Wednesday, April 6, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေး




နေပြည်တော် ဧပြီ ၆
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ပါရိုလို ဂျန်တီလိုနီအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အီတလီဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး မစ္စတာ ပီယာဂျော်ဂျီယို ဖက်ဒါရီကို အလီဘာတီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



No comments:

Post a Comment