ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး
........................................................................................................................................................................................................................
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့လုပ်ငန်းဆောင်ရွက်
စစ်တွေ ဧပြီ ၂
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မတ် ၃၀ ရက်မှစ၍ မတ်၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖြစ်ပွားခဲ့သော အခြေအနေများအား စစ်ဆေးဆောင်ရွက်လျက် ရှိသည်။ ယနေ့ အချိန်ထိ ဆောင်ရွက်ချက်မှာ ကျန်းမာရေးနှင့်ပတ်သက်၍ MoU ထိုးထားသည့် ကိစ္စရပ်များ အားလုံး ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး MSF မှ (HIV/AIDS) ဆေးများ သုံးလစာပေးထားပြီး ကျန်ရှိဆေးများအား ပြည်နယ် ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။
ဒုက္ခသည်စခန်းများသို့ ရိက္ခာဖြန့်ဝေမှုနှင့် ပတ်သက်၍ ဧပြီ ၁၆ ရက်အထိ ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ၁၂ ဦးအား ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
------------------------------------------------------------------------------------------
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ
ရန်ကုန် မတ် ၁၁
"ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း (အနောက်) ကျေးရွာတို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ဇန်နဝါရီ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ စုံစမ်းရေးကော်မရှင် အနေဖြင့် အခင်း ဖြစ်ပွားရာ ဒေသရှိ ဒေသခံများနှင့် အစိုးရ တာဝန်ရှိသူတို့နှင့် တွေ့ဆုံမေးမြန်းခြင်းနှင့် နယ်မြေအတွင်း အခင်းဖြစ်စဉ်များအပေါ် တိုက်ရိုက်လေ့လာမှုများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၀ ရက် အထိဆောင်ရွက် ခဲ့ကြောင်း၊ လေ့လာမှုအတွင်း ကော်မရှင်မှ စုစုပေါင်း ၁၇၅ ဦးကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့စုံစမ်းမေးမြန်းရာတွင် လူမှုရေး သိပ္ပံသုတေသန လုပ်ထုံး လုပ်နည်းများနှင့်အညီ အုပ်စုဖွဲ့ ဆွေးနွေးခြင်း (Focus Group Discussion)၊ တစ်ဦးချင်းစီကို အသေးစိတ် မေးမြန်းခြင်း (In-depth Interview) နှင့် ကွင်းဆင်း လေ့လာမှု ပြုလုပ်ခြင်း (Field Observation)၊ လုပ်ငန်းစဉ်များကို စနစ်တကျ ပြုလုပ်ခဲ့ကြောင်း၊ ဘက်လိုက်မှု ကင်းကင်းဖြင့် ထင်သာမြင်သာ ရှိအောင် ဆောင်ရွက် ခဲ့ကြောင်း" ဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁၀) ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးဗဟိုဌာန၌ ကျင်းပသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ယခုအစီရင်ခံစာသည် မည်သူ တစ်ဦးတစ်ယောက် (သို့မဟုတ်) မည်သည့် အဖွဲ့အစည်း ကိုမှ အပြစ်တင်ရန် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း သဟဇာတဖြစ်မှု၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် အလို့ငှာ ရေးသား ပြုစုထားခြင်းဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့တွင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင် ပညာရှင်များ ပါဝင်ပြီး အစီရင်ခံစာ ပြုစုရန်အတွက် လိုအပ်သည့် မှုခင်းဆေးပညာနှင့် တရားဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ (Forensics Experts)၊ သုတေသန အထောက်အကူပြု အဖွဲ့များနှင့် ဒေသန္တရ ဘာသာဗေဒ ကျွမ်းကျင်သူများ၏ အကူအညီ များဖြင့် မြေပြင်သတင်းအချက် အလက်များကို ဘက်လိုက်မှု ကင်းကင်း သမာသမတ် ကျကျ ကောက်ယူနိုင်ရေးအတွက် ကြိုးစားခဲ့ကြကြောင်း၊ အဆိုပါ ကောက်ယူ ရရှိသည့် သတင်းအချက်အလက်များကို စိတ်ခံစားမှုအရ ရှေ့တန်းမတင်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ဝေဖန်ဆန်းစစ်ခဲ့ကြောင်း" ဖြင့် ၎င်းက ဆက်လက် ပြောကြားသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန် (နိုင်ငံတကာ ဥပဒေ ပညာရှင်) က "ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားသည်ဆိုပါက တောင်းဆိုမှုတစ်ခုခု ပြုလုပ်မည်ဖြစ်ကြောင်း၊ သေဆုံးသည်ဟု ဆုံးဖြတ်ချက် ချရန်မှာလည်း သေဆုံးသည့် အထောက်အထား မတွေ့ရသည့်အတွက် ယနေ့အထိ ပျောက်ဆုံးနေသည်ဟုသာ မှတ်ချက်ချလိုကြောင်း၊ ထို့ပြင် ဒေသခံတစ်ဦးက မိသားစုဝင် တစ်ဦး သေဆုံးခဲ့သည်ဟု ပြောဆိုခဲ့သည့် ဖြစ်စဉ်တွင် ထိုသူမှာ မောင်တော ရဲစခန်းတွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်ပြီး သေဆုံးခြင်း မဟုတ်ကြောင်း၊ ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်မှုတွင် ပထမ မီးလောင်သော နေအိမ်နှင့် ဒုတိယ မီးလောင်သော နေအိမ်တို့သည် အကွာအဝေးအားဖြင့် ကိုက် ၂၀၀ ခန့် ကွာဝေးသဖြင့် နိုင်ငံရေး ရည်ရွယ်ချက် တစ်ရပ်ဖြင့် တိုက်ခိုက်လိုသည့် အဖွဲ့အစည်းတစ်ခု၏ ရှို့မီးသာ ဖြစ်နိုင်ခြေရှိကြောင်း၊ မီးလောင်ချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက သွားရောက်ကူညီ ငြှိမ်းသတ်ပေးသည်ကိုလည်း ဓာတ်ပုံမှတ်တမ်းများအရ သိရှိခဲ့ရ ပါကြောင်း၊ ပစ္စည်းပျောက်ဆုံးမှုများနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ရာတွင် မြေပြင် အခြေအနေ၊ လူမှုစီးပွားရေး အခြေအနေများအရ ဖြစ်နိုင်ခြေ နည်းပါးကြောင်း၊ အစားအစာ နှင့် မီးဖိုချောင်သုံး ပစ္စည်းများသာ ခိုးယူခံရနိုင်သည်ဟု လေ့လာသုံးသပ်ရ ပါကြောင်း" ပြောကြားသည်။
ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က "၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အကောင် အထည်ဖော်ပေး ခြင်းဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသား အခွင့်အရေးများ ရလာပြီး အစိုးရအပေါ် ယုံကြည်မှု တိုးပွားလာမည်ဖြစ်သဖြင့် မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် မြို့နယ်များအတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ထိရောက် မြန်ဆန်ရေးအတွက် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများကို စိတ်ဓာတ်မြှင့်တင်မှုပေးခြင်း၊ အနာဂတ် အလားအလာ အတွက် ရာထူးတိုးခြင်း၊ လစာကောင်းကောင်း ပေးခြင်းတို့ အပါအဝင် ဝန်ထမ်းများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်၊ မီဒီယာများ လွှမ်းမိုးချုပ်ကိုင်လာမှုကို တုံ့ပြန်နိုင်ရန် တန်ပြန် မီဒီယာများအား အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်ရန်၊ လုံခြုံရေးတပ်ဖွဲ့များအကြား သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိစေရန် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန် အစိုးရနှင့် INGOs အဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းမှု ရှိလာစေရေးအတွက် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်၊ မောင်တော မြို့နယ်အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းအကြား အတူယှဉ်တွဲ၍ အုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ခက်ခဲသဖြင့် ကျေးရွာအုပ်စုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ တိုက်ရိုက်အုပ်ချုပ်သည့် အုပ်ချုပ်ရေးပုံစံသစ် တစ်ရပ် ချမှတ်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများမှ သတင်းထောက်များက ယခု ကော်မရှင်၏ တင်ပြချက်များသည် လုံလောက်သည့် ကျေနပ်မှုမရှိခဲ့လျှင် နောက်ထပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခု ထပ်မံဖွဲ့စည်းပါက ပူးပေါင်းဆောင်ရွက်သွားရန် ရှိ၊ မရှိ၊ မီးလောင်မှုဖြစ်စဉ်တွင် နောက်ကွယ်က ပါဝင်သည့် အဖွဲ့အစည်းကို သိ၊ မသိ၊ နောက်ထပ် ပဋိပက္ခများ ဖြစ်ပေါ်နိုင်မည့် အခြေအနေ ရှိ၊ မရှိ၊ ပရိဘောဂပစ္စည်းများ ပျက်စီးမှု ဟုတ်၊ မဟုတ်၊ ရွာသားများ ပျောက်ဆုံးမှု ကိစ္စအပေါ် ထင်မြင်သုံးသပ်ချက်၊ RSO အဖွဲ့ ပါဝင် ပတ်သက်မှု ရှိ၊ မရှိ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် အခြေအနေ၊ ကော်မရှင်အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကြရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားကြပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာနှင့် ဒုချီးရားတန်း (အနောက်) ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတက နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂၀၁၄ ဖြင့် ဒေါက်တာသာလှရွှေ ဦးစီးသည့် အဖွဲ့ဝင် ၁၀ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း အခင်းဖြစ်ပွားရာ ဒေသများသို့ ကွင်းဆင်း သွားရောက်ခဲ့ပြီး လေ့လာ စုံစမ်းစစ်ဆေးခဲ့မှု၊ လေ့လာတွေ့ရှိ ချက်များနှင့် သုံးသပ် အကြံပြုချက်များ ပါဝင်သည့် ကော်မရှင်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကိုလည်း ထုတ်ပြန် ခဲ့သည်။
ထို့ပြင် အထက်ပါ အကြောင်းအရာများ ပါဝင်သည့် အသေးစိတ် အစီရင်ခံစာ တစ်စောင် ကိုလည်း ကော်မရှင်က ရေးသား ပြုစုပြီးဖြစ်၍ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ ပေးပို့တင်ပြခဲ့ကြောင်း သိရသည်။
-----------------------------------------------------------------------------------------------------------
မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှု ဖြစ်ပွား
ရန်ကုန် မတ် ၉
မောင်တောမြို့နယ် ဒုချီးရားတန်းအလယ်ရွာတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မိမိအိမ်ကို မိမိဘာသာ မီးရှို့ခဲ့သူအား ကျေးရွာနေ မျက်မြင် သက်သေများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ဒုချီးရားတန်းအလယ်ရွာ၌ မီးလောင်မှုဖြစ်ပွားရာ ဘာသာရေး အဆောက်အအုံအငယ် တစ်လုံး၊ ဓနိမိုး၊ ထရံကာ လူနေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ရခြင်းမှာ ယင်းကျေးရွာနေ ဆော်ဒီမူလာ အသက် (၄၂နှစ်) (ဖ) ဦးမိုက်တာက မိမိအိမ်ကို မိမိဘာသာ ဓာတ်ဆီဖျန်းပက်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ယင်းကျေးရွာနေ ဒေါ်ဟာလာမာဟာဒူ အသက် (၆၀နှစ်) နှင့် မဟာမီဒါ အသက် (၃၀နှစ်)တို့က မျက်မြင် သက်သေများအဖြစ် ထွက်ဆိုခဲ့ကြကြောင်း သိရှိရသည်။
မီးစတင်လောင်ကျွမ်းနေကြောင်း သတင်းရရှိလျှင် ရရှိချင်း နယ်မြေခံ ရဲတပ်ရင်းမှ ရဲမှူး မင်းဦး ဦးစီးအဖွဲ့၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ် သောင်းထွန်းဦးစီးအဖွဲ့ ပူးပေါင်း၍ အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး မီးငြှိမ်းသတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေရာသို့ မွန်းလွဲ ၂ နာရီခန့်တွင် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊ ဒုချီးရားတန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ မျက်မြင်သက်သေနှစ်ဦး၏ ထွက်ဆိုချက်များ အရ လည်းကောင်း၊ မီးစတင်လောင်ကျွမ်းသည့် ဆော်ဒီမူလာ၏နေအိမ်ရှိ စပါးကျီမှာ ကြိုတင် ရွှေ့ပြောင်းထားသည့် အနေအထားများ တွေ့ရှိရခြင်း၊ မီးလောင်ကျွမ်းသည့် အချိန်တွင် ၎င်းတို့မိသားစုမှာ မီးငြှိမ်းသတ်မှု မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် လည်းကောင်း ရှို့မီးဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်မှာ "ဒုချီးရားတန်း အလယ်ကျေးရွာမှာ နေထိုင်နေတာ လက်ရှိလူဦးရေ ၄၅၀ ခန့် ရှိပါတယ်။ တချို့ ယောကျာ်းတွေကတော့ နေ့ဘက်ရှောင်နေပြီး ညဘက်မှာ ကိုယ့်နေအိမ်ကို ပြန်လာ ကြတာလည်း ရှိပါတယ်။ အခုဖြစ်တာက ဆော်ဒီမူလာဆိုသူက ဓာတ်ဆီထည့်ထားတဲ့ ရေသန့်ဘူးကို အိမ်ပတ်ဝန်းကျင်မှာ ဝှေ့ယမ်းပက်ဖျန်းပြီး မီးစတင်ရှို့ခဲ့တယ်လို့ အဲဒီရွာက မျက်မြင်သက်သေနှစ်ဦးက ပြောပြတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ရရှိပါတယ်။ သူတို့ကို စစ်ဆေးတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနဲ့ ကျေးရွာစာရေး ဦးသန်းထွန်းဦးတို့ သက်သေအဖြစ်ရှိပြီး စကားပြန်အဖြစ် အိုလီဆိုသူက မေးမြန်း ဖြေကြားပေးတာ ဖြစ်ပါတယ်။ ဆော်ဒီမူလာဆိုတဲ့သူက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဖြစ်စဉ်မှာ ပါဝင်တယ်လို့ သံသယရှိသူဖြစ်ပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထား ရတဲ့သူလည်း ဖြစ်ပါတယ်။ အခုမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အနေနဲ့ ငွေကျပ် ခြောက်သိန်း လေးသောင်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်" ဟု ပြောပြခဲ့သည်။
------------------------------------------------------------------------------------------------------------
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး ကွင်းဆင်းစစ်ဆေး
မောင်တော ဖေဖော်ဝါရီ ၂ဝ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေ (မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ) နှင့်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်တို့ ဦးဆောင်သော အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက မောင်တောမြို့ ဂေါဒူသာရ ကျေးရွာသို့ ရောက်ရှိ ကြပြီး ကျေးရွာမူလတန်းလွန်ကျောင်း၌ ဘင်္ဂါလီ ရွာသူရွာသားများအား တွေ့ဆုံ၍ ဒုချီးရားတန်းကျေးရွာဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ အသေးစိတ် ဆွေးနွေး မေးမြန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇော်မတက် ကျေးရွာအုပ်စုသို့ ရောက်ရှိကြပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရိက္ခာ သိုလှောင်ရုံ၌ ဒုချီးရားတန်းကျေးရွာမှ ဘင်္ဂါလီ ရွာသူရွာသားများ ရိက္ခာထုတ်ယူနေမှုကို ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည်များကို အသေးစိတ် ထပ်မံ ဆွေးနွေး မေးမြန်း ခဲ့ကြသည်။
ထို့နောက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နှုရှုလ္လာကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာမူလတန်း လွန်ကျောင်း၌ ဘင်္ဂါလီ ရွာသူရွာသားများအား တွေ့ဆုံ၍ သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးမေး မြန်းခဲ့ကြသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘင်္ဂါလီ ရွာသူရွာသားများ၊ ဖြစ်စဉ်နှင့် ပတ်သက်သည်ဟု ယူဆရသော သံသယရှိသူများနှင့် တွေ့ဆုံမေးမြန်းစဉ်အတွင်း ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်း၊ ဇန်နဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း (အနောက်) ကျေးရွာ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် မည်သူ့ပယောဂကြောင့် မီးလောင်ခြင်းဖြစ်ကြောင်း၊ မီးလောင်သည့်ဖြစ်စဉ် နှင့်စပ်လျဉ်း၍ အခြေအမြစ် မရှိသော မမှန်ကန်သည့် သတင်းထုတ်လွှင့် မှုနှင့် မည်သူ တို့က ဆောင်ရွက်ကြောင်း၊ ဖြစ်စဉ်များကြောင့် သေဆုံးဒဏ်ရာ ရရှိမှု၊ နေအိမ်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှု အခြေအနေ၊ ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များကို လွတ်လပ်ပွင့်လင်းစွာ ကဏ္ဍအလိုက် အသေးစိတ် တွေ့ဆုံမေးမြန်း ခဲ့ကြသည်။ 
----------------------------------------------- 
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ မောင်တောမြို့၌ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရောက်ရှိနေသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မောင်တော ဒေသ ဌာနေ ကိုယ်စားလှယ် Mr.Roka Kuto နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSR) မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် မောင်တောမြို့နယ် ရဲစခန်း သို့ သွားရောက်ပြီး ဒုချီးရားတန်း ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယ ရှိသူများအား တွေ့ဆုံ မေးမြန်းခဲ့သည်။
အလားတူ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်နှင့် အဖွဲ့သည် နံနက်ပိုင်းတွင် ဒုချီးရားတန်းအလယ်ရွာ၌ ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်း စုံစမ်းခဲ့ကြသည်။
ထိုသို့ စစ်ဆေးမေးမြန်းရာတွင် အခြားပြင်ပမှ မည်သူ့ကိုမျှ လာရောက်ခွင့်မပြုဘဲ လွတ်လပ်စွာ သီးခြားတွေ့ဆုံ မေးမြန်းမှု ပြုခဲ့ကြောင်း သိရှိရသည်။
 ---------------------------------------------------------------------------------------
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆက်လက် စုံစမ်းစစ်ဆေး
မောင်တော ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရောက်ရှိနေသော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ သည် ယနေ့နံနက်ပိုင်းမှ စတင်ကာ မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာနှင့် ဘင်္ဂါလီ ကျေးရွာများသို့ သွားရောက်ပြီး ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ကွင်းဆင်း ကြည့်ရှု မေးမြန်းကြသည်။
ရှေးဦးစွာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် မောင်တောမြို့နယ် ဒုချီးရားတန်း (အနောက်)ကျေးရွာ သို့ ရောက်ရှိကြပြီး ၂၈-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း (အနောက်) ကျေးရွာမီးလောင်မှု ဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် မည်သူ့ပယောဂကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းအကြောင်းတို့ကို အသေးစိတ် ကွင်းဆင်းကြည့်ရှု စစ်ဆေး ကာ ဒေသခံ ဘင်္ဂါလီ ရွာသူရွာသားများအား သိရှိလိုသည်များကို မေးမြန်းကြသည်။
ဆက်လက်၍ ဒုချီးရားတန်း (အလယ်ရွာ) သို့ ရောက်ရှိကြပြီး ၁၃-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း ကျေးရွာ၌ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးရသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်း၊ အခင်း ဖြစ်ပွားရာ မြေပြင်အခြေအနေနှင့် ပကတိ အခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် ဒုချီးရားတန်း (အလယ်ရွာ) မူလတန်းလွန်ကျောင်း၌ ဒေသခံ ဘင်္ဂါလီ ရွာသူ ရွာသားများနှင့်တွေ့ဆုံပြီး ဖြစ်စဉ်နှင့် ပတ်သက်သည်များကို လွတ်လပ်ပွင့်လင်းစွာ အသေးစိတ် မေးမြန်းဆွေးနွေးကြသည်။
ထိုမှတစ်ဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် ခရေမြိုင် ရခိုင်တိုင်းရင်းသား ကျေးရွာသို့ ရောက်ရှိ ကြပြီး ကျေးရွာရဲကင်း၌ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကြကာ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အသေးစိတ် မေးမြန်းကြသည်။
ဆက်လက်၍ ကင်းချောင်းကျေးရွာသို့ ရောက်ကြပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရခိုင် တိုင်းရင်းသား ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ သိရှိလိုသည်များကို အသေးစိတ် မေးမြန်း ကြသည်။
ယင်းနောက် ကင်းချောင်း ကျေးရွာသုသာန်နှင့် သံသယရှိဖွယ်ရာ နေရာများကို သံသယ ဖြစ်ဖွယ်ရာ အခြေအနေရှိ-မရှိ၊ မှုခင်းဆေးပညာနှင့် တရားဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ (Forensic Experts) တို့နှင့်အတူ ပကတိ မြေပြင်အခြေအနေ မှန်များကို အသေးစိတ် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် ဘင်္ဂါလီ ကျေးရွာများနှင့် ရခိုင် တိုင်းရင်းသားကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးစဉ်အတွင်း ကျေးရွာများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး အခြေအနေ များကိုလည်း အသေးစိတ်ဆွေးနွေး မေးမြန်းခဲ့ကြသည်။
--------------------------------------------------------------------------------
ဒုချီးရားတန်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး ရခိုင်ပြည်နယ်၌ စုံစမ်းစစ်ဆေးလျက်ရှိ
မောင်တော ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၄ ဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာနှင့် ဒုချီးရားတန်း (အနောက်)ကျေးရွာတို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ဇန်နဝါရီ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။
ဥက္ကဋ္ဌဒေါက်တာသာလှရွှေ (မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ) နှင့် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင် တို့ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် အဆိုပါဖြစ်စဉ်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်း စစ်ဆေးရန် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြရာ မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့သို့ ရောက်ရှိကြသည်။
ညနေပိုင်းတွင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များသည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် သိရှိလိုသည် များကို မေးမြန်း ဆွေးနွေးကြသည်။
ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ခရိုင်အုပ်ချုပ်ရေးမှူးရုံး ၌ မောင်တောမြို့ နှစ်ဖက်လူ့အဖွဲ့အစည်းမှ မြို့မိမြို့ဖများအား သီးခြားစီတွေ့ဆုံ၍ သိရှိလိုသည် များကို မေးမြန်းခဲ့ကြသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်အတွင်း ဒုချီးရားတန်း (အလယ်)၊ ဒုချီးရားတန်း (အနောက်)အပါအဝင် ဘင်္ဂလီကျေးရွာများနှင့် ရခိုင်တိုင်းရင်းသားကျေးရွာ များ၊ နိုင်ငံတကာသတင်းဌာနများနှင့် အဖွဲ့အစည်းအချို့က စွပ်စွဲဖော်ပြထားကြသည့် သံသယ ဖြစ်ဖွယ် နေရာများ၊ မောင်တောနှင့်စစ်တွေမြို့တို့ရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပလူမှုရေး အသင်း အဖွဲ့များနှင့် တွေ့ဆုံ၍ သိရှိလိုသည်များနှင့် အကြံပြုချက် များကို ဆွေးနွေး မေးမြန်း သွားမည်ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဆိုပါ ခရီးစဉ်အတွင်း ၁၃-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း ကျေးရွာ၌ ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်၊ ၂၈-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း (အနောက်) ကျေးရွာ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် မည်သူ့ပယောဂကြောင့် မီးလောင်ခြင်း ဖြစ်ကြောင်း ဒုချီးရားတန်း (အနောက်) ကျေးရွာမီးလောင်သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ် မရှိသော မမှန်ကန်သည့် သတင်းထုတ်လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း၊ ဖြစ်စဉ်များကြောင့် သေဆုံးဒဏ်ရာ ရရှိမှု၊ နေအိမ်ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် အကြံပြုချက်များစသည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ (မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥက္ကဋ္ဌ)၊ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်တို့နှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာငွန်ကျုံးလျန် (နိုင်ငံတကာ ဥပဒေပညာရှင်)၊ ဒေါက်တာ တင်သိန်းလွင် (ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့)၊ ဦးတင်ဦး (အငြိမ်းစားသံအမတ်ကြီး)၊ ဟာဂျီ ဦးတင်မောင်ဝင်း (အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့)၊ ဦးဝင်းတည် (အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့)၊ ဦးသာပွင့် (ရပ်မိရပ်ဖ၊ စစ်တွေမြို့ ရခိုင်ပြည်နယ်) နှင့် ဦးလှသိန်း(ခ) မော်ဂျီဟူလာ(ရပ်မိရပ်ဖ၊ မောင်တောမြို့ ရခိုင်ပြည်နယ်) တို့ လိုက်ပါသွားကြပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ကူညီရန် မှုခင်းဆေးပညာနှင့်တကွ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ (Forensic Experts) လည်း လိုက်ပါခဲ့ကြကြောင်း သိရသည်။
------------------------------------------------- 
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာ အဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် (၂/၂၀၁၄)
၁။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာ အဖြစ်အပျက်နှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် သတင်းများကို စုံစမ်းရန် အလို့ငှာ မြန်မာနိုင်ငံအမျိုသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၃) ဦးပါ ကော်မရှင်အဖွဲ့သည် ၃၀-၁-၂၀၁၄ ရက်နေ့မှ ၃-၂-၂၀၁၄ ရက်နေ့အထိ စစ်တွေ၊ မောင်တောမြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဒုချီးရားတန်းကျေးရွာ အုပ်စုသို့လည်း သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။
၂။ အဆိုပါခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည် -
(က)
ဇန်နဝါရီလ (၉) ရက်နေ့တွင် ဘင်္ဂါလီ (၈) ဦးအား ရခိုင်တိုင်းရင်းသားများက သတ်ဖြတ်ခဲ့သည်ဆိုသော သတင်း
(ခ)
ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ရဲတပ်ဖွဲ့လှည့်ကင်းအား ဒုချီးရားတန်း အလယ်ရွာမှ ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သဖြင့် ဘင်္ဂါလီ (၄၀) ဦးသေဆုံးသည် ဆိုသော သတင်းနှင့်
(ဂ)
အထက်ပါ ပစ်ခတ်မှုများကြောင့် ဒဏ်ရာရလူနာ (၂၂) ဦးအား MSF (Medicines Sans Frontiers) အဖွဲ့မှ ဆေးကုသပေးခဲ့ရသည် ဆိုသော အင်တာနက် သတင်းတို့နှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်ခဲ့ ပါသည်-
-
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် ၃၀-၁-၂၀၁၄ ရက်နေ့နှင့် ၃-၂-၂၀၁၄ ရက်နေ့များတွင် တွေ့ဆုံ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ထွက်ဆိုချက်များ ရယူခြင်း၊
-
ရဲအရာရှိကြီး(၃)ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန် ရှိသူများ၊ ကင်းချောင်း အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့၊ မောင်တောရဲစခန်းတွင် စစ်ဆေးလျက်ရှိသော အချုပ်သား (၄) ဦးအား စစ်ဆေးမေးမြန်း၍ ထွက်ဆိုချက်များ ရယူခြင်း၊
-
ဒုချီးရားတန်း ကျေးရွာနှင့် အနီးတဝိုက်ရှိ ဘင်္ဂါလီရွာများမှ အမျိုးသား၊ အမျိုးသမီးများအား မေးမြန်းခြင်း၊ စစ်ဆေး၍ ထွက်ဆို ချက်များ ရယူခြင်း၊ ဒုချီးရားတန်းအလယ်ရွာ မူလတန်းကျောင်းတွင် ဒုချီးရားတန်း ကျေးရွာမှ ကျေးရွာ လူကြီးများနှင့် ဘာသာရေး ခေါင်းဆောင် (၂၀)ခန့်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘင်္ဂါလီ(၈)ဦး နှင့် (၄၀)ခန့်အား သတ်ဖြတ်ခဲ့သည် ဆိုသော သတင်းကို စိစစ်ခြင်း၊
-
ဒုချီးရားတန်းကျေးရွာမှ အမျိုးသမီး(၂၀၀)ကျော်အား တွေ့ဆုံကာ ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ၄င်းတို့ တိုင်ကြားချက်များကို လက်ခံရယူခြင်း၊ အချို့ထံမှ ထွက်ချက်များ ရယူခြင်း၊
-
UNHCR, UNOCHA နှင့် MSF အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းများ စိစစ်ခြင်း၊
-
မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊
-
မောင်တောမြို့နယ်ရှိ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊
-
အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ၂၈-၁-၂၀၁၄ ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း အနောက်ရွာ အပါအဝင် ဒုချီးရားတန်း ကျေးရွာများသို့ သွားရောက် ကြည့်ရှု စစ်ဆေးခြင်း၊
-
ခရေမြိုင်ကျေးရွာသင်္ချိုင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခြင်း၊
၃။       အထက်ဖော်ပြပါ ဆောင်ရွက်ချက်များမှ ကော်မရှင်အဖွဲ့၏ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က)   
ဇန်နဝါရီလ(၉)ရက်နေ့တွင် ဘင်္ဂါလီ(၈)ဦး အသတ်ခံရသည့် သတင်းမှာ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ခရေမြိုင်ရွာနှင့် ကင်းချောင်းရွာ တို့တွင် မြေပြင်သတင်းများ မဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သို့ရာတွင် ကောလာဟလအဖြစ် အရပ်သတင်း ဖြစ်နေသည်ကို တွေ့ရ ပါသည်။
(ခ)
ဘင်္ဂါလီ(၈)ဦးအား ခရေမြိုင်သင်္ချိုင်းတွင် မြှပ်ထားသည်ကို ထင်းခုတ်သမား တစ်ဦးက တွေ့မြင်ခဲ့သည်ဟူသော သတင်းသည် ဒုချီးရားတန်း ဘင်္ဂါလီရွာ များတွင် ဖြစ်ပေါ်ခဲ့သော်လည်း ဤသတင်းကို အတည်ပြုနိုင်သော အထောက်အထားများ မတွေ့ရှိရပါ။
(ဂ)
ရခိုင်တိုင်းရင်းသားများ အနေဖြင့်မူ ဤသတင်းအား အင်တာနက်သတင်း အဖြစ်သာ သိရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။
(ဃ)
ဤသတင်းများကို ဒုချီးရားတန်းရွာမှ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် လည်းကောင်း၊ ဒုချီးရားတန်းရွာမှ အမျိုးသမီး(၂၀၀)ကျော်နှင့် တွေ့ဆုံရာတွင်လည်းကောင်း မည်သူကမျှ တင်ပြခြင်း၊ ထွက်ဆိုခြင်းများ မရှိကြောင်း တွေ့ရှိရပါသည်။
(င)
ဘင်္ဂါလီ (၈) ဦးအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည့် သတင်းအမျိုးမျိုး သည် အတည်ပြု၍ မရသည်ကို တွေ့ရပါသည်။
(စ)
ဇန်နဝါရီလ (၁၃) ရက်နေ့ ဒုချီးရားတန်း (အလယ်ရွာ) ဖြစ်စဉ်ဖြစ်ပွားပြီး ယင်းညတွင် တပ်နှင့် ရဲတပ်ဖွဲ့တို့မှ ဒုချီးရားတန်းရွာတွင်းသို့ ဝင်ရောက်၍ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား ရှာဖွေခဲ့ကြောင်း သိရပါသည်။
(ဆ)
ဒုချီးရားတန်း ဘင်္ဂါလီရွာများမှ ဘင်္ဂါလီ (၄၀) အသတ်ခံရသည်ဟူသော သတင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရဲအရာရှိကြီးများ၊ ရဲတပ်သားများ၊ သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုချီးရားတန်း ရွာမှ ဘင်္ဂါလီရပ်မိရပ်ဖများနှင့် အမျိုးသမီးများထံမှ ကော်မရှင်အဖွဲ့က ထွက်ဆိုချက်များ ရယူခဲ့ရာတွင် အဆိုပါသတင်းများ မှန်ကန်ကြောင်း အတည်ပြုချက် မရရှိခဲ့ပါ။
(ဇ)
ဘင်္ဂါလီဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်များနှင့် အမျိုးသမီးများအား ၎င်းတို့၏ အမြင်များကို ပွင့်လင်းစွာ တင်ပြရန် မိမိတို့ ကော်မရှင်က တိုက်တွန်းခဲ့သော်လည်း ထွက်ဆိုချက်များသည် အတည်ပြုနိုင်သော သတင်းအချက်အလက် တစ်စုံတစ်ရာ မပါရှိကြောင်း တွေ့ရပါသည်။
(ဈ)
ဘင်္ဂါလီရွာသားများ၏ ထွက်ဆိုချက်များတွင်လည်း ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သည့် ကင်းလှည့်အဖွဲ့အား ရွာသားများက အကြမ်းဖက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ ထွက်ဆိုခြင်း မရှိခဲ့သည်ကိုလည်း သတိပြုမိခဲ့ပါသည်။
(ည)
ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် သတင်းကို ဖော်ပြရာတွင်လည်း ကွဲလွဲ နေသည်ကို တွေ့ရပါသည်။ ဥပမာ -ဇန်နဝါရီလ(၁၃)ရက်နေ့ ညတွင် ရဲများ ပစ်ခတ်မှုကြောင့် လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့သည်ဟူသော သတင်းများ ရှိခဲ့သကဲ့သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် သို့လည်း အသတ်ခံရသူ(၅၂)ဦး စာရင်းပေးခဲ့သည်ဟူသော သတင်းမှား များ ဖေါ်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ သို့သော် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ အသတ်ခံရသူ(၅၂)ဦးစာရင်းကို အမှန်တကယ် ပေးခဲ့ခြင်း မရှိပါ။
 ၄။ ကော်မရှင်အဖွဲ့သည် MSF အဖွဲ့ကို တွေ့ဆုံဆွေးနွေးရာတွင် MSF အဖွဲ့က သေနတ် ဒဏ်ရာ ရရှိသူ(၁)ဦး၊ ညိုမဲဒဏ်ရာရရှိသူ(၄) ဦး၊ ပြတ်ရှဒဏ်ရာ(၁၀)ဦးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူ(၇) ဦး၊ စုစုပေါင်း(၂၂) ဦးအား ကုသပေးခဲ့သည်ဟု ဖြေကြားပါသည်။ သို့ရာတွင် ၎င်းအဖွဲ့အစည်းက လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းသဘာဝကြောင့် လူနာအမည်စာရင်းသည် အတွင်းရေးကိစ္စဖြစ်သဖြင့် လူနာအမည်စာရင်း ပေးအပ်နိုင်ခြင်း မရှိကြောင်း ဖြေကြားပါသည်။ မေးမြန်းရာတွင် သေနတ်ဒဏ်ရာ လူနာကိစ္စကိုမူ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနသို့ အသိပေးခဲ့ခြင်း မရှိကြောင်း၊ ယင်းလူနာအား ဆေးရုံသို့ သွားရောက်ရန်သာ တိုက်တွန်းခဲ့ကြောင်း ပြောကြားပါသည်။ သို့သော် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ စစ်ဆေးဖော်ထုတ်ချက်အရ MSF ဆေးခန်းတွင် ယင်းကဲ့သို့သော ဒဏ်ရာရရှိသူများအား ကုသပေးရခြင်း မရှိကြောင်း အဆိုပါဆေးခန်းမှ ဆရာဝန်နှစ်ဦးက ထွက်ဆိုခဲ့သည်ကိုလည်း သိရှိရပါသည်။
၅။ ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များကို ၅-၂-၂၀၁၄ ရက်နေ့တွင် ကျန်ကော်မရှင်အဖွဲ့ ဝင်များနှင့် ဆွေးနွေးပြီး အောက်ပါ သုံးသပ်ချက်နှင့် အကြံပြုချက်များ ရရှိခဲ့ကြပါသည်-
-
ဘင်္ဂါလီ (၈) ဦးနှင့် (၄၀) ဦး အသတ်ခံရသည်ဟု စွပ်စွဲသည့်သတင်းကို ခိုင်မာသော မြေပြင်သတင်း မရှိသဖြင့် အတည်ပြု၍ မရသောသတင်းများဟု သုံးသပ်ပါသည်။
-
ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူအစိုးရဌာန အဖွဲ့အစည်းများ အနေဖြင့် အခြေအနေမှန်ကို သတင်းထုတ်ပြန်ရန် နောက်ကျကြောင်း၊ ယင်းနောက်ကျမှုသည် ကောလာဟလနှင့် အခြေအမြစ် မရှိသည့် သတင်းများကို ဖြစ်စေခဲ့သည်ဟု သုံးသပ်ပါသည်။
-
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးသည့် ရဲတပ်သား (၃) ဦးသည် ဘင်္ဂါလီ အုပ်စုက ဝိုင်း၍ တိုက်ခိုက်ရန် လာသည့်အခါ အမိန့်အတိုင်း ခြောက်လှန် ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ကျည်မထွက်သဖြင့် အကြမ်းဖက်အုပ်စုအား တားဆီးနိုင်ခြင်း မရှိဘဲ အခြေအနေ ရှုပ်ထွေးသွားပြီး ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသည်အထိ ဖြစ်သွားသည်ဟု သုံးသပ်ရပါသည်။ အလားတူ အဖြစ်အပျက်များ နောင်မဖြစ်စေရေးအတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုပြုရန် အကြံပြုအပ်ပါသည်။
-
၁၃-၁-၂၀၁၄ ရက်နေ့ညတွင် ဒုချီးရားတန်းအရှေ့နှင့် အလယ်ရွာများမှ ရွာသား များသည် ထွက်ပြေး တိမ်းရှောင်သွားမှုကြောင့် ရှုပ်ထွေးမှု ဖြစ်ပွားလာချိန်တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ ဆန်စပါးနှင့်ကျွဲနွားများ လုယက်ခြင်းခံခဲ့ရသည်ဟု ယူဆရပါသည်။
အဆိုပါကျေးရွာနှစ်ရွာတွင် စားနပ်ရိက္ခာနှင့် အခြား အခြေခံလိုအပ်ချက်များ ရှိနေပါသဖြင့် ထောက်ပံ့ရေးကို လိုအပ်သကဲ့သို့ ဆောင်ရွက်သင့်ပါသည်။
-
ဒုချီးရားတန်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် ကျေးရွာများအကြား တင်းမာမှု များနှင့် စိုးရိမ်မှုများ ဆက်လက်ရှိနေသည်ကို ထောက်ရှုလျက် အဆိုပါ ဒေသများတွင် ပြဿနာများ ထပ်မံမပေါ်ပေါက်စေရန် အထူး လုံခြုံရေး အစီအမံများကို ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်သင့်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်        
ရက်စွဲ၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်
---------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ်တစ်ခုလုံး တိုးတက်ရန် တရားဥပဒေစိုးမိုးရေး ရရှိအောင် အားလုံး ဝိုင်းဝန်းဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ  ၎
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ဒုတိယဝန်ကြီးများ လိုက်ပါ၍ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တောခရိုင် မောရဝတီကျေးရွာသို့ ရောက်ရှိ ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် မောရဝတီကျေးရွာ ယာယီ စာသင်ကျောင်း၌ ပညာသင်ကြားနေသည့် ဒေသခံ တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအား ရင်းနှီးထွးစွာ နှုတ်ဆက်အားပေးပြီး ကျေးရွာအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ထားမှု၊ ကျေးရွာမူလတန်းလွန်ကျောင်းအား မုန်တိုင်းဒဏ်ခံ သံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်နေမှု၊ ဝန်ထမ်းနေအိမ်များ တည်ဆောက်ပြီးစီးမှု နှင့် ကျေးရွာ အတွင်း နေရာ ပြန်လည်ချထားပေးမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍  နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်သွားရမည့် အစီ အစဉ်များနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုး ကူညီသွားမည့် အစီအစဉ် များကို ရှင်းလင်းမှာကြားပြီး ကျေးရွာစာသင်ကျောင်း၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ၁၄ဝ ကျော်အတွက် ကျောင်းဝတ်စုံနှင့် အခြားအသုံးစရိတ် ထောက်ပံ့ငွေများကို  ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မောရဝတီကျေးရွာမှ ရဟတ်ယာဉ်ဖြင့် မောင်တောမြို့သို့ ရောက်ရှိပြီး မြို့နယ်သီရိ မင်္ဂလာခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် နှစ်ဖက် လူမှုအဖွဲ့အစည်းမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး မောင်တောမြို့ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးစည်ပင်မှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် မောင်တောမြို့မှ ဘူးသီးတောင်မြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ဒေသခံ ပြည်သူများ၊ မြို့မိမြို့ဖများနှင့် မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံ၍ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ လတ်တလော လိုအပ်ချက် များကို မေးမြန်းဆွေးနွေး ဖြည့်ဆည်းပေးသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း သံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသားများ ပညာသင်ယူမှု အခြေအနေကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် မြို့ပြစည်ပင်သာယာ ဖွံ့ဖြိုးမှုများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့်  ပြန်လည် ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ လူမှုရေး အဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒေသ၏ ပထဝီ အနေအထားနှင့် လူမှုရေး၊ စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် ဦးအောင်သန်းဦးတို့က မိမိတို့ဝန်ကြီး ဌာနအလိုက် ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်း မှာကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ခင်မင် ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် စစ်တွေဆိပ်ကမ်းရှိ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေး စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးဇင်ယော်က စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လိုအပ် ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။
ကုလားတန်မြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေးစီမံကိန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပလက်ဝမြို့တို့တွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စစ်တွေ ဆိပ်ကမ်းကို တန်ချိန်၂ဝဝဝဝ ရေယာဉ် ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားတစ်ခု တည်ဆောက် လျက်ရှိသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် စစ်တွေဆိပ်ခံတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် စီမံကိန်းတာဝန်ခံတို့က လိုက်လံရှင်းလင်း ပြသသည်။
ထိုမှတစ်ဆင့် စစ်တွေမြို့ ကမ်းနားလမ်း အဆင့်မြှင့်တင်ထားမှုနှင့် View point  တို့ကို ကြည့်ရှု သည်။
ဆက်လက်၍ စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရောက်ရှိစဉ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ၌ မိမိတို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနှင့် ချီပြီး ဒီမိုကရေစီရေချိန် နိမ့်ပါးခဲ့ခြင်းနှင့် ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ရပ်ကို မတည်ဆောက် နိုင်ခဲ့ခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခ၏ အခက်အခဲ အကျပ်အတည်းများ၊ အချင်းချင်း မယုံကြည်မှုများ၊ စီးပွားရေး နိမ့်ကျမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမှုဆိုသည့် ခါးသီးသောဒဏ်များကို ခံစားခဲ့ကြရပါကြောင်း၊ ၄င်းဒဏ်ရာများကို ကုစားနိုင်ရန်အတွက် မိမိတို့ အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်များသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းမှု ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်မှု ဖြစ်စဉ်ဟူသည့် သုံးပွင့်ဆိုင်အပြိုင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်များ ဖြစ်ပါကြောင်း။
ယင်းဖြစ်စဉ်များကို နိုင်ငံရေး၊ လူမှုစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး ပြောင်းလဲမှု လုပ်ငန်းစဉ်ကြီး (၄) ရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက် တံခါးဝ ဖြစ်ကြောင်း၊ အနောက်နိုင်ငံများ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အာဆီယံနိုင်ငံများ နှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ များနှင့်လည်းကောင်း ကူးသန်းရောင်း ဝယ်မှု အခွင့်အလမ်းများ ရှိပါကြောင်း။
စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူဆိပ်ကမ်းတို့သည် မကြာမီတွင် နိုင်ငံတကာ ဆိပ်ကမ်းများ အဖြစ် ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း။
ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးသည် ပြည်မနှင့်သာမက အရှေ့အနောက် ကမ္ဘာ့နိုင်ငံများ၏ စင်္ကြံလမ်းကြောင်းအဖြစ် ကူးသန်းရောင်းဝယ်မှု ဗဟိုချက်ဖြစ်လာမည် ဖြစ်ပါကြောင်း။
ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း များ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါကြောင်း။
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက် မြင့်မားအောင် ဆောင်ရွက်ပြီး စည်ပင်သာယာ ဝပြောသော ပြည်နယ်တစ်ခုဖြစ်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိက လိုအပ်မှုမှာ စွမ်းဆောင်ရည် ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှု စွမ်းဆောင်ရည်များ ဖြစ်သည့် နိုင်ငံရေး တည်ငြိမ်မှုနှင့် ဆူပူအကြမ်းဖက်မှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ ထိရောက်မှုရှိခြင်း၊ ဥပဒေစိုးမိုးမှု ရှိခြင်းတို့ဖြင့် ပြည့်စုံသည့် အုပ်ချုပ်ရေး ယန္တရားဖြစ်အောင် တည်ဆောက်၍ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ၊ ရပ်မိရပ်ဖများနှင့် လွှတ်တော် ကိုယ်စားလှယ်များတို့ဖြင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း။
ဤကဲ့သို့ ဆောင်ရွက်ရာတွင် အဓိကအခြေခံကျသည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးပင် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရခိုင်ပြည်နယ် တစ်ခုလုံး တိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရေး ရရှိအောင် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် တိုက်တွန်း မှာကြားခဲ့သည်။
------------------------------------------------- 
ဥရောပသမဂ္ဂသံအမတ်ကြီး ဦးဆောင်သော အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့တို့ ခရီးစဉ် ပြန်လည်သုံးသပ်ရေး ညှိနှိုင်းဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သော နေရာဒေသများကို သွားရောက်လေ့လာခဲ့သည့် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Roland Kobia ဦးဆောင်သော အဖွဲ့ဝင်များနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ ခရီးစဉ် ပြန်လည်သုံးသပ်ရေး ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များအတွက် ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်သည့် ကိစ္စရပ်များ၊ ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်သည့် အစီအမံများနှင့် ဥရောပသမဂ္ဂမှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသွားမည့် ကိစ္စရပ်များအပေါ် အသေးစိတ် သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အလားတူ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ အလိုတော်ပြည့် ကျောင်းတိုက် ရှိ ဆရာတော်၊ သံဃာတော်များထံသို့ သွားရောက်တွေ့ဆုံကာ သိရှိလိုသည်များကို မေးမြန်းလျှောက်ထား ကြသည်။ 
---------------------------------------------------------------------------------------------------------
ဥရောပသမဂ္ဂသံအမတ်ကြီးနှင့်အဖွဲ့ မြေပုံမြို့ရှိ ကယ်ဆယ်ရေးစခန်းများအား သွားရောက်ကြည့်ရှု
နေပြည်တော် ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ဥရောပသမဂ္ဂ သံအမတ်ကြီးံ. H.E.Mr.Roland Kobia ဦးဆောင်သော ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ ပါဝင်သော အဖွဲ့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မြောက်ဦးမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာကြပြီး မြေပုံမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် သံအမတ်ကြီးများအဖွဲ့သည် မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ရခိုင်အမျိုးသမီးကွန်ရက် အဖွဲ့၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဥရောပသမဂ္ဂ သံအမတ်ကြီးက မိမိနှင့်အတူ လိုက်ပါလာ ကြသည့် အဖွဲ့ဝင်များကို မြို့မိမြို့ဖများနှင့် မိတ်ဆက်ပေးပြီး ယခုကဲ့သို့ လာရောက်ရခြင်း အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ 
ထို့နောက် ရခိုင်တိုင်းရင်းသားပါတီများ၊ မြို့မိမြို့ဖများက မိမိတို့ မြို့နယ်အတွင်း တွေ့ကြုံ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ မတူကွဲပြားသည့် မျိုးနွယ်စုများ၏ ဒေသတွင်း ဝင်ရောက် နေထိုင်လာမှု အခြေအနေများနှင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာသည့် လူဦးရေ တိုးပွား ခြင်း ကိစ္စရပ်များ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍရပ်များ၊ တည်ဆဲဥပဒေများအား လေးစား လိုက်နာစေရေး ကိစ္စများအပေါ် ရှင်းလင်းတင်ပြကြရာ သံအမတ်ကြီးများနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြသည်။
ထိုမှတစ်ဆင့် ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် မြေပုံမြို့နယ် ကံသာ ထွက်ဝနှင့် ဘင်္ဂလီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ ၎င်းတို့၏လိုအပ်ချက်များကို မေးမြန်းနှုတ်ဆက်ကြသည်။
ယင်းနောက် သံအမတ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်စစ်တွေမြို့သို့ ဆက်လက်ထွက်ခွာလာကြပြီး အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက် ကြည့်ရှုကြသည်။
ထို့နောက် ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ရခိုင်ပြည်နယ် အေးချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပသမဂ္ဂ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသွားနိုင်မည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက် သွားသင့်သည့် ကဏ္ဍများ အပေါ် ကျယ်ပြန့်စွာ ဆွေးနွေးကြသည်။
--------------------------------------------------------------------------------------------------------
ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သောအဖွဲ့ ရခိုင်ပြည်နယ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ
နေပြည်တော် ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရောက်ရှိနေသည့် ဥရောပသမဂ္ဂရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သော အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် စစ်တွေဟိုတယ်၌ နှစ်ဖက်သောလူ့အဖွဲ့အစည်းများ၏ မြို့မိမြို့ဖများ၊ ရခိုင် တိုင်းရင်းသား ပါတီများနှင့် ဘာသာရေးခေါင်းဆောင်များအား သီးခြားစီတွ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်ဖက်သော လူ့အဖွဲ့အစည်းများ၏ လိုလားချက်များ၊ တင်ပြချက်များကို အလေးအနက်ထား နားထောင်ကာ သင့်တင့်မျှတသည့် နည်းလမ်း ကောင်းများဖြင့် ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခများကို အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်သွား နိုင်စေရန်အတွက် ဥရောပသမဂ္ဂအနေဖြင့် မည်သို့ ကူညီဆောင်ရွက်ပေးသွားနိုင်မည့် ကိစ္စရပ်များအပေါ် ကဏ္ဍရပ်များအလိုက် သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အလားတူ သံအမတ်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃ဝ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ ပဋိပက္ခဖြစ်ပွားခဲ့မှုများကြောင့် တိမ်းရှောင် နေကြသူများအား သွားရောက် တွေ့ဆုံမေးမြန်းကြပြီး နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် သံအမတ်ကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့မှ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာသို့ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာလာကြရာ ခရေမြိုင်ကျေးရွာတွင် တပ်နယ်မှတာဝန်ရှိသူများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကြရာ ဒုချီးရားတန်း (အလယ်) ကျေးရွာသို့ ရောက်ရှိကြသည်။
သံအမတ်ကြီးများ အဖွဲ့သည် ဒုချီးရားတန်း (အလယ်) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ရပ်ရွာမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံကြပြီး စာသင်ကျောင်းဆောင် ခန်းမရှေ့တွင် ခင်းကျင်းပြသထားသော ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖြစ်ပွာ ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ် မြေပုံများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြကာ သိရှိလိုသည်များကို မေးမြန်းကြရာ ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များက ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ဥရောပသမဂ္ဂသံအမတ်ကြီးများအဖွဲ့သည် ကျောင်းစာသင်ခန်းမအတွင်း၌ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်းရာ မောင်တော မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ကျေးရွာသူ/ သားများ ကိုယ်စား မေးမြန်းပေးခြင်း၊ ပြန်လည်ဖြေကြားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ နှစ်ဖက်သော လူ့အဖွဲ့အစည်းများမှ မြို့မိမြို့ဖများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် မောင်တောမြို့နယ် ဒုချီးရားတန်း (အလယ်) ကျေးရွာတွင် လှည့်ကင်းဆောင်ရွက်စဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် တပ်ဖွဲ့ဝင်များ  အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အမှတ် (၄)ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အသေးစိတ် ရှင်းလင်း တင်ပြသည်။
ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ သံအမတ်ကြီးများနှင့် သံတမန်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ကြပြီး ဒေသခံလူ့အဖွဲ့အစည်း နှစ်ခုအကြား ဆက်ဆံရေး အခြေအနေ လိုအပ်ချက်များအပေါ် မေးမြန်းလေ့လာကြရာ နှစ်ဖက်သော လူ့အဖွဲ့အစည်းမှ မြို့မိမြို့ဖများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မောင်တောမြို့နယ်မှ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာကြရာ  မြောက်ဦးမြို့သို့ ရောက်ရှိကြပြီး မြောက်ဦးဟိုတယ်၌ မြို့မိမြို့ဖများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြသည်။
ယင်းသို့ ဆွေးနွေးကြရာတွင်ဒေသခံပြည်သူများက ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မမှန်မကန် သတင်းရေးသား ထုတ်လွှင့်မှုများ၊ ဖော်ပြမှုများကို မိမိတို့နှစ်ဖက် လူ့အဖွဲ့အစည်း အနေဖြင့်  နှစ်သက်မှု မရှိသကဲ့သို့ လက်ခံလိုစိတ်လည်း မရှိပါကြောင်း၊ မိမိတို့နှစ်ဖက်လူ့အဖွဲ့အစည်း အနေဖြင့် နားလည်မှု ရှိနေပါသော်လည်း ပြည်တွင်းနှင့်ပြည်ပ သတင်းမီဒီယာများ၏ မဟုတ်မမှန် ထုတ်ပြန်လျက်ရှိသည့် သတင်း အမှားများကြောင့် ကျီးလန့်စာစား ဆိုသကဲ့သို့ အမြဲထိတ်လန့်လျက် ရှိနေသည်ကို ဥရောပသမဂ္ဂမှ သံအမတ်ကြီးများနှင့်တကွ အားလုံးကို သိစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် အားလုံးသော အခြေအနေများပေါ် နားလည် သဘောပေါက်စွာဖြင့် အေးချမ်းစွာနေထိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြင့် လုပ်ကိုင်ရှင်သန်ရပ်တည် လိုပါသော်ငြား ယင်းကဲ့သို့သော ကိစ္စရပ်များ ရှိနေခြင်းကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ တစ်ဖက်နှင့် တစ်ဖက်အကြား တစ်ဦးနှင့်တစ်ဦး အကြား အငြိုးတရား ကင်းမဲ့စွာ နေထိုင်သွားနိုင်ရန်ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိမှသာ ဖြစ်မည်ဖြစ်ရာ ယခုကဲ့သို့ အဖြစ်မျိုး ဆက်လက်ဖြစ်ပေါ်နေ မည်ဆိုပါက မည်သို့မျှ ကောင်းမွန်သည့် ဆက်ဆံမှုမျိုး ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပါကြောင်းဖြင့် နှစ်ဖက်သောလူ့အဖွဲ့အစည်းများမှ မြို့မိမြို့ဖများက တင်ပြဆွေးနွေးကြသည်။
အလားတူ မြောက်ဦးမြို့တွင် ရောက်ရှိနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ  တာဝန်ရှိသူများကလည်း မိမိတို့ဆောင်ရွက်နေကြသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းမေးမြန်း ဆွေးနွေးကာ လိုအပ်သည်များကို သုံးသပ် အကြံပြုကြသည်။
ညနေပိုင်းတွင် ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် မြောက်ဦးမြို့ရှိ သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများကို သွားရောက် လေ့လာ ကြည့်ရှုကြသည်။
 -------------------------------------------------------------------------------
ဒုချီးရားတန်းကျေးရွာ၌ မီးလောင်ခဲ့မှု တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု မြေပြင်ဖော်ထုတ် တွေ့ရှိချက်များအရ သိရှိရ
နေပြည်တော် ဇန်နဝါရီ ၃၀
 မောင်တောမြို့နယ် ဒုချီးရားတန်းအနောက်ကျေးရွာ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုနှင့် ပတ်သက်၍ ကနဦးရရှိသည့် သတင်းအား ဇန်နဝါရီ ၂၉ ရက်တွင် ရုပ်မြင်သံကြားသတင်းများတွင် ထုတ်လွှင့်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ယနေ့တွင် အဆိုပါသတင်းဆက်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ရရှိသော သတင်းများ အရ ၎င်းရွာမှ ဘင်္ဂါလီများကသာ တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ထုတ်ရရှိကြောင်း သိရှိရသည်။ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းရာ ရွာ၏ မြောက်ဘက်ရှိ နေအိမ် ၁ လုံး၊ ရွာအလယ်ပိုင်းမှ နေအိမ် ၁ လုံး၊ ရွာ တောင်ဘက်ရှိ နေအိမ် ၁ လုံးတို့ တစ်ပြိုင်တည်း လောင်ကျွမ်းသဖြင့် ရဲတပ်ရင်းများ ကွပ်ကဲရေး အဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ဦးစီးအဖွဲ့ သည် မီးလောင်ကျွမ်းသည့်နေရာသို့ ည ၈ နာရီ ၄၇ မိနစ်တွင် လည်းကောင်၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွေသန်းနှင့်အဖွဲ့သည် ည ၈ နာရီ မိနစ် ၅၀ တွင် လည်းကောင်း ရောက်ရှိပြီး မီးဝိုင်းငြိမ်းသတ်ခဲ့ကြသည်။
မီးစတင်လောင်ကျွမ်းသည့် အဘူဖွေယော့ (အသက် ၅၀) (ဘ) ကာဆိမ်း၏ သက္ကယ်မိုး၊ ဝါးထရံကာ၊ မြေစိုက်အိမ်နှင့် ထိုမှ တစ်ဆင့် အိမ်နီးချင်း အဏ္ဏဝါ (အသက် ၄၀) ၏ နေအိမ်သို့ ကူးစက်လောင်ကျွမ်းနေသည်ကို တွေ့ရှိရသဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်နေစဉ် တောင်ဘက် ကိုက် ၁၅၀ ခန့်အကွာ အဏ္ဏဝါ ဆလာမ် (အသက် ၅၀) (ဘ) ဆီရာဇူ ၏ သက္ကယ်မိုး၊ ဝါးထရံကာ၊ မြေစိုက်နေ အိမ်ကိုပါ မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရကြောင်း၊ သို့ဖြစ်၍ လူစုခွဲပြီး မီးသွားရောက်ငြိမ်းသတ်စဉ် မသင်္ကာဘွယ် ဘင်္ဂါလီ လူမျိုး ၃ /၄ ဦးခန့် ထွက်ပြေး သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။
နေအိမ်များ ထူထပ်ခြင်း၊ သက္ကယ်မိုး၊ ဝါးထရံကာ နေအိမ်များသာ ဖြစ်ခြင်းကြောင့် အဏ္ဏဝါ ဆလာမ်နေအိမ် အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ နေအိမ် ၄ လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ ကြောင်း၊ ည ၉ နာရီခွဲခန့်တွင် ခရိုင်ဥပဒေအရာရှိ ဦးမြင့်သန်း၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မီးသတ်ကား ၁စီးတို့ ရောက်ရှိပြီး ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြ သဖြင့် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် နံနက် ၀၀ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာ အရသိရှိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး၊ ထရံကာ အိမ်ကြီး ၄ လုံး၊ အိမ်သေး ၁၂ လုံး စုစုပေါင်း နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု မရှိခဲ့ကြောင်း၊ မီးရှို့မှုဖြစ်စဉ်အား ဒုချီးရားတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူက တရား လိုပြုလုပ်ကာ လူနေအိမ် ၁၆ လုံးအား မီးရှို့သွားခဲ့သူ ဘင်္ဂါလီလူမျိုးများအား ဥပဒေအရ စုံစမ်း ဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားသဖြင့် ဇန်နဝါရီ ၂၉ ရက် တွင် မောင်တော ရဲစခန်း၌ အမှုဖွင့် အရေးယူထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအား ဆက်သွယ်မေးမြန်းရာ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီလောက်မှာ ဒုချီးရားတန်းအနောက် ကျေးရွာ မီးလောင်ပြင်ကို မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနဲ့ တာဝန်ရှိသူတွေရယ်၊ ခရိုင်မြေစာရင် ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေ အပါအဝင် တစ်အိမ်ချင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်တဲ့နေအိမ်တွေရဲ့ မျက်မြင်အနေအထားအရတော့  အဒူဘော်ရှောရဲ့ အိမ်အမှတ် ၅၆ အိမ်ခေါင်မိုးပေါ်မှာ ကောက်ရိုးထုံးတွေ ပစ်တင်ထားသည်ကို တွေ့ရတယ်၊ နောက်အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ မာမက်ဟာရှိန်းရဲ့ အိမ်အမှတ် ၅၄ နေအိမ်ထဲမှာ  ထင်းတွေစုပုံထားတာကို တွေ့ရတယ်လို့ သတင်းပို့ပါတယ်။ အိမ်ထဲမှာ ထင်းတွေ့တယ် ဆိုတာက မီးဖိုထဲမှာ တွေ့ရတာမျိုး မဟုတ်ဘဲ အိမ်အတွင်းထဲမှာ မီးရှို့ထားတဲ့ ထင်းတွေကို မသင်္ကာဖွယ် တွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှို့မီးဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပဲ ယူဆပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်း ဖော်ထုတ်ပြီး  အမှုဖွင့်အရေးယူ ဆောင်ရွက်သွားဖို့  ဆုံးဖြတ်ခဲ့ပါတယ်ဟု ပြောပြခဲ့သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် အဖွဲ့သည် ကျေးရွာအတွင်း နေထိုင် ကြသော ရွာသူရွာသားများအား မိမိတို့နေအိမ် အတွင်းပုံမှန် နေထိုင်ကြရန်နှင့် စိုးရိမ်မှု မရှိ ကြရန် လိုက်လံပြောကြားခဲ့ရာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှ ညနေ ၅ နာရီခွဲ အထိ ဒုချီးရားတန်း အနောက်ရွာမှ အမျိုးသမီး ၂၀၊ အမျိုးသား ၂၂ ဦး စုစုပေါင်း ၄၂ ဦး ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
ဗိုလ်မှူးကြီးထိန်လင်းက ကျွန်တော်တို့ ဒီနေ့မှာလည်း ခရီးစဉ်တစ်ခုနဲ့ ဒုချီးရားတန်း အလယ်ရွာကို ရောက်ခဲ့ပါတယ်။ လူတွေ ပြန်နေထိုင်နေတာကို တွေ့ခဲ့ပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် အခုလို လုပ်ကြံထားတဲ့ ဖြစ်စဉ်မျိုးကို စစ်တွေမှာ ပဋိပက္ခ ဖြစ်တုန်း ကလည်း အလားတူ တွေ့ခဲ့ဖူးပါတယ်။ ဒါက တမင်ဖန်တီးလုပ်ဆောင်ထားတာလို့ ကျွန်တော် တို့ ပြောနိုင်ပါတယ်ဟုလည်း ထည့်သွင်း ပြောပြခဲ့သည်။
မီးရှို့မှုဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ရပ်တွင် တွေ့မြင်ရသော အနေအထားများအရ လည်းကောင်း၊ တစ်ချိန်တည်းတွင် အင်တာနက်နှင့် နိုင်ငံတကာ မီဒီယာအချို့၌ ဒုချီးရားတန်း ရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတုတ်များဖြင့် မီးရှို့လျက်ရှိသည်ဟု မမှန်သတင်းများ အချိန်ကိုက် လွှင့်တင်ခြင်းများကြောင့် လည်းကောင်း ယခုဖြစ်စဉ်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ဖော်ထုတ်ရရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
 -----------------------------------------------------------------------------------------------------
အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃)ဦးအား ဘင်္ဂလားဒေ့ရှ်၌ ဖမ်းဆီးရမိ
 နေပြည်တော် ဇန်နဝါရီ ၃၀
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အထူးစစ်ဆင်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ ပို့ချရန် အတွက် ပါကစ္စတန်နိုင်ငံမှ လေကြောင်းခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီလူမျိုး (၃)ဦးကို ဇန်နဝါရီ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လုံခြုံရေး အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော (၃) ဦးမှာ အူဆမာန်၊ မန်မက်နှင့် ဖက်ကရူးဟဆန် တို့ဖြစ်ပြီး  အာဖဂန် နစ္စတန် အခြေစိုက် အယ်လ်ကိုင်ဒါ တပ်ဖွဲ့တွင် အထူးတိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ပြီး (၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
စစ်ကြောချက်များအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မေယုခရိုင်အား TALAIBAN IN ARKAN နိုင်ငံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန်နှင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့များတွင် ဗုံးပြုလုပ်နည်း၊ လက်နက်ငယ် ပြုလုပ်နည်းများကို လေ့ကျင့်သင်ကြားရန် ဖြစ်ကြောင်း၊ ခေါင်းဆောင်ဖြစ်သူ အူဆမာန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် RSO သောင်းကျန်းသူအဖွဲ့မှ ဘဏ္ဍာရေးမှူး ဘန်ဒန်အီဒရီး၏ ညီဖြစ်ပြီး ဇာတိမှာ မောင်တော မြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဘက္ကာဂုံးနား ကျေးရွာမှဖြစ်ကြောင်း သတင်းရရှိသည်။
------------------------------------------------------------------------------------------------------
သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် ကိုယ်ချင်းစာနာမှုများ တည်ဆောက်ပေးရန်လို
နေပြည်တော် ဇန်နဝါရီ ၂၉
ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး H.E.Mr.Roland kobla ဦးဆောင်သော မြန်မာနိုင်ငံ  အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ ပါဝင်သည့်အဖွဲ့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာ လာကြရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ဥရောပသမဂ္ဂ သံရုံးမှသံအမတ်ကြီး၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်သည့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီများ၊ INGO များနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်အပေါ် သုံးသပ်သည့်အခါ ဖြစ်စဉ်ဖြစ်ရပ်များသည် သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုများနှင့်မတူဘဲ လူ့အဖွဲ့အစည်း နှစ်ရပ်ကြားတွင် ရှိနေသည့် ပဋိပက္ခများကြောင့် ဖြစ်ပွားခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်း   တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် မလွဲမသွေလိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်း လာစေရေးအတွက် နှစ်ဖက်အသိုင်းအဝိုင်းအကြားတွင် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် ကိုယ်ချင်းစာနာမှုများ တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ရခိုင် ပြည်နယ်အတွင်း ပြည့်စုံကောင်းမွန်သော၊ ရေရှည်တည်တံ့ခိုင်မြဲသော နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ နှစ်ဖက်အဖွဲ့အစည်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ ရေရှည်သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး လုပ်ငန်းစဉ် များတွင် နည်းလမ်းကောင်းများ ပေးအပ်နိုင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်
နှစ်ဖက်သော လူ့အသိုက်အဝန်းအတွင်း မငြိမ်သက်မှုများ စတင်ခဲ့မှု အခြေအနေများ၊ နေရာ ဒေသအလိုက် ကျယ်ပြန့်စွာ ဖြစ်ပေါ်လာမှုအပေါ် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့က လုံခြုံရေးကို တာဝန်ယူကာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီးက မိမိတို့အနေဖြင့် ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့်အတိုင်း ရခိုင်ပြည်နယ်ကိစ္စသည် ပြည်တွင်းရေးကိစ္စ ဖြစ်သည်ကို သဘော ပေါက် နားလည်လက်ခံပါကြောင်း၊ ရှုပ်ထွေးသိမ်မွေ့ နက်နဲသည့် အခြေအနေများကို မိမိတို့ အနေဖြင့် ကောင်းမွန်စွာ သဘောပေါက်နားလည်ပါကြောင်း၊ ယခုကဲ့သို့ ပထမဆုံးအကြိမ် လာရောက်သည့် မိမိတို့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများစွာ ပါဝင်လျက်ရှိရာ မိမိတို့သည် မည်သည့် နေရာ၊ မည်သည့်ဒေသများကို မည်သို့သော အကူအညီကောင်းများ၊ ပေးအပ်နိုင်မည် ဆိုခြင်းကို နားလည်သိရှိကာ ကူညီပေးလိုပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်ဖက်သော လူ့အသိုင်းအဝိုင်း အကြား မည်သည့်ဘက်ကိုမှ ဘက်လိုက်ခြင်းမရှိဘဲ မျှမျှတတ အကောင်းဆုံး ဖြစ်အောင် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားရန် အကြံပြု ပြောကြားလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
 ----------------------------------------------------------------------------------------------------
စစ်တွေ ဇန်နဝါရီ ၂၉
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ကျေးရွာ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ရဲတပ်ရင်းများ၊ ကွပ်ကဲရေးအဖွဲ့မှ ရဲတပ်ဖွဲ့မှူး၊ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက လာရောက်ငြှိမ်းသတ်    ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက်ရွာနေ အဘူဖွေယာ့ (၅ဝ နှစ်) (ဘ) ကာဆိမ်း၏ နေအိမ်မှ စတင်လောင်ကျွမ်း၍ မီးငြှိမ်းသတ်နေစဉ် တောင်ဘက် ကိုက် ၁၅ဝ အကွာ အဏ္ဏဝါ ဆလာမ် (၅ဝ နှစ်) (ဘ) ဆီရာဇူ၏ နေအိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြှိမ်းသတ်ရန် သွားစဉ် ဘင်္ဂါလီလူမျိုးငါးဦးခန့် ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ငယ်၊ ဝါးများဖြင့် ဆောက်လုပ်ထားခြင်း ကြောင့် နေအိမ်အကြီး လေးလုံး၊ အိမ်သေး ၁၂ လုံး စုစုပေါင်း ၁၆ လုံး မီးလောင် ဆုံးရှုံးသွား ခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့သဖြင့် မောင်တောရဲစခန်းက (ပ) ၁၉/၂ဝ၁၄၊ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။
မီးလောင်မှု ဖြစ်ပွားသည့် ကျေးရွာအနီးတွင် ရခိုင်တိုင်းရင်းသား ကျေးရွာများမရှိဘဲ ဘင်္ဂါလီ ရွာများသာရှိကြောင်း၊ ၄င်းတို့ကိုယ်တိုင် ၄င်းတို့အိမ်များကို မီးရှို့ပြီးထွက်ပြေး၍ ဖြစ်စဉ်အား ပုံကြီးချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရေးအတွက် သတင်းအချက်အလက်များ
အား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြည်နယ် အစိုးရက သတင်းထုတ်ပြန် ထားသည်။
(ပြည်နယ်ပြန်/ဆက်)
------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ
ရန်ကုန် ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သတင်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ ဌာနေကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန် မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဇော်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပ သတင်းဌာနများမှ တာဝန်ခံ များနှင့် သတင်းထောက်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒုချီးရားတန်းရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ဒုချီးရားတန်း ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအချက်အလက် မှန်များကို သိရှိနိုင်ရန်အတွက် ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပြီး ဖြစ်သကဲ့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သတင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတကာ သတင်းဌာန အချို့နှင့် အဖွဲ့အစည်းအချို့က သတင်းအရင်းအမြစ် မခိုင်မာသည့် သတင်းအချက်အလက် များ၊ ယုတ္တိမတန်သည့် အယူအဆများကို ဆက်လက်ထုတ်လွှင့်နေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ သတင်းအဖွဲ့အစည်းများ အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် တိကျမှန်ကန်မှုနှင့် ယုံကြည်စိတ်ချမှုကို ခိုင်ခိုင်မာမာ ဆန်းစစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ၂ဝ၁၁ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်  ကုလသမဂ္ဂအထွေထွေ ညီလာခံ ဆုံးဖြတ်ချက် (A/RES/66/81 A-B) ကို အလေးဂရုပြုရန် လိုအပ်ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအေဂျင်စီများမှ အများပြည်သူသို့ သတင်းများထုတ်ပြန်ရာတွင် တိကျမှန်ကန်ရန်၊ ဓမ္မဓိဋ္ဌာန်ကျရန်၊ ဘက်လိုက်မှုမရှိရန် အလေးအနက် ဖော်ပြထားပါကြောင်း။
ဒုချီးရားတန်းရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လွတ်လပ်စွာ စုံစမ်း စစ်ဆေးရန်အတွက် နိုင်ငံတော် သမ္မတက ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မည် ဖြစ်ကြောင်း၊ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း ၎င်းဒေသသို့ သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း မောင်တောခရိုင်သို့ သွားရောက် ကွင်းဆင်းစစ်ဆေးရန် စီစဉ်နေကြောင်း။
နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုးတက်မှုများကို အသိအမှတ်ပြုခြင်း တို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တစ်ချိန်တည်း၌ပင် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိသည်ကိုလည်း သတိပြုမိ ပါကြောင်း၊ ၎င်းစိုးရိမ်ပူပန်မှုများသည် အခြေအမြစ်မရှိသော သတင်းများနှင့် အတည်မပြု နိုင်သော အချက်အလက်များပေါ်တွင် အခြေခံနေသည်ကို တွေ့ရှိရကြောင်း ၊ ဇန်နဝါရီ ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်သည် အချို့မီဒီယာများတွင် ဖော်ပြထား သကဲ့သို့ အခြားသော ဖြစ်ရပ်များနှင့် ဆက်စပ်မနေဘဲ သီးခြားစွာ ဖြစ်ပေါ်နေသည်ကို ပြည်နယ်အစိုးရ ၏ စုံစမ်းစစ်ဆေးမှုများနှင့် ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးချက်များအရ သိရှိရကြောင်း၊ မသေချာသည့် သတင်းအချက်အလက်များ အပေါ်တွင် အခြေပြုထားသည့် ထင်မြင်ချက်၊ ယူဆချက်များသည် မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအကြား ရရှိထားပြီး ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ဒုချီးရားတန်း ကျေးရွာအုပ်စုသည် မောင်တောမြို့တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး ဒုချီးရားတန်း (အလယ်) ရွာ အပါအဝင် ကျေးရွာပေါင်း ကိုးရွာ ပါရှိပါကြောင်း၊ ဒုချီးရားတန်း ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု ၆၇၄ စု၊ လူဦးရေ ၄၈၇ဝ ဦး နေထိုင်ကြပြီး ကျေးရွာအုပ်စု တစ်စုလုံး၏ လူဦးရေ အချိုးအနေဖြင့် ရခိုင်လူမျိုး ၂ဝ ရာခိုင်နှုန်းနှင့် ဘင်္ဂလီလူမျိုး ၈ဝ ရာခိုင် နှုန်းခန့် နေထိုင်လျက် ရှိပါကြောင်း။
အခင်းဖြစ်ပွားရာ ဒုချီးရားတန်း (အလယ်) ရွာအနေဖြင့် စာရင်းဇယားများအရ အိမ်ထောင်စု ၁၄ဝ၊ လူဦးရေ ၁ဝ၃ဝ ဦးရှိပြီး ဘင်္ဂလီ လူမျိုးများသာ နေထိုင်ကြပါကြောင်း။
ယင်းကျေးရွာများအတွက် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတာဝန်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နယ်မြေခံလူထုများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ခရေမြိုင် နယ်မြေရဲကင်းနှင့် အမှတ် (၁၃)  ရဲတပ်ရင်းမှ ဂေါ်ဒူသာရတံတား လုံခြုံရေး ရဲကင်း စခန်းတို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ကို ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း။
ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် တရားဥပဒေ နှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ မောင်တောခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ဥပဒေ အရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ရှာဖွေရေး အဖွဲ့များပူးပေါင်း၍ ဆက်လက်ရှာဖွေခဲ့ရာ ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ သွေးစွန်းနေသော ယူနီဖောင်းအပိုင်း အစများ၊ ချပ်ဝတ်တန်ဆာအပိုင်း အစများ၊ တောစီးဖိနပ်နှင့် အမ် ၂၂ ကျည်အိမ် အလွတ်တစ်ခုကို ဒုချီးရားတန်းရွာ ပတ်ဝန်းကျင်တစ်ဝိုက်တို့မှ အာရဗီကျောင်း အတွင်းနှင့် အစ္စမိုင်ဗလီအနီးတွင် တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပါကြောင်း။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် မသင်္ကာသူ ကိုးဦး၊ ၁၇ ရက်တွင် ခြောက်ဦး၊ ၁၈ ရက်တွင် တစ်ဦး စုစုပေါင်း ၁၆ ဦးကို သက်သေများ၏ ထွက်ဆိုချက်များ အရခေါ်ယူ၍ တရားရုံးရီမန်ယူ၍ ဥပဒေနှင့်အညီ စစ်ဆေးလျက် ရှိပါကြောင်း။
တရားခံများ ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် ဇန်နဝါရီ ၁၉ ရက်မှာ တာဝန်ရှိသူများက မောင်တောမြို့နယ် မူလတန်းကျောင်းတွင် မောင်တော မြို့ပေါ်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေး မှူးများ၊ ရပ်မိရပ်ဖများ၊ ဗလီဆရာများနှင့် ဒေသခံ ၈ဝ ဦးတို့ကို ဖိတ်ကြား၍ လက်ရှိဖြစ်ပေါ်နေသော ဒုချီးရားတန်းကျေးရွာ အခြေအနေနှင့် တရားခံများ ဖမ်းဆီးရမိရေးတို့ကို နားလည် သဘောပေါက်ပြီး ပူးပေါင်း ပါဝင်လာစေရေး ဆွေးနွေးခဲ့ပါကြောင်း။
ဇန်နဝါရီ ၂ဝ ရက်တွင်လည်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဗလီဆရာများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၁၆ဝ ဦးတို့အား ဖိတ်ခေါ်၍ ယင်းကဲ့သို့ အကွက်ကျကျဖန်တီးကာ ကြိုတင်စီစဉ် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်အပေါ် အထောက်အထားများဖြင့် ဆွေးနွေးရှင်းလင်း ပြခဲ့ပါကြောင်း။
ဒုချီးရားတန်းဒေသ၏ နယ်မြေအခြေအနေမှာ တစ်စတစ်စပြန်လည် တည်ငြိမ်လာခဲ့ သော်လည်း သတင်းဌာနအချို့၏ အခြေအမြစ် မရှိသော သတင်းများ ပေါ်ထွက်လာမှုကြောင့် ဇန်နဝါရီ ၂၂ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ UNHCR နှင့် UNOCHA တို့မှ ကိုယ်စားလှယ်များ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့များသည် ဒုချီးရားတန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အုပ်စုတာဝန်ခံများ၊ ကျေးရွာသူ ကျေးရွာသားများအား တွေ့ဆုံ မေးမြန်းခြင်း၊ အခင်းဖြစ်ပွားသည့် နေရာများသို့ သွားရောက်ကြည့်ရှုခြင်းနှင့် ပြန်လည် ရောက်ရှိလာသော ကျေးရွာလူထုအတွက် လိုအပ်သည်များ ပြန်လည်ပံ့ပိုးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း။
အလားတူ ဇန်နဝါရီ ၂၃ ရက်တွင် စစ်တွေမြို့၌ အခြေပြုလျက်ရှိသော ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အဖွဲ့တစ်ဖွဲ့သည် ဒုချီးရားတန်းဖြစ်စဉ်အပေါ် အဖြစ်မှန် သိရှိစေ ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါကြောင်း။
တိမ်းရှောင်နေသည့် ကျေးရွာသူ ကျေးရွာသားများ အနေဖြင့်လည်း ၎င်းတို့နေအိမ် အသီးသီးကို ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အချိန်ထိ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၄၃၁ ဦး ပြန်လည် ရောက်ရှိခဲ့ပြီး ၎င်းတို့အတွက်လည်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် တာဝန်ရှိသူများက အရေးပေါ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ရွာသားများ ထွက်ပြေးတိမ်းရှောင် နေစဉ်ကာလအတွင်း မသမာသူအဖွဲ့များက ဝင်ရောက်ခိုးယူ လုယက်မှုများ ရှိခဲ့သောကြောင့် ကျေးရွာ အတွင်းရှိ နေအိမ်များနှင့် ရွာသားများပိုင် ပစ္စည်းများ ပျောက်ရှ ဆုံးရှုံးမှု မရှိစေရေး နယ်မြေခံ ရဲတပ်ဖွဲ့အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်ခဲ့ ပါကြောင်း။
ထို့အပြင် အဖျက်အမှောင့်သမားများက ကျေးရွာလူနေအိမ်များအား ဝင်ရောက် ဖျက်ဆီးမီးရှို့ပြီး မိမိတို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးသယောင် ဆောင်ရွက်ခြင်း များ မရှိစေရန်အတွက်လည်း လုံခြုံရေး တာဝန်ကို တိတိကျကျ သတ်မှတ်ချထား ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေး ပေါ်ပေါက်ချက်များအရ တပ်ကြပ်ကြီး အောင်ကျော်သိန်း အဖွဲ့သည် နယ်မြေခံကျေးရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပုံမှန် လှည့်ကင်း ဆောင် ရွက်ခြင်းသာ ဖြစ်သည်ဟု တွေ့ရှိရပါကြောင်း။
ပြစ်မှုကျူးလွန်သူအဖွဲ့မှ ၁၁ ဦးသည် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေပြီး ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆုငွေရရှိရေး RSO အဖွဲ့များထံ တောင်းခံဆောင်ရွက် လျက် ရှိကြောင်း သတင်း ပေးများထံမှ စုံစမ်းသိရှိရ ပါကြောင်း။
ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနအချို့မှ အတည်မပြုနိုင်သော သတင်း အရင်းအမြစ်များကို ကိုးကားပြီး သတင်းဖြန့်ချိသူများက လတ်တလောဖြစ်ပေါ် နေသော သတင်းများအရ ဒုချီးရားတန်း ဒေသတစ်ဝိုက်မှာ ၂ဝ၁၃ ဒီဇင်ဘာ ၉ ရက်တွင် ဘင်္ဂလီရှစ်ဦးခန့် အသတ်ခံရကြောင်း၊ ၂ဝ၁၄ ဇန်နဝါရီ ၁၃ ရက် ဖြစ်စဉ်တွင် လူ ၄ဝ ဦးခန့် သေဆုံးမှုများရှိခဲ့ကြောင်း၊ သတင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း။
အဆိုပါ သတင်းများနှင့် ပတ်သက်၍ အဖြစ်မှန်သိရှိနိုင်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ UNHCR နှင့် UNOCHA တို့မှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကိုယ်စားလှယ်များသည် ကျေးရွာသူ ကျေးရွာသားများ၊ ပြန်လည် ရောက်ရှိလာသော မိသားစုဝင်များအား ကိုယ်တိုင်စုံစမ်း မေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်နေရာများသို့ မြေပြင် ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်ခဲ့ရာ တွေ့ဆုံမေးမြန်းချက်များနှင့် ကွင်းဆင်း လေ့လာတွေ့ရှိချက်များအရ မှန်ကန်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း။
ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းမှ မည်သည့် ပြစ်မှုမျိုးမဆို ကျူးလွန်ကြောင်း ခိုင်လုံပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တည်ဆဲဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လက်ရှိ အနေအထားတွင်လည်း ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးလျက်ရှိပြီး ၎င်းနှင့်အတူ ပါသွားသည့် လက်နက်ခဲယမ်းများမှာလည်း ပျောက်ဆုံးလျက် ရှိပါကြောင်း။
ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားများ ရှိပါက မိမိတို့ ထံသို့ အကြောင်းကြားပေးရန် ပူးပေါင်းဆောင်ရွက်ရေး ဖိတ်ခေါ်အပ်ပါကြောင်း၊ မိမိတို့အနေ ဖြင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အချက်နှစ်ချက် ပြောကြားလိုပါကြောင်း၊ ပထမ အချက်အနေဖြင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများကို ဥပဒေမဲ့ ပြန်လည်တိုက်ခိုက် နှောင့်ယှက်ခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်သာဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမှ လက်မခံသော ဆောင်ရွက်ချက်မျိုးပင် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ရာ ရောက်နေသည် ဆိုသည့်အချက်ကို သတိပြုစေလိုပါကြောင်း ဒုတိယအချက်မှာ အဖွဲ့အစည်းများ အနေဖြင့် သတင်းများထုတ်ပြန်ရာတွင် လုံလောက်ခိုင်မာသော အချက်အလက်များ အပေါ် မူတည်ပြီး ထုတ်ပြန်သင့်ပါကြောင်း၊ သတင်း အခြေအမြစ် မရှိသော ထုတ်ပြန်ချက်များ သည် အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေစိုးမိုးရေးကို အဟန့်အတားအဖြစ် ထိခိုက်စေနိုင်သဖြင့် အဖြစ်မှန် ပေါ်ပေါက်လာပါက ဒေသခံပြည်သူကလည်း ခွင့်လွှတ် လက်ခံမည် မဟုတ်သည်ကို သတိပြုစေ လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရခိုင်လူမျိုးဒုက္ခသည် ၇၆၁၄ ဦးအနက် ၈၄ ဒသမ ၈ဝ ရာခိုင်နှုန်းအား လည်းကောင်း၊ ဘင်္ဂလီ ဒုက္ခသည် ၁ ဒသမ ၂ သိန်း အနက် ၈၅ ဒသမ ၃၈ ရာခိုင်နှုန်းအား ပြန်လည်နေရာ ချထားပေးမှု အခြေအနေ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ၂ဝ၁၂ ခုနှစ် ဇွန်လမှ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအထိ စားနပ်ရိက္ခာတန်ချိန် ၂၈ဝ၇၁(မက်ထရစ်တန်) အား ဖြန့်ဖြူးပေးမှု အခြေအနေ၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စုအစိုးရမှ ကျပ်ငွေ ၂၆ ဒသမ ၇၉ ဘီလီယံ သုံးစွဲခဲ့မှုအခြေအနေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသည့် ရခိုင်ပြည်နယ် တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်  (Rakhine Response Plan) ကို ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ဆောင်ရွက်ခဲ့ရာတွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလအထိ ရန်ပုံငွေလိုအပ်ချက် အမေရိကန် ဒေါ်လာ ၁ဝ၉ ဒသမ ၃ သန်းအနက် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ရရှိပြီး ရန်ပုံငွေမှာ အမေရိကန် ဒေါ်လာ ၈၅ ဒသမ ၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄ သန်း လိုအပ်နေသည့် အခြေအနေ၊ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်စုံမဟာဗျူဟာတစ်ရပ် ရေးဆွဲထားပြီးဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှု ယန္တရား ပိုမိုအားကောင်း လာအောင် ဆောင်ရွက်ရန်၊ ပဋိပက္ခကြောင့် စားဝတ်နေရေး အဆင်မပြေသည့် ဒုက္ခသည်များအတွက် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်၊ နယ်စပ် ဒေသ မူလနေထိုင်သူများနှင့် တရားမဝင် ဝင်ရောက်နေထိုင်မှု ခွဲခြားစိစစ်ရေး လုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်၊ ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသော နှစ်ဖက်လူ့အဖွဲ့အစည်းမှ ပြည်သူများ၏ လူမှုစီးပွားရေး ပုံမှန်ပြန်လည်ဖြစ်ပေါ်ရေး ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရေတိုရေရှည်အစီအမံများ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက် သွားရန်နှင့် အနာဂတ်တွင် နိုင်ငံရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခများ ဒေသ အသီးသီးတွင် ထပ်မံမဖြစ်ပေါ်ရေးအတွက် မတူကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများ၏ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ပိုမိုသိရှိနားလည်လာပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်ဟူသည့် လမ်းပြမြေပုံကို တိကျသည့် လုပ်ငန်းစဉ်များနှင့်အတူ ဆောင်ရွက် သွားမည့် အခြေအနေ၊ အလားတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (Action Plan) ဖြစ်သည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တို့ကို ရေးဆွဲလျက်ရှိပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ်အတွင်း ပြည့်စုံကောင်းမွန်သော ရေရှည်တည်တံ့ ခိုင်မြဲသော ပြန်လည် ထူထောင်ရေး၊ နှစ်ဖက်လူ့အဖွဲ့အစည်း၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေး လုပ်ငန်းစဉ်များတွင် နည်းလမ်း ကောင်းများ၊ အကြံကောင်းများ ပေးအပ်နိုင်ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဒုချီးရားတန်း ကျေးရွာ ဖြစ်စဉ် ဖြစ်ပွားပြီး နာရီပိုင်းအတွင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ ဒုချီးရားတန်းကျေးရွာသို့ ရောက်ရှိ စစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့စစ်ဆေးချက်အရ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးသည်ဟု ယူဆရသည့် အထောက်အထား များစွာ တွေ့ရှိခဲ့ရပြီး ကျေးရွာ အဆောက်အအုံများ ပျက်စီးခြင်း၊ ကျေးရွာ သားများ သေဆုံးခြင်း မတွေ့ရှိရကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ တွင်လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်အတူ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှီးအာမတ်၊ မောင်တောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဇာဟင်ဂိ(ခ)အောင်မျိုးမင်း၊ UNHCR နှင့် UNOCHA မှ ကိုယ်စားလှယ် များသည် ဒုချီးရားတန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း။
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ဘင်္ဂလီလူမျိုးများ အသတ်ခံရသည့် သတင်း၊ ဘင်္ဂလီ အမျိုး သမီးများ အဓမ္မကျင့်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်း မရှိဟု ကျေးရွာသူ ကျေးရွာသားများမှ ပြောကြားခဲ့ကြကြောင်း၊ အဖမ်းဆီးခံရမည်ကို ကြောက်ရွံ့၍ ရှောင်တိမ်းနေမှုသာ ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဒုချီးရားတန်းကျေးရွာအုပ်စု အလယ်ရွာ တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများရှေ့တွင် ကျေးရွာမှ နေအိမ်များအား ပျက်စီးမှု မရှိစေဘဲ ထိန်းသိမ်းစောင့်ရှောက် ထားသည်ကိုပြသပြီး လွှဲပြောင်းပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၄ ရက်မှစ၍ ထွက်ပြေးတိမ်းရှောင်နေသော ကျေးရွာသားများ၊ ဒုချီးရားတန်း ကျေးရွာအလယ်ရွာ သို့ ပြန်လည်နေထိုင်ခဲ့ရာ ယနေ့အထိ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၃၃၁ ဦး ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက် နေထိုင်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်ဖက်လူ့အဖွဲ့အစည်းအား မျှမျှတတကူညီရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိရန် လိုအပ်ကြောင်း ပြောကြားသွားသည်။
ထို့နောက် ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင် က ကော်မရှင်အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများနှင့် အင်တာနက် သတင်းများတွင် ပါရှိနေသည့် ဘင်္ဂလီလူမျိုးများ အသတ်ခံရသည်ဆိုသည့် သတင်းများကို စိစစ်နိုင်ရန်အတွက် အဆိုပါ ဒေသသို့ ဇန်နဝါရီ လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သွားရောက်ခဲ့ကြောင်း၊ မြေပြကွင်းဆင်း စစ်ဆေးမှုများပြုလုပ် သကဲ့သို့ ဒေသခံပြည်သူ ၇ဝ ကိုလည်း တွေ့ဆုံ မေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများနှင့် အင်တာနက်တွင် ဖော်ပြနေသည့် သတင်းအချက် အလက် များကို တစ်ချက်ချင်း စိစစ်မေးမြန်းခဲ့ကြောင်း။
ထိုသို့စစ်ဆေးရာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည်ဟု အချက်ကိုသာ ခိုင်မာစွာတွေ့ရှိရပြီး ကျန်သတင်း အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိကြောင်း၊ အင်တာနက်တွင် တွေ့ရှိရသည့် အသတ်ခံရသည်ဟု ဆိုသော ဘင်္ဂလီအမည်စာရင်းပါ အမည်များမှာ ဒုချီးရားတန်းကျေးရွာနှင့် ပတ်ဝန်းကျင်တွင် လုံးဝမရှိကြောင်း၊ ဒေသခံပြည်သူ တစ်ဦးက ၎င်း၏ အမျိုးတစ်ဦး အသတ်ခံရသည်ကို မျက်မြင်တွေ့ရှိသည်ဟု ဆိုသော်လည်း အဆိုပါသူမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံရသူဖြစ်ကြောင်း၊ အသတ်ခံရခြင်း မဟုတ်ကြောင်း။
ထို့အတူ အသတ်ခံရသည့် ဘင်္ဂလီအလောင်းများ မြှုပ်နှံထားသည့် နေရာများသို့ ကွင်းဆင်း စစ်ဆေး ကြည့်ရှုရာတွင်လည်း လတ်တလော မြှုပ်နှံထားသည့် အထောက်အထားများ မတွေ့ ရှိရကြောင်း၊ တောဖုံးနေသည့် သင်္ချီုင်း နေရာများသာရှိကြောင်း၊ INGO အဖွဲ့အချို့က ဒဏ်ရာ ရရှိ သူများရှိသည်ဟု ပြောကြားသော်လည်း လက်တွေ့ပြသနိုင်ခြင်း မရှိကြောင်း၊ ကျေးရွာများ ၌ မိမိတို့ကိုယ်တိုင် လိုက်လံ မေးမြန်းရာတွင်လည်း ဒဏ်ရာရသူများ တွေ့ရှိရခြင်း မရှိကြောင်း၊ မိမိတို့၏ တရားဝင် အစီရင်ခံစာကိုလည်း မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများ အနေဖြင့် ခိုင်မာသော အထောက်အထားများ ရှိပါက မိမိတို့ ကော်မရှင်ကို ပေးစေ လိုကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေသည် ထိခိုက်လွယ်သော အခြေအနေတွင် ရှိသဖြင့် အားလုံးက ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတင်းအချက်အလက်များ ရရှိပါက ဒေသအဆင့်တွင် ဦးစွာ သတင်းဖလှယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကောလာ ဟလများကြောင့် မတည်ငြိမ်မှုများ ဖြစ်ပွားလာပါက ဒေသခံပြည်သူများပင် နစ်နာမည် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး၊ အမေရိကန် သံအမတ်ကြီးနှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးတို့က ပြန်လည်ဆွေးနွေး မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စုံစမ်းစစ်ဆေးမှုများသည် မိမိတို့၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ မိမိတို့၏ စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ပြီး တွေ့ရှိချက်များကိုလည်း အများ ပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ရန် မလိုအပ်ကြောင်း၊ ၎င်းဒေသသို့ သံတမန်များ သွားရောက် လေ့လာနိုင်ရေးနှင့် ပတ်သက်ပြီး ယခင်ကလည်း မိမိတို့ စီစဉ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလည်း ထပ်မံစီစဉ် ပေးနိုင်ကြောင်း၊ လာမည့် မကြာမီရက်များအတွင်း ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့်အဖွဲ့လည်း ရခိုင်ပြည်နယ်သို့ သွားရောက်ရန် ရှိကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲ အပြီးတွင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေကိုယ်စား လှယ်များ၊ ပြည်တွင်း ပြည်ပသတင်းဌာနများမှ တာဝန်ခံများနှင့် သတင်းထောက်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ UNHCR နှင့် UNOCHA တို့၏ ဒုချီးရားတန်းကျေးရွာသို့ သွားရောက်စစ်ဆေးမှု ခရီးစဉ်၊ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းများနှင့် ကျေးရွာသူ ကျေးရွာသားများ ပြန်လည် ဝင်ရောက်မှု အခြေအနေ၊ ဖြစ်စဉ် ဖြစ်ပွားသည့်နေရာနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ ကျန်ရစ်ခဲ့သော သက်သေခံပစ္စည်းများ၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ၌ (၁၃-၁- ၂ဝ၁၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ပြမြေပုံများ အပါအဝင် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုလေ့လာ ကြသည်။
 -----------------------------------------------
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းစည်းဝေး
နေပြည်တော် ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကောမတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် စက်မှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ဦးဝင်းသန်း၊ ဦးဇင်ယော်၊ ဦးသိန်းအောင်၊ ဒေါက်တာ ဇော်မင်းအောင်၊ ဦးထင်အောင်၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ လုပ်ငန်းကော်မတီ အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပြည်နယ်အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် ပညာရေး၊ ကျန်းမာရေး လိုအပ် ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီမှ လမ်းညွှန်ထားသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာ စီမံကိန်းလုပ်ငန်းစီမံချက် (Action Plan) ပါ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်အရ လုပ်ဆောင်ရမည့်အချက်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး ကြရန်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာတွင် မျိုးစပါး တင်း ၁၉၈၆ဝ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၆၃၄၈ ဧက ထွန်ယက်စိုက်ပျိုး ပေးနိုင်ခဲ့ကြောင်း၊ ပညာရေး ကဏ္ဍတွင် အခြေခံပညာကျောင်း ၃၄ ကျောင်းအနက် ၃၂ ကျောင်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ငှက်ချောင်းရှိ နှစ်ကျောင်းမှာ ၇၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး နေပြီဖြစ်ကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင် ဆေးပေးခန်း ၂၉ လုံးအနက် ၂၇ လုံး ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင် အော်တို တယ်လီဖုန်းလိုင်း သွယ်တန်းခြင်း၊ အသစ်တပ်ဆင်ခြင်း များကိုလည်း ရမ်းဗြဲမြို့နယ်၊ ဂွမြို့နယ်၊ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်တို့တွင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။
ယခင်နှစ်က ဆောင်ရွက်ပေးခဲ့မှုများအပေါ် အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ပြီး ယခုနှစ်အတွင်း ပိုမိုပြည့်စုံစွာဖြည့်ဆည်း ပေးနိုင်ရေး အားလုံးဝိုင်းဝန်းဆွေးနွေး အဖြေရှာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင်ရွက် ရာတွင် အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး ကော်မတီ အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရေတို၊ ရေရှည် အစီအမံများကို စုစည်း၍ မိမိတို့ကော်မတီ၏ ရေတို၊ ရေရှည်အစီအမံများအဖြစ် ဘက်စုံ မဟာဗျူဟာ ရေးဆွဲချမှတ်ရေး ကော်မတီသို့ ပေးပို့ထားခဲ့ရာမှ ယခု Action Plan ပေါ်ပေါက် ခဲ့ပါကြောင်း၊ Action Plan ပါ အချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ပြီးစီးမှု များကို မိမိတို့ကော်မတီမှ ဗဟိုကော်မတီသို့ တိုးတက်မှု အစီရင်ခံစာများ ပေးပို့ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်မှု အကောင်အထည်ဖော်ရေး ဆိုင်ရာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီပါ လုပ်ငန်းစဉ်များ ပိုမိုပြည့်စုံစွာ ဖြည့်ဆည်း အကောင်အထည်ဖော်နိုင်ရေးနှင့် Action Plan လုပ်ငန်းစဉ်များကို လိုက်နာ အကောင်အထည် ဖော်နိုင်ရေးတို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပြီး ကောင်းမွန်သည့် အကြံပေးချက်များဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးဆိုင်ရာ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေ အနေများကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
 -------------------------------------------------
တရားဥပဒေ စိုးမိုးရေး လေးစားလိုက်နာ
မောင်တော ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ်သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး  ဦးကျော်သိန်း၊ ပြည်နယ်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်စန်ရွှေနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး (OCHA) မှ Barbara Babista တို့နှင့်အတူ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁ နာရီခွဲတွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိပြီး ဘူးသီးတောင်မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှီးအာမက်နှင့်အတူ သပြေကုန်း ရပ်ကွက်တွင် အင်ဒိုနီးရှားနိုင်ငံ အထောက်အပံ့ဖြင့် ဆောက်လုပ်လျက်ရှိသည့် သံကူကွန်ကရစ်နှစ်ထပ် မူလတန်း လွန်ကျောင်း ဆောင် သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က မူလတန်းလွန် ကျောင်းဆောင်သစ်ကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဘူးသီးတောင်မောင်တောလမ်းပေါ်ရှိ ဂူပေါက်ကြီးရှောင်ကွင်းလမ်း ဖောက်လုပ် နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာက လမ်းဖောက် လုပ်နေမှု၊ ရေလွှဲမြောင်း ဖောက်လုပ်နေမှုနှင့် ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် မောင်တောမြို့သို့ ဆက်သွယ်ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မောင်တောမြို့နယ် ဝေသာလီ ကျေးရွာမှစတင်၍ AMC ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းနေမှုကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ခရေမြိုင် ကျေးရွာအုပ်စု ကင်းချောင်းကျေးရွာသို့ ရောက်ရှိပြီး တရုတ်နိုင်ငံမှပေးပို့သည့် Modular House များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ အင်ဂျင်နီယာများ က လိုက်လံရှင်းလင်း တင်ပြကြသည်။
ထို့နောက် ခရေမြိုင်ကျေးရွာမှတစ်ဆင့် ဂေါ်ဒူသာရကျေးရွာသို့ ရောက်ရှိပြီး ဒုချီးရားတန်း ကျေးရွာမှ ရှောင်တိမ်း ရောက်ရှိ လာသည့် ကျေးရွာသားများ၊ ဂေါ်ဒူသာရ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မော်လဝီဆရာများနှင့် တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး ယခင်ကဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရားဥပဒေ အတိုင်း ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လေးစား လိုက်နာရေးတို့ကို မှာကြားသည်။
အဆိုပါကျေးရွာတွင် ရောက်ရှိနေသော ဒုချီးရားတန်းကျေးရွာသားများအား ဖြစ်စဉ်နှင့် ပတ်သက်၍ UNHCR, OCHA  ကိုယ်စားလှယ်တို့က သိလိုသည်များကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးအောင်မျိုးမင်း၊ ဒေါက်တာ ဘော်ရှီးအာမက် တို့နှင့် အတူ မေးမြန်းရာ လူသတ်သည်ကို မတွေ့ရကြောင်း၊ ယင်းတို့၏ သားနှစ်ဦးသာ အချုပ်တွင် ရှိနေကြောင်း၊ ဂေါ်ဒူသာရ ကျေးရွာ မှ မော်လဝီဆရာကလည်း လူသတ်သည်ကို မတွေ့ရပါကြောင်း၊ ပတ်ဝန်းကျင်ရွာမှ လာရောက်သည့် ကျေးရွာသားများကလည်း လူသတ်သည်ကို မတွေ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ရဲမှူးချုပ် တင်ကိုကို က အချုပ်ခန်းတွင် ရောက်ရှိနေသူများအား စစ်ဆေးနေခြင်းသာဖြစ်၍ အပြစ်မရှိက ပြန်လွှတ် ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာသား များ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဒုချီးရားတန်း (အလယ်)ကျေးရွာသို့ ရောက်ရှိပြီး ရဲတပ်ကြပ်ကြီးနှင့်အဖွဲ့ ကင်းလှည့်ရာမှ စတင်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် ကျေးရွာစာရေးက ဖြစ်စဉ်အား ရှင်းပြသည်။ ထို့နောက် ရဲတပ်ကြပ်ကြီး၏ အဝတ်အစားများ တွေ့ရှိရာနေရာ ဗလီအနီး တစ်ဝိုက်အား ကြည့်ရှုခဲ့ပြီး ကျေးရွာ အတွင်းရှိအိမ်များမှ ပစ္စည်းများ၊ ဆိုင်ကယ်များ ပျောက်ဆုံးမှု မရှိစေရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညနေ ၅နာရီခန့်တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဖြစ်စဉ်နှင့်ပတ်သက်၍ UNHCR,OCHA ကိုယ်စားလှယ်တို့က သိရှိလိုသည် များကို မေးမြန်းကြရာ ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုးတို့ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က မိမိအနေဖြင့် ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြား သတင်းဌာနများမှ ထုတ်လွှင့်နေသည့် ဒေသရှိ ကလေးနှင့် အမျိုးသမီးများကို သတ်ဖြတ်သည် ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လွန်ခဲ့သည့် အပတ်ကဖြစ်ခဲ့သည့် ဖြစ်စဉ်အမှန်ကို သိရှိလို၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကလည်း ဒုချီးရာတန်း ကျေးရွာရှိ ပစ္စည်းများ မပျောက်ပျက်စေရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်းပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
(ပြည်နယ် ပြန်/ဆက်)
 ------------------------------------------------------------------------------
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ (ကိုယ်စား) စီမံခန့်ခွဲရေး သတ္တမအဖွဲ့ဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ (ကိုယ်စား) စီမံခန့်ခွဲရေး သတ္တမအဖွဲ့ဖြစ်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းတို့ ဦးဆောင်သော အဖွဲ့ သည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၂ဝ ရက်မှ၂၃ရက်အထိ စစ်တွေမြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊  မြောက်ဦး မြို့နယ်နှင့် ပေါက်တော မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်း က စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ဝန်ကြီး ချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် တည်ငြိမ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပြည်နယ်အဆင့်မှ ဖွဲ့စည်းထားရှိသော လုပ်ငန်းဆပ်ကော်မတီ ခြောက်ခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံ များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဒေါ်လဲ့လဲ့သိန်း တို့က ဗဟိုကော်မတီ စီမံခန့်ခွဲရေး သတ္တမအဖွဲ့ကိုယ်စား ပုံမှန်ကြီးကြပ် ဆောင်ရွက်သွားမည့် အခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် တိုးတက်အောင် ဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းလေ့လာသွားမည့် အစီအမံတို့နှင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) လုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြ၍ လိုအပ်ချက်များအား အကြံပြု တင်ပြ ခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်တွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပုံမြို့သို့ ရောက်ရှိပြီး မြို့မိ မြို့ဖများ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှု အခြေအနေများအား ဆွေးနွေး သည်။ ထို့နောက် မြေပုံမြို့ရှိ ကန်သာထွက်ဝနှင့် တောင်ပေါ်ကယ်ဆယ်ရေး စခန်းရှိ ဒုက္ခသည် များ အခြေအနေအား လှည့်လည်ကြည့်ရှုပြီး မြေပုံမြို့ရှိ သီရိမင်္ဂလာ တောင်ပိုင်းကျောင်း ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် မင်းပြားမြို့သို့ ရောက်ရှိပြီး မင်းပြားမြို့နယ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ထောက်ပံ့ မှုဖြင့် ဆောက်လုပ်လျက်ရှိသော သေံကျေးရွာနှင့် စမ္ဘလေကျေးရွာ မူလတန်းကျောင်း ဆောက်လုပ်နေမှု ကိုလည်းကောင်း၊ မြောက်ဦးမြို့သို့ ရောက်ရှိပြီး ဒေသခံပြည်သူလူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင်နှင့် ဆင်တက်မော် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ စခန်းများ၏ တိုးတက်မှု၊ လိုအပ်ချက်များကို အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေး နှင့် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ကယ်ဆယ်ရေး စခန်းများဖြစ်သော သက္ကေပြင်၊ ခေါင်းဒုက္ခာ၊ သဲချောင်းဈေးနှင့် ဒါးပိုင်အရေးပေါ် ဆေးရုံတို့အားလည်းကောင်း၊ စစ်တွေမြို့ ဆတ်ရိုးကျ လုံးချင်းအိမ်ရာ ပြန်လည်နေရာချထားရေးနှင့် တိုးတက်မှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးခန်းမ၌ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ခရီးစဉ်အတွင်း တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးနှင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်း ရေးစင်တာ (ECC) အဆင့်မြှင့်တင် ဆောင်ရွက် နိုင်ရေး ကိစ္စရပ်များအား သက်ဆိုင်ရာကော်မတီ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
---------------------------------------------------------------------------------------------
မောင်တောမြို့နယ်၊ ခရေမြိုင်ရဲကင်းမှ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် ဒုချီးရားတန်း ရွာသားများက အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်(၁)လက်၊ ခဲယမ်းအချို့နှင့်အတူ ပျောက်ဆုံးလျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် ဒုချီးရားတန်း(အလယ်) ရွာသို့ အရောက် ဘင်္ဂလီများက အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် ကြီး အောင်ကျော်သိန်းသည် သေနတ် (၁) လက်၊ ခဲယမ်းအချို့နှင့် အတူ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာန များကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်နဝါရီ ၁၄ ရက်က အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်ဆလင် အမျိုးသမီးများနှင့် ကလေးငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသ ခံတစ်ဦး၏  အဆိုအရ သေဆုံးသူ ၄၀ ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာ ဖြစ်ကြောင်း တစ်ဖက်သတ် စွပ်စွဲဖော်ပြ ခဲ့သဖြင့် ဇန်နဝါရီ (၁၇)ရက်က ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းထောက်များအား ယင်းသတင်းဌာနတို့၏ ဖော်ပြချက်မှာ သတင်းမှားများသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီးဖြစ်သည်။
ထို့အတူ ဇန်နဝါရီ (၁၇) ရက်တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးနှင့် ဗြိတိန်သံရုံးတို့၏ ပူးတွဲကြေညာချက်၌ ရခိုင်ပြည်နယ် ဇန်နဝါရီ ၁၃ ရက် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့မှုများ၊ လူသေကြေဒဏ်ရာရရှိမှုများ၊ အင်အားသုံး ဖြိုခွဲမှုများအတွက် စိုးရိမ်ပူပန် ကြောင်းနှင့် အဆိုပါဖြစ်စဉ်အပေါ် ထင်သာမြင်သာရှိအောင် ထိထိ ရောက်ရောက် စုံစမ်းဖော်ထုတ်သင့်ကြောင်း ဟုထုတ်ပြန်ခဲ့သည်။ ၎င်းအပြင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိ သံဝန်ထမ်းတစ်ဦးကလည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ လာရောက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ်များတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်မှု အခန်းကဏ္ဍကို ဆွေးနွေးစဉ် ယခုအခါ နိုင်ငံတကာ အသိုင်း အဝိုင်းမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စောင့်ကြည့်လျက် ရှိပါကြောင်း၊ မောင်တောမြို့တွင် လွန်ခဲ့သည့်အပတ်က ဖြစ်ပွားခဲ့သည့်  ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု သိရှိရပါကြောင်း၊ သို့ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ သိရှိရသည့် သတင်းများအရ အရပ်သားများ သေဆုံးသည့်ဟုလည်း သတင်းများ ထပ်မံ ရရှိသဖြင့် အခြေအနေမှန်အား သိရှိနိုင်ရေးအတွက် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု ရှိသည့် စုံစမ်းစစ်ဆေးမှုများအား ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်အတူ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြင့်ပြောကြားခဲ့သည်။
ဖြစ်စဉ်အမှန်မှာ ၂၀၁၄ ခုနှစ်၊ဇန်နဝါရီ ၁၃ ရက် ည ၉ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီး တပ်ဖွဲ့ဝင်(၄) ဦးပါ လှည့်ကင်း အဖွဲ့သည် ခရေမြိုင် ရွာမှ ရွာလူကြီး ဦးမောင်ဘထွန်းနှင့်အတူ ကင်းချောင်းရွာသို့ ခြေကျင်လှည့် ကင်းထွက်ခဲ့ပြီး ကင်းချောင်းရွာတွင် ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှ၊ ဒုချီးရားတန်း ကျေးရွာ အုပ်စုစာရေး ဦးသန်းထွန်းဦး (၃) ဦး တို့ကို ခေါ်ဆောင်၍  လှည့်ကင်း ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ကင်းချောင်းရွာမှ ဒုချီးရား တန်း (အရှေ့) ရွာ (ခ) တပ်ဦးချောင်း ရွာသို့ ရောက်ရှိခဲ့ပြီး ရွာလယ်လမ်းအတိုင်း ဖြတ်လာခဲ့စဉ် ဒုချီးရားတန်း (အလယ်) ရွာ စာသင်ကျောင်းနှင့် ကင်းတဲအလွန် ဈေးဆိုင်များရှေ့သို့ ည ၉ နာရီခွဲခန့် အရောက် ဘင်္ဂလီ (၂၀) ခန့်သည် စုဝေးပြီး မီးလှုံ နေသည်ကို တွေ့ရှိရကြောင်း၊ လှည့်ကင်းအဖွဲ့မှ လက်နှိပ်ဓါတ်မီးထိုး၍ လာစဉ် မီးလှုံနေသူများက လက်နှိပ် ဓါတ်မီးဖြင့် ပြန်ထိုးပြီး စတင်မေးမြန်းခဲ့ကြောင်း၊ လှည့်ကင်းအဖွဲ့က ရဲတပ်ဖွဲ့ဝင် များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ ဖြစ်ကြောင်း၊ ပြန်ဖြေသော်လည်း ၎င်းတို့က အနီးဝန်းကျင်သို့ ဆက်သွားပြီး ခဲများဖြင့် စတင် ပစ်ပေါက်ကာ တုတ်၊ ဓါးများ ကိုင်ဆောင်လျက် လူစုဝေးရန် အော်ဟစ်ခဲ့ကြောင်း။ ထိုအချိန်တွင် လူ (၁၀၀) ခန့် ဝိုင်းဝန်း လာခဲ့သဖြင့် လှည့်ကင်းအဖွဲ့က ငါတို့လှည့်ကင်း လာတာဖြစ်ကြောင်း၊ မင်းတို့ကို ရန်ရှာဖို့ မဟုတ်ကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့တွေလည်းပါကြောင်း၊ ရှင်းပြရာ ၎င်းတို့က ရဲတွေကိုလည်း သတ်မည်၊ အုပ်ချုပ်ရေး အဖွဲ့တွေ ကိုလည်း သတ်မည်၊ ဟုပြောပြီး ဝိုင်းလိုက်ခဲ့ကြောင်း၊ ညအချိန်ဖြစ်သည့်အပြင် တစ်ရွာလုံးနီးပါး ထွက်လာပြီး ခန့်မှန်း မရလောက်အောင် အင်းအားများ လာခဲ့သောကြောင့် လှည့်ကင်းအဖွဲ့သည် လူအုပ်စုနှင့် ထိပ်တိုက် ရင်ဆိုင်မှု မပြုတော့ဘဲ ရဲတပ်သားမင်းရန်နိုင်၊ ဦးမောင်ဘထွန်း၊ ဦးအောင်သန်း၊ ဦးသန်းထွန်း၊ ဦးမောင်သိန်းလှ တို့က ဒုချီးရားတန်း (အလယ်)ရွာ အရှေ့ဘက်မှ ကွန်ကရစ် လမ်းဘက်သို့ လည်းကောင်း၊ ရဲတပ်သား မင်းမင်းခိုင်နှင့် ရဲတပ်သား မင်းဇော်တို့က ရွာ၏ အရှေ့မြောက်ဘက်မှ တစ်ဆင့် ခရေမြိုင်ရွာ ဘက်သို့ လည်းကောင်း လူစုခွဲရှောင်ခဲ့ရကြောင်း၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ၎င်းကိုင်ဆောင်လာသော လက်နက်နှင့် အတူ လူစုကွဲ၍ ယင်းလူအုပ်စု အကြား၌ ကျန်ခဲ့ပြီး ရွာအတွင်းဘက်မှ သေနတ်သံ (၂)ချက်ခန့် ကြားခဲ့ ကြောင်း၊ လွတ်မြောက်လာသော တပ်ဖွဲ့ဝင်များသည် ခရေမြိုင်ရဲကင်းသို့ ည ၁၀ နာရီ ခန့်တွင် ပြန်လည် ရောက်ရှိ၍ မောင်တောမြို့မရဲစခန်းသို့ တယ်လီဖုန်းဖြင့် အခြေအနေအား ချက်ချင်း သတင်းပို့ခဲ့ပါကြောင်း၊ သတင်း ရလျှင်ရခြင်း တာဝန်ရှိသူရဲတပ်ဖွဲ့ဝင်များသည် နယ်မြေခံတပ်နှင့် ပူးပေါင်ပြီး ချီတက်ခဲ့ရာ ဒုချီးရား တန်းရွာသို့ ည ၁၂ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး အဖွဲများခွဲ၍ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရှာဖွေရေး အဖွဲ့များ ဒုချီးရားတန်း (အလယ်)ရွာ အနောက်ဘက်သို့ အရောက်တွင် လူ ၅၀၀ ခန့်မှ တုတ်/ ဓါး ကိုယ်စီဖြင့် ဆူပူအော်ဟစ်ဆဲဆို ကြိမ်းမောင်း၍ ရှေ့သို့တစ်ဖြည်းဖြည်း တက်လာသဖြင့် ကိုက် ၅၀ ခန့် အကွာ အရောက်တွင် အန္တရာယ်ဖြစ်ပေါ်နိုင်၍ လက်နက်ငယ်ဖြင့် (၈)ချက် သတိပေးပစ်ခတ်ခဲ့ရာ ၎င်းအဖွဲ့ ရွာတောင် ဘက်သို့ ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက်တွင် ပိတ်ဆို့ရှာဖွေရေး အဖွဲ့များသည် ခရိုင်ဥပဒေအရာရှိ၊ မောင်တောမြို့၊ မြို့မ(တောင်)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့မိ/မြို့ဖ တို့နှင့် ပူးပေါင်းပြီး ဆက်လက်ရှာဖွေ ရှင်းလင်းခဲ့ရာ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ သွေးစွန်းနေသော ယူနီဖောင်း အပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ် တန်ဆာ အပိုင်းအပြတ်များ၊ လည်တို တောစီးဖိနပ် တစ်ရံတို့အား ဒုချီးရားတန်းကျေးရွာ ကင်းတဲ့အနီးတွင် လည်းကောင်း၊ အစ္စမိုင်ဗလီ အနောက်ရှိ အမှိုက်ကန်အတွင်းမှ လည်းကောင်း၊ အာရ်ဗီကျောင်းရှိ ဘီရို အတွင်းမှ လည်းကောင်း၊ တွေ့ရှိ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ဆက်လက်၍ ရှာဖွေရှင်းလင်းခဲ့ရာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ကိုင်ဆောင်သော သေနတ်၏ ကျည်အိမ်အလွတ် ၁ ခုအား ရွာ၏ အနောက်ဘက် လယ်ကွင်း တစ်ဝိုက်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မသင်္ကာသူများအား စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက် နေ့တွင် (၉) ဦး၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် (၆) ဦး၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် (၁) ဦး၊ စုစုပေါင်း (၁၆) ဦးတို့အား ခေါ်ယူ မေးမြန်းဆဲဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများ အနေဖြင့် ယင်းကဲ့သို့ အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်အပေါ် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် တရားခံများအား ရှာဖွေဖော်ထုတ် စုံစမ်းစစ်ဆေးလျက် ရှိသကဲ့သို့ တာဝန်ရှိသူများက မောင်တောမြို့နယ်၊ မူလတန်းလွန် ကျောင်း တွင် မောင်တော မြို့ပေါ်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဗလီဆရာ များနှင့် ဒေသခံ (၈၀) ဦးတို့အား ဇန်နဝါရီ ၁၉ ရက်နေ့တွင် တစ်ကြိမ်နှင့် မောင်တော မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ဗလီ ဆရာများ၊ ရပ်မိရပ်ဖများ၊ စုစုပေါင်း (၁၆၀) ဦး တို့အား ဇန်နဝါရီ ၂၀ ရက်တွင် တစ်ကြိမ် တွေ့ဆုံပြီး ယင်းကဲ့သို့ အကွက်ကျကျ ဖန်းတီးကာ ကြိုတင်စီစဉ် လုပ်ဆောင်ခဲ့သည် ယင်းလူအုပ်စုဖွဲ့ အကြမ်းဖက် လုပ်ရပ်အပေါ်  အထောက်အထားများဖြင့် ရှင်းလင်းပြသ ခဲ့ကြောင်း ထိုသို့ ရှင်းလင်း ပြောကြားမှုအပေါ် မောင်တောမြို့၊ မြို့မ(တောင်) ရပ်ကွက်နေ မော်လဝီဆရာကြီး တစ်ဦးကလည်း တက်ရောက် လာကြသော ရပ်မိရပ်ဖများနှင့် မော်လဝီ များအား ဖြစ်စဉ်တွင် ပျောက်ဆုံးနေသော ရဲတပ်ကြီး အောင်ကျော်သိန်းနှင့် လက်နက် ပြန်လည် ရရှိရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် စည်းရုံးပြောဆိုခဲ့ကြောင်း၊ အထက်ပါ ဖြစ်စဉ်သည် ရပ်ရွာ အေးချမ်းသာယာ ရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရပ်ရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသည့် အရပ်သားများနှင့်အတူ လှည့်ကင်း တာဝန် ထမ်းဆောင် ခဲ့ကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်နေမှန် သိပါလျက် အကြောင်းမဲ့ လူအုပ်စု ဖွဲ့ကာ တိုက်ခိုက်ခဲ့ ကြသည့် ပြစ်မှုထိုက်သော အကြမ်းဖက် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း လက်ရှိ အခြေအနေတွင် တပ်ဖွဲ့ဝင်တစ်ဦးသည် လက်နက်ခဲယမ်းအချို့နှင့် အတူ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးပူးပေါင်း ဖော်ထုတ်ချက်အရ အခင်း ဖြစ်စဉ်တွင် ဒုချီးရားတန်း(အလယ်) ရွာမှ ပါဝင်ကျူးလွန်သူ (၁၉) ဦး ရှိကြောင်း ၊ အဓိက ဦးဆောင်ရန်ပြုသူများတွင် ပါဝင်သူ ကေဖိုက်ဒူလာ(၂၃) နှစ်သည် တစ်ဖက်နိုင်ငံ RSO  အဖွဲ့တွင် သင်တန်းတက်ခဲ့သူဖြစ်ပြီး အခင်းမဖြစ်မီ(၁၀) ရက်ခန့်က ရောက်ရှိခဲ့၍ ၎င်း၏ သူငယ်ချင်းဖြစ်သူ (၄/၅) ဦးခန့်အား သေနတ်ပုံစံတူ တုတ်များပြုလုပ်ကာ သေနတ်များ ကိုင်တွယ် ပစ်ခတ်တတ်အောင် သင်ကြားပေးခဲ့ကြောင်း၊ အဒူမူနာ (ဘီဒီပြေး) နှင့် မောင်တော ရဲစခန်းမှ ပြစ်မှုကျူးလွန်သဖြင့် ထောင်(၂)နှစ်ကျဖူးသူ ဂျောဘူလာ တို့ ဦးဆောင် ပါဝင်ခဲ့ကြပြီး ပြန်လည် ခိုးဝင်ရောက်ရှိနေသော ဘီဒီပြေး များနှင့် ပြစ်မှု ကျူးလွန် ထားသူအချို့မှ မကြာခဏ တိမ်းရှောင်ပုန်းအောင်း နေရသောကြောင့် နယ်မြေ စိုးမိုးရေး လှည့်ကင်း အဖွဲ့ဝင်များ ဝင်ရောက် ကင်းလှည့်ခြင်း မပြုနိုင်စေရန် နှောင့်ယှက်အန္တရာယ်ပြုနိုင်ရေး တိုင်ပင်ခဲ့ကြောင်း၊ အတည်ပြုဆဲ သတင်းများအရ အဆိုပါ (၁၉) ဦးမှ (၁၁) ဦးသည် တစ်ဖက်နိုင်ငံသို့ ရောက်ရှိ နေပြီး ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆုရရှိရေး RSO အဖွဲ့များထံမှ တောင်းခံနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ကြောင့် ယခုဖြစ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်၍ တရားခံများ ဖမ်းဆီး ရမိရေးနှင့် တာဝန်ထမ်းဆောင်ရင်း ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင် တစ်ဦးနဲ့ နိုင်ငံပိုင် လက်နက် ခဲယမ်းများ ပြန်လည် ရရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးတို့ မပျက်ပြားစေရေးအတွက်  လုံခြုံရေး တပ်ဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိနေသကဲ့သို့ ပြည်သူလူထုကလည်း မိမိတို့ စွမ်းဆောင် နိုင်သမျှ ဘောင်အတွင်းမှနေ၍ ရဲတပ်ဖွဲ့သို့ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေတ္တာရပ်ခံ ထားကြောင်းနှင့်  အချို့သော သတင်းဌာနများနှင့် သံတမန်အချို့၏ ပြောဆို ဝေဖန် နေမှုများမှာ မဟုတ်မမှန်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
-----------------------------------------------------------------------------------------------
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ မောင်တောမြို့နယ်သို့ ရောက်ရှိစစ်ဆေး အေပီသတင်း ဌာနမှ ဖော်ပြခဲ့သည့် သတင်းမှန်ကန်မှုမရှိ
မောင်တော ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ်သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်သိန်း၊ ပြည်နယ်စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမောင်စံရွှေ နှင့်  ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး OCHA မှ Barbara Babista၊ UNHCR ဌာနေကိုယ်စားလှယ် Roka Koda၊ ပြည်နယ် ရဲ တပ်ဖွဲ့မှူး၊ ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် DR. ဘော်ရှီးအာမက်၊ မောင်တော မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း တို့သည်  ယနေ့ ညနေ (၃) နာရီတွင် ခရေမြိုင် ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ပြည်သူများ နှင့် တွေ့ဆုံသည်။
ထို့နောက် ဂေါ်ဒူသာရကျေးရွာသို့ ရောက်ရှိပြီး၊ ဒုချီးရားတန်းကျေးရွာမှ ရှောင်တိမ်း ရောက်ရှိနေသည့် ကျေးရွာသားများနှင့် တွေ့ ဆုံမေး မြန်း ကြသည်။
ထိုသို့မေးမြန်းရာ ကျေးရွာပြည်သူများမှ ကလေး၊ လူကြီးများကို ရခိုင်များက သတ်ဖြတ်သည် ကို မကြားသိရပါကြောင်း၊ ယင်းရွာမှ လူ အချို့ အဖမ်းခံနေရပါကြောင်း ပြောကြားသဖြင့် မောင်တော ဒေသတွင် တာဝန်ယူဆောင်ရွက်နေသော ရဲမှူးချုပ်တင်ကိုကိုက ၎င်းတို့ အား စစ်ဆေးမေးမြန်းပြီး အပြစ်မရှိပါက ပြန်လွှတ်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဂေါ်ဒူသာရကျေးရွာမှ မော်လဝီဆရာကလည်း လူသတ်သည်ကို မတွေ့ရပါကြောင်း ပြောဆိုခဲ့ သည်။
တွေ့ဆုံမေးမြန်းရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ Dr. ဘော်ရှီး အာမက်၊ UNHCR၊ OCHA ကိုယ်စားလှယ် တို့က ကျေးရွာ ပြည်သူများအား တိုက်ရိုက် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုမှဆက်လက်၍ ဒုချီးရားတန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ ရဲတပ်ကြပ်ကြီးနှင့်အဖွဲ့ ကင်းလှည့်ရာမှ စတင် ဖြစ်ပွားခဲ့သည်နေရာ၊ ရဲတပ်ကြပ်ကြီး၏ အဝတ်အစားများ တွေ့ရှိရာ နေရာတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ညနေ(၅)နာရီခန့်တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်  ဖြစ်စဉ်နှင့် ပတ်သက်၍ OCHA နှင့် UNHCR တို့မှ ကိုယ်စားလှယ် တို့က သိလိုသည်များကို မေးမြန်းခဲ့ရာ ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး နေမျိုးတို့မှ ပြန်လည် ရှင်းလင်း ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ယခုဖြစ်စဉ်တွင် အဓိကကျသည့် တရားခံ ဖေါ်ထုတ်နိုင်ရေး၊ ပျောက်ဆုံး ရဲတပ်ကြပ်ကြီးနှင့် လက်နက်ပြန်လည် ရရှိရေးတို့ကို  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးနှင့် ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ရင်း၊ နိုင်ငံခြား သတင်းဌာနများမှ ထုတ်လွှင့်နေသည့် ဒေသရှိ ကလေးနှင့် အမျိုးသမီးများကို သတ်ဖြတ်သည်ဆိုသည့် သတင်းများ  လုံးဝ မဟုတ်မှန်ကြောင်း သိရှိနိုင်ရန်၊ လွန်ခဲ့သည့် အပတ်က ဖြစ်ခဲ့သည့် ဖြစ်စဉ်အမှန်ကို သိရှိလို၍ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ကလည်း ဒုချီးယားတန်းကျေးရွာရှိ ပစ္စည်းများ မပျောက်ပျက် စေရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
-------------------------------------------------------------------------------- 
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရ အဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်ဝန်ကြီးများ၊ UNICEF မှ ဌာနေ ကိုယ်စားလှယ် Mr.Bertrand Bainvel ဦးဆောင်သော ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လက်ရှိ ရခိုင်ပြည်နယ်အတွင်း အကောင် အထည် ဖော်လျက်ရှိသော တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေ မှုများအပေါ် ရလဒ်ကောင်းများ တိုးတက်ရ ရှိရေး ဆွေးနွေး ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁ဝ ရက်တွင် မြေပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ကံသာထွက်ပ ကယ်ဆယ်ရေးစခန်းနှင့် တောင်ပေါ်ကယ်ဆယ်ရေး စခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ ဒုက္ခသည် များအား စောင်များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် မင်းပြားမြို့နယ်၌ အင်ဒိုနီးရှားနိုင်ငံ ထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသော သေကံကျေးရွာ မူလတန်းကျောင်းနှင့် စမ္ဘလေကျေးရွာ မူလတန်းကျောင်းဆောက်လုပ်နေမှုကို စစ်ဆေး၍ ကျောင်းသား ကျောင်းသူ များအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့၌ တရုတ်နိုင်ငံမှ လှူဒါန်းသော Madular House များ ဆောက်လုပ်နေမှုနှင့် ကယ်ဆယ်ရေး စခန်းများကို လှည့်လည်ကြည့်ရှုပြီး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးကျောင်းကို ကြည့်ရှု ကာ ထောက်ပံ့ငွေ များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ခရီးစဉ်အတွင်း တွေ့ရှိခဲ့သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများ ရရှိနိုင်ရေး ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
---------------------------------------------------------------------------------------------------------
နေပြည်တော် ဒီဇင်ဘာ ၉ 
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၈/၂၀၁၃) ကို ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ် နှင့် စပ်လျဉ်း၍ နိုင်ငံတကာဆက်ဆံရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် တရားဝင်နေထိုင်သူများ ဟုတ်၊ မဟုတ် စိစစ်ရေး လုပ်ငန်း ကော်မတီ၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီနှင့် ဒေသတွင်း ယာယီ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီတို့မှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဗဟို  ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၁၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှ ကြီးမှူး၍ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့မှုနှင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံပွဲတွင် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေးပို့သည့် သဝဏ်လွှာအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နှစ်ဖက် အဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် အကြံပြုဆွေးနွေးတင်ပြပြီး ရခိုင်ပြည်နယ်နှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေး အခြေအနေ၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့် ရှောက်မှုများ ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ သတင်းမီဒီယာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်နိုင်ရေးတို့ကို ဒုတိယဝန်ကြီးများက ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ကြိုးစားဆောင်ရွက်မှုကြောင့် ရခိုင်ပြည်နယ်နှင့်စပ်လျဉ်း၍ နိုင်ငံ တကာ အလယ်တွင် မြန်မာနိုင်ငံ အနေဖြင့် ပုံရိပ်ကောင်းများ ရရှိလာပါကြောင်း၊ လုံခြုံရေး အပိုင်းတွင် အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များ ကျန်းမာရေး စောင့်ရှောက်မှုပေးရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့အကြား သဘောတူညီချက် စာချုပ်ဖြင့် ဆောင်ရွက်သည်ကို ရခိုင်တိုင်းရင်းသားများ သိရှိနားလည်အောင် တာဝန်ရှိသူများက ရှင်းပြရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် စပ်လျဉ်းသည့်သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာကလည်း ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်ကို အသိအမှတ်ပြု ချီးကျူးပါကြောင်း နှင့်လိုအပ်သော အကူအညီများကို ၎င်းတို့ဘက်မှ ကူညီပေးသွားလိုပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
 --------------------------------------------------------------------------------
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများတွင် ရိုဟင်ဂျာဆိုသည့် လူမျိုးစု မည်သည့်အခါကမှ မရှိခဲ့
နေပြည်တော် နိုဝင်ဘာ ၂၄
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့၌ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းများကို အရေးယူဆုံးဖြတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အချို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် က ကန့်ကွက်ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ အဆိုမူကြမ်းများကို အရေးယူဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ သတင်းဌာနမှ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစည်းအဝေး သတင်းမှတ်တမ်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှု ကို ကိုယ်စားလှယ် အဖွဲ့က တစ်ခဲနက် ကြိုဆိုခဲ့ကြပါကြောင်း “DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMARS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY-SPECIFIC TEXTS” ခေါင်းစီးဖြင့် အလေးပေး ဖော်ပြထားသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းနှင့်ပတ်သက်၍ တတိယ ကော်မတီ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင်ဆွေးနွေး ပြောကြားသူအချို့က မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် စီးပွားရေးနှင့် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ်ပြု ကြိုဆိုခဲ့ကြပြီး အနာဂတ်တွင် မြန်မာနိုင်ငံအတွက် အလားတူ အဆိုမူကြမ်းအား တတိယကော်မတီတွင် တင်သွင်းမှုကို အဆုံးသတ်ကြရန် တောင်းဆိုခဲ့ ကြကြောင်းလည်း သိရသည်။
အဆိုမူကြမ်းကို ကော်မတီကမဲမခွဲဘဲ အတည်ပြုချမှတ်ပြီးနောက် ယင်းဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က ဆုံးဖြတ်ချက်တွင် ပါရှိသည့် ရိုဟင်ဂျာလူနည်းစုဟူသည့် စကားအသုံးအနှုန်း ကို ယခင် ကာလများအတိုင်း ဆန့်ကျင်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁ဝဝ ကျော်အနက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့်အခါကမှ မရှိခဲ့ပါ ကြောင်း။ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူ များအား လူမျိုးဘာသာမခွဲခြားဘဲ အရေးယူဆောင်ရွက်ရန် နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်လျက် ရှိသည်ကို အရေးကြီးဆုံးအချက်အဖြစ် တင်ပြလိုပါကြောင်း၊ မကြာခင်က မြန်မာနိုင်ငံသို့ အိုအိုင်စီအဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရောက်ရှိချိန်တွင် အကြမ်းဖက်မှု အားလုံးကိုရပ်တန့်ရန်၊ ပြည်သူလူထုကို အကာအကွယ်ပေးရန်နှင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား အပြည့်အဝ လေးစားလိုက်နာစေရေး ဆောင်ရွက်ရန်တို့အတွက် အာမခံကြောင်းကို နိုင်ငံတော်အစိုးရက ပြောကြားခဲ့ပြီးဖြစ်ပါ ကြောင်း။
ကိုးကွယ်ယုံကြည်မှု မတူညီသူအချင်းချင်း စေ့စပ်ဆွေးနွေးမှုများ အားပေးမြှင့်တင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များကို ပေးအပ်ရေးတို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အိုအိုင်စီ အဖွဲ့ လာရောက်ခွင့်ပြုခြင်းမှာ မြန်မာနိုင်ငံ၏ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေ အရပ်ရပ်ကို ယခုထက်ပိုမို ကောင်းမွန်လာစေရန်နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး အတွက် အသင့်ရှိသည်ကို မြန်မာနိုင်ငံက ပြသခဲ့ခြင်း ဖြစ်ပါကြောင်း။
မြေယာပိုင်ဆိုင်မှု အခွင့်အရေး သို့မဟုတ် လွတ်လပ်စွာသွားလာလှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များရယူ အသုံးပြုမှုကဲ့သို့သော တည်ဆဲဥပဒေအောက်တွင်ရှိသည့် လုံခြုံရေးအခြေ အနေများနှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံတည်းကို ရွေးချယ်၍ ညီလာခံတွင် တရားဝင်တင်ပြပြီး ဆုံးဖြတ်ချက်ချမှတ်မှု ကို ကန့်ကွက်ပါကြောင်း၊ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစောင့်ကြည့်ရေး အစီရင်ခံစာအဖွဲ့ (UPR) သည်သာ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အခြေအနေများကို မျှတစွာ ဖြေရှင်းရမည့် တစ်ခုတည်းသော စောင့်ကြည့်သည့် ယန္တရားဖြစ်သည်ဟု ယုံကြည် ပါကြောင်း၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် အားပေးမြှင့်တင်ခြင်း လုပ်ငန်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရား အတိုင်း လိုက်နာဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်မှုစွမ်းရည် ခိုင်မာအားကောင်းလာစေရန် စစ်မှန်သော စေ့စပ် ဆွေးနွေးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံများပေါ်တွင် အခြေခံသင့်သည်ဟုလည်း မိမိတို့ ယုံကြည် ပါကြောင်း။
ကော်မတီ ဆုံးဖြတ်ချက်မူကြမ်းပါ မြန်မာတစ်နိုင်ငံတည်း၏ အရေးကိစ္စကို တင်ပြခြင်းအား ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုအောက် တွင် ဆက်လက်ထားရှိခြင်း မပြုသင့်ပါကြောင်း၊ ကုလသမဂ္ဂ အထူးသံတမန်၏ တရားဝင် လေ့လာစုံစမ်းမှုကို အဆုံးသတ်ရန် အချိန်ကျ ရောက်လာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလမ်းကြောင်းပေါ်သို့ ဆက်လက် လျှောက်လှမ်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ထားမှုကို ကြိုဆိုသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
---------------------------------------------------------------------------------------------------------
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူး နှင့်အဖွဲ့ ရန်ကုန်မြို့ မှ ပြန်လည်ထွက်ခွာ
နေပြည်တော် နိုဝင်ဘာ ၁၇   
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူနှင့် (OIC) အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းဌာနများမှ မီဒီယာများနှင့် တွေ့ဆုံ သည်။
ရှေးဦးစွာ  OIC အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
၎င်းက ယခုခရီးစဉ်တွင် မိမိနှင့်အတူ တူရကီနှင့် ဂျီဘူဘီ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီး များ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီအာရေ ဗီးယားနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြပါကြောင်း၊ သုံးရက်တာ ခရီးစဉ်အတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် ရရှိခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဆွေးနွေးမှုများမှာ အကျိုးဖြစ်ထွန်းမှုရှိပြီး အပြုသဘောလည်း ဆောင်ပါကြောင်း။
ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခွင့်ရရှိခဲ့ပြီး တာဝန်ရှိသူများက အကူအညီများ ပေးကြသဖြင့် ခရီးစဉ် အဆင်ပြေ ချောမွေ့မှု ရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းတွင် လူမျိုးရေး အကြမ်းဖက်မှုများ ပပျောက်ရေး ဆောင်ရွက်ရန်၊ ပြည်သူများအား အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရန်၊ လူ့အခွင့်အရေးအား လေးစား လိုက်နာရန်နှင့် အခြေခံ လွတ်လပ်ခွင့်များ ရရှိစေရန် ဆောင်ရွက်မည့် နိုင်ငံတော် အစိုးရ၏ ကြေညာချက်များနှင့် အာမခံပြောကြားချက်များကို သိရှိခဲ့ရပါကြောင်း။
မိမိတို့အဖွဲ့ ကွင်းဆင်းလေ့လာ သွားရောက်ခဲ့ရာတွင် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ တွေ့ကြုံ ခံစားနေရမှုများနှင့် ပတ်သက်၍ လက်တွေ့နားလည်ခွင့် ရရှိခဲ့ပါကြောင်း၊ ကိုင်တွယ်ရခက်ခဲသည့် အခြေအနေ တစ်ရပ်ဖြစ်ပြီး လူ့အသိုက် အဝန်းများ အကြား ပြန်လည် သင့်မြတ်မှုရရှိစေရန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို သိရှိနားလည် ပါကြောင်း။
ဒုက္ခသည်များနှင့် မိမိတို့တွေ့ဆုံကာ ၎င်းတို့၏ ရင်ဖွင့်ပြောကြားချက်များကို နားထောင်ခဲ့ရ ပါကြောင်း၊ ၎င်းတို့၏ သတင်းစကားကို မိမိတို့ သိခွင့်ရရှိသကဲ့သို့ မိမိတို့၏ သတင်းစကားကိုလည်း ၎င်းတို့ကို အသိပေးခဲ့ပါကြောင်း၊ အစိုးရအဖွဲ့၊ အိမ်နီးချင်းနိုင်ငံ များနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့က ၎င်းတို့၏ ဒုက္ခခံစား နေရမှုများကို သက်သာရာ ရရှိစေရေးအတွက် အကူအညီများကို ဆက်လက် ပေးအပ်သွားမည် ဖြစ်ပါကြောင်း။
မတူကွဲပြားသည့် ယုံကြည်ချက်များရှိလင့်ကစား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာရာမှ အကြမ်းဖက်မှုများ ဖြစ်ပေါ်ရခြင်းသည် ဘာသာရေးအယူအဆကြောင့် မဟုတ်ဘဲ သာမန်ရာဇဝတ်မှု ကျုးလွန်သည့် ပုဂ္ဂိုလ်ရေး လုပ်ရပ်အဖြစ်သာ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူသွားရမည် ဖြစ်ပါကြောင်း။
ဖြစ်ပေါ်နေသည့် အဓိကပြဿနာမှာ အကြမ်းဖက်ဖြေရှင်းတတ်သည့် နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှု ပျက်ပြားခြင်းသည် အကြမ်းဖက်မှုကိုသာ ဖြစ်ပေါ်စေပါကြောင်း။
မိမိတို့၏ အိုင်အိုစီအဖွဲ့အပေါ် နားလည်မှု လွဲမှားနေသည့် အချက်ရှိပါကြောင်း၊ မိမိတို့၏ အဖွဲ့အစည်းသည် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်ဟု နားလည်မှု လွဲမှား နေပါကြောင်း၊ အမှန်မှာ အိုင်အိုစီအဖွဲ့သည် International Inter- governmental Organization တစ်ခုသာလျှင် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အချင်းချင်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းသာ ဖြစ်ပါကြောင်း။
အိုင်အိုစီအဖွဲ့တွင် အဖွဲ့ဝင် ၅၇ နိုင်ငံပါရှိပြီး လေ့လာသူအဆင့် ငါးနိုင်ငံ ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် မိမိတို့အဖွဲ့တွင် လေ့လာသူအဆင့် နိုင်ငံဖြစ်ပါကြောင်း၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီစသည့် နိုင်ငံများသည် မိမိတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး အထူးသံတမန်များကို ထားရှိကာ လုပ်ငန်းများကို လက်တွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာရှ၊ ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက ဒေသများတွင် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရန် အိုင်အိုစီနှင့် ကမ္ဘာ့နိုင်ငံအများအပြား ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက်လည်း မိမိတို့ အကူအညီများ ပေးလျက်ရှိ ပါကြောင်း၊ အိုင်အိုစီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ အားလုံးအတွက် အကူအညီများ ပေးအပ်လျက် ရှိပါကြောင်း။
လူမျိုးရေးပဋိပက္ခများ ဒေသတစ်ခုမှတစ်ခုသို့ ကူးစက်ပျံ့နှံခြင်း မရှိစေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ လူမှုရေး စာနာထောက်ထားမှု အကူအညီများကို မိမိတို့ပေးအပ်ရာတွင် လူမျိုး၊ တိုင်းရင်းသား မျိုးနွယ်နှင့် ဘာသာရေး တို့အပေါ်အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုပါကြောင်း၊ ဘက်လိုက်ခြင်းကို မိမိတို့ ကျင့်သုံးမည် မဟုတ်ပါ ကြောင်း။
မိမိတို့သည် အစိုးရအဖွဲ့ချင်း ဆက်ဆံသော အဖွဲ့အစည်းဖြစ်သဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို မြန်မာအစိုးရမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှုရှိကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်စေရန် အိုင်အိုစီအဖွဲ့က ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၌ အစိုးရက ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအား ချမှတ်နေခြင်းကို မိမိတို့ အသိအမှတ်ပြု ပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် သတင်းဌာနများ၏ မေးမြန်းချက်များကို အိုင်အိုစီအတွင်းရေးမှူးက ပြန်လည်ဖြေကြားခဲ့သည်။
မေး။ အခုခရီးစဉ်အတွင်း ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး သိရှိလိုပါတယ်။
ဖြေ။ အိုင်အိုစီအဖွဲ့ရဲ့ အခုခရီးစဉ်ဟာ အချက်အလက် ရှာဖွေရေး ခရီးစဉ်ဖြစ်ပြီး ဒုက္ခရောက်နေ သူတွေကို ဘယ်လိုအကူအညီတွေ ပေးသွားနိုင်မယ်ဆိုတဲ့ နည်းလမ်း တွေကို လေ့လာခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ နေထိုင်စရာ နေရာတွေ၊ သက်သာချောင်ချိရေးတွေကို ဖြည့်ဆည်း ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ လူနေမှုဘ၀ မြင့်မား တိုးတက်မှုအနေနဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းသွား လိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအပြင် စိတ်ဓာတ်ရေးရာအရ အပြန်အလှန် ယုံကြည်မှုတည် ဆောက်သွားဖို့ အထူးလိုအပ်တာမို့ ဒါအတွက်လည်း ဆောင်ရွက်ပေးသွား ရပါမယ်။ လိုအပ်တဲ့ အကူအညီတွေကို ဘယ်နည်းဘယ်ပုံပေးမယ်ဆိုတာကတော့ အသေးစိတ်ပြောဖို့ စောပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်အစီအစဉ်တွေနဲ့ ချမှတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ သိပ်အရေးကြီးပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူနေမှုဘ၀ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်အလားအလာ ကောင်းမွန်တဲ့ နိုင်ငံဖြစ်ပါတယ်။ သာယာလှပတဲ့ ပင်လယ် ကမ်းရိုးတန်း ဒေသတွေနဲ့ ပြည့်စုံတဲ့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက် သွားပါမယ်။
မေး။ မြန်မာနိုင်ငံမှာ အိုင်အိုစီဆက်ဆံရေးရုံး (Liaison Office) ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ဆက်ဆံရေးရုံးဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားပြောဆိုစရာတွေ ပေါ်ပေါက်နေဆဲပါ။
ကျွန်တော်တို့အပေါ် ပြည်သူတွေ နားလည်လာချိန်အထိ စောင့်ဆိုင်းရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။
လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများမြှင့်တင်ရေး၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် ချဉ်းကပ်မှုနည်း လမ်းမျိုးစုံနဲ့ ကျွန်တော်တို့အားလုံး လက်တွဲ ဆောင်ရွက်သွားကြပါမယ်။
ကျေးဇူးတင်ပါတယ်။
ယင်းနောက် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားရာ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက် ခဲ့ကြသည်။
---------------------------------------------------------------------------------------------
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပူးတွဲကြေညာချက်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
ပူးတွဲကြေညာချက်
(၁၇-၁၁-၂၀၁၃)
၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဖိတ်ကြားချက်အရ အိုအိုင်စီ အတွင်းရေးမှူးချုပ် ဂျီဘူတီနှင့် တူရကီ နိုင်ငံခြားရေး ဝန်ကြီးများ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီအာရေဘီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ  အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄-၁၆ ရက်နေ့အထိ လာရောက်ခဲ့ ပါသည်။
၂။     အဆိုပါ လေ့လာရေးခရီးစဉ်ကြောင့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် မြန်မာ နိုင်ငံအတွင်း ပြည်သူများ၏ မျှော်လင့်ချက် ဆန္ဒများနှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရရှိရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြောင်းလဲမှု များကို ဆောင်ရွက်နေခြင်းအား လက်တွေ့ကျကျ သိမြင်လေ့လာနိုင်သည့် အခွင့်အရေး ရရှိခဲ့ ပါသည်။
၃။     လူ့အသိုက်အဝန်းအကြား ပြန်လည်သင့်မြတ်ရေး၊ နားလည်သည်းခံရေးနှင့် လူ့အဖွဲ့ အစည်း၏ ကဏ္ဍအသီးသီးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ ဖြစ်ထွန်းလာရန် စသည့် အစိုးရ၏ ဆောင်ရွက်ချက်များကို ဘာသာများ အကြားနှင့် လူ့အသိုက်အဝန်းများ အကြား တွေ့ဆုံဆွေးနွေးမှုနှင့် နားလည်မှုကို အားပေးခြင်း၊ လူ့အသိုက်အဝန်း ခေါင်းဆောင် များအား ထောက်ခံအားပေးခြင်း စသည့် နည်းလမ်းများဖြင့် အားပေးသွားမည် ဖြစ်သည်။
၎။     ရခိုင်ပြည်နယ် အပါအဝင် အကြမ်းဖက်မှုများ ပပျောက်ရေးဆောင်ရွက်ရန်၊ ပြည်သူ များအား အကြမ်းဖက်မှုများမှ ကာကွယ်ရန်၊ လူ့အခွင့်အရေးအား လေးစားလိုက်နာရန်နှင့် အခြေခံ လွတ်လပ်ခွင့်များအား ရရှိစေရန် ဆောင်ရွက်မည့် မြန်မာအစိုးရ၏ ကြေညာချက် များနှင့် အာမခံ ပြောကြားချက်များအား ကိုယ်စားလှယ် အဖွဲ့မှ ကြိုဆိုပါသည်။
၅။     နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများအား မှတ်သားပြီး အထူးအရေးကြီး ကြောင်းလည်း တွေ့ရှိရပါသည်၊ ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အကြမ်းဖက်ကျူးလွန်သူများအား တရားဥပဒေအရ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း အာမခံချက်လည်း အပါအဝင်ဖြစ်သည်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ တည်ထောင်ခဲ့ခြင်းကို လည်းကောင်း၊ ဘာသာကြီးငါးခုမှ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံ နှီးနှောဖလှယ်ပွဲသို့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပေးပို့ခဲ့သည့် သဝဏ်လွှာကိုလည်းကောင်း ကိုယ်စားလှယ်အဖွဲ့က မှတ်သားထားပါသည်။
၆။     အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံအစိုးရမှ ဖိတ်ကြားခဲ့ခြင်းနှင့် မြန်မာအစိုးရ၏ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များနှင့်အညီ အိုအိုင်စီ အဖွဲ့နှင့်လည်းကောင်း၊ ၎င်း၏ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း ထိတွေ့ဆောင်ရွက်ရန် အသင့်ရှိခြင်းကို ကိုယ်စားလှယ်အဖွဲ့မှ အထူးတန်ဘိုးထားပါသည်။ ခရီးစဉ်အတွင်း ရခိုင် ပြည်နယ် လူမှုစီးပွား ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်ရန် တာဝန်ပေးထားသော လုပ်ငန်းကော်မတီများအား ကြီးကြပ်ကွပ်ကဲသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ဗဟိုကော်မတီနှင့် ထိတွေ့ ဆွေးနွေးရန်အတွက်လည်းကောင်း စီစဉ် ဆောင်ရွက်ပေးမှုများအတွက် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ကျေးဇူးတင်ပါသည်။
၇။     အစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် ဥပဒေများအား ပြန်လည် သုံးသပ်ခြင်းကို နိုင်ငံတကာ စံနှုန်းများနှင့် ဒီမိုကရေစီမူ များအရ ကိုက်ညီစွာဖြင့် ဆောင်ရွက် နေမှုများကို ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အလေးအနက်ထားပါသည်။ မြန်မာအစိုးရ မှ ဆောင်ရွက်နေသည့် အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ရာ ရောက်သည့် ဥပဒေများ အား ပြင်ဆင်ခြင်း အပါအဝင် ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းပါသည်။
၈။     ရခိုင်ပြည်နယ် အခြေအနေ အပါအဝင် လူမျိုးနွယ်နှင့် ဘာသာရေးဆိုင်ရာ လူနည်း စုများအပေါ် သက်ရောက်မှုရှိသည့် လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်မှု၊ စီးပွားရေး အခွင့် အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားမှု နှင့် ဆောင်ရွက်ချက်များကို မြန်မာအစိုးရမှ ရှင်းလင်းပြောကြားချက်များအား မှတ်သားထား ပါသည်။
၉။     အရပ်ဘက်လူ့အဖွဲ့အစည်းများ အပါအဝင် အိုအိုင်စီအဖွဲ့ဝင် နိုင်ငံများနှင့် အဖွဲ့အစည်းများက အစိုးရနှင့် အပြည့်အဝ ပေါင်းစပ် ညှိနှိုင်း၍ လူသားချင်း စာနာ ထောက်ထားမှုနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လက်ရှိ အထောက်အပံ့များ ပေးအပ် နေမှုများကို အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားရန် အသင့် ရှိနေကြောင်း၊ ကိုယ်စားလှယ်အဖွဲ့က ဖော်ပြအပ်ပါသည်။ အိုအိုင်စီအဖွဲ့နှင့် ၎င်း၏ အဖွဲ့ဝင် နိုင်ငံများသည် လူမျိုး၊ တိုင်းရင်းသားမျိုးနွယ်နှင့် ဘာသာရေးတို့အပေါ် အခြေခံ၍ ခွဲခြား ဆက်ဆံမှု မပြုသည့် အခြေခံမူအပေါ် ရပ်တည်ချက်ကို အိုအိုင်စီကိုယ်စားလှယ်အဖွဲ့က အာမခံကြောင်း မြန်မာအစိုးရကို ပြောကြားခဲ့ပါသည်။ ဤအခြေခံမူအပေါ် ရပ်တည်ချက် အရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှတစ်ဆင့် ခွဲခြားမှု မရှိဘဲ ပေးအပ်ရေးကို သေချာစွာ ဆောင်ရွက် ရန် နှစ်ဖက် သဘောတူကြသည်။
၁၀။   ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က “အစိုးရ အနေဖြင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် မည်ကဲ့သို့သော အဖွဲ့မှဖြစ်စေ ရရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများနှင့် စပ်လျဉ်း၍ ထောက်ပံ့မှုသည် ခွဲခြားဆက်ဆံမှုမရှိဘဲ ထိခိုက်ခံရသော လူ့အသိုက်အဝန်း နှစ်ရပ်လုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါက ထိုသို့ ထောက်ပံ့ခြင်းကို အစိုးရမှလည်း ကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်း” ပြောကြားခဲ့သည်ကို ကျေနပ်အားရပါသည်။ မြန်မာအစိုးရနှင့် အိုအိုင်စီ အဖွဲ့သည် ကဏ္ဍအသီးသီး၌ ဆက်လက်ထိတွေ့ ဆောင်ရွက်သွားရန် ဆန္ဒရှိကြပါသည်။ မြန်မာအစိုးရက စိန်ခေါ်မှုများအားလုံးကို ရင်ဆိုင်ဖြေရှင်းရာ၌ အိုအိုင်စီအဖွဲ့ အနေဖြင့် သက်ဆိုင်၍ လိုအပ်သော အကူအညီပေးနိုင်ရန် သတင်းအချက်အလက်များ ကဏ္ဍပေါင်းစုံ၌ ဖလှယ်သွားရန် ဆန္ဒရှိကြပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် လူသား ပဓာနဆိုင်ရာ တူညီသော သဘောထား၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနှင့် အချုပ်အခြားအာဏာ၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမှ ရှောင်ကြဉ်သည့် အခြေခံ မူတို့ကို အပြည့်အဝ လေးစား၍ ဆောင်ရွက်သွားမည် ဖြစ်သည်။
၁၁။   အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံ အတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကောင်းကျိုးများ ဆက်လက် ဖြစ်ပေါ် တိုးတက်ရေးတို့တွင် ကူညီ ဆောင်ရွက်ရန် စိတ်ပါဝင်စားမှုရှိသည်ကို မြန်မာအစိုးရက အသိအမှတ်ပြုကြောင်း ဖော်ပြအပ် ပါသည်။
------------------------------------------------------------------------------------------------------------
အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက် ကြည့်ရှု လေ့လာ
နေပြည်တော် နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီတို့သည် အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူ ဦးဆောင်သော အဖွဲ့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ နံနက်(၁၁)နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် အစ္စလာမ်မစ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့အား စစ်တွေ လေဆိပ်ခန်းမ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် နေရာချထားမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စစ်တွေလေဆိပ်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ မွန်းတည့် (၁၂)နာရီတွင် မောင်တောမြို့သို့  ရောက်ရှိကြသည်။
ယင်းနောက် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ နှစ်ဖက် လူ့အဖွဲ့အစည်းမှ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် OIC  အထွေထွေအတွင်းရေးမှူးက OIC အဖွဲ့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ အစိုးရ၏ မူဝါဒအတိုင်း နှစ်ဖက် လူ့အဖွဲ့အစည်းများကို ကူညီ ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် အပြည့်အဝ ကူညီ ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ OIC အဖွဲ့၏ လူသားချင်း စာနာ ထောက်ထားသော အကူအညီများကို မြန်မာနိုင်ငံ အစိုးရနှင့် တိုင်ပင် ညှိနှိုင်းပြီး နိုင်ငံတော် အစိုးရမှ တစ်ဆင့် ကူညီ ထောက်ပံ့ သွားမည် ဖြစ်ပါကြောင်း၊ အခြား မည်သည့် အဖွဲ့အစည်း တစ်ခုခုကို သော်လည်းကောင်း၊ OIC အဖွဲ့က တိုက်ရိုက် သော် လည်းကောင်း ကူညီ ထောက်ပံ့ခြင်းများ ဆောင်ရွက်သွားမည် မဟုတ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တူရကီ နိုင်ငံခြားရေး ဝန်ကြီးက လူသား မျိုးနွယ် တစ်ရပ် အနေဖြင့်သာ မြင်စေ လိုပါကြောင်း၊ ဘာသာ အယူအဆများ ကွဲပြားမှုကို အခြေမခံစေလို ပါကြောင်း ပြောကြားသည်။
ယင်းနောက် OIC အထွေထွေ အတွင်းရေးမှူးနှင့်အဖွဲ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြသည်။
ဆက်လက်၍ ရဟတ်ယာဉ်များဖြင့် သက္ကေပြင် ကယ်ဆယ်ရေး စခန်းသို့ သွားရောက် လေ့လာကြသည်။
ထို့နောက် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိကြပြီး လေဆိပ်ခန်းမ၌ နှစ်ဖက် အဖွဲ့အစည်းမှ မြို့မိမြို့ဖများအား သီးခြားစီ တွေ့ဆုံမေးမြန်း ဆွေးနွေးပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ထွက်ခွာလာရာ ညနေ (၆)နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ မောင်တောမြို့နယ် ရွာသစ်ကျေးရွာမှ အဘူဆာဆတ်အား OIC အဖွဲ့၏ ယခုခရီးစဉ်နှင့် စပ်လျဉ်း၍ သူ၏အမြင်က မေးမြန်းရာ ၎င်းက နှစ်ဖက် လူ့အဖွဲ့အစည်း အနေဖြင့် နှစ်ပေါင်း များစွာ အေးချမ်းစွာ အတူ ယဉ်တွဲ နေထိုင် ခဲ့ကြပါကြောင်း၊ ဒေသခံ အများစုအနေဖြင့် အတူ ယှဉ်တွဲ နေထိုင်ရေးမှာ ပြဿနာ မရှိပါကြောင်း၊ အချို့သော လူနည်းစုများ၌သာ ပြဿနာ ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် အေးချမ်းစွာ ဆက်လက် အတူယှဉ်တွဲ နေထိုင်လိုပါကြောင်း၊ OIC အဖွဲ့အနေဖြင့် ဒေသ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဒေသ တည်ငြိမ် အေးချမ်းရေး သည် အရေးကြီးပါကြောင်းဖြင့် ပြောပြသည်။
--------------------------------------------------------------------------------
ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း အစ္စလာမ်မစ်ဘာသာနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် နေပြည်တော်၌ ရောက်ရှိနေသော အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူနှင့် (OIC) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ  သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒေါက်တာမောင်မောင်ဌေး၊ ဦးဘုန်းဆွေ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်အဖွဲ့နှင့်အတူ  မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။
---------------------------------------------------------------------------
ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံခြားသံတမန်များ ရခိုင်ပြည်နယ် တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်မှု လှည့်လည်ကြည့်ရှု
နေပြည်တော် နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဗဟို ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Derek Milchell ၊ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr. Christoph Burgener၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ နှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ နံနက် ၉ နာရီတွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့အား စစ်တွေလေဆိပ်ဧည့်ခန်းမ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်ပြည်နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ၊ ပြည်နယ်အတွင်း လူအုပ်စုနှစ်စုကြား ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် ပြန်လည်တည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ သံအမတ်ကြီးများနှင့် အဖွဲ့သည် စစ်တွေလေဆိပ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ စစ်တွေမြို့နယ် ခေါင်းဒုက္ကာ ယာယီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းသို့ ရောက်ရှိနေထိုင်သူ များအား တွေ့ဆုံသည်။
ရှေးဦးစွာ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးများက ရခိုင်ဒေသပဋိပက္ခ ဖြစ်စဉ်များကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တတ်နိုင်သမျှ ပံ့ပိုးကူညီပေးနိုင်ရေးအတွက် လာရောက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ဒေသခံများ၏ ထပ်မံ လိုအပ်ချက်များအပေါ် မျက်မြင်ကိုယ်တွေ့ သိမြင်နားထောင်၍ အကူအညီပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ယာယီ ကယ်ဆယ်ရေးစခန်း၌ နေထိုင်သူများက နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ထပ်မံဖြည့်ဆည်းပေးစေလိုသည့် အခြေအနေများကို အသီးသီးဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များက ဖြည့်ဆည်းပေးနိုင်သည့် အချက်များအား ပြန်လည်ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်အတွင်း ယာယီကယ်ဆယ်ရေး စခန်းတွင် နေထိုင်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက် ယာယီကယ်ဆယ်ရေးစခန်းရှိ စာသင်ကျောင်းသို့ သွားရောက်၍ ကလေးငယ်များအား ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးများသည် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်၍ ဒေသခံပြည်သူများအား တွေ့ဆုံကြရာ ရှေးဦးစွာ သံအမတ်ကြီးများက လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးကူညီပေး စေလိုသည့် အချက်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးကြရန် ရှင်းလင်းပြောကြား ကြသည်။
ထို့နောက် ဒေသခံများက စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ နေထိုင်သွားလာရေးဆိုင်ရာ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အိမ်ထောင်စု လူဦးရေစာရင်းနှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သံအမတ်ကြီးက သိရှိလိုသည်များကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးကြပြီး တက်ရောက် လာကြသူများအား နှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။
---------------------------------------------------------------------------------------------
ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပိုမိုကူညီပေးမည်
နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊   ဦးခင်ရီနှင့် ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေနမ် ဘီးယားတို့  ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ရခိုင် ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြပြီး စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌  ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် တာဝန်ရှိသူများအားတွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဦးခင်ရီတို့က ပြည်နယ်တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက်ပေးနေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပဋိပက္ခကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သူများအား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ နေရာပြန်လည်ချထားပေးမှု၊ ကယ်ဆယ် ရေး စခန်းများ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စာသင် ကျောင်းများ ဖွင့်လှစ်ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် မစ္စတာ ဗီဂျေနမ် ဘီးယားက ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ယခုထက် ပိုမိုကျယ်ပြန့်စွာ ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်း၊ အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများ ထံသို့လည်း ပြည်နယ်အတွင်း ပကတိ အခြေအနေမှန်များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တိုးတက်နေမှုကို အသိ ပေးပြောကြားသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း နှစ်ဖက်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအကြား ပုံမှန်ကူးလူးဆက်ဆံမှုများ တိုးတက်နေသည်ကို ကြားသိရသည့်အတွက် ဝမ်းသာ ပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေး
ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊  ပြည်နယ်ဝန်ကြီးချုပ်နှင့် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့သည် မောင်တောမြို့နယ် မောရဝတီ ကျေးရွာ၌ ကျေးရွာပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိမှုနှင့် ကျေးရွာ၏လူမှုစီးပွား အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး ကျေးရွာ  ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထိုမှတစ်ဆင့် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး  စခန်းစုဝေးဆောင်၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီးမေးမြန်း ဆွေးနွေးကြ သည်။
ထို့နောက် စစ်တွေမြို့ပေါ်ရှိ ဘောဒူဖ ကယ်ဆယ်ရေးစခန်း၊  သဲချောင်းကျေးရွာဈေးနှင့် အောင် မင်္ဂလာ ရပ်ကွက်ရှိ  ဘာသာရေးဆိုင်ရာ အဆောက်အအုံ တို့ကို သွားရောက်၍ ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ နှစ်ဖက်အဖွဲ့အစည်းများ ပူးတွဲရောင်း ဝယ်ဖောက်ကားနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယနေ့  နံနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဦးခင်ရီ၊ ကုလသမဂ္ဂ၏  မြန်မာနိုင်ငံဆိုင်ရာ  အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့ သည် အထူးလေယာဉ်ဖြင့် စစ်တွေမြို့မှ  သံတွဲမြို့သို့ရောက်ရှိကြပြီး သံတွဲမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ သံတွဲမြို့မှ  မြို့မိမြို့ဖများအား  တွေ့ဆုံ၍ ပဋိပက္ခ ဖြစ်ပွားခဲ့မှုများအပေါ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးထိန်းသိမ်း ဆောင်ရွက်နေမှု များကို ဆွေးနွေးကြကာ မစ္စတာ ဗီဂျေနမ်ဘီးယားက အခုလက်ရှိ အခြေအနေထက်  ယခင်ပုံမှန် အတိုင်း ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးစွာ နေထိုင်သွားရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက်  မစ္စတာ ဗီဂျေနမ်ဘီးယားသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
ယင်းနောက်  သံတွဲမြို့မှ  အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်မှတစ်ဆင့် ရန်ကုန် မြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြပြီး မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
  ----------------------------------------------------------------------------------------------------------------------------------------------------------------------------
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော် သမ္မတနှင့် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နှုတ်ချက်
ရန်ကုန် ဇူလိုင် ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့ အစည်း အသီးသီးတို့မှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် နောက်ဆက်တွဲ ကိစ္စရပ်များ အကြောင်း တင်ပြချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား နိုင်ငံသားအားလုံးဟာ မိမိတို့ ကြိုက်နှစ်သက်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတဲ့အတွက် ဘာသာကြီး လေးခုကို  လွတ်လပ်စွာ ကိုးကွယ်ကြလျက်ရှိပါတယ်။ မြန်မာ့လူမှု အသိုင်းအဝိုင်း မှာလည်း ကာလရှည်ကြာစွာ သဟဇာတမျှတစွာ နေထိုင်ခဲ့ကြပါတယ်။ ၂ဝ၁၂ ခုနှစ် မေလ၊ ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ရခိုင်ပြည်နယ်မှာ ရာဇဝတ်ပြစ်မှုတစ်ခုအပေါ် အခြေခံပြီး လူ့အသိုင်းအဝိုင်းနှစ်ခုအကြား အကြမ်းဖက် ဖြစ်စဉ်များကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ အတွက်များစွာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ခဲ့ရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်သွားရန် တရားဥပဒေစိုးမိုးရေးကို ရရှိစေရန် အချိန်တိုအတွင်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ တရားဥပဒေ ချိုးဖောက်သူတွေကိုလည်း တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခဲ့ ပါတယ်။ အချို့သော ပြစ်မှုတွေကိုလည်း တရားဥပဒေအရ ဆက်လက် အရေးယူစစ်ဆေးလျက်ရှိပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း အစီရင်ခံစာကို ၂ဝ၁၃ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ ပါတယ်။ နိုင်ငံတော်သမ္မတကလည်း အစီရင်ခံစာပါ တွေ့ရှိချက်များ၊  အကြံပြုချက်များကို ရေရှည်တည်တံ့ခိုင်မြဲသော ဘာသာရေး၊ လူမျိုးရေး သဟဇာတရှိရေးနဲ့ အေးချမ်းတည်ငြိမ်ရေးအတွက် အကြံပြုချက်များကို အကောင် အထည် ဖော်ဆောင်ရွက်မယ့် ကော်မရှင်တစ်ရပ်ကို ဒုတိယသမ္မတကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး အကောင်အထည်ဖော် လက်တွေ့ဆောင်ရွက်စေ ခဲ့ပါတယ်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း ရခိုင်ပြည်နယ်ကို အခါအားလျော်စွာ သွားရောက်ပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စစ်ဆေးခြင်း၊ နှစ်ဖက် လူကြီးများနှင့်တွေ့ပြီး တွေ့ဆုံအားပေးခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။
အိုအိုင်စီအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလို့ ၄င်းတို့ခေါ်တဲ့သူတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြု ရေးကို အကြောင်းပြုပြီး မြန်မာနိုင်ငံတစ်ဝန်း အစ္စလာမ်  ဘာသာဝင်များကို ဘာသာရေးအရ ဖိနှိပ်ခွဲခြားမှုများကို ဆောင် ရွက်နေတယ်ဆိုပြီး ကျယ်ပြန့်စွာ လှုံ့ဆော်ပြောဆို  နေတာရှိပါတယ် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဘာသာရေးဖြစ်ရပ်မဟုတ်ဘဲ ဒေသတစ်ခုအတွင်း လူမျိုးစုနှစ်စု အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သီးခြားဖြစ်စဉ်တစ် ခုလို့သာ သတ်မှတ်ရပ်တည်ခဲ့ ပါတယ်။
သို့သော်လည်း အင်ဒိုနီးရှား၊ မလေးရှားမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ ဗုံးခွဲတိုက်ခိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြဿနာကို ဒေသတွင်း အခြားနိုင်ငံတွေကို ပျံ့နံ့လာပြီဆိုပြီး ဝေဖန်မှုများလည်း ထွက်ပေါ် လာပါတယ်။
ဒါကြောင့်မို့ ကုလသမဂ္ဂမျက်နှာစာမှာ အိုအိုင်စီရဲ့ ကြိုးပမ်းအား ထုတ်မှုတွေကြောင့် မြန်မာနိုင်ငံ အပေါ်မှာ နိုင်ငံရေးအရ ဖိအား ပေးမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ဒီမိုကရေစီလူ့ဘောင် အဖွဲ့အစည်းတစ်ရပ်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းဆောင်ရွက်နေ ချိန်မှာ ဘာသာရေးအပေါ် အခြေခံပြီး မတည်ငြိမ်မှုများ ပေါ်ပေါက်လာပါက နိုင်ငံတော်ရဲ့ ဦးတည်ရည်မှန်း ချက်ရှေးရှုရာမှာလည်း မလိုလားအပ်သော နှောင့်နှေးမှုများ၊ အကျပ်အတည်းများ ပေါ်ပေါက်လာ နိုင်ပါတယ်။ အလားတူပဲ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို စံနမူနာပြအဖြစ် အများက ရှုမြင်အားပေးနေချိန်မှာ မလိုလားအပ်သော နိုင်ငံရေးဖိအားပေးမှုများ ပေါ်ပေါက် စေနိုင်တဲ့အတွက် နိုင်ငံတော်ရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ကိုလည်း ကျဆင်းစေနိုင်တဲ့အတွက် ပြည်သူတစ်ရပ်လုံးက ထိုကဲ့သို့ ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
ဒီမှာရှိတဲ့ လက်ရှိရှိနေတဲ့သူတွေကို  စိစစ်ဖို့အတွက် ၂ဝ၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့  ဝန်ထမ်း အင်အားနဲ့ အဖွဲ့ ၆၃ ဖွဲ့နဲ့ မြို့နယ် ၁၄ခုမှာ တစ်ပြိုင်နက် တည်း ဆောင်ရွက်ခဲ့ပါတယ်။
မြေပြင်မှာရှိတဲ့ ဘင်္ဂါလီများကို တွေ့ ဆုံပြီး ကျွန်တော်တို့လုပ်ချင်တဲ့ ဆွဲ တင်စစ်ဆိုတာကို လုပ်ခဲ့တယ်။
လူဦးရေစာရင်းတွေ မှန်မမှန် စိစစ်မယ်။ အိမ်ထောင်စုစာရင်း စစ်တဲ့ သဘောပါပဲ။ ဆွဲတင်စစ်လုပ်ငန်းရဲ့ ရည်ရွယ်ချက် ကတော့ မွေးစာရင်း မရှိသေးတဲ့ကလေးကို မွေးစာရင်းသွင်း ပေးမယ်။ ဆုံးသွားတဲ့လူတွေ ရှိရင် လည်း ဒီစာရင်းကနေ ပယ်ဖျက်မယ်။
တိုးလာတဲ့လူတွေရှိရင်လည်း ဒီစာရင်းမှာ ဖြည့်သွင်းမယ်။ ဟောင်းနေတာရှိရင်လည်း လဲပေးမယ်။ ဒီအချက်ငါးချက် ကို ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဘာမှ ရှုပ်ရှုပ်ထွေး ထွေးနဲ့ အစစ်ဆေး မခံနိုင်စရာ မရှိဘူး။ အစစ်ဆေးမခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီမှာရှိတဲ့ အဖွဲ့တွေကို ကျွန် တော်တို့ ရှင်းပြတယ်။ ဘင်္ဂါလီအဖွဲ့ တွေနဲ့ တွေ့တယ်၊ တစ်ပတ်မှာ သုံးကြိမ် ကျွန်တော်တို့တွေ့တယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့တွေ့တယ်။ ကြားခံ ဆောင်ရွက်မယ့် အဖွဲ့တွေနဲ့ တွေ့တယ်။ မအောင်မြင်ပါဘူး။ အလားတူပဲ ဒုတိယဝန်ကြီး ဦးစီးတဲ့ လှုပ်ရှားအဖွဲ့ ဖွဲ့ပြီး ရခိုင်ပြည်နယ်တစ်ကြောကို စစ်တယ်။ ဒါလည်းပဲ အဆင်မပြေပါဘူး။ ကျွန်တော့်ဘက်က ကျွန်တော့်ကော်မတီ အနေနဲ့ကတော့ ကျွန်တော်တို့ကို ကူညီပေးစေချင်ပါတယ်။ ရှုပ်ရှုပ်ထွေးထွေးလည်း မရှိတဲ့အတွက် ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ထပ်ပြီးရှင်းပြပါဆိုရင်လည်း ရှင်းပြပါမယ်။
ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာပဲဖြစ်ဖြစ် သူတို့ရဲ့ရည်မှန်းချက်က မြန်မာနိုင်ငံသား ဖြစ်ရေးပဲ ဖြစ်ပါတယ်။ အဓိကကျတယ်၊ မှန်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ၁၉၈၂ ခုနှစ် ဥပဒေနဲ့  စိစစ်လိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားမယ့်ကိစ္စဖြစ်တဲ့ အတွက် ကြားခံဆောင်ရွက် ပေးပါလို့ မေတ္တာ  ရပ်ခံပါတယ်။
၁၉၈၂ ခုနှစ် ဥပဒေနဲ့ပတ်သက်ပြီး ပြောရရင် ၁၉၈၂ ခုနှစ်ရဲ့ နောက်ပိုင်းမှာ မည်သည့်နိုင်ငံခြားသားမှ နိုင်ငံသားဖြစ်ခွင့် မရှိပါဘူး။ သို့သော် ၁၉၈၂ ခုနှစ် မတိုင်မီက ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ဥပမာ ဒီဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်။ နိုင်ငံသားဖြစ်ဖို့ လျှောက်ထားလို့ရပါတယ်။ သို့သော်  ဘာတွေပြရမလဲဆိုရင် ၁၉၄၈ ခုနှစ် မတိုင်မီ သူ့ရဲ့အဘိုး အဘွား၊ အဖေ အမေ ဒီနိုင်ငံမှာ မွေးခဲ့တယ်၊ ဆုံးခဲ့တယ်၊ သူလည်း ဒီမှာမွေးတယ်၊ ဒီမှာလည်း ဆက်နေဦးမယ်၊ ဒီနိုင်ငံသား အဖြစ် ခံယူချင်တဲ့ ဆန္ဒ ရှိတယ်ဆိုရင် မြန်မာနိုင်ငံသားအဖြစ် လျှောက်လို့ ရပါတယ်။ ဘယ်လိုမှ သူတို့အတွက် အခွင့်အရေး မဆုံးရှုံးပါဘူး။ ခုနပြောတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံခဲ့မယ်ဆိုရင် ဧည့်နိုင်ငံသား၊ ၁၉၈၂ ဥပဒေနဲ့ ညီညွတ်တယ်ဆိုရင် Nationalize Citizenship ပေးပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် အလိုအလျောက် တတိယမျိုးဆက်မှာ နိုင်ငံသားအဖြစ် အသိအမှတ် ပြုခံရမှာ ဖြစ်ပါတယ်။
လောလောဆယ် ဘာနိုင်ငံသားမှန်း မသိတဲ့သူတွေကို ကျွန်တော်တို့ဆီမှာ ဝှိုက်ကတ်ပေးပါတယ်။ မည်သည့် နိုင်ငံသားလို့ အဆုံးအဖြတ်မပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ သူကိုယ်တိုင်လည်း မည်သည့်နိုင်ငံသားရယ်လို့ အထောက်အထား မပြနိုင်တဲ့သူတွေကို ကျွန်တော်တို့နိုင်ငံမှာ နေခွင့်ပေးပါတယ်။
ကျောင်းနေခွင့်ပေးပါတယ်။ မဲလည်း ပေးခွင့်ပေးထားပါတယ်။ ကျွန်တော် တို့အနေနဲ့ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ အညီ ဆောင်ရွက်နေတယ်ဆိုတာကို တင်ပြချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း
ပြည်ထောင်စုအစိုးရအဖွဲ့ သီးသန့်ရန်ပုံငွေမှ ဘဏ္ဍာငွေရရှိမှုနဲ့ ဆောင်ရွက်ထားမှုများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ မောင်တောမြို့နယ် အတွင်းမှာ ရွက်ဖျင်တဲနေအိမ်ဆောက်လုပ်ခြင်းနဲ့ နယ်မြေ လုံခြုံရေး လမ်းဖောက်လုပ်ဖို့ အတွက် ဆိုပြီးတော့မှ နိုင်ငံတော်ကနေပြီးတော့မှ ၆ ဒသမ ၃၉ ဘီလီယံ ကျွန်တော်တို့ ခွင့်ပြု ထားတာ ရှိပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှာတော့ဖြင့် ကျွန်တော်တို့ ရှစ်ခန်းတွဲ တန်းလျား ၉၈၉ လုံးဆောက်လုပ်ဖို့ဆိုပြီးတော့မှ နိုင်ငံတော်က ၄ ဒသမ ၉ ဘီလီယံ ထုတ်ပေးခဲ့ပါတယ်။ သုံးစွဲမှုအနေနဲ့ ကျွန်တော်တို့ ယနေ့ လက်ရှိအထိ ၂ ဒသမ ၉ ဘီလီယံ ထုတ်ပေး ထားသော်လည်း လက်ကျန် ၂ ဒသမ ဝ၄၅ ဘီလီယံကျန်ရှိပြီးတော့မှ တဲတန်းလျား ၉၈၉ လုံး ကျွန်တော်တို့ ဆောက်လုပ်လျက်ရှိကြောင်း ကျွန်တော့်အနေနဲ့ တင်ပြအပ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နေအိမ်နဲ့ တဲတန်းလျားများ အမိုးအကာအောက်ရောက်ဖို့ ကျွန်တော်တို့အဓိက ကတော့ ဆောက်လုပ်မှုနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကြပ်မတ်ပြီးတော့မှ လိုအပ်သည်များ ဆောင်ရွက်ပေးတာ ရှိပါတယ်။ သီးသန့်ရန်ပုံငွေမှ နေအိမ် ၁ဝ၂ လုံး၊ တဲတန်းလျား ၉၈၉ လုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာနက နေအိမ် ၇၅၈ လုံး၊ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ တဲတန်းလျား ၄၅၄ လုံး၊ နိုင်ငံတကာအကူအညီနဲ့ ဆောင်ရွက်ပေးတာက နေအိမ်ပေါင်း ၁၈၂ လုံး၊ တဲတန်းလျား ၉၃၇ လုံး စုစုပေါင်း နေအိမ် ၁၂၄၂လုံးနဲ့ တဲတန်းလျား ၂၃၈ဝ ကို ကျွန်တော်တို့ ရည်မှန်းချက်သတ်မှတ်ပြီးတော့မှ တည်ဆောက်ပေးလျက်ရှိကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာက ထည့်ဝင်ထားတဲ့ ငွေပေါင်းကို ပြန်ကြည့်မယ် ဆိုရင် ကုလသမဂ္ဂ ဗဟိုအရေးပေါ် ထောက်ပံ့ရေးရန်ပုံငွေမှ ထည့်ဝင်ငွေက ဒေါ်လာ ၁၅ ဒသမ ၁၁ သန်းရှိပါတယ်။ နောက် ကုလသမဂ္ဂအဖွဲ့က ထည့်ဝင်ငွေက ၁၃ ဒသမ ၉ သန်းရှိပါတယ်။ အမေရိကန်က ၉ ဒသမ ၇ သန်းဖြစ်ပါတယ်။ ယူကေမှ ၆ ဒသမ ၁၈ သန်းဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှ ၅ ဒသမ ၈၉ သန်းဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံမှ ၅ ဒသမ ၃ သန်းဖြစ်ပါတယ်။ ဆွစ်ဇာလန်မှ ၄ ဒသမ ဝ၆ သန်းဖြစ်ပါတယ်။ နောက်တစ်ခါ ဂျာမနီမှ ၃ ဒသမ ၅ သန်းဖြစ်ပါတယ်။ ယူအေအီးမှ ၄ ဒသမ ၄ သန်းဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ အစည်းများ ပုံမှန်ရန်ပုံငွေက နေပြီးတော့မှ ၉ ဒသမ ဝ၅ သိန်း၊ လူသားချင်းစာနာမှု အကူအညီရန်ပုံငွေ မှ ၅ ဒသမ ၂၅ သိန်း၊ လူဇင်ဘတ်နိုင်ငံမှ ၄ ဒသမ ၁၅ သိန်း၊ နယူးဇီလန်မှ ၄ ဒသမ ၁ သိန်း၊ နော်ဝေမှ ၃ ဒသမ ၃ သိန်း၊ ပြင်သစ်က ၂ ဒသမ ၈၇ သိန်း၊ အခြားအကူအညီရရှိမှု ၄ ဒသမ ၃ သိန်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယနေ့လက်ရှိအထိ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၇၆ သန်း လက်ခံရရှိပြီးတော့မှ စနစ်တကျ ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက် သုံးစွဲလျက် ရှိကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ လစဉ်စားနပ်ရိက္ခာ ထောက်ပံ့မှုအနေဖြင့် ပြန်ကြည့်မယ် ဆိုရင် ဆန်လစဉ် ၁ဝ၁ဝ တန်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့ ပေးလျက် ရှိပါတယ်။ ပဲ ၁၂၃ တန်၊ ဆီ ၆၁ တန်၊ ဆား ၁၁ တန်၊ အာဟာရမှုန့် ၃၄တန်၊ လစဉ် လစဉ်မှာ မက်ထရစ်တန်ပေါင်း ၁၂၃၉ တန်လောက် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရှိဖို့အတွက် ကျွန်တော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရင်းနဲ့ နှစ်ဖက် အဖွဲ့အစည်းများ အားလုံးဟာ ခုနကျွန်တော်တို့ ကနဦးတင်ပြတဲ့အတိုင်း အားလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီးတော့မှ အေးအေးဆေးဆေးနဲ့ အမိုးအကာအောက် ရောက်ရှိပြီးတော့မှ ဖြစ်တည်နိုင်ရေးအတွက်ကို ကျွန်တော်တို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်
ကျွန်တော်တို့ ဘာသာပေါင်းစုံအနေနဲ့ ဝန်ကြီးချုပ်ကြီးကလည်း တော်တော်လေးကို ရန်ကုန်မှာလည်း နှစ်ပေါင်းများစွာ ဆိုတော့ ကျွန်တော်တို့လည်း စနစ်တကျထိန်းကျောင်း နိုင်တဲ့ သဘောရှိပါတယ်။ ဒါကျွန်တော်တို့ အမြင်ဖြစ်ပါ တယ်။ နောက်ပိုင်းကတော့ ကျွန်တော်တို့ အနေနဲ့ ခုနကဝန်ကြီးများ အမိန့်ရှိသလိုပေါ့။ ဆက်ဖွဲ့သွားဖို့ဆိုတာလည်း အရင်တစ်ခါလည်း ကျွန်တော်ပြောထားပြီးပါပြီ။ ရန်ကုန်မြို့မှာတော့ ပြီးသွားပါပြီ။ တိုင်းဒေသကြီးလည်း ဖွဲ့ပြီးပြီ။ မြို့နယ်တွေကို Hot ဖြစ်မယ့်နေရာတွေ ကို ဖွဲ့ဖို့ကို ဝန်ကြီးချုပ်ဆီကို မေတ္တာရပ်ခံပြီးတော့မှ လုပ်ထားပြီးပါပြီ။ နောက် မန္တလေးတိုင်း ဒေသကြီးမှာလည်း ဝန်ကြီးချုပ် ဦးရဲမြင့်ဆီသွားပြီးတော့ လုပ်ထားပြီးပါပြီ။ မန္တလေးမှာ ယာယီဖွဲ့ပြီးပါပြီ။ မိတ္ထီလာမှာလည်းဖွဲ့ပြီးပြီ။ နောက်လည်းပဲ ထပ်ဖွဲ့ဖို့ရှိပါတယ်။
နောက် ပဲခူးတိုင်းဒေသကြီးမှာလည်း ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းထံသွားပြီးတော့မှ အမိန့်နာခံပြီး လမ်းညွှန်ချက်ရပြီးတဲ့အခါ ဖွဲ့ဖို့လုပ်နေပါပြီ။ နောက်ခုနကပြောသလိုပဲ ရှမ်းပြည်နယ်သွားဖို့ ဧရာဝတီတိုင်းဒေသကြီး ရခိုင်တို့၊ မော်လမြိုင်တို့ အရေးကြီးတဲ့ နေရာလေးတွေကို သွားပြီးတော့ဖွဲ့နေပါတယ်။ ဒါကြောင့်မို့လို့ အိုအိုင်စီက ဒီကုလသမဂ္ဂကို ရောက်မယ့် ကိစ္စကိုတော့ အခုကမိတ်ဆွေ နိုင်ငံတွေ အများကြီးရှိလာပြီ။ ဟိုတုန်းကလို မဟုတ်တော့ ပါဘူး။ သို့သော်လည်းပဲ ကာကွယ် တားဆီးရေးလုပ်ဖို့တော့ အများကြီး လိုပါသေးတယ်။ တစ်ချိန်ကတော့ ဆရာကြီး ဦးချယ်နဲ့ အမေပုပေါ့လေ၊ ဒေါ်ပုပေါ့။ သွားပြီးတော့ ဒီလို ကိစ္စမျိုးတွေ လုပ်ပေးခဲ့ရတာမျိုး တွေရှိပါတယ်။ တကယ်လည်း ကျွန်တော်တို့ သွားဖို့ လိုလို့ရှိ ရင်လည်း ဘာသာပေါင်းစုံအနေနဲ့ပေါ့လေ။ အကယ်၍များ လိုလို့ရှိရင် ဘာသာပေါင်းစုံအနေနဲ့ ဒီကိစ္စတွေကိုရှင်းပြမယ်ဆိုလို့ရှိရင် ဒီလူမျိုးစုနှစ်ခုက သိပ်ပြီးတော့ ပြင်းထန်တဲ့ စိတ်ဓာတ်တွေ ရှိနေတယ်ဆိုလို့ရှိရင် ဘယ်လိုမှ လုပ်လို့ မရဘူး။ ရခိုင်ဗုဒ္ဓဘာသာဘက်ကရော ဟိုဘက်က ဘင်္ဂါလီ ပဲခေါ်ခေါ်၊ ဘာပဲခေါ်ခေါ်ပေါ့လေ၊ သူတို့ကိုတော့ပေါ့ ကျွန်တော်တို့ သဘောပေါက် နားလည်အောင် သွားပြီးတော့ Third Party ဝင်လာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်နေပါတယ်။ အခြေအနေ သမ္မတကြီးနဲ့တကွ ဝန်ကြီးတွေ ရှင်းပြတဲ့ကိစ္စကို ကျွန်တော်တို့ မသိတာတွေ အများကြီးရှိပါတယ်။ တော်တော်လေးလည်း ကျွန်တော်တို့ သိလာပါတယ်။ ကျွန်တော်တို့က ဒီ့အပြင်လူ ပြန်ပြီးတော့ ပြောပြ လို့ ရလာပါတယ်။ အဲဒါမျိုးကို သူတို့သိသွားမယ်ဆိုရင် နိုင်ငံတော်က ဘယ်လိုပဲ ကျကျနနလုပ်ပေးနေပါတယ်။ လျစ်လျူရှု ထားတာ မဟုတ်ပါဘူး။ ဘာသာရေးမှာ ဒီဥစ္စာလေးတွေသိသွားမယ်ဆိုလို့ရှိရင် Organization တစ်ခု အနေနဲ့ပေါ့။ ကျွန်တော်တို့ ကိုယ့်ဘတ်ဂျက်ကလည်း သုံးသလို ပြည်ပကလည်း အများကြီးဝင်လာပါလိမ့်မယ်။ ဝင်လာမှပဲ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ပေး နိုင်မယ်လို့ ထင်ပါတယ်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်
ငြိမ်းချမ်းစွာ ဆောင်ရွက်ရမယ့်ကိစ္စလေးတွေ လိုက်နာမှတ်သားရတဲ့အတွက် အင်မတန်မှ ပညာတွေရပါတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ ဝန်ကြီးများ ဆွေးနွေးသွားတဲ့ဟာတွေ ကိုလည်း ကျွန်တော်တို့ မှတ်သားရပါတယ်။ အဲဒီမှာ ကျွန်တော် နှစ်ပိုင်း မှတ်လိုက်ပါတယ်။ တစ်ပိုင်းကတော့ Internationl မှာဖြစ်တဲ့ကိစ္စကို ဘယ်လိုတားဆီး ကာကွယ်ရမလဲ ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့ကိစ္စက လတ်တလောဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ယုံကြည်မှု၊ တစ်ဖက်ကနေပြီးတော့ စွပ်စွဲမှုကို ပျက်ပြားသွားအောင် လုပ်ကြရမယ့် တာဝန် ဖြစ်ပါတယ်။ အဲဒီတာဝန်မှာ ဘာလာတွေ့သလဲဆိုတော့ သိပ်ပြီးတော့ အခက်အခဲမရှိဘူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဒီနေ့ အစ္စလာမ်တွေကို ဖိနှိပ်ချုပ်ချယ်ကြတယ်လို့ ပြောနေတဲ့ဟာကို ပျက်ပြယ်သွားအောင် လုပ်ရမယ့် ကိစ္စတော်တော်များ ပြေလည်သွားပါမယ်။
နောက်တစ်ခုကတော့ လှည့်လည်ပြီးတော့ ဟောပြောစည်းရုံးမှုကိစ္စတွေ လုပ်နေပါတယ်။ ဘာသာအချင်းချင်း လုပ်သလို လူအားလုံးကို ဒီနိုင်ငံအတွင်းမှာရှိနေတဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်တွေရဲ့ အခြေအနေတွေကို အခုတော့ဘာသာရေးဆိုင်ရာ ဟောပြောမှုလုပ်နေပါတယ်။ အခုတော့ နိုင်ငံတကာအခြေအနေနဲ့ ဖိစီးလာတဲ့ အခြေအနေမှာ ဆက်ပြီးဟောပါမယ်၊ ပြောပါမယ်။ ပြီးတော့ ဒီလို Pressure တွေကို လျော့အောင် ပြည်သူလူထု အနေနဲ့ ဘယ်လိုပါဝင် ဆောင်ရွက်ကြပါ ဆိုပြီးတော့လည်း ဆက်လက်ပြီးတော့ လုပ်ဆောင်ပါမယ်။
အမျိုးမတူတဲ့ ဘာသာခြားတွေ အတူတကွယှဉ်တွဲ နေထိုင်ဖို့ ရေရှည်လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ သမိုင်းကနေ လက်ခံရတဲ့ အမွေကို ဒီကနေ့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အားလုံးလည်း သိပြီးဖြစ်တဲ့အတွက် သမိုင်းကိုတော့ ကျွန်တော် မရှင်းတော့ပါဘူး။ ဘင်္ဂါလီ ဖြစ်တယ်တို့၊ ရိုဟင်ဂျာ ဖြစ်တယ်တို့ ဒီကိစ္စတွေကတော့ သမိုင်းဆိုင်ရာ ပညာရှင်တွေရဲ့ ရှာဖွေဖော်ထုတ်ပြီးတော့ ဆုံးဖြတ်ပေးရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီပုဂ္ဂိုလ်တွေကို ဒီထဲမှာ ငြိမ်းချမ်းစွာ အတူ နေထိုင်နိုင်ဖို့နဲ့ တရားသဖြင့် နေထိုင်နိုင်ဖို့ကို စဉ်းစားတဲ့အပိုင်းကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ
ဒီအစည်းအဝေးကို မလာရောက်ခင်မှာပဲ ကျွန်တော်တို့ ကော်မရှင်မှာပေါ့နော် အရေးပေါ် အစည်းအဝေးတစ်ခုကို လုပ်လိုက်ပါတယ်။ ၁၂ နာရီလောက်မှာ။ အဲဒီ့မှာ ကျွန်တော်တို့ ဆွေးနွေး ညှိနှိုင်းတဲ့ အပိုင်းတစ်ခုက ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားက တော်တော်လေး ပြင်းထန်နေတဲ့အတွက် ဒါကိုတုံ့ပြန်ဖို့ဆိုရင် နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေကို သွားပြီး စည်းရုံးလှုပ်ရှားဖို့ ဆိုတာကို ကျွန်တော်တို့ ညှိနှိုင်းလာပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တတ်သမျှ၊ မှတ်သမျှ၊ ဖတ်ထားသမျှပေါ့ ပြောတယ်။ အဓိကက ဘာအခြေခံပြောသလဲဆိုရင် နိုင်ငံတော် သမ္မတကြီး ပြောကြားခဲ့တဲ့ကိစ္စကိုပဲ ကျွန်တော်က အဓိကထားပြီး ပြောပါတယ်။ ဘာလဲဆိုတဲ့အခါမှာ ရိုဟင်ဂျာဟာ ကျွန်တော်တို့ တိုင်းရင်းသားထဲမှာ မပါဘူးဆိုတာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ဒီမှာရှိတဲ့လူတွေကိုလည်း ကျွန်တော်တို့ရဲ့ ၁၉၈၂ Citizenship Act နဲ့အညီ ဆောင်ရွက်မယ်။ ဒါကိုလည်း ဝန်ကြီးကိုယ်တိုင်လည်း မကြာခဏ ပြောခဲ့တဲ့ ကိစ္စပါ။ ကျွန်တော်တို့ အဲဒီ့မှာ သွားပြီးတော့ သူတို့စာရင်း ကောက်တဲ့ကိစ္စမှာ သူတို့က ငြင်းဆန် နေတာကို တွေ့ရတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ သူတို့ကသိရက်နဲ့ တမင်တကာကို ငြင်းနေတယ်လို့ပဲ ကျွန်တော်မြင်တယ်။
ဘာကြောင့်လဲဆိုတော့ ဝန်ကြီးတင်ပြ သွားတဲ့အခါမှာ အားလုံး Third Party အနေနဲ့ ဝင်လုပ်ပေးဖို့ဆိုပြီး ချဉ်းကပ်တယ်ဆိုတာက ကုန်သလောက်ပဲ၊ သံရုံးတွေပါတယ်၊ UN အဖွဲ့အစည်းတွေပါတယ်၊ သူတို့က ငြင်းတယ်ဆိုတာ ဘာကြောင့်မို့လို့ ငြင်းတာလဲ။ သူတို့ကနေပြီးတော့ ဒီကိစ္စမှာ အထင်မှားခံရမှာကို ကြောက်လို့လား။ ဒါမှမဟုတ်လို့ရှိရင် မူဆလင်ရဲ့ Pressure  ကို ကြောက်နေလို့လား မေးစရာရှိပါတယ်။
အရေးအကြီးဆုံးအချက်လို့ ကျွန်တော်မြင်တာတစ်ခုက Special Education Program တစ်ခုကို ဘူးသီးတောင်၊ မောင်တော ဆိုတဲ့ နေရာမျိုးမှာ လုပ်ပေးဖို့ဆိုပြီး တင်ပြခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခုဒီမှာ ပညာရေး ရဲ့ အရေးကြီးမှုကိုလည်း ဆွေးနွေးသွားတာ ကြားရတဲ့အတွက် အထူးဝမ်းသာပါတယ်။ ကျွန်တော်တို့ တင်ပြတဲ့အချက်က တစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ နေနေတယ်၊ တစ်ဖက်မှာတော့ အာရဗီစာကို သင်နေတယ်။ ဘယ်လိုမှ ပေါင်းစပ် လို့ရမလား။ ပြောသာပြောနေတာ၊ အတူတူ လုပ်ကြမယ်လို့သာ ပြောနေတာ၊ ဘယ်လိုမှ ပေါင်းစပ်လို့ မရဘူး။
တစ်ဖက်က သူတို့ကိုမြန်မာ စကားသင်တာ၊ မြန်မာ စာသင်တာကို လက်မခံတဲ့ အနေအထား မှာ ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဒါလေးကိုအကြံပြု လိုက်တယ်၊ ဒီပညာရေးသင်ကြားရေး အစီအစဉ်တစ်ခုကို လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နေထိုင်မယ်ဆိုလို့ရှိရင် ဘာပဲဖြစ်နေဖြစ်နေ၊ ဘယ်ဘာသာပဲ ဖြစ်နေ ဖြစ်နေ Religious Equality ကို ကျွန်တော်တို့လက်ခံတယ်။ လူ့အခွင့်အရေးတွေမှာလည်း ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် ကိုယ့်ဘာသာစကားမှ မပြောနိုင်တဲ့လူကို နိုင်ငံသားအနေနဲ့ ဘယ်လိုလုပ်ပြီး စဉ်းစားပေးလို့ရမလဲ။ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်ကတော့ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးဘူး။ ဒုဥက္ကဋ္ဌနဲ့ ကျွန်တော်ဆွေးနွေး နေတယ်။ ဘာလဲဆိုရင် ခုနကလည်း ဝန်ကြီးလည်း အမိန့်ရှိသွားတယ်၊ ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း လုပ်မယ်လို့ ပြောထားတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ Very Firmly ပဲ  ဆက်လုပ်သင့်တယ်လို့ မြင်တယ်ဟူ၍ ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်၌ ရာဇဝတ်မှုခင်းတစ်ခုကို အကြောင်းပြု၍ လူ့အသိုင်းအဝိုင်း နှစ်ခုအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ပြည်တွင်းအခြေအနေမှ ဒေသတွင်း အရေးကိစ္စ၊ နိုင်ငံတကာ အရေးကိစ္စအထိ ရောက်ရှိသွားနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းများတွင် အကြိမ်ကြိမ် ထည့်သွင်းသတိပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ ထိုအရေးကိစ္စကို နိုင်ငံတကာ အရေး ကိစ္စအဖြစ် ပုံဖော်ကာ ကုလသမဂ္ဂ မျက်နှာစာတွင် တင်ပြရန် ကြိုးစား မှုများ စတင်တွေ့ရှိ နေရပြီဖြစ်သည်။
ထိုသို့ဖြစ်ပေါ်လာသော အခြေအနေကို ကာကွယ်တားဆီးရန်မှာ နိုင်ငံတော် အစိုးရနှင့်အတူ ဘာသာပေါင်းစုံ ပါဝင်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ် ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရပ်ရွာတည်ငြိမ်အေးချမ်းမှုရရှိပြီး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိလာရေး ကြိုးပမ်းနေ
ရန်ကုန်   ဇူလိုင်   ၉
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲသို့ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု  အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊  ရခိုင် ပြည်နယ်ဥပဒေချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ လက်အောက် ရှိ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ရှင်းလင်းပြောကြားရာတွင်  လူမျိုးမရွေး၊ ဘာသာမရွေး လူသား အားလုံးအတွက်  အသက်နှင့်ပစ္စည်းဥစ္စာ လုံခြုံစိတ်ချမှု ရှိစေရန်နှင့် ရခိုင်ပြည်နယ်အတွင်း လူမှုပြဿနာများ  အဆုံးသတ်ရန်အတွက်  နိုင်ငံတော် အစိုးရက ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ဒုတိယ သမ္မတ ဦးဆောင်သော  ရခိုင်ပြည်နယ်ခရီးစဉ်ကြောင့်  လိုက်ပါကြသူ အားလုံးအနေဖြင့်လည်း  နိုင်ငံတော် အစိုးရ၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ယခုအချိန်အထိ တိုးတက်လုပ်ဆောင် နေမှုများကို လက်တွေ့ တွေ့မြင်ကြပြီ ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကောင် အထည်ဖော်နိုင်မှု အခြေအနေများကို ခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရပါကြောင်း၊ သို့ရာတွင် လူသားချင်း စာနာထောက် ထားရေးဆိုင်ရာ လုပ်ငန်းများနှင့်အတူ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတို့တွင်  စိန်ခေါ်မှုများ၊  အခက်အခဲများလည်း  ရှိနေပါသေးကြောင်းဖြင့်  ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ရခိုင်ပြည်နယ် အတွင်း လူမှုရေး  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်း များသည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တို့နှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည် ကို တွေ့ရှိရပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ  ပိုမိုထိရောက်မှုရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနကို ၂ဝ၁၃ ခုနှစ် မေ ၄ ရက်တွင် စစ်တွေမြို့၌ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါ ဌာနသည် ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရ မဟုတ်သော     အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်း နှစ်ရပ်စလုံးတို့ အကြားတွင် သတင်းအချက်အလက် အမှန်များကို ဖလှယ်နိုင်ရန် များစွာအထောက်အကူ ပြုပါကြောင်း၊  အလားတူ  ပူးပေါင်း ဆောင်ရွက်ရေး ဗဟိုဌာနများကို မြေပုံ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူတို့ ကဲ့သို့သော လိုအပ် သည့်နေရာများတွင် တိုးချဲ့ဖွင့်လှစ်သင့်ပါကြောင်း။
ရခိုင်ပြည်နယ်  စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ  တွေ့ရှိ အကြံပြုချက်များအပေါ်  မိမိတို့ ဗဟိုကော်မတီက များစွာ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုအဖွဲ့အစည်း နှစ်ရပ်အကြား တင်းမာမှုများကို လျှော့ချရန်အတွက် ယုံကြည်မှု တည်ဆောက်ရေး၊  ပြန်လည် သင့်မြတ်ရေး၊  ရွှေ့ပြောင်းခံရသည့် မိသားစုများအတွက်  ပုံမှန်ဘဝပြန်လည် တည်ဆောက်နိုင်ရေး တို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကြံပြုထားသည့်အတိုင်း  လွတ်လပ် စွာ ဆောင်ရွက်သွားနိုင် ပါကြောင်း  ရှင်းလင်းပြောကြားသည်။
ယင်းနောက်  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ   ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က မျိုးစပါး များ ရောက်ရှိဖြန့်ဖြူးမှု၊ မြေသားရေကန်နှင့်  လက်တူးတွင်းများ  တူးဖော်ပြီးစီးမှု၊  ထွန်စက်ကြီးနှင့် လက်တွန်း ထွန်စက် များ  ပေးပို့ဖြန့်ဝေပြီးစီးမှု၊  ထွန်စက် ကြီးနှင့်  လက်တွန်းထွန်စက်  မောင်းနှင်အသုံးပြုခြင်း သင်တန်းပို့ချပြီးစီးမှု၊  ထွန်ယက် ပြီးစီးမှု၊ လယ်ယာသုံး စက်ကိရိယာများအတွက် စက်သုံးဆီသုံးစွဲရမှု၊ ဓာတ်မြေသြဇာ များ ရောက်ရှိ ဖြန့်ဖြူးပြီးစီးမှု၊ စက်သုံး ဆီများ ထုတ်ပေးပြီးစီးမှု၊ လှေ၊ စက်လှေနှင့်  ငါးဖမ်းပိုက်များလိုအပ်မှု၊  ပညာရေး၊  ကျန်းမာရေး၊  ဆက်သွယ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ လယ်ဧက ၉၉၃ဝ အတွက် လိုအပ်သော မျိုးစပါးတင်း ၁၉၈၆ဝအား မေလအတွင်း က ရောက်ရှိ စုဆောင်းခဲ့ပြီး ဇူလိုင် ၄ ရက်အထိ ၁၅၄၈၇ တင်း ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော မျိုးစပါးများကို ဆက်လက်ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့၌ မြေသားရေကန် ၁၁ ကန်နှင့် လက်တူးတွင်း လေးတွင်းအား တူးဖော်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ တူးဖော်ခဲ့မှု အတွက် ကုန်ကျငွေကျပ် ၃၄ ဒသမ ၈၂ သန်း ရှိခဲ့ကြောင်း၊ ထို့ပြင် ထွန်စက်ကြီးနှစ်စီး၊ လက်တွန်းထွန်စက် ၂၈၈ စီးနှင့် လယ်ယာသုံး ကိရိယာ များ မေလအတွင်းက  ရောက်ရှိခဲ့ပြီး  ၂၈၂  စီး ဖြန့်ဝေပြီးဖြစ်ကာ  စစ်တွေ၌  အရန် ခြောက်စီးကျန်ရှိကြောင်း၊   အဆိုပါ ပစ္စည်းများ အတွက် ကျသင့်ငွေ ၅ဝ၆ ဒသမ ၉၃ သန်းရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ထွန်စက်ကြီးနှင့် လက်တွန်း ထွန်စက်မောင်း သင်တန်း (၁ဝ)ကြိမ်၊ သင်တန်းသား ၃ဝဝ ပို့ချရန် လျာထားရာတွင် ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ကျေးရွာများတွင်  သင်တန်း (၉) ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းတစ်ကြိမ်သာ ပို့ချရန် ကျန်ပါကြောင်း၊ သင်တန်း  ပို့ချစဉ်  ကုန်ကျသည့် ဒီဇယ်ဆီ ဂါလန်များအတွက်  ငွေကျပ်  ၃ ဒသမ ၃၇ သန်း လိုအပ်မည် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ လယ်ယာသုံး စက်ကိရိယာများ မရောက်ရှိမီ  စက်မှုလယ်ယာဦးစီးဌာနက  ဌာနပိုင် ထွန်စက်ကြီး ၁၇ စီး၊ ပြည်နယ်အစိုးရပိုင် နှစ်စီးတို့ဖြင့် လယ်မြေ ၃၅၂၁ ဧက ကျော်အား ထွန်ယက်ပေးခဲ့ကြောင်း၊ ထွန်ယက်ရန် ကျန်လယ်မြေများအား ထွန်တုံးမပိတ်မီ အချိန်မီ ထွန်ယက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွက် လိုအပ်သော  ဓာတ်မြေသြဇာအိတ် ၁၂၈ဝဝ သည်  ဇွန်လအတွင်း စစ်တွေမြို့သို့ရောက်ရှိပြီး မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင်၊ စစ်တွေ မြို့များသို့ စုစုပေါင်း ၈၆၁၄ အိတ် ထုတ်ပေးပြီး ဖြစ်ကြောင်း၊   ကျန်ရှိသော  ဓာတ်မြေသြဇာ အိတ်များကို  လိုအပ်သည့် နေရာများတွင် အသုံးပြု ရန် ပြည်နယ်အစိုးရထံ  အပ်နှံထားပါကြောင်း၊  စက်သုံးဆီများ  ထုတ်ပေးမှု အနေဖြင့် စစ်တွေ၊ မြောက်ဦး၊ မင်းပြား ၊ ကျောက်တော်၊ မြေပုံ ၊ ပေါက်တော၊ ရသေ့တောင်၊  မောင်တော၊  ရမ်းဗြဲမြို့များသို့  စုစုပေါင်း ဒီဇယ်ဆီ  ၆၉၅၂ ဂါလန် ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းပိုက်မျိုးစုံ အစုံ ၂ဝဝဝ၊ ကြိုးခွေ ၅ဝဝတို့ကို ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း၊ ငါးဖမ်းလှေ၊ ပိုက်ကွန်များ ဝယ်ယူရန် ငွေကျပ် သန်း ၄၃ဝ ကျော် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ် ခြောက်မြို့နယ်ရှိ စခန်း ၂၃ ခုတွင် ကျောင်းသားကျောင်းသူ ၇ဝ၃၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း၊  အဆိုပါ  ကျောင်းသား  ကျောင်းသူများ အတွက်  ဆရာ  ဆရာမ ၂ဝ၉ ဦး လိုအပ်လျက်ရှိကြောင်း၊   ပြည်နယ်အတွင်း လိုအပ်သည့်  ကျောင်း ၃၃ ကျောင်း အနက် ၂၆ ကျောင်းကို   UNICEF  က ဆောက်လုပ်ပေးမည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနက ခုနစ်ကျောင်း  ဆောက်လုပ်မည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သန်းနှင့် လိုအပ်သော ကျေးရွာများတွင်   စာသင်ကျောင်းများ တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့်  အတည်ပြု ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊  မြို့နယ်  ၁၁ မြို့နယ်တွင် ယာယီ ကျန်းမာရေးဆေးပေးခန်း ၂၉လုံးကို ဆောက်လုပ်ရန် လျာထား ကြောင်း၊ ဒုက္ခသည်စခန်း ၆၉ ခုတွင် ဖုန်းကတ်များ ပေးထားပြီးဖြစ်ကြောင်း၊ အော်တို တယ်လီဖုန်း လိုင်းများလည်း တိုးချဲ့တပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောင် ရွက်ပေး လျက် ရှိကြောင်း သိရှိရသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဒုက္ခသည်များအား မိုးမကျမီ  အမိုး အကာအောက် ရောက်ရှိေ ရးအတွက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  မဟာစင်မုန်တိုင်းကြောင့်  အနည်းငယ် နှောင့်နှေးခဲ့သော်လည်း ၉ဝ  ရာခိုင်နှုန်းကို  အမိုးအကာအောက် ရောက်ရှိနိုင်ရန်  ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒုက္ခသည်များအတွက် ယခုထက် ပိုမိုကောင်းမွန်သည့် လုပ်ငန်း များဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လူမှုအဖွဲ့အစည်း နှစ်ရပ်အကြား သဟဇာတ ရှိရေးနှင့် ပဋိပက္ခပြဿနာများ ထပ်မံမပေါ်ပေါက်ရေးအတွက် အားလုံးပူးပေါင်း၍    ဂရုတစိုက်      ဖြေရှင်းဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြသည်။     
မေး။ ။  မကြာခင်က ရခိုင်ပြည်နယ်မှာရှိတဲ့  အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြောင့်  သေဆုံးရတယ် ဆိုတာကို သိလိုပါတယ်။ ပြီးတော့ ပြဿနာမဖြစ်ပွားခင်က ဘင်္ဂါလီလူမျိုးစုတွေ ပိုင်ဆိုင်တဲ့ နေရာတွေကို အခုနောက်ပိုင်းမှာ အခြားသူတွေကို ဝင်ရောက်နေထိုင်ခွင့် ပေးခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးသူတို့ကို ဘယ်လိုအရေးယူ ဆောင်ရွက်သွားမလဲဆိုတာ သိပါရစေ။
ဖြေ။  စစ်တွေအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ ကောလာဟလသာ ဖြစ်ပါတယ်။ အမှန်တကယ် အကျဉ်းသား သေဆုံးတယ်ဆိုရင်  သက်ဆိုင်ရာ ဌာနတွေက  ကျွန်တော်တို့ကို  တင်ပြမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ အကျဉ်းသား သေဆုံးတယ်လို့ တင်ပြလာတာ မရှိတာကြောင့် ဒါဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။
နောက်မေးခွန်းနဲ့ ပတ်သက်လို့ ဖြေကြားရရင် ကျွန်တော်တို့နိုင်ငံမှာ ကျင့်သုံးတဲ့ ဥပဒေများအရ အခုလို အရေးအခင်းဖြစ်ပြီး မီးလောင်သွားတဲ့ ဧရိယာ တစ်ခုလုံးအတွက်  စီမံခန့်ခွဲမှုဟာ  အစိုးရလက်ထဲမှာပဲ  ရှိပါတယ်။ မီးလောင်ခဲ့တဲ့ နေရာအတွင်း ရခိုင်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ ဘယ်သူ့ကိုမှ ကျူးကျော်ဝင်ရောက် နေထိုင်ခွင့်မပေးပါဘူး။ မီးလောင်တဲ့နေရာကို ပြန်လည်နေရာ ချထားဖို့ ဥပဒေပိုင်း၊ နိုင်ငံတော်ရဲ့ ပေါ်လစီပိုင်းတွေကို ကြည့်ပြီး ပဋိပက္ခ မဖြစ်ဖို့ စဉ်းစားပြီးတော့မှ ချမှတ်ရမယ့် မူဝါဒဖြစ်ပါတယ်။ လောလောဆယ် နှစ်ဖက် ဒုက္ခသည်တွေ  အမိုးအကာအောက်ကို  ရောက်ဖို့အတွက် ပြည်ထောင်စုအစိုးရ၊  ပြည်နယ် အစိုးရနှင့်  နိုင်ငံတကာ အဖွဲ့အစည်းတွေ  ကြိုးစား ဆောင်ရွက်နေတဲ့ အနေအထားမှာပဲ ရှိသေးပါတယ်။ မီးလောင်ထားတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး  ကြိုတင်ဆုံးဖြတ်ထားမှု  တစ်စုံတစ်ရာ မရှိသေးပါဘူး။ အစိုးရက မီးလောင်ပြင်ကို လုံခြုံရေးချထားပြီး ကာကွယ်ေ စာင့်ရှောက်ထားပါတယ်။
မေး။  အသိုင်းအဝိုင်းနှစ်ခုက သီးခြားဖြစ်တည်နေတယ်လို့ သိရှိရပါတယ်။ အသိုင်းအဝိုင်း နှစ်ခုမှာ  အပြန်အလှန် မယုံကြည်မှု၊  မုန်းတီးမှုများ ရှိနေတာကြောင့်  အပြန်အလှန် ယုံကြည်မှု ရရှိအောင် ဘယ်လိုတည်ဆောက်သွားမယ် ဆိုတာကို သိလိုပါတယ်။ ပြီးတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စဉ်တွေက  မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။  အိန္ဒိယ၊  မလေးရှားစတဲ့ နိုင်ငံတွေကို ကူးစက်တဲ့အနေအထား တွေ့ရပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကို သိလိုပါတယ်။
ဖြေ။ ။   ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုဟာ စိတ်ဒဏ်ရာတွေကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ နာကြည်းမုန်းတီးမှုတွေရဲ့ ခံစားချက်တွေ ယခုထက်တိုင်အောင် လောင်မြိုက်နေဆဲ ဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို  ကုစားနိုင်ဖို့  အချိန်စောင့်ရမှာ ဖြစ်ပါတယ်။  မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခု တစ်သီးတစ်ခြားစီ ဖြစ်နေရတဲ့ အကြောင်း တရားကတော့ သူတို့ရဲ့ ပုဂ္ဂလိက လုံခြုံရေးအတွက် သီးခြားစီနေထိုင်ခြင်းက ပိုကောင်းတယ် ဆိုတဲ့ သူတို့ရဲ့ အမြင်ကြောင့်ပါ။ ပုဂ္ဂလိက လုံခြုံမှုရှိရေးအတွက် လောလောဆယ် သီးခြားစီ ခွဲနေကြတာ ကောင်းမှာပါ။  ဒါကလည်း  လောလောဆယ် တွေ့ကြုံရတဲ့ ယာယီပြဿနာ တစ်ရပ်ပါ။ ရေရှည်မှာတော့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ကြဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
လွန်ခဲ့တဲ့  နှစ်ရက်က  အိန္ဒိယနိုင်ငံ    ဗုဒ္ဓဂယာမှာ  ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။  ကမ္ဘာ့ ဘယ်နိုင်ငံ၊  ဘယ်နေရာ မှာမဆို  ဘယ်လိုပုံစံမျိုးနဲ့မဆို ကျူးလွန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု မှန်သမျှကို ပြစ်တင်ရှုတ်ချရမှာ ဖြစ်ပါ တယ်။ ဘာသာရေးအရ အထွတ်အမြတ်ပြုတဲ့ နေရာမှာသာ မဟုတ်ပါဘူး။ ဘယ်နေရာမျိုးမှာမဆို အကြမ်းဖက် တိုက်ခိုက်မှု အရပ်ရပ်ကို ပြစ်တင် ရှုတ်ချကြပါတယ်။  မြန်မာနိုင်ငံဟာ  ဘာသာရေးနဲ့ လူမျိုးရေးတို့အရ  မတူကွဲပြားတဲ့ သူတွေ  အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာအစိုးရ အဖွဲ့က   နိုင်ငံအတွင်း မှီတင်း နေထိုင်သူတွေ အားလုံး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ကြဖို့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးတို့အရ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစား ကြခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုတွေ ရရှိလာမှာပါ။ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ အပေါ် အကြောင်းပြုပြီး အခြားနိုင်ငံတွေကို ပဋိပက္ခတွေ ဆက်လက် ကူးစက်ပျံ့နှံ့မှု မရှိစေဖို့ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ မတူကွဲပြားတဲ့ အသိုက်အဝန်း နှစ်ခုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာကြဖို့ ရည်ရွယ်ပြီး အစိုးရအဖွဲ့က ကြိုးပမ်းနေပါတယ်။ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ရရှိပြီး ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိလာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။
ပဋိပက္ခတွေ ဒေသတစ်ခုမှတစ်ခု၊ နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံသို့  ကူးစက်ပျံ့နှံ့ခြင်း မရှိစေဖို့ ကျွန်တော်တို့နဲ့ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ အခြေအနေ အထိရောက်အောင် ကြိုးပမ်းနေတာကြောင့် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကူးစက်မှု မရှိနိုင်ဘူးလို့ မျှော်လင့်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်ကိစ္စမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အမှုဘယ်နှမှု စစ်ဆေးပြီးပါသလဲ။ ဘယ်လောက် ကျန်သေးသလဲဆိုတာ သိချင်ပါတယ်။ ရေရှည်မှာ အတူတကွနေထိုင်ဖို့ ဘယ်လိုတိုင်းတာပါမလဲ။
ဖြေ။ ။ စစ်ဆေးပြီးအမှု ၁၉၅ မှုရှိပြီး တရားခံ ၅ဝ၇ ဦး ဖြစ်ပါတယ်။ အမှု ၄၅ မှုက လူ ၆၆၂  ဦးကို စိစစ်ဆဲဖြစ်ပါတယ်။ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။  ရခိုင်ပြည်နယ်မှာရှိတဲ့ လက်ရှိ လုံခြုံရေးအင်အားကို သိချင်ပါတယ်။
ဖြေ။ ။   ပြည်နယ်ရဲတပ်ဖွဲ့အင်အား ၂ဝဝဝ၊ လုံထိန်းအင်အား ၃ဝဝဝကျော်၊  နစခ အင်အား ၁၂ဝဝ စုစုပေါင်းအင်အား ၆ဝဝဝ ကျော်၊ တပ်မတော်က လုံလောက်တဲ့အင်အားနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြား
နေပြည်တော်ဇွန်၂၇
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၃) ကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဗဟိုကော်မတီ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဗဟိုကော်မတီကို မတ်လက ဖွဲ့စည်းပြီးနောက် ဆက်လက်ဖွဲ့စည်းပေးသော လုပ်ငန်းကော်မတီများ အနေဖြင့် မေလမှ စပြီး မိုးမကျမီ နှစ်လအတွင်း ရွက်ဖျင်တဲဖြင့် နေနေသည့် ဒုက္ခသည်အားလုံးကို အမိုးအကာအောက် ရောက်အောင် ရွှေ့ပြောင်းပေးကြရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အသီးသီး၏ လုပ်ငန်းများကိုလည်း တစ်ဆက်တည်း အဖြစ်နိုင်ဆုံး နည်းလမ်းဖြင့် ဆောင်ရွက်သွားကြရန် ယခင်အစည်းအဝေး၌ ဆွေးနွေး ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။
ဖွဲ့စည်းပေးသော လုပ်ငန်းကော်မတီများနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်အောင် ၁ဝ ရက် တစ်ဖွဲ့နှင့် တစ်ဖွဲ့စီခွဲပြီး အလှည့်ကျ သွားရောက် အကောင်အထည်ဖော်ခဲ့ရာ ယခု အကောင်အထည်ပေါ်သည့် အပိုင်းများလည်း ပေါ်နေ ကြပြီ ဖြစ်ပါကြောင်း။
''တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး'' လုပ်ငန်းကော်မတီ၊ ''လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းကော်မတီ'' တို့၏ လုပ်ငန်းများကြောင့် တည်ငြိမ်အေးချမ်းသင့်သလောက် တည်ငြိမ်အေးချမ်း နေပြီ ဖြစ်ပြီး ရရှိထားသော တည်ငြိမ်အေးချမ်းမှုကို ဆက်ထိန်းသွားရန် ဖြစ်ပါကြောင်း။
''လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ'' က လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိစစ်ပေးရန် ရောက်သွား သည့်ရွာက လူအင်အားသုံးပြီး တားဆီးနှောင့်ယှက်သည့် အခက်အခဲကြောင့် လောလောဆယ် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားပါကြောင်း၊ အခြေအနေပေးလျှင် စိစစ်ရေး လုပ်ငန်း ဆက်ပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
''ယာယီ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ'' အနေဖြင့် ဒုက္ခသည်များ အမိုး အကာအောက် ရောက်သွားရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေဖြင့် ဒေသခံ ဆောက်လုပ်ရေး အဖွဲ့များက ဆောက်လုပ်ပေးနေသော အိမ်တန်းလျား ၉၈၉ လုံးထဲမှ ယခုဆိုရင် ၅၅ လုံးသာ ဆောက်ရန်ကျန်ရှိပြီး ယခုလကုန်တွင် အကုန်ပြီးမည်ဟု မှန်းထားပါကြောင်း၊ ပြီးရင် ပြီးသလောက် ဒုက္ခသည်များကို ရွှေ့ပြောင်းနေရာချထားပေးပြီး ဖြစ်ပါကြောင်း။
လုံးချင်းအိမ် ၁၂၄၂ လုံးတွင် ၂၃ လုံးသာ ကျန်တော့သည့်အတွက် အချိန်မီ ပြီးမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်း ၃၄ ကျောင်း ဆောက်လုပ်ရာတွင် ရှစ်ကျောင်း ကျန်နေသေးသည့် အတွက် ပြီးစီးအောင် တွန်းအားပေးရမည် ဖြစ်ပါကြောင်း။
ပြီးစီးရန်အတွက် အခက်အခဲရှိသည်မှာ UNHCR က ဦးဆောင်ပြီး ဆောက်လုပ်ပေးနေသော တန်းလျား အိမ် ၅၆၄ လုံးထဲမှ ၂၁၆ လုံး ကျန်နေသေးသည့်အတွက် ညှိနှိုင်းတွန်းအားပေး ဆောက်လုပ်ရန် လိုပါကြောင်း။
ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် လယ်ယာစိုက်ပျိုးရေး၊ သားငါးရှာဖွေရေး၊ ဈေးရောင်းဈေးဝယ် လုပ်ငန်း၊ တစ်နိုင်တစ်ပိုင် သယ်ပို့လုပ်ငန်းငယ်လေးများ လုပ်နိုင်အောင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် ပေးနေရာ ပြဿနာကြီးငယ် မရှိဟုသိရပါကြောင်း။
လုပ်ငန်းကော်မတီများ အနေဖြင့် ဒုက္ခသည်များ မိမိခြေထောက်ပေါ်မိမိ ပြန်လည်ရပ်တည်သွားနိုင်အောင်၊ ဆက်လက် ကူညီပေးသွားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ဆေးခန်းများ မပြီးသေးခင် Mobile Team နှင့် စောင့်ရှောက်မှု ပေးသွားရမည် ဖြစ်ပါကြောင်း၊ အစုလိုက် အပြုံလိုက် ဖြစ်တတ်သော ရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်ဂရုစိုက်ပေးသွားရန် လိုအပ်ပါကြောင်း၊ သောက်သုံးရေ လုံလုံလောက်လောက် ရရှိအောင်လည်း ဆောင်ရွက် ပေးသွားရန် လိုမည်ဖြစ်ပါကြောင်း။
''နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းကော်မတီ”သည် အပြည်ြပည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ INGO၊ NGO များနှင့် ပူးပေါင်းပြီး ၎င်းတို့ ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်း အဆင်ပြေပြေဖြစ်အောင် အတတ်နိုင်ဆုံး ကူညီပေးရန်နှင့် မိမိတို့ဘက်က လိုအပ်သည်များလည်း နှစ်ဖက်ညှိနှိုင်းပြီး နှစ်ဖက်အကျိုးရှိအောင် ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း။
ထို့ကြောင့် ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ အနေဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေ၊ ကြုံတွေ့ရသော အခက်အခဲ၊ ရှေ့ဆောင် ရွက်ရန် လိုအပ်သည်များကို တင်ပြဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များနှင့်အတူ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ အလိုက် ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ ဒေသတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်း ပြီးစီးမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက်  သတ်မှတ်ထားသော လုပ်ငန်းတာဝန်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီး ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များ အပေါ်  ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
 ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
 ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် ( ၃ /၂၀၁၃ )
၁။ ၂ဝ၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ရန်နှင့် အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းအစီရင်ခံ စာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။
၂။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် အောက်ပါအချက်များ ပါဝင်သည်ကိုတွေ့ရှိရပါသည်။
- နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေစိုးမိုးရေးအစီအမံများ ချမှတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း။
- နိုင်ငံသားတိုင်း မိမိတို့ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိစေရေး အတွက် မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရကြောင်း။
- မတူညီသော ကိုးကွယ်ယုံကြည်မှုများကို လွတ်လပ်စွာကိုးကွယ်  ယုံကြည်ခွင့်ရှိစေရန် အတွက် အခြေခံအနှစ်သာရသည် ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုဖြစ်ကြောင်း။
- လွတ်လပ်စွာ ယုံကြည်မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အစဉ်လေးစား ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း။
- ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများ အတွက် ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေး များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေးကို အလျင်အမြန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ဆောင် ရန်ဖြစ်ကြောင်း။
၃။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အချက်အလက်များမှာ မြန်မာနိုင်ငံအတွက် အနာဂတ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက် လာရေးအတွက် အခြေခံကျပြီး လက်တွေ့ကျင့်သုံးရမည့် လမ်းညွန်မှုဖြစ်သည်ကို တွေ့ရှိရပါ သည်။
၎။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခြဲ့ပီးနောက် သတင်းထုတ်ပြန်ချက် အမှတ် (၄/၂ဝ၁၂) ဖြင့် ထုတ်ပြန်ခဲ့ရာတွင် အကြမ်းဖက် ကျူးလွန်မှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေး၊ အကြမ်းဖက်ခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် ကလေးသူငယ်များ အခြေခံပညာ တတ်မြောက်မှုနှုန်း မြင့်မားရေး အတွက် အထူးအစီအစဉ် တစ်ရပ်အဖြစ် အမြန်ဆောင်ရွက်ပေးရေးနှင့် နယ်မြေရှိ ဒုက္ခသည်များ အတွက် အခြေခံလိုအပ်ချက်များတိုးမြှင့်ကူညီပေးရေးတို့ကို ဆောင်ရွက်ကြ ပါရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
၅။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် စုံစမ်း စစ်ဆေးရေးကော်မရှင်၏ လော့လာအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့်  လုပ်ငန်းကော်မတီ (၇)ရပ်နှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက် န် ကော်မရှင်အနေ ဖြင့် အလေးအနက်တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
စစ်တွေမေ ၇
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၃ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ဗဟိုကော်မတီ အတွင်းရေးမှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘရွှေ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ဒေသတွင်း ယာယီ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များထဲမှ ဒုက္ခသည်များအား မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးအတွက် လူနေအိမ်တန်းလျားများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ယူပြီး ထပ်မံ ဆောက်လုပ်မည့် အရေအတွက်နှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗဟိုကော်မတီ အတွင်းရေးမှူးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၇) ခု ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ လုပ်ငန်း တာဝန်များ စတင်ဆောင်ရွက်မည့် အစီအမံများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း
နေပြည်တော် မေ ၆
ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး ရှင်သန်တဲ့ ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံသား တစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အခွင့်အလမ်းများ ရရှိထားပေမယ့် တချိန်တည်းမှာပဲ အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့အတွက် စိတ်ခံစားမှုများကို ရှေ့တန်း တင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။
၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါတယ်။ ယင်းကော်မရှင် ရဲ့ အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေ စနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြ ထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာ ဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြု ကြရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေး ကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေ ရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ 
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီ ရေချိန် နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မတည်ဆောက် နိုင်ခဲ့ခြင်းဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေး နိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစားခဲ့ကြ ရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေ ရခြင်း ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံအနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် လေးစားမှု ရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်း ဖြစ်ပြီး နိုင်ငံသား တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။ 
ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကိုအလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများကိုပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကိုသတိပြုရမှာ ဖြစ်ပါတယ်။ 
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်း များ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင် များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများ အကြားမှာလည်း သမိုင်းနဲ့ချီတဲ့ လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များ ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများ အဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။ 
ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက် များအနက် အဓိကအချက်များကို ကြည့်ရင် ပထမ ဆုံးဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ 
တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ကျွန်တော့် အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေးများ ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များ အာဟာရ ပြည့်ဝစေရေး၊ ပညာ သင်ကြားနိုင်ရေး၊  စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါ များကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး တို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီများကိုလည်း ရယူသွားမှာ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ဝင်ရောက်ဆောင်ရွက် ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ယခင် ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်နည်း ကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးနက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက် များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက် လူ့အသိုက်အဝန်း နှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ 
ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများပိုမို ဆိုးရွား မလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေးသဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေရှည်အစီအမံ များနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့်အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီ နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံ မဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ(၇) ခုကိုလည်း မတ်လ (၂၉)ရက် နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင်းပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူဆောင်ရွက် သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။ 
ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက် များကို ခြုံငုံသုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင် ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာ များကို ဖြေရှင်းရာမှာ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ် သူများအား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များ ကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်
နေပြည်တော် ဧပြီ ၃ဝ
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ထုတ်ပြန် လိုက်ကြောင်း သိရှိရသည်။ အဆိုပါ အစီရင်ခံစာပါ အကျဉ်းချုပ် အချက်အလက်များ မှာ အောက်ပါအတိုင်း ဖြစ်သည်-
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အနောက်ပိုင်းတွင်တည်ရှိပြီး ခရိုင် (၄)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ်နှင့် မြို့နယ်ခွဲပေါင်း (၃) မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိပါသည်။ ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုများ ဖြစ်ကြသော သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ကမန်နှင့် မရမာကြီးတို့အပြင် ဘင်္ဂါလီလူမျိုးများလည်း နေထိုင်နေကြပါသည်။ လူဦးရေအားဖြင့် (၃ ဒသမ ၃) သန်း ကျော် နေထိုင်လျက်ရှိပြီး လူနေထူထပ်မှုနှုန်းမှာ တစ်စတုရန်း မိုင်လျှင် ၂၃၅ ဦး ခန့်ရှိပါသည်။
၁၉ ရာစုအစောပိုင်း အင်္ဂလိပ်နယ်ချဲ့ကိုလိုနီများ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာပြီးနောက် လယ်ယာလုပ်ငန်းအား တိုးချဲ့လာခဲ့သဖြင့် လိုအပ်သော လုပ်အားကို အိမ်နီးချင်းနိုင်ငံများမှ ဘင်္ဂါလီများက ရာသီအလိုက် လုပ်သားများအဖြစ် လာရောက်လုပ်ကိုင်ကြပါသည်။ သို့သော်လည်း နောက်ပိုင်း တွင် မြန်မာနိုင်ငံအတွင်း၌ တစ်စတစ်စ အခြေချ နေထိုင်မှုများ ရှိလာပါသည်။ ထို့နောက်တွင် ဘင်္ဂါလီလူမျိုးများသည် အခြေတကျ နေထိုင်ကာ လူဦးရေ တိုးပွားမှုများလာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် ဒုတိယမြောက် အများဆုံး နေထိုင်သော လူမျိုးစုတစ်စု ဖြစ်လာခဲ့ပါသည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ လူမျိုးစုများအကြား စီးပွားရေး၊ လူမှုရေးကိစ္စရပ်များတွင် လွှမ်းမိုးချုပ်ကိုင်လာမှုများနှင့် မကျေနပ်မှုများ တိုးပွားလာခဲ့သည်။ သမိုင်းတစ်လျှောက်တွင် ရခိုင်လူမျိုးနှင့် ဘင်္ဂါလီ လူမျိုးများအကြား ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက်လူ့အဖွဲ့အစည်းကြား ဘာသာအယူဝါဒ ဓလေ့ထုံးစံများကို အပြန်အလှန် လက်ခံနိုင်မှုမရှိခြင်း၊ အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်မှုများ၊ ပြင်းထန်လာသော လူမျိုးရေး စိတ်ဓာတ် များ၊ နိုင်ငံရေးအရ လွှမ်းမိုးလိုမှုများနှင့် လူ့အဖွဲ့အစည်း နှစ်ရပ်ကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုများကို သားစဉ်မြေးဆက် ပြုလုပ်ခဲ့ခြင်းများကြောင့် မကြာခဏ ဆိုသလို လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပါသည်။ ယင်းဖြစ်စဉ်များအတွင်းမှ ၂ဝ၁၂ ဇွန်လနှင့် အောက်တိုဘာလများအတွင်း ရခိုင် ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် သမိုင်းတစ်လျှောက်တွင် ကြီးမားသော ပဋိပက္ခတစ်ရပ် ဖြစ်ခဲ့ပါသည်။
၂ဝ၁၂ ခုနှစ် ပဋိပက္ခများအတွင်းတွင် လူပေါင်း ၁၉၂ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ရကာ နေအိမ်ပေါင်း ၈၆၁၄ ပျက်စီးဆုံးရှုံး ခဲ့ရပါသည်။ လူပေါင်း တစ်သိန်းကျော်သည်လည်း အိုးမဲ့အိမ်မဲ့ဖြစ်ရကာ ဒုက္ခသည်များ ဖြစ်ခဲ့ကြရပါသည်။ ပဋိပက္ခများကြောင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိလာပြီး မိသားစုများ၏ စားဝတ်နေရေး ခက်ခဲလာရုံသာမက ရခိုင်ပြည်နယ်၏ စီးပွားရေး လုပ်ငန်း များပါ ထိခိုက်မှုများစွာ ရှိလာခဲ့ပါသည်။ ထို့ပြင် လူမျိုးစုနှစ်စုအကြား အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် မိသားစုများ၏ လုံခြုံရေးကို စိုးရိမ်ပူပန်ရခြင်း၊ ကြောက်လန့်ခြင်းနှင့် မတည်မငြိမ်မှုကြောင့် အခြေခံလိုအပ်ချက်များ များပြားလာခြင်း တို့ကိုလည်း ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် ထိခိုက်လွယ်သော အမျိုးသမီးများနှင့် ကလေးသူငယ်များတွင် ပဋိပက္ခများကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တိုးပွားလာသည့်အပြင် လူမျိုးစုနှစ်စုအကြား ဆက်ဆံရေးမှာလည်း အတိုင်းအတာ တစ်ခုအထိ ပြတ်တောက်သွားခဲ့ပါသည်။ ထို့ပြင် သမိုင်း ဖြစ်စဉ်များ၏ ခါးသီးမှုများကြောင့် လူမျိုးစုတစ်စုနှင့် တစ်စုအကြား ကန့်သတ်တားဆီးမှုများသည်လည်း တဖြည်းဖြည်း မြင့်မားလာသဖြင့် မယုံကြည်မှုများ တိုးပွားလာခြင်း၊ ဆက်ဆံရေး ပြတ်တောက်ခြင်းနှင့် တင်းမာမှုများ မြင့်တက်နေခြင်းတို့ ဖြစ်ပေါ်လာစေပါသည်။ အထက်ပါ
ပြဿနာရပ်များကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းရန်အတွက် -
- လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ထားရန်၊
- လုံခြုံရေးအင်အားများ ရုတ်တရက် များပြားစွာ လျှော့ချခြင်း မပြုရန်၊
-  နယ်စပ်လုံခြုံရေး တိုးမြှင့်ထားခြင်းနှင့် ကျွမ်းကျင်သော အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ
   ကြိုတင်ဖွဲ့စည်း တာဝန်ပေးအပ်ထားရန်၊ ကျွမ်းကျင်သူများဖြင့်စနစ်တကျ လေ့ကျင့်
   သင်ကြားပေးထားရန်၊ ဗုံး ရှင်းလင်းရေးအဖွဲ့  ထားရှိပေးရန်နှင့် ခေတ်မီကောင်းမွန်သော
   အဓိကရုဏ်း နှိမ်နင်းရေးသုံး လက်နက်၊ ခဲယမ်းကိရိယာများ တပ်ဆင်ပေးထားရန်၊
- အဓိကရုဏ် နှိမ်နင်းရေးတွင် တပ်မတော်၏ အကူအညီရယူမည် ဆိုပါကတပ်မတော်
   တပ်ရင်းတပ်ဖွဲ့များအား ခေတ်မီ အဓိကရုဏ်း နှိမ်နင်းရေးသုံး  လက်နက်၊ ခဲယမ်း၊
   မီးကျောက်များကို လုံလောက်စွာ ထုတ်ပေးထားရန်၊
- လုံခြုံရေးတပ်ရင်းတပ်ဖွဲ့များကို ဖွဲ့စည်းပုံအပြည့် အင်အားဖြည့်တင်း ပေးထားရန်နှင့် ပဋိပက္ခဖြစ်ပွားရာ
   မည်သည့်နေရာ ဒေသကိုမဆို  အမြန်ဆုံး ရောက်ရှိထိန်းသိမ်းနိုင်ရေးအတွက် ခေတ်မီသော
  ဆက်သွယ်ရေးစနစ်၊ ကုန်းလမ်း၊ ရေလမ်း၊ ရာသီမရွေးသွားလာနိုင်သည့် ခေတ်မီသောတပ်ဖွဲ့ပိုင်
  မော်တော်ကားများ၊ ရေယာဉ်များ၊ အမြန်ရေယာဉ်များ၊ စက်လှေများကိုတပ်ဆင်ဖြည့်ဆည်းပေးထားရန်၊
- တပ်မတော်ရေတပ်အင်အား တိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်လေယာဉ်များ၊
  CCTV စောင့်ကြည့် ကင်မရာများ၊ လူလုပ် အတားအဆီးများ ချထားရန်၊
- ကမ်းခြေစောင့် ရေကြောင်းရဲတပ်ဖွဲ့ (Marine Police/Coastal Police) ကို ဖွဲ့စည်း၍Assault Boat
  ကင်းလှည့်တိုက်ခိုက်ရေး ရေယာဉ်များကို ထုတ်ပေးထားပြီး ရေတပ်နှင့် ပူးပေါင်းကင်းလှည့်ခြင်းများ
  ဆောင်ရွက်စေရန်၊ 
-  အကြမ်းဖက် အဖွဲ့အစည်း၊ အစွန်းရောက် အဖွဲ့အစည်းများ၏  အန္တရာယ်မှ  ကြိုတင်ကာကွယ်
   ထောက်လှမ်းသိရှိနိုင်ရန် စစ်ဘက်ထောက်လှမ်းရေး၊ အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့်
   Spicial Team တစ်ခု ဖွဲ့စည်း တာဝန် ပေးအပ်သွားရန်၊
- ရခိုင်ပြည်နယ်ရှိ လဝက ဝန်ထမ်းအင်အားများကို အထူးကိစ္စရပ်တစ်ရပ် အနေဖြင့်ဖွဲ့စည်းပုံအပြည့်
   ဖြည့်တင်းပေးရန်၊ 
- နယ်စပ်ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ ဒေသန္တရအမိန့်များ ထုတ်ပြန်ပြီး ဆက်လက်ထိန်းချုပ်ထားရန်၊
- ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်၊
- ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နိုင်ငံရေး
  မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့ ဖြစ်ပါက ထိစပ်နေသော နယ်စပ်ဒေသသို့
  အကျိုးဆက်များ သက်ရောက်လာနိုင်ပါသည်။ထိုအတွက် ကြိုတင်စဉ်းစားထားရန်နှင့်
  လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်၊
- ပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းမည့် နည်းလမ်းများရေးဆွဲခြင်း၊ ဥပဒေနည်းဥပဒေများအားသုံးသပ်ခြင်းနှင့်
  ကြိုတင်ကာကွယ်သည့် စနစ်တစ်ရပ်ထူထောင်ရန်အတွက် အစီအမံများရေးဆွဲထားရန်၊
- တရားဥပဒေ စိုးမိုးရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့်ဖွဲ့စည်းပုံအရ
   လိုအပ်နေသော ဝန်ထမ်းအင်အားကို ထပ်မံဖြည့်တင်းရန်၊ အထူးသဖြင့်အထွေထွေ
   အုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာရေး ဦးစီးဌာနတို့အား ဖြည့်တင်းပေးရန်၊
- တရားစီရင်ရေးတွင်လည်း သာတူညီတူနှင့် လျင်မြန်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရန်၊
- မည်သို့ပင်ဖြစ်စေ အစိုးရဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပြည်သူပြည်
  သားအားလုံးသည် နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများအတိုင်း
  လိုက်နာ လုပ်ဆောင်ကြရန်ဖြစ်ပါသည်။ အကယ်၍ အဆိုပါ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတစ်ခုခုကို
  ဖောက်ဖျက်ကျူးလွန်သူ  မည်သူ့ကိုမဆို ဥပဒေအတိုင်း တိတိကျကျ အရေးယူသွားရန်တို့ကို
 လုပ်ဆောင်သင့် ပါသည်။ 
ပြန်လည်ထူထောင်ရေးအတွက် အစိုးရနှင့် အဖွဲ့အစည်းများသည် အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်နှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ဟူ၍ အပိုင်းများ ခွဲကာ အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း ကိစ္စရပ်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက် နေကြပါသည်။ သို့ရာတွင် လုပ်ငန်းများကို အတိုင်းအတာ တစ်ခုအထိ ဖော်ဆောင်အောင်မြင်ခဲ့သော်လည်း လိုအပ်ချက်များစွာ ရှိနေပါသေးသည်။ အစားအစာ ကဏ္ဍတွင် စုစုပေါင်း လိုအပ်ချက်၏ ၁၅ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းရန် ထပ်မံ လိုအပ်နေခြင်းနှင့် အာဟာရ မပြည့်ဝခြင်း၊ အမိုးအကာကဏ္ဍတွင် လိုအပ်ချက်၏ (၉၀) ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပေးရန်နှင့် မိုးရာသီ မတိုင်မီဆောက်လုပ်ရန် လိုအပ်နေခြင်း၊ ကျန်းမာရေးကဏ္ဍတွင် ကူးစက်ရောဂါများ တားဆီးကာကွယ်ရန်နှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုအား အဆင့်မြှင့်တင်ရန် လိုအပ်နေခြင်း၊ ပညာရေး ကဏ္ဍတွင်လည်း ဆရာဆရာမများ လိုအပ်ချက်ရှိနေခြင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းပြန် တက်နိုင်ရေးနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို အလျင်အမြန် ဆောင်ရွက်ရန် အစရှိသည့် လိုအပ်ချက်များစွာ ရှိနေပါသည်။ အထက်ပါ ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်အတွက် -
- ပြည်နယ်အတွင်း ကလေးများ၏ အာဟာရချို့တဲ့မှုကို လေ့လာရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အမြန်ဆုံး ပြန်လည်လုပ်ကိုင်နိုင်ရေး စီစဉ်ပေးရန်။
- မိုးတွင်းကာလမတိုင်မီ ဒုက္ခသည်များအား ယာယီတဲများမှလုံခြုံသည့် အဆောက်အအုံများတွင်
  နေရာချထားရန်နှင့် ဒုက္ခသည်စခန်းများတွင် လူဦးရေ သိပ်သည်းမှုကို လျှော့ချရန်။ 
- ဒုက္ခသည်စခန်းများတွင် ရေသန့်ရရှိရေးနှင့် အိမ်သာများ လုံလောက်စွာ ဆောက်လုပ်ပေးရန်။
- စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ပြန်လည်တည်ငြိမ်လာရေးအား အမြန်ကုစားပေးရန်။
- ပိတ်ထားသော စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး နှင့် ကျောင်းသား 
  ကျောင်းသူ များ ကျောင်းပြန် တက်နိုင်ရေးကို အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ရန်။ 
- စာသင်ကျောင်းများတွင် ပြည်သူ့နီတိ (Civic Education) နှင့် စာသင်တတ်မြောက်ရေး 
  ''အသုံးလုံး'' အစီအစဉ်များ အကောင်အထည် ဖော်ပေးရန်၊ 
- ဒေသခြံပည်သူများ၏ ဘာသာစကားဖြင့် ထုတ်လွှင့်သော ရေဒီယို အသံလွှင့်ဌာန (FM Radio Station) တစ်ခု တည်ထောင်ပေးရန်နှင့် နောင် TV Channel တစ်ခုကိုပါ ထုတ်လွှင့်ပေးနိုင်ရေး စီစဉ်ထားရန်တို့ကို ပြုလုပ် သင့်ပါသည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးရေးတို့ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ဖော်ထုတ်၍ ဖြည့်ဆည်းသွားရန် လိုအပ်နေပါသည်။ သို့ရာတွင် လူမျိုးစုနှစ်စု အကြား အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် အရေးပါပါသည်။
ထို့ကြောင့် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ကိစ္စရပ်များကို ဖော်ဆောင်နိုင်ရန်-
- မြန်မာစာ၊ မြန်မာစကားနှင့် ယဉ်ကျေးမှု ထုံးစံများကို ပိုမို တတ်မြောက်အောင် သင်ယူစေခြင်း၊
- ရခိုင်နှင့် ဘင်္ဂါလီလူမျိုးများအကြား လူမှုဆက်ဆံရေး ပိုမိုထိတွေ့မှု ရှိစေရန်နှင့် အပြန်အလှန် နားလည်မှု ရှိစေရေး အတွက် ဆောင်ရွက်ပေးခြင်း၊
- မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိမှုများ တိုးပွားလာစေရန် လေ့ကျင့် သင်ကြားပေးခြင်း၊
- ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးခြင်း။
- တရားမဝင် နေထိုင်သူများကို ကိုင်တွယ်ရာတွင် အစိုးရအဖွဲ့အစည်းများ အနေဖြင့်
   လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ 
- နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးနှင့် ပတ်သက်သည်များကို အမြန်စိစစ်ရန် လိုအပ်ခြင်း၊ ၁၉၈၂ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ခြင်း၊
- တရားရေးနှင့် ဥပဒေစိုးမိုးရေးကဏ္ဍသည် ပြဿနာတစ်ရပ်အား ဖြေရှင်း ပေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ရန် လိုအပ်ခြင်း၊
- သဘောထား ပျော့ပျောင်းသည့် နှစ်ဖက်ခေါင်းဆောင်များဖြင့် လုပ်ငန်း အကောင်အထည်ဖော်
   ဆောင်ရွက်မည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း အကောင်အထည် ဖော်စေခြင်း၊ 
- ဘာသာတစ်ခုမှ တစ်ခုအား စော်ကားခြင်း၊ ပုတ်ခတ်ခြင်းနှင့် အစွန်းရောက် ဘာသာရေး အတွေးအခေါ် လုပ်ဆောင်မှုများအား ကာကွယ်တားမြစ်ခြင်း တို့ကို ပြုလုပ်သင့်ပါသည်။
- သတင်းအချက်အလက်များ စီးဆင်းမှုသည်လည်း ပဋိပက္ခများအပေါ် အကျိုး သက်ရောက်မှု များစွာ ရှိနေသည့်အတွက် သတင်းမီဒီယာများအား-
-  ပဋိပက္ခတိုးပွားစေမည့် အပြုအမူနှင့်ပြောဆိုမှုများအား ရှောင်ကြဉ်စေရန် ဆောင်ရွက်ခြင်း၊
-  သတင်းအချက်အလက်များကို တိကျမြန်ဆန်စွာ ထုတ်ပြန်ပေးခြင်း၊
-  ကျေးလက်တွင် မှန်ကန်သော သတင်းများရရှိစေရန် ရေဒီယိုမှ ထုတ်လွှင့်ခြင်း၊ စာစောင်များ ဖြန့်ဝေခြင်းနှင့် အသံချဲ့စက်များဖြင့် ကြေညာခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သင့်ပါသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
 ၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယဗိုလ်ချုပ်ကြီးကိုကို
       ပြည်ထောင်စုဝန်ကြီး                                                                   ဥက္ကဋ္ဌ
      ပြည်ထဲရေးဝန်ကြီးဌာန
(ခ)   ဦးအောင်မင်း   
       ပြည်ထောင်စုဝန်ကြီး                                                                 ဒုတိယဥက္ကဋ္ဌ
       သမ္မတရုံးဝန်ကြီးဌာန (၄)
(ဂ)   ဦးအုန်းမြင့် 
       ပြည်ထောင်စုဝန်ကြီး                                                                  အဖွဲ့ဝင်
       မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
(ဃ)  ဦးခင်ရီ   
       ပြည်ထောင်စုဝန်ကြီး                                                                   အဖွဲ့ဝင်
       လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
(င)  ဦးဝင်းမြင့် 
      ပြည်ထောင်စုဝန်ကြီး                                                                    အဖွဲ့ဝင်
      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(စ)  ဗိုလ်မှူးချုပ်အောင်သော်
      ဒုတိယဝန်ကြီး                                                                             အဖွဲ့ဝင်
      ကာကွယ်ရေးဝန်ကြီးဌာန 
(ဆ)  ဗိုလ်ချုပ်ဇော်ဝင်း
       ဒုတိယဝန်ကြီး                                                                            အဖွဲ့ဝင်
       နယ်စပ်ရေးရာဝန်ကြီးဌာန 
(ဇ)  ဦးရဲထွဋ်                                                                                   အဖွဲ့ဝင်
      ဒုတိယဝန်ကြီး                                                                        
      ပြန်ကြားရေးဝန်ကြီးဌာန
      ဦးဘုန်းဆွေ                                                                               အဖွဲ့ဝင်
(ဈ)  ဒုတိယဝန်ကြီး
      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်                                                  အတွင်းရေးမှူး
      ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန    
      ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း                                               အတွင်းရေးမှူး
(ည)  ဒုတိယဝန်ကြီး
       ပြည်ထဲရေးဝန်ကြီးဌာန
၂။   အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာေ
      အာက်ပါ အတိုင်း ဖြစ်ပါသည် - 
      (က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ
           ပြုလုပ်နိုင်စေရန်။ 
      (ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် 
             သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်။
      (ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက်
           ကာကွယ်နိုင်ရန်။
      (ဃ)  နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်တားဆီး
            ကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီးဖမ်းဆီး
            ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်။
     (င)  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား
           မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ်
           ဆောင်ရွက်ပေးသွားရန်။
     (စ)  လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်
           ပေးသွားရန်။
၃။   တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူအဖွဲ့အစည်းမျိုးဖွဲ့စည်း
        ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ 
ပုံ (သိန်းစိန်)       
နိုင်ငံတော်သမ္မတ      
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
  လူမျိုးစု မျိုးနွယ်တုံးအောင် ကြိုးပမ်းမှု ပုံစံမျိုးသတင်း၊ ထင်ယောင်ထင်မှား ရေးသားမှုများ အမှန်တရားနှင့် လုံးဝဆန့်ကျင်
နေပြည်တော် ဒီဇင်ဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက်  ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်မှ တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ကြသည်။ 
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့်  တူရကီနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ လိုက်ပါလျက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မြန်မာ့ လေကြောင်း အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့သည်။ 
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စစ်တွေ လေဆိပ်သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ကြိုဆိုကြသည်။ 
ယင်းနောက် ဒုတိယ သမ္မတသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး ဆောင်ရွက်နေသူများနှင့် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများအား တွေ့ဆုံသည်။ 
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ဒေသတွင် ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတော် အစိုးရ အနေဖြင့် အဆိုပါ နယ်မြေများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤသို့ ဆောင်ရွက်ခဲ့သည်ကို သံတမန် အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများးမှ အဖွဲ့ဝင်များအနေဖြင့် ယခင် ခရီးစဉ်များအတွင်း ကောင်းစွာမြင်တွေ့ခဲ့ပြီး ဖြစ်ပါကြောင်း။ 
၎င်းအပြင် သက်ဆိုင်ရာ နယ်မြေများအတွင်း ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းချက်တို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ အပိုင်းက လူမျိုးရေး (သို့မဟုတ်) ဘာသာရေးအပေါ် အခြေခံ၍ ခွဲခြားခြင်း၊ ဘက်လိုက်ခြင်း လုံး ဝမရှိခဲ့ပါကြောင်း ၊ ယင်းကဲ့သို့ သက်ဆိုင်ရာ အာဏာပိုင်များက အပြုသဘောဆောင်သည့် ကြိုပမ်းချက်နှင့် သဘောထားအမြင်များ ရှိနေလင့်ကစား အခြေအနေကို ထိန်းသိမ်း ဆောင်ရွက်ရာတွင် အင်အားကို အလွန်အကျွံ သုံးစွဲမှုရှိခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ အစီရင်ခံမှုများ ရှိခဲ့ပါကြောင်း၊ မကြာသေးမီက ယင်းအခြေအနေနှင့် စပ်လျဉ်း၍ လူမျိုးစု မျိုးနွယ်တုံးအောင် ကြိုးပမ်မှု ပုံစံအနေအထားမျိုး သတင်း၊ ထင်ယောင်ထင်မှား ဖြစ်အောင် ပုံဖော်ကြိုးပမ်း ရေးသားမှုများ ရှိခဲ့ကြောင်း၊ ယင်းတို့မှာ အမှန်တရားနှင့် လုံးဝ ဆန့်ကျင်နေပါကြောင်း။ 
ယင်းကဲ့သို့ အမြင်လွဲမှားမှုနှင့် မဟုတ်မမှန် သတင်း အချက်အလက်များက နိုင်ငံတကာ အသိုင်းအဝိုင်းအား ရခိုင်ပြည်နယ်တွင် အမှန်တကယ် အခြေအနေနှင့် ပတ်သက်၍ မဟုတ်မမှန် အထင်အမြင် လွဲမှားစေနိုင်ကြောင်း၊ အဆိုပါ သံသယများကို ချေဖျက်နိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့် အချက်အလက်အမှန်များ၊ သတင်းအမှန်များကို ပံ့ပိုးပေးသွား ရန်ရှိပါကြောင်း၊ သို့ဖြစ်၍လည်း ယနေ့ ဤနေရာ၌ အခြေအနေမှန်ကို မျက်မြင်လေ့လာ ကြည့်ရှုနိုင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ယနေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ပေးခဲ့ပါကြောင်း။ 
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းပြီး သဟဇာတ ရှိသော လူမှု အသိုင်းအဝိုင်း တည်ဆောက်ရေး ရည်မှန်းချက်ဖြင့် အခြေအနေကို  ဖြေရှင်းရန် အတတ်နိုင်ဆုံး ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသတွင်း ပြည်သူများအတွက် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင် ပေးသွားရမည် ဖြစ်ကြောင်း၊ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ချက်များ၊ ကြိုးပမ်း အားထုတ်မှုများလည်း ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ၊ ယခု အချိန်၌ နိုင်ငံတော် အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက် ရှိနေသည့် ပြည်သူများသို့ တစ်စုံတစ်ရာ ခွဲခြားမှု မရှိဘဲ လူသားချင်း စာနာထောက်ထားသော အကူအညီပေးအပ်ရေး အပေါ် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။ 
ယင်းသို့ ကြိုးပမ်းရာတွင် UNHCR ၊ WFP ၊ OCHA အစရှိသည့်  ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်  အခြား စိတ်ဝင်စားသော နိုင်ငံခြား တိုင်းပြည် အစိုးရများက မြန်မာနိုင်ငံ အစိုးရနှင့် လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ နည်းလမ်းကသာလျှင် ရခိုင်ပြည်နယ်အတွင်း ပြည်သူများအား အဓိပ္ပာယ် ပြည့်ဝပြီး အပြုသဘော ဆောင်သော နည်းလမ်းဖြင့် အကူအညီ ပေးနိုင်မည် ဖြစ်ပါကြောင်း။ 
ယနေ့ ခရီးစဉ်သည် သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ အတွက် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်မှုများနှင့် ပတ်သက်၍ မှန်ကန်သော အချက်အလက်များ လေ့လာ သိရှိခွင့် ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့များ အနေဖြင့် လက်တွေ့ အမှန်တကယ် အခြေအနေကို ထင်ဟပ် ဖော်ပြသော သတင်းအချက် အလက်များကို သက်ဆိုင်ရာ မြို့များ၊ ဌာနချုပ်များသို့ ပြန်လည် အစီအရင် ခံမည်ဟု မျှော်လင့် ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။ 
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်စဉ်များ၊ ပြန်လည် တည်ဆောက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ 
ရှင်းလင်း ပြောကြားချက်များနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ နီဝမ်က ပြောကြားရာ၌ အစိုးရက ယခုကဲ့သို့ စီစဉ်ပြသမှုများအတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ကိစ္စနှင့်စပ်လျဉ်းပြီး ကော်မရှင်ဖွဲ့ခြင်း စသည့် ဆောင်ရွက်ချက်များ ရှိပါကြောင်း၊ ယခု လောလောဆယ် ဆောင်ရွက်ရန်မှာ လူသားချင်း စာနာ ထောက်ထားမှု ကိစ္စကို တုံ့ပြန်ရေး ကိစ္စပင် ဖြစ်ပါကြောင်း၊ နေရာ ပြောင်းရွှေ့ ရောက်ရှိနေသူများကို အမိုး အကာအောက် ရောက်ရှိရေး၊ ယင်းသို့ နေရာ ချထားနိုင်ရေး အတွက် မြေနေရာ သတ်မှတ်ပေးရေး၊ အကူအညီများ ပေးအပ်ခွင့် ရရှိရေးအတွက် ဒေသခံ လူ့အဖွဲ့အစည်းများ၏ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးသည့် အဖွဲ့အစည်းများ အပေါ် ရန်လိုသည့် သဘောထားများအား ပြောင်းလဲရန် ကြိုးစားရေး၊ ခေါင်းဆောင်ပိုင်းမှ အောက်ခြေအထိ ပျံ့နှံ့အောင် ဆောင်ရွက်ရေး၊ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပြန်လည် သင့်မြတ်ရေး၊ အခြေခံ အကြောင်းအရင်း ဖြစ်သည့် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေခြင်းအား အဖြေရှာ ဆောင်ရွက်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ အရ နေထိုင်ခွင့်ရှိသူများကို နေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးရေး စသည်တို့ကို ဆောင်ရွက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက ပြဿနာ ပြန်လည် ဖြစ်ပွားနေမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်း၌ပင် ပါဝင်လှူဒါန်းသည့် နိုင်ငံတကာနှင့် နှစ်နိုင်ငံ အကြား လှူဒါန်းသူများအား ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက် ကူညီရန် လိုကြောင်းဖြင့် ပြောကြားသည်။ 
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ    အင်ဒိုနီးရှားနိုင်ငံ၊    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တူရကီနိုင်ငံနှင့်   ကမ္ဘောဒီးယားနိုင်ငံတို့မှ     သံအမတ်ကြီးများက ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း၍              မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို     ဆက်လက် အားပေးကူညီမည် ဖြစ်ကြောင်း၊     ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြေရှင်းရန်မှာ များစွာသိမ်မွေ့ နက်နဲကြောင်း၊ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ထောက်ခံသည်ကို (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါကြောင်းနှင့် ပြဿနာ ဖြစ်ပွားစေသည့် အကြောင်းအရင်းများကို ဖြေရှင်းနိုင်မှသာ ထပ်မံဖြစ်ပွားမည် မဟုတ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြသည်။ 
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက   နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဆွေးနွေး ပြောကြားချက် အားလုံးအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အခြေအနေမှာ များစွာ သိမ်မွေ့ နက်နဲပါကြောင်း၊      ဤအခြေအနေများကို   သဘော ပေါက်စေရေးနှင့် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းကို ကောင်းစွာ နားလည် သိရှိထားရန် လိုကြောင်း၊ အစိုးရက တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် ရခိုင်ကိစ္စ ပေါ်ပေါက်လာခြင်းသည် အဟန့်အတား ဖြစ်စေကြောင်း၊     ဇွန်လနှင့်အောက်တိုဘာလ ဖြစ်စဉ်များသည် လူမှုအဖွဲ့အစည်း နှစ်ခုအကြား  ရန်လိုမှုများအပေါ် အခြေခံကြောင်း၊  ခံစားမှုများလည်း နက်နက်နဲနဲ ရှိကြကြောင်း၊ သို့ဖြစ်ရာ ဤကိစ္စကို ဖြေရှင်းရန်မှာ အချိန်လိုမည် ဖြစ်ပါကြောင်း၊   အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ 
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်   အဖွဲ့ဝင်များသည်   သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ   အဖွဲ့အစည်းများနှင့်   အဖွဲ့ဝင်များ  လိုက်ပါလျက်  စစ်တွေလေဆိပ်မှ   ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ မင်းပြားမြို့နယ် စမ္ဘလေကျေးရွာသို့   ရောက်ရှိကြပြီး ဒေသခံ ပြည်သူများအား   ရင်းရင်းနှီးနှီး တွေ့ဆုံ၍    ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ စောင် စသည့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်ကြသည်။ 
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်  ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ 
ထို့နောက်ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် သံတမန်အဖွဲ့များက      တောင်ဘွေကျေးရွာရှိ ဒေသခံ ပြည်သူများအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ၊ ငရုတ်သီးခြောက်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်နှင့် စောင်တို့ကို ထောက်ပံ့ပေးအပ်ကြသည်။ 
ဆက်လက်၍ ဒုတိယသမ္မတသည် မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာသို့ ရောက်ရှိပြီး ယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။ 
ယင်းနောက် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် သံအမတ်ကြီးများ၊ ကုလသမဂ္ဂ      ဌာနေ ညှိနှိုင်းရေးမှူးတို့က ဒေသခံ ပြည်သူများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  လူမှုရေးနှင့် စားဝတ်နေရေး အခြေအနေများကို မေးမြန်း ဆွေးနွေးကြသည်။ 
ထို့နောက် ရွှေရင်အေးကျေးရွာမှ ဦးသာစိန်က  နိုင်ငံတော်က  ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။ 
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မောင်တောမြို့နယ် သရေကုန်ဘောင် ကျေးရွာတွင် ယာယီ တဲအိမ်များ ဆောက်လုပ်ပေး၍   ဒေသခံ ပြည်သူများအား နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ထားမှုများကို သွားရောက် ကြည့်ရှု လေ့လာကြပြီး အဆိုပါ ကျေးရွာရှိ ဒေသခံ ပြည်သူများ အား   ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ  အားပေးစကား ပြောကြားသည်။ 
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် သရေကုန်ဘောင်ကျေးရွာမှ ရဟတ်ယာဉ် များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ  ညနေ ၆ နာရီတွင် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိကြ သည်။ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရတို့က စမ္ဘလေကျေးရွာ၊ တောင်ဘွေကျေးရွာ၊ ရွှေရင်အေးကျေးရွာနှင့် သရေကုန်ဘောင် ကျေးရွာများသို့ ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများမှာ ဆန်အိတ် ၁၇ဝ၊ ဆီပိဿာ၁ဝဝ၊ ဆား ခုနစ်အိတ်၊ ပဲ ၉၂ ပိဿာ၊  ငါးသေတ္တာ ၁၃ ဖာ၊ ငရုတ်သီးခြောက် ပိဿာ ၄ဝ၊ ဆပ်ပြာဖာ ၅ဝ၊ ခေါက်ဆွဲခြောက် ၁၂၄ ဖာနှင့် စောင် ၁၅ ထည်တို့ ဖြစ်ကြောင်း သိရှိရသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု လှည့်လည်ကြည့်ရှုစစ်ဆေး
နေပြည်တော်  ဒီဇင်ဘာ  ၈ 
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင် များသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် တူရကီနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာသို့ ရောက်ရှိကြသည်။ 
ရှေးဦးစွာဒုတိယသမ္မတနှင့်အဖွဲ့သည်ကြိမ်နီပြင်ကျေးရွာကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှအဖွဲ့ဝင်များသည်ကြိမ်နီပြင်ကျေးရွာနေ ဒေသခံပြည်သူများအား လက်ရှိ နေထိုင်စားသောက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မှု၊ ပညာရေး၊ ကျန်းမာရေး အခြေအနေ များကို မေးမြန်းကြပြီး ဒေသခံပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ ပေးအပ်သည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကလည်း ပြည်သူများအား သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြပြီး     မူလကြိမ်နီပြင်ကျေးရွာ နေရာသို့  သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ 
ထိုသို့ကြည့်ရှု စစ်ဆေးပြီး ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ယူနီဆက်မှ တာဝန်ရှိသူတို့အား  ဆွေးနွေးမေးမြန်းရာ   ကျန်းမာရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ 
ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သောက်ရေသုံးရေ ရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့နောက် စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး  မော်တော်ယာဉ်များဖြင့် အုန်းတောကြီး ကယ်ဆယ်ရေးစခန်းသို့  ရောက်ရှိကြကာ ၄င်းစခန်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး စကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များသည် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။ 
ဆက်လက်၍ ဘောဒူဗ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများအား နေ့စဉ် စားဝတ်နေရေး အတွက် ဆောင်ရွက်နေမှုများ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေတို့ကို မေးမြန်းဆွေးနွေးပြီး ပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ 
ထို့နောက် မင်းဂံ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကား ပြောကြားကာ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့် စားဝတ်နေရေး အခြေအနေများကို မေးမြန်း ဆွေးနွေးကြသည်။ 
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များက ဒေသခံပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။ 
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃  ရက်
( ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၆ ရက် )
၁။ (၁၅-၁၁-၂၀၁၂) ရက်နေ့၊ (၁၄၀၀) နာရီတွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ် အရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကြုံတွေ့ခဲ့ရသည့် ငလျင်ဒဏ်သင့် ဒေသများအား ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ ပါသည်။ 
၂။ ရခိုင် ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်တွင် ရာဇဝတ်မှု တစ်ခုကို အကြောင်းပြု၍ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာမှ လူမျိုးစု၊ ဒေသစွဲ၊ ပြင်းထန်သူလူတစ်ချို့၏ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်ပေးမှု၊ နိုင်ငံအချို့၊ အဖွဲ့အစည်းအချို့မှ မမှန်မကန် သတင်းများ ထုတ်ပြန် လှုံ့ဆော်ပေးမှုကြောင့် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်လာပြီး တစ်မြို့ပြီးတစ်မြို့ ကူးစက်၍ ဆူပူအကြမ်းဖက်မှုများ၊ မီးရှို့မှုများ၊ သတ်ဖြတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ရကြောင်း၊ လက်ရှိအခြေအနေမှာ ယာယီအားဖြင့် တည်ငြိမ်မှု ရှိနေသော်လည်း အချိန်မရွေး ဆူပူအကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိတို့ အစိုးရမှ အထူးအလေးထားပြီး မျက်ခြည် မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ပြည်သူများစားဝတ်နေရေး အဆင်ပြေရန်၊ သွားလာဆက်သွယ်မှု လွယ်ကူစေရန် ပညာရေး၊ ကျန်းမာရေး အဆင်ပြေစေရန်၊ ကုန်စည်စီးဆင်းမှု၊ ကူးသန်း ရောင်းဝယ်မှုများ ပုံမှန် အနေအထားသို့ ရောက်ရှိအောင် အမြန်ဆုံး ပြန်လည် ဖော်ဆောင်ပေးရန် လိုအပ် ကြောင်း၊ အထိုက်အလျောက်အားဖြင့် တည်ငြိမ်အေးချမ်းသွားသည် ဆိုသော်လည်း ဒေသခံများ၏ စိတ်တွင် အခဲမကြေမှုများ၊ လက်စားချေလိုမှုများ၊ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ၎င်းစိတ်များ ပျက်ပြယ်သွားစေရန် အထက်ပါ လုပ်ငန်း တာဝန်များကို ဝန်ကြီးဌာနအလိုက် စေတနာထားပြီး ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဝန်ကြီးများကိုယ်တိုင် အခြေအနေအရပ်ရပ်ကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ကူညီစီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း လမ်းညွှန်ခဲ့ပါသည်။ 
