပသော ဗိုဗီနမ်(ဗန်တို)အား ကစားနည်းတွင် အတိုက်ပြိုင်ပွဲနှင့် သရုပ်ပြပြိုင်ပွဲဟူ၍ ခွဲခြားထားသည်။

ဗိုဗီနမ်(ဗန်တို)အားကစားသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ၂ဝ၁၁ ခုနှစ်မှ စတင် ပါလာပြီးရွှေတံဆိပ်(၁၄)ခု ချီးမြှင့်ခဲ့ သည်။ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ယခုနှစ်တွင် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင်  ဗိုဗီနမ်(ဗန်တို)အားကစား ပါဝင်မည် ဖြစ်ကာ ရွှေတံဆိပ်(၁၈)ခု ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။      
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------  

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အင်ဒိုနီးရှား ဒုတိယသမ္မတထံ ဝမ်းမြောက်သဝဏ်လွှာပို့


နေပြည်တော် သြဂုတ် ၁၇
၂ဝ၁၃ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ကျရောက်သော အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းထံမှ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာ ဘူဒီရိုနိုထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးနှင့် မြန်မာ့အားကစားအဖွဲ့ အောင်နိုင်ရေး အတွက် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား





နေပြည်တော် သြဂုတ် ၁၃
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးနှင့် မြန်မာ့အားကစား အဖွဲ့ အောင်နိုင်ရေးအတွက် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အားကစားဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကားပြောကြားရာတွင် အစိုးရနှင့် အားကစားအဖွဲ့ချုပ်များအကြား အမြဲ ရှင်သန်အားကောင်းနေသည့် ဆက်ဆံရေး ထူထောင် ထားရှိရန်လိုအပ်ပါကြောင်း၊ ထိုသို့သော ဆက်ဆံရေး ထူထောင်ရန်အတွက် မကြာခဏ ထိတွေ့ဆက်ဆံရန်၊ ပူးပေါင်းဆောင်ရွက်ရန်၊ အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီး၌ ပါဝင် ဆောင်ရွက်နေသည့် တာဝန်ရှိသူများ အနေဖြင့် ဘဏ္ဍာရေးနှင့် နည်းစနစ်ပိုင်းတွင် တာဝန်ရှိမှုနှင့် တာဝန်ခံမှု ရှိရန် လိုအပ်ပါကြောင်း။

အစိုးရနှင့် အားကစားအဖွဲ့ချုပ်များအကြားတွင် နှစ်ဦးနှစ်ဖက် လိုအပ်ချက်များကို အပြန်အလှန် လေးစားမှုဖြင့် ဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိသည် အဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများနှင့်မကြာခဏ ထိတွေ့ခဲ့ပါကြောင်း၊ ထိုသို့သော ထိတွေ့ ဆက်ဆံမှုများကြောင့် အဖွဲ့ချုပ်အသီးသီး၏ အောင်နိုင်စိတ် ပြင်းပြစွာဖြင့် တက်ကုန်ရွက်ကုန်ဖွင့် ကြိုးပမ်း အားထုတ်နေသည်ကို အားတက်ဖွယ် တွေ့မြင် နေရပါကြောင်း။

လာမည့် ရက်ပေါင်း ၁ဝဝ ကျော်ကာလအတွင်း မြန်မာ့မြေပေါ်သို့ အရှေ့တောင်အာရှ အားကစားပွဲတော်ကြီး ရောက်ရှိ လာတော့မည် ဖြစ်ပါကြောင်း၊ အဆိုပါ အားကစား ပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အားကစား ပြိုင်ပွဲကြီးတွင် နိုင်ငံ့ ဂုဏ်ဆောင်မည့် အားကစားသမားများ အောင်မြင်မှုရရှိရန်၊ နိုင်ငံတော်၏ စီးပွားရေး အခွင့်အလမ်းကောင်း များကို ဂုဏ်ယူပြသနိုင်ရန်အတွက် စိန်ခေါ်မှုများကို တွေ့ကြုံ နေရသည့်ကာလလည်း ဖြစ်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို မိမိတို့နှင့်အတူ အားကစား အဖွဲ့ချုပ်အသီးသီး၏ ကြိုးပမ်းအားထုတ်မှုများဖြင့် နိုင်ငံတော်အတွက် ခမ်းနားကြီးကျယ်သည့် သမိုင်းဝင် ဖြစ်ရပ်ကြီးအဖြစ် ပြောင်းလဲပစ်နိုင်မည့် အခွင့်အလမ်းကောင်းကြီး အဖြစ် ယုံကြည်ပါကြောင်း။

