ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၇ / ၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့
ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့ပါ ပြဌာန်းချက်များအရ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို
ယှဉ်တွဲပါဝန်ကြီးဌာနများတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးများအဖြစ်
ခန့်အပ် တာဝန်ပေးလိုက်သည်-
(၁)
|
ဗိုလ်မှူးကြီးဇော်လွင်
|
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
|
(၂)
|
ဦးဖြိုးဝင်းထွန်း
|
စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန
|
(၃)
|
ဦးဟိုပင်
|
လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန
|
(၄)
|
ဦးမြင့်မောင်
|
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
|
(၅)
|
ဦးကြည်လှိုင်
|
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန
|
(၆)
|
ဦးမြင့်စန်း
|
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
|
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment