Wednesday, April 6, 2016

ပဲခူးတိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၂၄/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်)
ပဲခူးတိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့ပါ ပြဌာန်းချက်များအရ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-
(၁)
ဗိုလ်မှူုးကြီးခင်မောင်ဌေး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
(၂)
ဦးအောင်ဇော်နိုင်
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန
(၃)
ဦးကျော်မင်းဇံ
သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၄)
ဦးမောင်မောင်လွင်
စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန
(၅)
ဦးညွှန့်ရွှေ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန


ပုံ (ထင်ကျော်) 
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



No comments:

Post a Comment