ထို့ကြောင့် အားကစားအဖွဲ့ချုပ် အသီးသီးသည် မိမိတို့တွင် ရှိပြီးဖြစ်သည့် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချ နိုင်ရန်နှင့် အားကစားအဖွဲ့အလိုက် အောင်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက်နှင့် လုပ်ငန်းစီမံချက်များကို စနစ်တကျ ရေးဆွဲပြီး စီမံချက်များအတိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အဖွဲ့ချုပ်အသီးသီး၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အားကစားနည်းအလိုက် လက်ရွေးစင်အားကစား သမားများ ရွေးချယ်ထားရှိမှု၊ လေ့ကျင့်ပေးနေမှုနှင့် အားကစားပြိုင်ပွဲကြီးတွင် အောင်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး ကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဘဏ္ဍာငွေရှာဖွေရေး၊ ထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဇော်ဝင်းနှင့် ဦးသောင်းထိုက်တို့က (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့် လိုအပ်ချက်များကို သုံးသပ်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အားကစားအမျိုးအစားအလိုက် အောင်နိုင်ရေးအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌများ ယခုထက်ပိုမို၍ ကြိုးပမ်းအားထုတ်ကြရန်နှင့် တာဝန်ရှိသူအားလုံးက တက်ညီလက်ညီ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအတွက် အဓိကဆောင်ရွက်ပေးရမည့် အားကစားကွင်း၊ အားကစားရုံနှင့် အားကစားနေရာများကို နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက် ပေးထားပါကြောင်း၊ ထို့အတူ အားကစားအဖွဲ့ချုပ် အသီးသီးကလည်း အောင်စိတ် ပြင်းပြစွာဖြင့် ကြိုးပမ်း အားထုတ်နေကြသည်ကို တွေ့မြင်ရပါကြောင်း၊ အောင်မြင်မှု၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လေ့ကျင့်သား ပြည့်ဝခြင်း၊ စည်းကမ်းရှိခြင်း၊ အပြင်းအထန် ကြိုးပမ်း အားထုတ်ခြင်းတို့နှင့် ပြည့်စုံသော အသင်းကောင်းများ ဖြစ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ အားကစားအဖွဲ့ချုပ်များ၊ အားကစား မောင်မယ်များအားလုံး အားကစားပွဲကြီး အောင်မြင်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------   

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ခြင်း အခမ်းအနားနှင့် မြန်မာ- တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြီးစီးမှု အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား








နေပြည်တော်  ဇူလိုင် ၂၉
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဦးသန်းဌေး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်ဖြူကုန်းပိုင်း ဓာတ်ငွေ့ထိန်းဖြန့်စခန်း(OGT) သဘာဝ ဓာတ်ငွေ့ စတင်ပို့လွှတ်ခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အင်းယားလိပ်ဟိုတယ်၌ ကျင်းပသည့် ကမ်းလွန်ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး Mr. Zhang Yunqing၊  ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှု နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jin Hyun Han၊  Daewoo ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီ၊ KOGAS ကုမ္ပဏီ၊ POSCO ကုမ္ပဏီ၊ SEAGP ကုမ္ပဏီတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ကိုရီးယားနိုင်ငံ ဒုတိယဝန်ကြီး Mr. Jin Hyun Han နှင့် POSCO ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ဂုဏ်ပြုစကားပြောကြားကြသည်။

ယင်းနောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ပို့လွှတ်ခြင်း အထိမ်းအမှတ် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့သည် မန္တလေးမြို့သို့ ရောက်ရှိပြီး အမရပူရမြို့နယ်ရှိ Control Station ခန်းမ၌ ကျင်းပသည့် မြန်မာ- တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ပြီးစီးမှု အခမ်းအနားသို့ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းမှူး ဗိုလ်ချုပ် ညိုစောနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီး Mr. Zhang Yunqing၊ ကိုရီးယားနိုင်ငံမှ ဒုတိယဝန်ကြီး Mr. Jin Hyun Han ၊ Daewoo ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီ။ KOGAS ကုမ္ပဏီ၊ POSCO ကုမ္ပဏီ၊ SEAGP ကုမ္ပဏီတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင် အရာရှိချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးနှင့် ကိုရီးယားနိုင်ငံမှ ဒုတိယဝန်ကြီး တို့က ဂုဏ်ပြုအမှာစကားပြောကြားကာ CNPC ဥက္ကဋ္ဌက ပိုက်လိုင်း လုပ်ငန်း စတင်ကြောင်း ကြေညာသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ Daewoo ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီ၊ KOGAS ကုမ္ပဏီ၊ POSCO ကုမ္ပဏီ၊ SEAGP ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့်အတူ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား စက်ခလုပ်နှိပ်၍ သဘာဝဓာတ်ငွေ့များကို  စတင်ပို့လွှတ်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် Corporate Culture Showroom အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်အတူ Control Station ခန်းမမျက်နှာစာရှေ့၌ ပိတောက်ပင်နှင့် စကားဖြူပင်များကို ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရ စိုက်ပျိုး ပေးကြသည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာနှင့် အချင်းလက်မ ၄၀ ရှိပြီး တစ်နေ့လျင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၂၀၀ ပို့လွှတ်နိုင်ကာ ဖိအား ၁၄၅၀ ပေါင်အထိ ခံနိုင်ရည်ရှိကြောင်း၊ အဆိုပါ စီမံကိန်းသည် နိုင်ငံတကာအဆင့် စီမံကိန်းတစ်ခုဖြစ်ပြီး နိုင်ငံလေးနိုင်ငံမှ ကုမ္ပဏီ ၆ ခု၏  အကျိုးတူပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပိုက်လိုင်းအတွင်းသို့ တစ်နေ့လျင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ နှုန်းဖြင့် လိုင်းဖြည့်လျက်ရှိကြောင်း၊ ပိုက်လိုင်းတစ်ခုလုံး သဘာဝဓာတ်ငွေ့ ဖြည့်ပြီးပါက သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ပြီး ကုဗပေသန်း ၄၀၀ ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ ကုဗပေသန်း ၁၀၀ ကို ပြည်တွင်းသုံးအတွက် လည်းကောင်း ပို့လွှတ်သွားမည်ဖြစ်ကြောင်း၊  ပြည်တွင်းသုံးဓာတ်ငွေ့ ဖြန့်ဖြူးရေး အနေဖြင့် ကျောက်ဖြူတွင် ကုဗပေသန်း ၂၀၊ ရေနံချောင်းတွင် ကုဗပေ ၂၃ သန်းနှင့် တောင်သာတွင် ကုဗပေ ၅၇ သန်း ဖြန့်ဝေသုံးစွဲရန် စီမံချက်ချထားကြောင်း၊ ယင်း စီမံချက်သည် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည့်အပြင် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------  

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အားကစားကွင်းနှင့် အားကစားရုံများ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး






နေပြည်တော် ဇူလိုင် ၁၆

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း အားကစားရုံများ တည်ဆောက်ပြီးစီးမှုနှင့် အားကစားနည်းအလိုက် အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ပေးနေမှုများကို ယနေ့မွန်းလွဲ ၂ နာရီတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ကနူး/ကယက်၊ အနောက်တိုင်းလှေနှင့် ရိုးရာ လှေပြိုင်ပွဲများ ကျင်းပမည့် ငလိုက်ဆည်သို့ ရောက်ရှိရာ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ပြိုင်ပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုနှင့် အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ပေးနေမှုတို့ကို လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဝဏ္ဏသိဒ္ဓိ အားကစားရွာအနီးရှိ မြင်းစီး အားကစားပြိုင်ကွင်း တည်ဆောက်ပြီးစီးမှု၊ ပြိုင်မြင်းများ စုဆောင်းထားရှိ မှုနှင့် လေ့ကျင့်ပေး နေမှုများကိုလည်းကောင်း၊ အားကစားသမားရွာ၊ ဆေးခန်းနှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်နှင့် ဝဏ္ဏသိဒ္ဓိ Sport Complex တည်ဆောက် ပြီးစီးမှုကို လည်းကောင်း၊ အားကစားနည်းများအလိုက် အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ပေးနေမှု ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လိုက်လံရှင်းလင်းပြသပြီး ဒုတိယသမ္မတက လိုအပ်သည်များအား လမ်းညွှန် မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းအား ဝဏ္ဏသိဒ္ဓိ အားကစားရုံဧည့်ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု၊ အားကစားကွင်းများ တည်ဆောက်ပြီးစီးမှု၊ အားကစား နည်းအလိုက် ပြိုင်ပွဲဝင် အားကစားသမားများအား ပြည်တွင်း/ ပြည်ပမှ နည်းပြ များနှင့် လေ့ကျင့်ပေးမှု အခြေအနေများ၊ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံနိုင်ငံများမှ အားကစားသမားများနှင့် တာဝန်ရှိသူများအား နေရာချထားမည့် အစီအစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေများတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲများကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဇေယျာသီရိ အားကစားကွင်း၊ မြားပစ်ကွင်း၊ မြင်းစီးကွင်း၊ ငလိုက်ဆည်တို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ၁ဝဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကာ အားကစားရွာ တည်ဆောက်မှုမှာ ၉၉ ဒသမ ၈၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
   

No comments:

Post a Comment