၃။ ငလျင်ဒဏ်သင့် ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ငလျင်ဒဏ်ခံခဲ့ရသည့် မြို့နယ်များ၊ ကျေးရွာများရှိ ပြည်သူလူထုအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးကို  ပုံမှန်အနေအထားသို့ အမြန်ဆုံး ရောက်ရှိစေရေးအတွက် ဒုတိယသမ္မတ(၁) ဦးစီးပြီး လုပ်ငန်းနှင့် ဆက်နွယ်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် လုပ်ငန်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဝန်ကြီးများကိုယ်တိုင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပြည်သူအားကိုးယုံကြည်သည့် အစိုးရတစ်ရပ်အဖြစ် ပြည်သူများ ဒုက္ခ ရောက်နေသည့် အချိန်တွင် စေတနာထား၍ တက်တက် ကြွကြွ ထိထိရောက်ရောက် ကူညီဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ၏ သက်တမ်းကာလအတွင်း မမျှော်မှန်းဘဲ ကြုံတွေ့လာရသည့် အခက်အခဲ၊ အကြပ်အတည်း၊ စိန်ခေါ်မှုများဖြစ်ကြောင်း၊ ၎င်းတို့ကို အမြန်ဆုံး ကျော်လွှားနိုင်စေရန် ဝန်ကြီးဌာန အချင်းချင်း ညှိညှိနှိုင်းနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ရှင်းလင်း ပြောကြား
နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ  (၂) နာရီတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ် ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ 
ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်- 
အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြကုန်သော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် ဆရာတော်ဘုရားများနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီးအကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြွရောက်လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဥာဏ်ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံ ရခြင်း ဖြစ်ပါတယ်။ 
၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောင်္ကျား မိန်းမ (၁၆၇ ) ဦး၊ ဒဏ်ရာရသူ ယောင်္ကျား မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦ ပေါင်း (၁၀၁၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉၈၀)၊ လူဦးရေ (၁၁၁၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအချို့နှင့် အသင်းအဖွဲ့ အချို့တို့မှ အကူအညီများ ရယူပြီး လတ်တလော အဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက်ထားရပါတယ်။ 
ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့်အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဤ ဆုံးရှုံးမှုအားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါတယ်။ 
ဤကဲ့သို့ ဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာစေရန် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်သူ အချို့မှလည်း နောက်ကွယ်မှ မမှန်ကန်သော နည်းလမ်းများဖြင့် မြှောက်ပင့် သွေးထိုး လှုံ့ဆော်ပေးမှုများ ရှိခဲ့သည့်အပြင် ပြည်ပအဖွဲ့ အစည်း အချို့နှင့် နိုင်ငံအချို့တို့မှလည်း မမှန်မကန် လုပ်ကြံသတင်းများ ထုတ်လွှင့်၍ ပြဿနာပိုမို ကြီးထွားလာအောင် လုပ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။ 
မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီးမှုများသည် မိမိတို့ အစိုးရသစ်လက်ထက် အဖက်ဖက်မှ ပြောင်းလဲတိုးတက်နေသည့် အရှိန်အဟုန်ကို များစွာ ထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မှုများလည်း ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့နှင့်လည်း ပြဿနာများကို မိမိတို့ အစိုးရမှ ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ပါတယ်၊
ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေထိုင်လာခဲ့ ကြပါတယ်။ အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ချို့ တရားမဝင် ဝင်ရောက်လာကြသူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။ 
၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၇) မြို့နယ်အနက် (၁၁) မြို့နယ်၌ ပဋိပက္ခကြောင့် ပြည်သူများ ဒုက္ခခံစားခဲ့ကြရပါတယ်။ ဒုက္ခခံစားရသည့် ပြည်သူများတွင် အမျိုးသမီး (၅၃.၈%)၊ အမျိုးသား (၄၆.၂ %) နှင့် (၁၂) နှစ်အောက် ကလေး (၄၂.၉ %) ပါဝင်ကြောင်းတွေ့ရှိရသဖြင့် အဓိက ထိခိုက် ခံစားရသူများမှာ အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ 
ဒုက္ခသည်များ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လတ်တလော လိုအပ်သည့် လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်ရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်စာအမေရိကန် ဒေါ်လာ (၆၆.၅) သန်းခန့် လိုအပ်မည်ဟု ခန့်မှန်း တွက်ချက်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည် (၇၅,၀၀၀)အတွက် စားနပ်ရိက္ခာဖိုး သက်သက်ပင်လျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ်။ 
ယင်းလူမှုပဋိပက္ခ ဖြစ်စဉ်များကြောင့် ဒုက္ခသည် (၁၁၁၀၀၀) ခန့်မှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည် သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ (၃၂) သိန်း မှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။ ပဋိပက္ခဖြစ်စဉ် မရှိခဲ့သော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာ အချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။ 
ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သော ရခိုင်တိုင်းရင်းသား လူငယ်အချို့နှင့် အစ္စလာမ်ဘာသာရေး အခြေခံ ဘင်္ဂါလီလူမျိုးအချို့တို့၏ အပြန်အလှန် အနှောက်အယှက် ပြုမှုများသည် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများ၏ စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေမှုများကို နေ့စဉ်နှင့်အမျှ အနှောက်အယှက်ပြု ဟန့်တားလျက်ရှိသဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။ ယင်းသို့သော အခက်အခဲကြားမှပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (၄) လ ကာလအတွင်း ဆန်အိတ် (၁၀၈၀၀၀) ခန့်ကို လက်ဝယ်ရောက်ရှိအောင် ဖြန့်ဝေခဲ့ရပါတယ်။ 
ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားကို သုံးသပ်ပါက လက်ရှိဖြစ်ပွားနေသည့်  လူမှုပဋိပက္ခ များ၏ အကျိုးဆက် အတိဒုက္ခများအပြင် မူလကပင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ( ၄၃.၅ %) ရှိပြီး ဒုတိယအများဆုံး ပြည်နယ် ဖြစ်နေခြင်း ၊ ၂၀၁၀ ခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်၌ ရေကြီးမှုနှင့် ဂီရိမုန်တိုင်း တိုက်ခတ်မှုခံစားရသော မြို့နယ်များမှ ဒုက္ခသည်စုစုပေါင်း (၂၈၉,၀၀၀) ခန့် ရှိနေခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဟာရချို့တဲ့သူ ( ၂၀၀, ၀၀၀)  ခန့် ရှိနေခြင်းတို့သည် ပကတိစိန်ခေါ်မှုအဖြစ် တည်ရှိနေပါတယ်။ ခြုံငုံသုံးသပ်ပါက ရခိုင်ပြည်နယ်ရှိ ပြည်သူ (၃၂)သိန်းခန့် အနက် ပြည်သူ ( ၆ )သိန်း (၁၉%)ခန့်မှာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသည့် အခြေအနေ ဖြစ်ပါတယ်။ ယင်းဒုက္ခသည်များ အတွက်  အစိုးရနှင့် ပြည်သူများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးမှ စုပေါင်း၍ ညီညီညာညာ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မှသာ ဒုက္ခသည် ( ၆ )သိန်းခန့်၏ အသက်ရှင် ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ အမှန်တစ်ရပ်ကို  သုံးသပ်တွေ့ရှိရမည် ဖြစ်ပါတယ်။ 
၁၉၄၂ခုနှစ်ခန့် မှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် လူမှု ပဋိပက္ခ ဖြစ်စဉ်များမှာ စုစုပေါင်း ( ၇ )ကြိမ် ခန့် ရှိပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖြစ်စဉ်များမှာ ယခင်ဖြစ်စဉ်များထက် ပိုမို ပြင်းထန်လာပြီး သာမန်လူမှုရေးဖြစ်စဉ်များမှ နိုင်ငံရေးဖြစ်စဉ် များသို့ ကူးပြောင်းအောင် ကြိုးပမ်း လှုံ့ဆော်မှုများ ပါဝင်လာသည်ကို တွေ့ရှိရပါတယ်။ လူမျိုးစုနှစ်စု အကြားရှိ မူလကပင်တည်ရှိနေသော လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံလျက် လူမှုရေးတံတိုင်း ခြားနားအောင် ပိုမို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ 
ယင်းကဲ့သို့ လူမျိုးစုနှစ်ခု၏ ကွဲပြားခြားနားမှုကို အခြေခံလျက် ပိုမို ကွဲပြားခြားနားအောင် တစ်ဖက်နှင့်တစ်ဖက် အသာစီးရအောင် ကြိုတင်စီမံ လုပ်ဆောင်နေကြသဖြင့်  ပဋိပက္ခဖြစ်စဉ်များဆီိသို့ ဦးတည်စေလျက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ စင်စစ်အားဖြင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွဲပြားခြားနားသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကိုပင် နိုင်ငံ၏ ကြွယ်ဝသော စွမ်းအားအဖြစ် ပြောင်းလဲကာ အသုံးချနေသည့် သာဓကများကို သင်ခန်းစာ ရယူရမည်ဖြစ်ပါတယ်။  
ရခိုင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများ အနေဖြင့်မူ နိစ္စဓူဝ စားဝတ်နေရေး အဆင်ပြေရေး၊ အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်လိုသည့် သဘောဆန္ဒများသာ ရှိနေပြီး ပဋိပက္ခကြောင့် အတိဒုက္ခ ရောက်နေရသည့် အခြေအနေမှ လွတ်မြောက်အောင် အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း တွေ့ရှိရပါတယ်။ 
လူမှုပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားများကို သုံးသပ်ရာတွင် သမိုင်းဖြစ်စဉ်နှင့် လူမျိုးရေးခံစားမှု၊ နိုင်ငံရေး အခြေအနေများ သာမက ပကတိမြေပြင် အခြေအနေနှင့် လူမှုစီးပွားရေးဘဝ အခြေအနေများသည်လည်း အရင်းခံအကြောင်းတရား ဖြစ်တည်မှုများအနေဖြင့် တွေ့ရှိရပါတယ်။ ပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်း တရားတွင် အောက်ပါ လူမှုစီးပွားရေး အချက်အလက်များက ပြဿနာ၏ အဓိက ရေသောက်မြစ်များ အဖြစ် တည်ရှိနေပါတယ်- 
(က)  လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ အထီးကျန် သီးခြား တည်ရှိနေခြင်း။
(ခ)  ဆင်းရဲနွမ်းပါးမှု မြင့်မား၍ ပညာရေးနိမ့်ကျခြင်း။ 
(ဂ)စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း။
 စင်စစ်အားဖြင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဝ ဖြစ်ပါတယ်။ အနောက်နိုင်ငံများနှင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်း ဒေသနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် လည်းကောင်း ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းကောင်းများ ရှိနေပါတယ်။ မြန်မာနိုင်ငံသာမက တရုတ်နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်များ ကပါ ရခိုင်ပြည်နယ် ဆိပ်ကမ်းထွက်ပေါက်များကိုအသုံးပြုရန် စိတ်ဝင်စားမှုအပေါ် မိမိတို့က ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းတို့သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဆိပ်ကမ်းများအဖြစ် စတင် အသက်ဝင်လာတော့မည် ဖြစ်ပါတယ်။ အလားတူ သံတွဲလေဆိပ်၊ ကျောက်ဖြူ လေဆိပ်နှင့် စစ်တွေ လေဆိပ်များကိုလည်း နိုင်ငံတကာလေဆိပ်များ ဖြစ်လာအောင် အစီအမံများချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ သွယ်တန်းထားပြီး ၎င်းတို့နှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများ ဆောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်မှုမှာ ပြည်မနှင့် သာမကအရှေ့အနောက် ကမ္ဘာ့နိုင်ငံများ၏ စင်္ကြံလမ်းကြောင်း အဖြစ် ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာမည် ဖြစ်ပါတယ်။
ကူးသန်းရောင်းဝယ်မှု ဗဟိုချက်ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါတယ်။
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ပြီး စည်ပင် သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။
သို့ရာတွင် ယင်းမျှော်မှန်းချက်များ၏ အဓိကသော့ချက်မှာ တည်ငြိမ်ရေး၊ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ယင်းသည်လည်း လူမှုပဋိပက္ခများ ချုပ်ငြိမ်းမှသာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည်လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ထိတွေ့ ဆက်ဆံနေရသည့် အားလျော်စွာ လူသားများနှင့် သက်ဆိုင်သောကိစ္စ အရပ်ရပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဖြေရှင်းလိုက်နာဆောင်ရွက်ရန် တာဝန် ရှိနေပါတယ်။ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။ ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေးနှင့် သဟဇာတ ဖြစ်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် နှင့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သူ ပြည်နယ်သားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်း များ ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
------------------------------------------------------------------------------------------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် (  ၂  /  ၂၀၁၂)
၂၀၁၂ ခုနှစ်၊  အောက်တိုဘာလ    ၃၁    ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော်    ၁   ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
 ၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။
၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ် တူမီးသေနတ် (၁၈၀)လက် သိမ်းဆည်း ရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါသည်။
၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက် နေသည့် အထောက်အထား များကို တွေ့ရှိရပါသည်။
၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်း များကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင် ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေး အတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။
၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက် နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ စစ်ဆေး အရေးယူလျက်ရှိကြောင်း အသိပေး ကြေညာအပ် ပါသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် (   ၁  /  ၂၀၁၂)
၂၀၁၂ ခုနှစ်၊  အောက်တိုဘာလ    ၂၅    ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း    ၁၀   ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
 ၁။၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍  လူနေအိမ် (၂၂၃၀)အိမ်နှင့်  ဘာသာရေး အဆောက်အဦ (၁၄)ခု မီးလောင်ဆုံးရှုံး ခဲ့ပါသည်။ ဒေသခံပြည်သူ (၆၁၄၆၂)ဦး တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြရပါသည်။
၂။အဆိုပါ ပဋိပက္ခဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်း သွားစေရန် ရခိုင်ပြည်နယ်အစိုးရက မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄  ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်အပါအဝင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပါသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက် ရယူ ဆောင်ရွက်ခဲ့ပါသည်။
၃။အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ်  ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့ အတွက် လူသားချင်း စာနာထောက် ထားသည့် ထောက်ပံ့ကူညီမှုများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။
၎။ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦး မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦ (၈)ခု မီးလောင်ပျက်စီး ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။
၅။လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တို အတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက် ရှိသကဲ့သို့၊ ဆက်လက် တိုးတက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလ လည်း ဖြစ်ပါသည်။
၆။ဤသို့သောအခြေအနေတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက် မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြသည့် ပြည်သူများ၏ ဘဝရပ်တည်ချက် ခိုင်မာပြီးမူလအခြေအနေထက် သာလွန်ကောင်းမွန်သော လူမှုစီးပွားဘဝများပိုင်ဆိုင်လာနိုင် ကြရေးအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်ပြီး များပြားရှုပ်ထွေးလှသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ရန် အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်
 နေပြည်တော် စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၌ သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်လာမှသာလျှင် မတည်ငြိမ်မှုများ ကင်းဝေးပြီး သာယာမျှတ ဖွံ့ဖြိုးတိုး တက်သောဒေသ အဖြစ် ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များ ပေါ်ထွန်းလာရေးသည် အထူးအရေးကြီးလှပါကြောင်း၊ ထို့ကြောင့် သဘာဝအရင်းအမြစ်ပေါများ ကြွယ်ဝသော်လည်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ရခိုင်ပြည်နယ်တွင် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ပေါ်ထွန်းလာရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အတွေ့အကြုံ များနှင့် ပေါင်းစပ်၍ ဤအလုပ်ရုံဆွေးနွေးပွဲမှ လမ်းပြမြေပုံရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်မှာကြားလိုကြောင်းဖြင့် ယနေ့နံနက်(၉) နာရီက မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့်မြန်မာ့ ဖွံ့ဖြိုးရေးနှင့် အရင်းအမြစ်ဌာန (MDRI) တို့ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ၌ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းကပြောကြားသည်။    
အဆိုပါဖွင့်ပွဲ၌ ဒုတိယသမ္မတကအမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသည် ရခိုင်ပြည်နယ် တစ်ခုတည်းနှင့် သာသက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံတော် တစ်ခုလုံးနှင့်လည်း သက်ဆိုင်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံ၊ အမြင်များနှင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေသော ပကတိအခြေအနေအားလုံးကို သုံးသပ်ပြီး နည်းလမ်းကောင်းများနှင့် အနာဂတ်တွင် တရားဥပဒေစိုးမိုးမှုအပါအဝင် ရေရှည် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး အဖြေရှာ ဖော်ထုတ်သွားကြရန် ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။     
ဆက်လက်၍ ဒုတိယသမ္မတကပြောကြားရာတွင် ဇွန်(၈)ရက်ကရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့်ကျောက်တော်မြို့နယ် အပါအဝင် မြို့နယ်ပေါင်း(၇) မြို့နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းမှ အိမ်ခြေပေါင်း(၅၃၃၈)လုံးနှင့် အခြားအဆောက်အအုံ (၁၃၄)လုံးမီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ သေဆုံးမှု စုစုပေါင်း(၈၉)ဦး၊ အိမ်ထောင်စုပေါင်း(၁၂၂၄၂)စုနှင့် လူဦးရေပေါင်း (၇၅ဝဝဝ)ဦးခန့် အိုးမဲ့အိမ်မဲ့ဖြင့် ဘေးဒုက္ခရောက်ခဲ့ရပါကြောင်း၊ ထိုသို့အတိဒုက္ခရောက်နေကြသည့် ပြည်သူများ မူလအခြေအနေ ပြန်လည် ရောက်ရှိရေးနှင့် ၎င်းတို့၏ဘဝရပ်တည်ချက် ခိုင်မာပြီး မူလအခြေအနေထက် သာလွန် ကောင်းမွန်သော လူမှုစီးပွား ဘဝများပိုင်ဆိုင်လာနိုင်ကြရေးအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်လာ ပါကြောင်း၊ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ် များတွင် ပြည်သူလူထု၊ နိုင်ငံတော်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ဝိုင်းဝန်းပြီး လူသားချင်းစာနာသည့် အကူအညီများ ဆောင်ရွက်ပေးခဲ့ ကြရပါကြောင်း။      
သို့သော်လည်းရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား မူလအခြေအနေ ပြန်လည်ရောက်ရှိစေပြီး ပိုမိုပြီးပြည့်စုံသော လူမှုစီးပွားဘဝများ ပိုင်ဆိုင်နိုင်ရေးအတွက် များပြားရှုပ်ထွေးလှသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးရန် အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်မည်ဖြစ်ပါကြောင်း၊ ရေရှည်အစီအမံများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များစနစ် တကျနှင့် အားလုံးပါဝင်ပူးပေါင်းပြီး အင်တိုက် အားတိုက် ဆောင်ရွက်သွားနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ပြည့်စုံကောင်းမွန်သော ရေရှည်အစီအမံများ ပေါ်ပေါက်လာနိုင်အောင် ရည်ရွယ်ပြီးယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။   
ထို့ပြင်ယခုဖြစ်ပွားခဲ့သည့်ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် ဖြစ်စဉ်၊ ဖြစ်ရပ်များသည် လူ့အဖွဲ့အစည်းနှစ်ရပ်အကြားကြာရှည်စွာရှိနေခဲ့သောပဋိပက္ခများကြောင့်ဖြစ်ပွားခဲ့သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌သာမန်သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများကဲ့သို့  ဆောင်ရွက်၍မရနိုင်သည်ကိုတွေ့ရှိရပါကြောင်း၊ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရသည့်နည်းတူ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ပေးရန် မလွဲမသွေ လိုအပ်လာ မည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါတွင်လည်း နှစ်ဖက် အဖွဲ့အစည်းအတွင်းနားလည်ယုံကြည်မှု၊စာနာထောက်ထားမှုနှင့် ရေရှည်တွေးခေါ် မြော်မြင်နိုင်မှုများသည် သဟဇာတဖြစ်သည့်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးအတွက်အလွန်အရေးပါသောအခန်းကဏ္ဍဖြစ်ပါကြောင်း။ယခုဖြစ်စဉ်များသည် မြန်မာနိုင်ငံ၌သာမက ကမ္ဘာတစ်ဝှမ်းနေရာ ဒေသအချို့တွင်လည်း ဖြစ်ပွားနေခြင်းကြောင့် ၎င်းဖြစ်စဉ်များ အပေါ် သင်ခန်းစာရယူပြီး ကောင်းမွန်သော လူမှုအဖွဲ့အစည်းပေါ်ပေါက် လာစေရေးအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲမှ သင့်တော် သည့် လုပ်ငန်းစဉ်များ၊ အကြံဥာဏ်များ၊ Action Planများ ဖော်ထုတ်ပေးကြရန် တိုက်တွန်း လိုပါကြောင်း၊ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ ဇာစ်မြစ်များကို ပြန်လည်သုံးသပ်လျှင် ဒေသခံ တိုင်းရင်းသားများ၏  ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်းကြောင့်ဖြစ် သည်ကို တွေ့ရှိရ ပါကြောင်း၊ ရခိုင်ပြည်နယ်သည် သဘာဝအရင်းအမြစ်ပေါများ ကြွယ်ဝသော် လည်း ဒေသခံလူသားအရင်းအမြစ် ဖွံ့ဖြိုးမှုနည်းပါးသည့်အတွက် ဆင်းရဲမှုရာခိုင်နှုန်းများပြီး အလုပ်အကိုင်အခွင့် အလမ်းများ ရှားပါးလျက်ရှိသည် ကိုတွေ့ရှိရ ပါကြောင်းဖြင့် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းကပြောကြားသည်။ 
 ဖွင့်ပွဲအပြီးတွင်ဒုတိယသမ္မတသည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများ၊ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့်အတူစုပေါင်းဓာတ်ပုံရိုက်ကြပြီးခင်းကျင်းပြသထားသောရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကိုလှည့်လည်ကြည့်ရှုသည်။          
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ အကြောင်းအရာများ ဆွေးနွေးရာတွင် နိုင်ငံရေး ပယောဂကင်းရှင်းစွာ၊ အစွဲအလမ်းနှင့် သံသယကင်းရှင်းစွာဖြင့် ပါဝင်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲ၏ မူလအနှစ်သာရဖြစ်သော ဒုက္ခသည်ပြည်သူ များအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် နည်းလမ်းကောင်းနှင့် အကြံဥာဏ်များ ဖော်ထုတ်ဆွေးနွေးကာ ပကတိ အခြေအနေနှင့် ကိုက်ညီသောလုပ်ငန်းစဉ်များ ချမှတ်သွားနိုင်ရန် တိုက်တွန်းပါကြောင်းဖြင့် နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက အမှာစကားပြောကြားသည်။  
ဆက်လက်၍ကုလသမဂ္ဂဌာနေကိုယ်စားလှယ်Dr.Ashok Nigamက ပြောကြားရာတွင်
 ဒေသဖွံ့ဖြိုးရန်အတွက် အခြေခံအားဖြင့် လုံခြုံမှုရှိပြီး တည်ငြိမ်သောပတ်ဝန်းကျင်ရှိရန် လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ရှိဒေသခံများ၏ အသက်မွေးမှု၊ ကျန်းမာရေးနှင့်အာဟာရပြည့်ဝမှုတို့ကိုဦးစားပေးဆွေးနွေးသင့်ပြီးဒုတိယအချက်အနေဖြင့်နိုင်ငံသားဖြစ်မှုကိစ္စကိုဆွေးနွေးသင့်ပါကြောင်းဖြင့် ပြောကြားသည်။     
အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆောင်ရွက်မည့် မူဘောင်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ် ကိစ္စကို ဖြေရှင်းဆောင်ရွက်သည့်နေရာတွင် မည်ကဲ့သို့ဖြေရှင်းရမည်ဟူသည့် အမြင်ဖြင့် လုပ်ဆောင်ရ မည် ဖြစ်ပါကြောင်း၊ အဓိကအနေဖြင့် နည်းလမ်းရှာဖွေ ဖော်ထုတ်ရန်သာဖြစ်ပြီး ယခုဆွေးနွေးပွဲသည် ခရီးရှည်တစ်ခု၏ ပထမခြေလှမ်းပင် ဖြစ်ပါကြောင်း၊ အဖြေမှန်အတွက် လမ်းစဖော်ထုတ်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ အဖြစ်အပျက် အခြေအနေ အပေါ် သုံးသပ်ပြီးအပိုင်းလိုက် တစ်ပြိုင်တည်း ဆွေးနွေးသွားမည်ဖြစ်ရာ အသိအမြင်များ အပေါ်အခြေခံ၍ အကောင်းဆုံး နည်းလမ်းကို ဖော်ထုတ်နိုင်လိမ့်မည်ဟုထင်မြင်ယူဆပါကြောင်းဖြင့် ပြောကြားသည်။   
အလားတူရခိုင်ပြည်နယ် စဉ်ဆက်မပြတ်တိုးတက်ရန်အတွက် နည်းလမ်းများ၊ ဖြစ်နိုင်ခြေရှိ သည်များကို အစီအမံများတွင် မည်ကဲ့သို့ ထည့်သွင်းမည်၊ ရေတိုရေရှည် လုပ်ငန်းများကိုမည်ကဲ့သို့ လုပ်ဆောင်မည်ဟူသည့် အပိုင်းများကို အဓိကထား ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကိုအကောင်အထည်ဖော်ရာတွင် ဘဏ္ဍာငွေသည်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ မည်သို့သော အကူအညီများရယူမည်၊ ဒေသအာဏာပိုင်နှင့် အဓိကကူညီပေးနိုင်သော ဝန်ကြီးဌာနအကြားတွင် မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်မည်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစသည့် အပိုင်းများနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူတစ်ဦးဖြစ်သည့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ဝါဝါ မောင် က ပြောကြားသည်။         
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် ဦးဆောင်ပြီးလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ စာတမ်းရှင်(၄) ဦး၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် ဦးဆောင်ပြီးကယ်ဆယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ စာတမ်းရှင်(၅)ဦး၊ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဒေါ်ယဉ်ယဉ်နွယ် ဦးဆောင်ပြီး ယာယီဒေသဆိုင်ရာခေတ္တ စခန်းများ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ စာတမ်းရှင် (၃)ဦး၊ အငြိမ်းစားသံအမတ်ကြီး ဦးခင်မောင်ဝင်း ဦးဆောင်ပြီးရင်ကြားစေ့ရေးနှင့် သဟဇာတရှိသောလူမှုအဖွဲ့အစည်းဖြစ်ပေါ်လာရေးနှင့်စပ်လျဉ်း၍ စာတမ်းရှင်(၅)ဦး စုစုပေါင်းစာတမ်းရှင် (၁၇)ဦးတို့က ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို အကြံပြုမေးမြန်း ဆွေးနွေးကြသည်။    
အဆိုပါ ဆွေးနွေးပွဲကိုစက်တင်ဘာ(၂၃)ရက် နံနက်(၈)နာရီတွင် အပိုင်း(၅)ပိုင်းခွဲ၍ ဆက်လက် ဆွေးနွေးဆောင်ရွက် ကြမည် ဖြစ်ကြောင်းသတင်းရရှိသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------- 
ရခိုင်ပြည်နယ်အတွင်းဆူပူမှုဖြစ်ပွားခဲ့ရာတွင်ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှဝန်ထမ်းများကိုနိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှလွတ်ငြိမ်း သက်သာခွင့်ပြုခြင်း
နေပြည်တော်  သြဂုတ် ၂၈
ရခိုင်ပြည်နယ်အတွင်း ဆူပူမှုဖြစ်ပွားခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ကျခံနေရသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဝန်ထမ်း(၃) ဦးအား  နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူ နှင့်အတူ တာဝန်ထမ်းဆောင် သွားနိုင်စေရန် နိုင်ငံတော်သမ္မတက ၎င်းတို့ပြစ်ဒဏ်များအား လျော့ပေါ့၍ လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။ 
နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သူများမှာ မောင်တောမြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော် အကြည်ညို ပျက်အောင် ပြောဆိုမှုတို့ဖြင့် တပေါင်းတည်း ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရသူ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ဝန်ထမ်း ဦးကာယက်စ် (ခ) ခင်ရွှေ(ဘ) ဦးအဒူစလင်၊ မောင်တောမြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားရာတွင် ပါဝင် ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊ တရားမဝင်နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်း ဦးအဏာဝါ ဆာဒဏ် (ခ) ခင်မောင် (ဘ) ဦးအဒူစလင် နှင့်  မောင်တောမြို့ အရေးအခင်း ဖြစ်ပေါ်အောင် ဆူပူလှုံ့ဆော်ရာတွင်  ပါဝင်ပတ်သက်မှု ၊ အိမ်တစ်အိမ်အား မီးရှို့ရန် လောင်စာထားရှိမှုနှင့် မီးရှို့မှု၊ တရားမဝင်နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၆) နှစ် ချမှတ်ခံသူ ရပ်ရွာလူထု ဖွံ့ဖြိုးရေးစီမံချက် (CSSEP)  ဝန်ထမ်း မချိုလေးမာ(ခ) ချိုမာ (ဘ) ဦးဘဖြူ (ခ) တီအာရူဝါး တို့ဖြစ်ကြောင်းသိရသည်။
--------------------------------------------------------------------------------------------------------------------------------------------------------------
 စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၅၈/၂ဝ၁၂
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။ရခိုင်ပြည်နယ်တွင်၂ဝ၁၂ခုနှစ်၊ မေလနှင့်ဇွန်လအတွင်း၌တည်ငြိမ်အေးချမ်းရေးနှင့်ဥပဒေစိုးမိုးရေးကိုထိခိုက်ပျက်ပြားစေသည့်လူစုလူဝေးဖြင့်ဥပဒေမဲ့ ဆောင်ရွက်မှုများ၊တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးအကြံပြုရန်အတွက်အောက်ဖော်ပြပါပုဂ္ဂိုလ်များပါဝင်သော''စုံုံစမ်းစစ် ဆေးရေးကော်မရှင်'' ကို ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ပါ သည်-
 (က)  ဒေါက်တာမျိုးမြင့်                                                                        ဥက္ကဋ္ဌ
       ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
      သာသနာရေးဝန်ကြီးဌာန
(ခ)  သိက္ခာတော်ရဆရာတော် ဦးကျော်ညွန့်                                                  အဖွဲ့ဝင်
      ဂျပ်ဆင်ဘုရားကျောင်း၊ ရန်ကုန်မြို့                                                                
(ဂ)  သိက္ခာတော်ရဆရာတော် ဦးစောမာဂေကြီး                                              အဖွဲ့ဝင်
     အတွင်းရေးမှူး
    မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်း
(ဃ) ဦးသိန်းထွန်း                                                                                အဖွဲ့ဝင်
      စီးပွားရေးလုပ်ငန်းရှင်
(င)  ဦးစိုးသိန်း(ခ) မောင်ဝံသ                                                                                     အဖွဲ့ဝင်
      စာရေးဆရာ
(စ)  ဦးသူရ(ခ) ဦးဇာဂနာ                                                                                          အဖွဲ့ဝင်
      အနုပညာရှင်
(ဆ)  ဦးခွန်ထွန်းဦး                                                                                                  အဖွဲ့ဝင်
       ဥက္ကဋ္ဌ
      ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
(ဇ)  ဒေါ်သန်းသန်းနု                                                                                                အဖွဲ့ဝင်
      ဒီမိုကရက်တစ်ပါတီ(မြန်မာ)
(ဈ)  ဦးခင်မောင်ဆွေ                                                                                              အဖွဲ့ဝင် 
      ဥက္ကဋ္ဌ
     အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
(ည) ဒေါက်တာအေးမောင်                                                                                        အဖွဲ့ဝင်
      ဥက္ကဋ္ဌ
     ရခိုင်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
( ဋ )  ဦးအေးသာအောင်                                                                                         အဖွဲ့ဝင်
       ဥက္ကဋ္ဌ
      ရခိုင်ဒီမိုကရေစီအဖွဲ့ချုပိ
( ဌ ) ဦးကိုကိုကြီး                                                                                                  အဖွဲ့ဝင်
      ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
( ဍ )  ဒေါက်တာဒေါ်ရင်ရင်နွယ်                                                                                အဖွဲ့ဝင်
        UNICEF အကြီးတန်းအရာရှိ(ငြိမ်း)
( ဎ ) ဒေါက်တာဆလိုင်းမူးကျုံးလျန်                                                                           အဖွဲ့ဝင်
       နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ
(ဏ)  ဦးတင်အောင်မိုး                                                                         အဖွဲ့ဝင်
       သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်
(တ)  ဦးအောင်နိုင်ဦး                                                                                            အဖွဲ့ဝင်
       အမှုဆောင်အဖွဲ့ဝင်
      ဗဟိုဖွံ့ဖြိုးရေးအဖွဲ့
(ထ)  ဒေါ်ဝါဝါထွန်း                                                                                                အဖွဲ့ဝင်
       ဥက္ကဋ္ဌ
      မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း
( ဒ ) ဒေါ်ဂျာနန်                                                                                                   အဖွဲ့ဝင်
      အမှုဆောင်ညွှန်ကြားရေးမှူး
    ငြိမ်းဖောင်ဒေးရှင်း
( ဓ )  ဦးထွန်းအောင်ချိန်                                                                                      အဖွဲ့ဝင်
       အဖွဲ့ဝင်
      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
( န )  ဟာဂျီ ဦးညွန့်မောင်သျှိန်                                                                            အဖွဲ့ဝင်
       ဥက္ကဋ္ဌ
       အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
(ပ)  ဟာဂျီ ဦးတင်မောင်သန်း                                                                             အဖွဲ့ဝင်
     အတွင်းရေးမှူး
     အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
(ဖ)  ဟာဂျီ ဦးလှဝင်း                                                                                       အဖွဲ့ဝင်
    ဥက္ကဋ္ဌ
   မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်
  (မ အ ဖ ဌာနချုပ်)
(ဗ)  ဦးကျော်ခင်                                                                          အဖွဲ့ဝင်
     အထွေထွေအတွင်းရေးမှူး
    မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်
    (မ အ ဖ ဌာနချုပ် )
(ဘ)  ဟာဂျီ ဦးမြင့်ထွန်း                                                                                အဖွဲ့ဝင်
      ဥက္ကဋ္ဌ
     မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်
     (မ မ လ ဌာနချုပ်)
(မ)  ဦးလှဝင်း                                                                           အဖွဲ့ဝင်
     အတွင်းရေးမှူး
     မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်
     (မ မ လ ဌာနချုပ်)
(ယ)  ဒေါက်တာလှထွန်း                                                                  အဖွဲ့ဝင်
      အကျိုးတော်ဆောင်
    သနန္တရဓမ္မပါလက(ဟိန္ဒူ )အဖွဲ့ချုပ်
(ရ)  ဒေါက်တာကျော်ရင်လှိုင်                                                                             အတွင်းရေးမှူး
      Myanmar Egress
၂။စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့်အမျိုးသားအကျိုးစီးပွားတိုးတက်ရန်အတွက်သုံးသပ်ချက်နှင့်တကွအကြံပြုတင်ပြရမည်- 
(က)
တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊
        (ခ)    ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့်အခြားထိခိုက်မှုများ၊
         (ဂ)     တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ဥပဒေစိုးမိုးရေးဆောင်ရွက်မှု၊
         (ဃ)       ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု၊
         (င)         ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည့် အချက်များ၊
        (စ)        ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြားငြိမ်းချမ်းစွာ
                    အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊ 
        (ဆ)       ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊
       (ဇ)        စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ။
၃။စုံစမ်းစစ်ဆေးရေးကော်မရှင်၏တာဝန်ထမ်းဆောင်စဉ်လုံခြုံရေးနှင့်အုပ်ချုပ် ရေးဆိုင်ရာလိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည်။
၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီစုံစမ်းစစ်ဆေးနိုင်သည့်အပြင်သက်သေများဆင့်ခေါ်ခြင်း၊စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာ သို့ သွားရောက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည်။
ပုံ(သိန်းစိန်)
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
---------------------------------------------------------------------------------------------------------------------------------------------------------
ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း စစ်တွေမြို့အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  နေပြည်တော် သြဂုတ် ၅
 ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်  ယမန်နေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သက္ကေပြင် ကယ်ဆယ်ရေး စခန်း၌ အားပေးစကား ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
 ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည်ထိုမှတစ်ဆင့်စစ်တွေမြို့ခုတင်(၂ဝဝ)ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီး သို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းထွန်းအောင်က ဆေးရုံရှိအရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ရောဂါရှာဖွေစိစစ်ရေးဌာန၊ အထူးကြပ်မတ်ကုသခန်း၊ခွဲစိတ်ခန်း၊အမျိုးသားဆေးကုသဆောင်၊ကလေးကုသဆောင်တို့အားလှည့်လည်ကြည့်ရှုစဉ် လိုက်ပါရှင်းလင်းတင်ပြခဲ့ပြီး ဆေးရုံအစည်းအဝေးခန်းမ၌ နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီမှဦးကျောက်တောင်က ငွေကျပ်သိန်း ၅ဝ၊ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆေးပုံးသုံးပုံးနှင့်AA Medical Products လီမိတက်မှဦးဇော်မိုးခိုင်က ငွေကျပ်သိန်း ၂ဝ တန်ဖိုးရှိ အကွာတက်ရေသန့်စင် ဆေးပြားနှင့် တစ်ခါသုံး ဆေးထိုး အပ်တို့ကို ပေးအပ်လှူဒါန်းကြရာ ဆေးရုံအုပ်ကြီးက လက်ခံသည်။
ထို့နောက် ဒုတိယသမ္မတက ဆေးရုံရှိဆရာဝန်များနှင့် သူနာပြုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သို့ ရောက်ရှိရာ ခေတ္တ ကျောင်းအုပ်ကြီး ဒေါက်တာမိုးမမတင်က ကျောင်းဆောင်သစ်နှင့် စွမ်းရည်မြင့် ကွန်ပျူတာများ လိုအပ်မှုနှင့် ပတ်သက်၍ တင်ပြပြီးသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကိုကိုဦးက စီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေများကို ဖြည့်စွက်တင်ပြသည်။
အဆိုပါ တက္ကသိုလ်အတွက် အောင်မြင်သူအုပ်စုကုမ္ပဏီမှ ဦးလှမျိုးက အလှူငွေ ကျပ်သိန်း ၁ဝဝ ကိုပေးအပ်လှူဒါန်းရာ ခေတ္တကျောင်းအုပ်ကြီးက လက်ခံသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ဖောင်တော်ကြီး တံတားအနီးရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ တင်ပြပြီး ဒုတိယသမ္မတက စစ်တွေဆိပ်ကမ်း တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။ 
အဆိုပါ စီမံကိန်း၏လုပ်ငန်းလျာထားချက်များမှာ စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆ဝဝဝ ရေယာဉ်များ ဝင်/ထွက် ဆိုက်ကပ်နိုင်ရေးအတွက် လုံလောက်သော ရေ အနက်ရရှိစေရန် သောင်တူးခြင်းနှင့် တန်ချိန် ၂ဝဝဝဝ ရေယာဉ်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း တည်ဆောက်ခြင်း၊ တန်ချိန်၃ဝဝ မြစ်တွင်းသွား ရေယာဉ်ခြောက်စင်း တည်ဆောက်ခြင်း၊ စစ်တွေနှင့် ပလက်ဝမြို့တို့တွင် တန်ချိန် ၃ဝဝ မြစ်တွင်းသွားရေယာဉ်များ ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ်စင်း တည်ဆောက်ခြင်း၊စစ်တွေမှ ပလက်ဝအထိ ကုလားတန်မြစ်ကြောင်း တစ်လျှောက် ရေကြောင်းပြ အမှတ်အသားများ ပြုလုပ်တပ်ဆင်ခြင်းနှင့် ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်သို့ အဝေးပြေး မော်တော်ကားလမ်း ဖောက်လုပ်ခြင်းတို့ ဖြစ်ပြီး ရရှိနိုင်မည့် စီမံကိန်း အကျိုးကျေးဇူးများမှာ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှု အခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ  ဆိပ်ကမ်း များ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့် သာမက အခြားနိုင်ငံများ နှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်မည်ဖြစ်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူ ဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းနှင့် ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့် ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ 
ထို့နောက် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုပြီး Point Beach သို့ ရောက်ရှိစစ်ဆေးသည်။ 
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြောက်စံပြရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်း ကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး  ကျောင်းထိုင် ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် အလှူငွေကျပ်ငါးသိန်းကို ဆက်ကပ် လှူဒါန်းကာ မိသားစုဝင်များအား အားပေးစကား ပြောကြားသည်။ 
ယင်းနောက် ဒုတိယသမ္မတက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ဒေသခံတစ်ဦးက လက်ခံပြီး အောင်မြင်သူ အုပ်စုကုမ္ပဏီ၊ AA Medical Products လီမိတက်နှင့် ယူနိုက်တက် အမရဘဏ် တို့က ငွေကျပ်သိန်း ၁ဝဝ စီ၊ AA Medical Products  လီမိတက်ကငွေကျပ် ငါးသိန်းတန်ဖိုးရှိ အကွာတက်ရေသန့်စင် ဆေးပြားနှင့် ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်က ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးတို့က လက်ခံကြသည်။ 
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် စစ်တွေတက္ကသိုလ် တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာ တင်မောင်ထွန်းက အထူးပြု ဘာသာရပ်များနှင့် မြို့နယ်အလိုက် ကျောင်းသားဦးရေ၊ တည်ဆောက်ပြီး လုပ်ငန်းများ၊ သင်တန်းများ ပုံမှန်တက်ရောက်နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်၊ ဝန်ထမ်းအိမ်ရာ လိုအပ်မှုနှင့် ကျောင်းတက်/ကျောင်းဆင်းချိန် ကြိုပို့ယာဉ် လိုအပ်မှုတို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတက အမှာစကားပြောကြားသည်။ 
ဆက်လက်၍ AA Medical Products လီမိတက်က တက္ကသိုလ်အတွက် အလှူငွေကျပ် သိန်း ၅ဝ ကိုပေးအပ်လှူဒါန်းရာ ဒုတိယပါမောက္ခချုပ်ဒေါ်စံအေးက လက်ခံသည်။ 
ယင်းနောက် ဒုတိယသမ္မတက ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး အဆောက်အအုံ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘရွှေက ရှင်းလင်းတင်ပြသည်။ 
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် နည်းပညာတက္ကသိုလ် (စစ်တွေ) သို့ ရောက်ရှိကြရာ ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာစိုးနိုင်က သင်တန်းနှစ်၊ ဘာသာရပ် အလိုက် ကျောင်းသား အင်အားစာရင်း၊ အဆောက်အအုံ ဖွဲ့စည်းပုံ၊ သင်ထောက်ကူ ပစ္စည်းများ အသုံးပြုနိုင်မှု၊ ပညာသင်နှစ်အလိုက် မွေးထုတ်ပြီးဦးရေ၊ သင်ကြားရေးဝန်ထမ်း လိုအပ်မှုနှင့် အထောက်အကူပြု စက်ကိရိယာများ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတက အမှာစကားပြောကြားသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက လုံခြုံရေးပိုင်း ဆိုင်ရာ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယူနိုက်တက် အမရဘဏ်က အလှူငွေကျပ်သိန်း ၅ဝ ကို ပေးအပ်လှူဒါန်းရာ ခေတ္တကျောင်းအုပ်ကြီးက လက်ခံသည်။ 
ထို့နောက် ဒုတိယသမ္မတက ဆရာဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးပြီး အဆောက်အအုံ ပျက်စီးပြုပြင်မှုများကို ကြည့်ရှုစစ်ဆေးရာ အရုဏ်ဦး ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ 
စစ်တွေမြို့ရှိ တက္ကသိုလ်များ၌ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် တက္ကသိုလ်ပညာရေးသည် အဆင့်မြင့်ပညာရေး ဖြစ်သကဲ့သို့ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာ ကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ လက်မှုကဏ္ဍမှ စက်မှုကဏ္ဍသို့ ပြောင်းလဲရန် လိုအပ်သည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် ပညာရှိများ အဓိက လိုအပ်ပါကြောင်း၊ နည်းပညာရှင်များသည့် နိုင်ငံသည်အစစအရာရာ တိုးတက်မှု ရှိသကဲ့သို့ စီးပွားရေးနယ်ပယ်တွင်လည်း နည်းပညာသာလွန်သည့် နိုင်ငံကသာ ဖွံ့ဖြိုးတိုးတက်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် နည်းပညာ အားနည်းသည့်အတွက် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် GDP၊ လူနေမှုအဆင့်အတန်း စသည်ဖြင့် တိုးတက်မှုကွာခြား နေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်ဆရာများအပိုင်းက ပညာတော်၊ ပညာတတ်များဖြစ်ရန် လိုအပ်သကဲ့သို့ ကျောင်းသားများ တော်အောင်၊ တတ်အောင် သင်ကြားပေးကြရန်လည်း လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဘွဲ့ရရှိသူ တစ်သိန်းကျော်ရှိရာ အရေအတွက်အားဖြင့် မနည်းလှသော်လည်း အရည်အသွေးအပိုင်းက ကြည့်လျှင် အားနည်းချက်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးအပိုင်းတွင် ဆရာ၊ မိဘ၊ ကျောင်းသားများသာမကဘဲ လိုအပ်သည့်အထောက်အကူပစ္စည်းများ ပြည့်စုံမှသာ တိုးတက်မှုရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အပိုင်းက အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးနေသကဲ့သို့ ပုဂ္ဂလိကအပိုင်းကိုလည်း အကူအညီတောင်းခံပြီး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။ 
ပညာတတ်များစွာ လိုအပ်နေသည့်အချိန်တွင် ဘွဲ့ရသူများ မွေးထုတ်ပေးရာ၌ အရည်အသွေး မပြည့်မီသည့် အရေအတွက်များနေပါက နိုင်ငံသားတစ်ဦးချင်းသာမက နိုင်ငံတော်အတွက်ပါ အခွင့်အရေးများ ဆုံးရှုံးနစ်နာစေမည်ဖြစ်ပါ ကြောင်း၊ ''ဓားကောင်း လိုချင်လျှင်သံကောင်းမှ'' ဆိုသည့်အတိုင်း ကျောင်းသားများကောင်းရန်အတွက် ဆရာဆရာမများ ကောင်းရန် လိုပါကြောင်း၊ တက္ကသိုလ်များ လုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်ဖွယ်ရာများကို အတတ်နိုင်ဆုံး လုပ်ဆောင်လျက်ရှိရာ အားလုံးကဝိုင်းဝန်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။ 
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် နယ်မြေခံ တပ်ဧည့်ရိပ်သာခန်းမ၌ ကယ်ဆယ်ရေး စခန်းများမှ အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံကာ နယ်မြေဒေသဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ဖြည့်စွက် ဆွေးနွေးသည်။ 
ယင်းနောက် ဒုတိယသမ္မတသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေဒေသဆိုင်ရာ အချက်အလက်များ၊ သောက်သုံးရေဖူလုံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေ၊ ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး ဦးစားပေး အစီအစဉ်အလိုက် လုပ်ဆောင်သွားမည့်လုပ်ငန်း အစီအစဉ်များ၊ ပညာရေး၊ စည်ပင်သာယာရေး၊လမ်းပန်းဆက်သွယ်ရေး၊ ရထားပို့ဆောင် ရေး၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းခရီးသွား ပို့ဆောင်ရေး ကဏ္ဍ၊ ကင်းချောင်းမြစ်ကူးတံတား ဆောက်လုပ်ခွင့် ရရှိရေး၊ မာန်အောင်ကျွန်းပတ်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ စစ်တွေလေယာဉ်ကွင်းပြေးလမ်း တိုးချဲ့ဖောက်လုပ်ပေးနိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို လည်းကောင်း၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ် အတွင်းကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် ခဲ့မှုများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 
ယင်းနောက် ဒုတိယသမ္မတကအမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်သည် အင်မတန် သာယာလှပသော ပြည်နယ်ဖြစ်သည့် အတွက် မြန်မာ နိုင်ငံပြည်တွင်း၌ပင် နာမည် ကျော်ကြားခြင်း မဟုတ်ဘဲ ကမ္ဘာတွင်ပါ နာမည်ကြီးသည့် ဒေသဖြစ်ပါကြောင်း၊ တစ်ခေါက်ရောက်ပြီး လျှင် နောက်တစ်ခေါက် လာချင်လောက်အောင် စိတ်ထဲစွဲကျန် စေသည့်ဒေသ ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် (၂)လကျော်က ဖြစ်ပွားခဲ့သော ဆူပူသောင်းကျန်းမှု၊ လုယက် ဖျက်ဆီး သတ်ဖြတ်မှု ဖြစ်စဉ်များကြောင့် သာယာလှပသော ရခိုင်ပြည်နယ်ကို ကမ္ဘာတွင်ရော ဒေသ၌ပါ အကျည်းတန် အရုပ်ဆိုးသည့် ဒေသဖြစ်စေခဲ့ပါကြောင်း။
တခြားသော ပြည်နယ်များတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်လာသည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နေ ပြီး ငြိမ်းချမ်းရေး အရသာကို ဒေသနေ ပြည်သူများ စတင်ခံစား စံစားနေရသည့်အချိန်တွင် ရခိုင်ပြည်နယ်က ယခုကဲ့သို့ ဆူပူသတ်ဖြတ်မှုဖြစ်ခြင်း၊ အရေးပေါ်အခြေအနေ သတ်မှတ်ခံရခြင်းများ တွေ့ရသည့်အတွက် နိုင်ငံတော် အစိုးရအဖွဲ့ဝင် အနေဖြင့်ရော တိုင်းရင်းသားတစ်ဦး အနေဖြင့်ပါ များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း။ 
ယင်းသို့ ဆူပူသောင်းကျန်းမှုမျိုးသည် ဒေသခံပြည်သူများ အားလုံးကိုရော အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့အစည်းများသာမကဘဲ တိုင်းပြည်၏ လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေး ပုံရိပ်ကိုပါ ထိခိုက်နိုင်သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ တစ်ဖက်ကအိမ်များ၊ အဆောက်အအုံများ မီးလောင်နေသည့်အတွက် တစ်ဖက်ကအိမ်အဆောက်အအုံများ ပိုပြီး တိုးတက်လှပ လာသလားဟု မေးလျှင် မလှပါကြောင်း၊ ထို့အတူ တစ်ဖက်က သေကျေ ပျက်စီးမှုများသည် အခြားတစ်ဖက်ကို ပိုပြီး အသက်ရှည် ကျန်းမာစေသလားဟုမေးလျှင် ထိုသို့ မဖြစ်ပါကြောင်း၊ ယင်းသို့ မဖြစ်ကြောင်းကို မနေ့ကရောယနေ့ပါ လိုက်လံကြည့်ရှုခြင်းဖြင့် တွေ့ရပြီးဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်နစ်နာဆုံးရှုံးမှုများနှင့်သာ ကျန်ခဲ့ပါကြောင်း၊ မည်သည့်ဘက်ကိုမျှ အကျိုးမရှိ ဖြစ်စေသည်မှာ ထင်ရှားလှပါကြောင်း။ 
ပြီးခဲ့သည့်ကိစ္စများသည် ပြန်ယူ၍မရသည့်အတွက် သင်ခန်းစာယူပြီး နောင်အလားတူ ကိစ္စရပ်မျိုး မဖြစ်ရလေအောင် ဝိုင်းဝန်းအဖြေရှာကြရမည်ဖြစ် ပါကြောင်း၊ ရေရှည်တွင် ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်သာယာလှပသော ပြည်နယ်၊ ပြည်သူပြည်သားများလည်း လူမှုရေး၊ စီးပွားရေး ပြည့်စုံသည့်ဘဝ ရကြလေအောင် ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်နေကြသည် ကို ပြည်သူများအသိ၊ ပြည်သူများ အမြင်ပင် ဖြစ်ပါကြောင်း။ 
ဖွံ့ဖြိုးတိုးတက်ပြီး လူမှုရေး၊ စီးပွားရေးပြည့်စုံလာအောင် နိုင်ငံတော်အစိုးရ တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရပါကြောင်း၊ မိမိတို့ ပြည်သူပြည်သား များကပါ တတ်နိုင်သည့်ဘက်က တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြပါမှ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် စိတ်ရောကိုယ်ပါ အားလုံးပါဝင်နိုင်အောင် ကြိုးစားကြရန် ပြောကြား လိုပါကောင်း၊ ယခု ရခိုင်ပြည်နယ် ခရီးစဉ် ရောက်ရှိလာခြင်းသည် ရခိုင်ပြည်နယ် ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများကိုဖြေရှင်းပေးနိုင်ရန်နှင့် အခြားသော လူမှုရေး ထောက်ပံ့မှု များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းလုပ်ဆောင် ပေးနိုင်ရန် ရောက်ရှိလာခြင်း ဖြစ်ပါကြောင်း။
ယခုရခိုင်ပြည်နယ်ဒေသတွင် ဖြစ်ပွားခဲ့မှုကို ပြန်လည်တည်ငြိမ်အောင် ပါဝင်ဆောင်ရွက် ပေးကြသည့် တာဝန်ရှိသူများ၊ သာသနာရေးဆိုင်ရာ ဆရာတော်ကြီး များ၊ ထောက်ပံ့ စောင့်ရှောက် ပြုစုပေးကြသော ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများကို နိုင်ငံတော်၏ ကိုယ်စားကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားပြီး တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ 
ညပိုင်းတွင် ဒုတိယသမ္မတသည်စစ်တွေမြို့ လောကနန္ဒာဒာစေတီတော်၌ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီးစေတီတော်အတွက် ဒုတိယသမ္မတနှင့် မိသားစုက အလှူငွေကျပ် တစ်သိန်းကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဓမ္မလက်ဆောင်နှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ 
ယင်းနောက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စကြာမုနိပေါ်တော်မူ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ အလှူငွေကျပ် တစ်သိန်းလှူဒါန်းကာ စေတီတော်အား လှည့်လည်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။
-----------------------------------------------------------------------------------------------------------------------------------------------------
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရခိုင်ပြည်နယ်အတွင်း ဒေသအခြေအနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး 
နေပြည်တော် သြဂုတ် ၎
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသ အခြေအနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေးရန် အတွက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာ့လေကြောင်းဖြင့် ထွက်ခွာပြီး စစ်တွေမြို့ လေဆိပ်သို့ နံနက် ၈ နာရီတွင် ရောက်ရှိရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ 
 ဒုတိယသမ္မတအား လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့မှုများကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုများနှင့် ကယ်ဆယ် ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများ၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်မှု များနှင့် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်မှု၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိမှု၊ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ထွက်ပြေး ရောက်ရှိလာမှုနှင့် လက်ရှိအခြေအနေ၊ ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ပေးမှု၊ လှူဒါန်းထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများ လက်ခံရရှိမှုနှင့် ဖြန့်ခွဲပေးနေမှု၊ ပြည်နယ်အတွင်း ကျောင်းများဖွင့်လှစ်ထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်ပေးမှု၊ ယာယီတဲများနှင့် နေအိမ်များ ဆောက်လုပ်ပြီးစီးမှု၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စနစ်တကျဖြစ်ရေး၊ ရေရှည်ဝင်ငွေ အာမခံချက်ပေးနိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ အခြေခံလက်လုပ် လက်စားများအတွက် တိုက်ရိုက် အကျိုးပြု နိုင်သော အသေးစားချေးငွေ လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေးတို့ကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်နယ်အတွင်း လုံခြုံမှုထိန်းသိမ်းရန်၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်သို့ ကူးပြောင်းရန်နှင့် မူလအခြေအနေအတိုင်း ပြန်လည်ရပ်တည်နိုင်ရန် ရည်ရွယ်လျက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်အောင် စီမံဆောင်ရွက်နေမှု၊ လတ်တလော ဆောင်ရွက်ရန်လိုအပ်ချက်၊ သဟဇာတဖြစ်သည့် လူမှုအဖွဲ့အစည်းဖြစ်ရန် လုပ်ဆောင်ရမည့်အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း သစ်များ၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံသစ်များ တည်ဆောက်ပေးရမည့် အခြေအနေ၊ အချင်းချင်း အပြန်အလှန် နားလည်မှု၊ ကိုယ်ချင်းစာနာမှု၊ ပေါင်းစပ်မှုတို့ကို အခြေခံထား၍ နိုင်ငံတော်အစိုးရ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေ တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များ မေးမြန်းပြီး လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ မှာကြားသည်။ 
 ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ထိုမှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိကြပြီး မိသားစုဝင်များအား တွေ့ဆုံ၍ ဒုတိယသမ္မတက မူလ အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းက တတ်နိုင်သလောက် ဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ မိသားစုဝင်များအပိုင်းကလည်း ကြိုးစား ဆောင်ရွက် ကြရန် လိုကြောင်း စသည်ဖြင့် အားပေးစကား ပြောကြားသည်။ 
ယင်းနောက် ဒေသခံတစ်ဦးက လယ်ယာသုံးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေး ရန် လိုအပ်မှုနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုတင်ပြသည်။ 
ဆက်လက်၍ ဒုတိယသမ္မတက ထောက်ပံ့ပစ္စည်းများကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆေးပစ္စည်းများကို လည်းကောင်း၊ အောင်မြင်သူ အုပ်စု ကုမ္ပဏီ၊  AA Medical Products လီမိတက်နှင့်  IGE ဂရု(ပ်) ကုမ္ပဏီတို့က ငွေကျပ်သိန်း ၁ဝဝ စီ စုစုပေါင်းငွေကျပ် သိန်း ၃ဝဝ ကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ မိသားစုဝင်များ၏ ကိုယ်စားလက်ခံကြပြီး ဒုတိယသမ္မတက မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။ 
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင် များသည် မောင်တောမြို့နယ် မောရဝတီ ကျေးရွာ၌ မီးလောင်ခံခဲ့ရသည့် နေအိမ်များအစား တည်ဆောက်လျက်ရှိသည့် ကျေးရွာနေအိမ်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက ပြုပြင် လှူဒါန်းထားသည့် ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဒုတိယသမ္မတက ဝါဆိုသင်္ကန်းနှင့် ငွေကျပ်ငါးသိန်းကို ဆက်ကပ်လှူဒါန်းကာ ရွှေရင်အေးကျေးရွာ၌ နေအိမ်ဆောက်လုပ်နေမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ 
 မောင်တောမြို့နယ်အတွင်း မီးလောင် ပျက်စီးခဲ့သော စုစုပေါင်းအိမ်ခြေ ၄၇ဝ အစား နယ်စပ်ရေးရာဝန်ကြီးဌာနက၂ဝ၂ လုံး၊ UNHCR က ၂၂၂ လုံးနှင့် CARE Myanmar က ၁၂၈ လုံးစုစုပေါင်း ၅၅၂ လုံး ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း၊ ယခုအခါနယ်စပ်ရေးရာဝန်ကြီးဌာနက ဝေသာလီ၊ ခရေမြိုင်၊ ရွှေရင်အေး၊ သရေကုန်းဘောင်၊ မောရဝတီကျေးရွာ ငါးရွာတွင် နေအိမ်၁၉ လုံးဆောက်လုပ်ပြီးစီးပြီး ဆောက်လုပ်ဆဲ ၃၃ လုံးဖြစ်ကြောင်း၊ UNHCR က ယာယီရွက်ဖျင်တဲ အလုံး ၄ဝဝ လှူဒါန်းထားပြီး ရောက်ရှိလာပါက ကျေးရွာအလိုက် ယာယီတဲများ ဆောက်လုပ်ပေးကာ မိသားစုများအား ယာယီနေရာ ချပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင်လယ်ဧက ၄၈ဝ အား စက်ဖြင့် ထွန်ယက်နိုင်ရန် လက်တွန်းထွန်စက် ရှစ်စီး၊ ဒီဇယ်ဆီ ၃၁၂ ဂါလန်၊ မျိုးစပါး ၁၉၅တင်းတို့ကိုလည်း ထောက်ပံ့ဖြန့်ဝေ ထားပြီးဖြစ်ကြောင်း သိရသည်။ 
 ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မောင်တောမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးက မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူလှုပ်ရှားမှုများနှင့် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များ မေးမြန်း၍ လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ 
ဆက်လက်၍ မောင်တောမြို့နယ်(၄)မိုင် ကယ်ဆယ်ရေးစခန်း မေယုခန်းမ၌ မိသားစုဝင်များနှင့် တွေ့ဆုံ၍ ဒုတိယသမ္မတက ကျန်းမာရေး၊ ပညာရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးစသည်တို့ ပုံမှန်အခြေအနေ ရရှိအောင်နှင့် အဓိကအားဖြင့် ကျေးရွာဈေးများ ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးပမ်း လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ဒေသ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက သာမက မိသားစုဝင်များကလည်း စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။
 ယင်းနောက် ဒေသခံတစ်ဦးကကျေးရွာများ ပြန်လည်ထူထောင်ရာတွင် လိုအပ်မည့် လယ်ယာသုံး ကျွဲ၊ နွားနှင့်စက်ကိရိယာပစ္စည်းများကို ဖြည့်ဆည်းပေးစေ လိုကြောင်းနှင့် ကျေးရွာချင်းဆက် လမ်းများ ဖောက်လုပ်ပေးစေလိုကြောင်းဖြင့် တင်ပြသည်။ 
 ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆေးပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြရာ မိသားစုဝင်များ၏ကိုယ်စား လက်ခံကြသည်။ 
ယင်းနောက် ရန်ကုန်မြို့မှ အလှူရှင် များဖြစ်ကြသည့် မြန်မာဘေဆဲကုမ္ပဏီမှ ဦးထက်ဦးနှင့် ဒေါ်ယဉ်ယဉ်မြင့်၊ နိုင်ဂရု(ပ်)ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ ဦးသက်နိုင်ဦး၊ ဦးကျော်နိုင်ဦးနှင့် ဦးဇော်နိုင်ဦး၊ မားသားထရေးဒင်းကုမ္ပဏီ လီမိတက်မှ ဦးအောင်မြတ်၊ ရွှေသွေးကုမ္ပဏီလီမိတက်မှ ဦးရဲဝင်း၊ စူပါဆဲလ်ဗင်းစတား ကုမ္ပဏီလီမိတက်မှ ဦးစံလင်း၊ ရတနာပုံကျောက်စိမ်း ကျောက်မျက်အချောထည်လုပ်ငန်းမှ ဦးခင်မောင်အေးနှင့် ဒေါ်မော်မော်အေး၊ နယူးဂျင်နရယ်ကုမ္ပဏီ လီမိတက်မှ ဦးဝင်းလွင်၊ အာရှဂရင်း ကမ္ပဏီလီမိတက်မှ ဦးမင်းလတ်နှင့် ဒေါက်တာ မျိုးနန္ဒ၊ ရတနာသိင်္ဂ ကုမ္ပဏီလီမိတက်မှ ဦးအိုက်ရီနှင့် ဒေါ်ဆုံလန့်၊ မင်းလမ်းမုန့်တီဆိုင်မှ ဒေါ်ခင်ခင်ဇံတို့က လှူဒါန်းသည့် စုစုပေါင်းငွေကျပ်သိန်း ၃ဝဝ ကို အလှူရှင်များ ကိုယ်စားပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ ဒေသခံတစ်ဦးက လက်ခံသည်။ 
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မောင်တောမြို့အတွင်း နယ်မြေ အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြပြီး မြောက်ဦးမြို့သို့ ရဟတ်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာ ကြသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များနှင့်အတူ မြောက်ဦးမြို့နယ် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး သားဖွားလူနာခန်း၊ အမျိုးသမီး လူနာဆောင်၊ ဆေးသိုလှောင်ခန်း၊မွေးဖွားခန်း၊ ခွဲစိတ်ခန်း၊ အထူးလူနာခန်း၊ ဓာတ်မှန်ခန်းနှင့် အမျိုးသား လူနာဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးသည်။ 
 ယင်းနောက် ဆေးရုံခန်းမ၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး နေလသစ္စာ  ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးကျောက်တောင်က ငွေကျပ်သိန်း ၅ဝ၊ AA Medical Products လီမိတက်မှ ဦးဇော်မိုးခိုင်က ငွေကျပ်ငါးသိန်းတန်ဖိုးရှိ အကွာတက် ရေသန့်စင်ဆေးပြားများနှင့် ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မောင်သန့်က လက်ခံသည်။ 
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မြောက်ဦးမြို့ သျှစ်သောင်း ပုထိုးတော်ကြီး(ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီးသို့ ရောက်ရှိကြပြီး ပန်း၊ရေချမ်း၊ ဆီမီးကပ်လှူဖူးမြော် ကြည်ညိုကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ် ရေးထိုးသည်။ 
ယင်းနောက် ပုထိုးတော်ကြီးအတွက် ဒုတိယသမ္မတနှင့်မိသားစုက ငွေကျပ် ငါးသိန်းနှင့် စုပေါင်းအလှူငွေကျပ် ၁၃၇၂ဝဝ တို့ကို ဂေါပကအဖွဲ့ထံ ပေးအပ် လှူဒါန်းကြရာ ဓမ္မလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။ 
ထို့နောက် ပုထိုးတော်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုပြီး ထိုမှတစ်ဆင့် ကျောက်တော်မြို့သို့ ရဟတ် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြသည်။ 
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကျောက်တော်မြို့ရှိ မဟာမုနိ ဘုရားကြီး၌ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ဘုရားကြီးအတွက် ဒုတိယသမ္မတနှင့် မိသားစုက ငွေကျပ် ငါးသိန်းနှင့် စုပေါင်းအလှူငွေကျပ် ၁၂၆ဝဝဝ တို့ကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းကြရာ ဓမ္မလက်ဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။ 
ယင်းနောက် ဘုရားကြီးအား လက်ယာရစ် ဖူးမြော်ကြည်ညိုကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးပြီး ကျောက်တော်မြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိကြသည်။ 
ညပိုင်းတွင် နယ်မြေခံတပ် ဧည့်ရိပ်သာခန်းမ၌ ဒုတိယသမ္မတအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်း ကောက်ယူထားရှိမှုနှင့် စပ်လျဉ်း၍ တင်ပြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
 ထို့နောက် ဒုတိယသမ္မတသည် စစ်တွေမြို့မှ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ ရှေးဦးစွာ မြို့မိမြို့ဖများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဒုတိယသမ္မတက ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်ကာ အမှာစကား ပြောကြားသည်။ 
ယင်းနောက် မြို့မိမြို့ဖများက  နယ်မြေဒေသဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ၄င်းတို့၏ အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဖြည့်စွက်ဆွေးနွေးကာ ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
--------------------------------------------------------------------------------------------------------------------------
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏
ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
 နေပြည်တော် ဇွန် ၁၀
 ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား 
မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ 
မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှု များ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွား လာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာ ရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရ မယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။
မိဘပြည်သူများခင်ဗျား 
ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန္ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ 
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။ 
ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို   ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ  ခံစားရရှိနိုင်ကြစေရန်အတွက်  ဥပဒေ၊ နည်းဥပဒေတွေကို  ပြင်ဆင်ဖြည့်စွက်အသစ်ပြဌာန်းပြီး  အကောင်အထည် ဖော်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း  ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စ တွင်ပင် ပြီးပြေအေးငြိမ်း သွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှုအခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကို လည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှု မပြုခဲ့ခြင်းဖြစ်ပါတယ်။ 
သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုးပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
 လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြ စေချင်ပါတယ်။ 
ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက် သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 
ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ 
 မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်း ရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော် အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း  အသိတရား နဲ့ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့ အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထု လူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။ 
ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်း သွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်း ပူးပေါင်း ချစ်ခင်လေးစား အပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------
တည်ငြိမ်အေးချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှုအခြေအနေကောင်းများကိုဆက်လက်ထိန်းသိမ်းရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာက နှိုးဆော်
 နေပြည်တော် ဇွန် ၉
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ထိန်းသိမ်း ဆောင် ရွက်ခြင်း၊ ဒေသခံ ပြည်သူတို့၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်း များကို အလေးထားဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်းကောင်း၊ ဒေသ ရပ်ရွာ တည်ငြိမ် အေးချမ်းမှု အပြည့်အဝ ပြန်လည်ရရှိရေးအတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်၍  အချိန်မီ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည့် အတွက်လည်းကောင်း ယနေ့နံနက်ပိုင်းမှစ၍ မောင်တော မြို့နှင့် ဘူးသီးတောင် မြို့များတွင် အခြေအနေများမူလ အတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလျက်ရှိကြောင်း သိရှိရသည်။ 
ယမန်နေ့က ဖြစ်စဉ်များ၌ စုစုပေါင်း သေဆုံးသူ(၇) ဦး၊ ဒဏ်ရာရရှိသူ (၁၇) ဦးရှိခဲ့ပြီး အိမ်ခြေ (၄၉၄) လုံး၊ ဈေးဆိုင် (၁၉) ခန်းနှင့် တည်းခိုခန်း (၁) ခန်းတို့ ပျက်စီး ဆုံးရှုံးခဲ့သည်။           
အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ၊ ပျက်စီးဆုံးရှုံးမှုများအပေါ် သင်ခန်းစာရယူ၍ လက်ရှိရရှိထားပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေ ကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သတင်းရရှိသည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------
မောင်တောမြို့နှင့်ဘူးသီးတောင်မြို့များတွင်အခြေအနေများမူလအတိုင်း ပြန်လည်တည် ငြိမ်အေးချမ်းလျက်ရှိ
နေပြည်တော်  ဇွန်  ၉ 
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်းများကို အလေးထား ဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်းကောင်း၊ ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု အပြည့်အဝ ပြန်လည်ရရှိရေးအတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်၍  အချိန်မီ ထိန်းသိမ်း ဆောင်ရွက်နိုင် ခဲ့သည့် အတွက်လည်းကောင်း ယနေ့နံနက်ပိုင်းမှစ၍ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များတွင် အခြေအနေများ မူလအတိုင်း ပြန်လည် တည်ငြိမ်အေးချမ်း လျက်ရှိကြောင်း သိရှိရသည်။ 
အဆိုပါ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သတင်းရရှိ သည်။
--------------------------------------------------------------------------------------------------------------------------------------------------------
တည်ငြိမ်အေးချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှုအခြေအနေကောင်းများကိုဆက်လက်ထိန်းသိမ်းရေးအတွက် ပြည်သူအားလုံးကပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်သက်ဆိုင်ရာက နှိုးဆော်
နေပြည်တော် ဇွန် ၉
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ထိန်းသိမ်း ဆောင် ရွက်ခြင်း၊ ဒေသခံ ပြည်သူတို့၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်း များကို အလေးထားဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်းကောင်း၊ ဒေသ ရပ်ရွာ တည်ငြိမ် အေးချမ်းမှု အပြည့်အဝ ပြန်လည်ရရှိရေးအတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်၍  အချိန်မီ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည့် အတွက်လည်းကောင်း ယနေ့နံနက်ပိုင်းမှစ၍ မောင်တော မြို့နှင့် ဘူးသီးတောင် မြို့များတွင် အခြေအနေများမူလ အတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလျက်ရှိကြောင်း သိရှိရသည်။ 
ယမန်နေ့က ဖြစ်စဉ်များ၌ စုစုပေါင်း သေဆုံးသူ(၇) ဦး၊ ဒဏ်ရာရရှိသူ (၁၇) ဦးရှိခဲ့ပြီး အိမ်ခြေ (၄၉၄) လုံး၊ ဈေးဆိုင် (၁၉) ခန်းနှင့် တည်းခိုခန်း (၁) ခန်းတို့ ပျက်စီး ဆုံးရှုံးခဲ့သည်။           
အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ၊ ပျက်စီးဆုံးရှုံးမှုများအပေါ် သင်ခန်းစာရယူ၍ လက်ရှိရရှိထားပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေ ကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သတင်းရရှိသည်။
 ---------------------------------------------------------------------------------------------------------------------------------------------
မောင်တောမြို့နှင့်ဘူးသီးတောင်မြို့များတွင်အခြေအနေများမူလအတိုင်း ပြန်လည်တည် ငြိမ်အေးချမ်းလျက်ရှိ
နေပြည်တော်  ဇွန်  ၉ 
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်းများကို အလေးထား ဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်းကောင်း၊ ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု အပြည့်အဝ ပြန်လည်ရရှိရေးအတွက် ပုဒ်မ-၁၄၄ ထုတ်ပြန်၍  အချိန်မီ ထိန်းသိမ်း ဆောင်ရွက်နိုင် ခဲ့သည့် အတွက်လည်းကောင်း ယနေ့နံနက်ပိုင်းမှစ၍ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များတွင် အခြေအနေများ မူလအတိုင်း ပြန်လည် တည်ငြိမ်အေးချမ်း လျက်ရှိကြောင်း သိရှိရသည်။ 
အဆိုပါ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သတင်းရရှိ သည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------
ယနေ့နံနက်ပိုင်းမှစ၍အခြေအနေများမူလအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ် 
နေပြည်တော်  ဇွန်  ၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားခဲ့သောဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့်အတွက် အခြေအနေ အားလုံးကို အချိန်မီထိန်းသိမ်းပြီး ​ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ 
နယ်မြေခံရဲတပ်ရင်း ရဲတပ်ဖွဲ့တို့မှလည်းဆူပူမှုများအားခြောက်လှန့်ဖြိုခွဲ၍ အခြေအနေကိုထိန်းသိမ်းခြင်း၊ ရှို့မီးများအား ငြိမ်းသတ်ခြင်း၊ ဒေသခံပြည်သူတို့၏လုံခြုံရေးအတွက် ကာကွယ် စောင့်ရှောက်ခြင်းများကို အချိန်နှင့်တစ်ပြေးညီထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိသည်။ 
 ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းဖြစ်စဉ်များအရ ဆူပူအကြမ်းဖက်သူများသည် မောင်တောမြို့မှ (၁၂) မိုင်ခန့် ကွာဝေးသည့်  ဂေါ်ဒူသာရကျေးရွာအုပ်စု သရေကုန် ဘောင်ရွာကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်း လုယက်မှုများ ကျူးလွန်ခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်တွင် ကျောင်းဆရာကြီး ဦးချမ်းသာ အပါအဝင် (၃)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အလားတူ ညောင်ချောင်းကျေးရွာအုပ်စု ရွှေရင်အေးကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုယက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ အလားတူ ဗောဓိကုန်းကျေးရွာ၊ ကင်းချောင်းရွာ၊ ကန်သာယာရွာ၊ ကန်ပြင်သာစည်ရွာ၊ ဝေသာလီရွာ၊ မောရဝတီရွာများကို ဝင်ရောက်မီးရှို့ခဲ့သည့်အတွက် အိမ်ခြေအများအပြား မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း။ 
 ထို့ပြင် မောင်တောမြို့ ရပ်ကွက် (၄)၊ ရပ်ကွက် (၅)၊ အောင်ဗလရွာ၊ ဥဒေါင်းရွာ၊ ပြဿားရွာ တို့ကို ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များမှ အချိန်မီ ထိန်းသိမ်းကာကွယ်တားဆီးနိုင်ခဲ့ကြောင်း သိရှိရ သည်။ 
အလားတူ ဘူးသီးတောင်မြို့ အမှတ်(၅) ရပ်ကွက်နှင့် ရွာမရွာ တို့အား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များမှ အချိန်မီ ထိန်းသိမ်းကာကွယ် တားဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ 
ဆူပူအကြမ်းဖက်မှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် ခြင်းများကို အလေးထား ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းမှစ၍ အခြေအနေ များ မူလအတိုင်းပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ရခိုင်ပြည်နယ် မောင်တောမြို့၌ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား ဒေသရပ်ရွာတည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇွန် ၈ ရက်
နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ပုံဖော် တည်ဆောက်လျက်ရှိရာ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုလည်း အလေးထား ထိန်းသိမ်းဆောင်ရွက် လျက် ရှိပါသည်။ 
လတ်တလော ကာလအတွင်း ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး  ယနေ့မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက်သူများက လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို မီးရှို့ဖျက်ဆီး ခြင်း၊ လူအချို့ကို ရန်ပြုသတ်ဖြတ် ခင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် တို့တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
ယနေ့ နေ့လည် (၁)နာရီခန့်တွင် အကြမ်းဖက်သူ အင်အား (၁၀၀၀) ကျော်ခန့် သည် ကမ္ဘောဇဘဏ် အဆောက်အအုံ၌ အဖီချထားသည့် အမိုးအားဆွဲချဖျက်ဆီးခြင်း၊  ယူနိုက်တက် တည်းခိုခန်းနှင့် နေအိမ် တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက်ခြင်း များ ပြုလုပ်ခဲ့ ကြကြောင်း။ 
 နေ့လယ်(၂)နာရီခန့်တွင် သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင် နှင့် ဆေးရုံကြားရှိ ရပ်ကွက် (၄) သို့ မီးကူးစက်လောင်ကျွမ်းပြီး စုစုပေါင်းနေအိမ် (၁၅)လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မြို့ဦးရပ်ကွက်၌လည်း နေအိမ်(၂)လုံးအား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ဆက်လက် ၍ မောင်တော-အလယ်သံကျော် ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု ခရေမြိုင်ကျေးရွာအား မီးရှို့ခဲ့ကြကြောင်း။ 
ညနေပိုင်းတွင် ဆူပူသူ (၂၀) ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ဝင်ရောက်  နှောက်ယှက်ခဲ့သည့်အတွက် ကျန်းမာရေး ဝန်ထမ်းများ ပုန်းရှောင်နေ ခဲ့ရကြောင်း၊ ဆေးရုံအရှေ့ရှိ မြို့မအရှေ့ရပ်ကွက်မှ နေအိမ် (၂) လုံးအား ထပ်မံမီးရှို့ ခဲ့သည့်အတွက် ရပ်ကွက် အတွင်းရှိ ပြည်သူများ ပြောင်းရွှေ့ ရှောင်တိမ်းခဲ့ရကြောင်း။ 
ထို့ပြင် ဆူပူသူများ၏ ရန်ပြုမှုများကြောင့် ဒေါက်တာခင်မောင်လတ် (၆၃) နှစ်၌ ဝမ်းဗိုက်ဓားထိုးခံ ဒဏ်ရာ၊ ဒေါ်သန်းရီ (၅၇) နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံရဒဏ်ရာ၊ ဦးကျော်လှ (၇၈) နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံရ ဒဏ်ရာ၊ ဦးသိန်းဇော် (၃၆) နှစ်၌ ခြေ၊ လက်တို့တွင် ဓားခုတ်ခံရဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဦးလှမောင် (၆၅) နှစ်မှာ ဦးခေါင်းဓားခုတ်ခံရ ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။ 
 မောင်တောမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ နယ်မြေခံရဲတပ်ရင်း၊ ရဲတပ်ဖွဲ့တို့မှ ဆူပူမှုများအား သေနတ်ပစ်ဖောက် ခြောက် လှန့်ဖြိုခွဲ၍ အခြေအနေကို ထိန်းသိမ်းခြင်း၊ မီးငြိမ်းသတ်ခြင်း၊ ဒေသခံ ပြည်သူတို့၏ အသက်အန္တရာယ်လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ခြင်းများ ဆောင်ရွက် လျက်ရှိပြီး နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွပ်ကဲ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
လက်ရှိရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိုထိခိုက် ပျက်ပြားစေသည့်အတွက် အခြေအနေ အားလုံးကို အချိန်မီ ထိန်းသိမ်းပြီး ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment