လူဝင်မှုကြီးကြပ်ရေး

လူဝင်မှုကြီးကြပ်ရေး

..........................................................................................................................................................................................................

သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် အပြည့်အစုံကို ၂၀၁၅ ခုနှစ် မေလခန့်၌ ထုတ်ပြန်ကြေညာနိုင်မည်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေများနှင့် ၂၅-၄-၂၀၁၄ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပခဲ့သော Partnership Group for Peace, Development and Democracy in Myanmar (PGM) အစည်းအဝေး တက်ရောက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသော သံတန်များနှင့် ပြည်တွင်း ပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြန်လည် ဖြေကြားခဲ့သည်များမှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး
မေး။ ။ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေကို လာမည့်နှစ် ဘယ်အချိန်မှာ ထုတ်ပြန်မလဲဆိုတာ သိချင် ပါတယ်။ မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကိုလည်း စင်ကာပူနိုင်ငံအနေနဲ့ လေးလေး နက်နက် ထောက်ခံ အားပေးပါတယ်။

ဖြေ။   ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်တဲ့ တိုင်းပြည်မှာရှိတဲ့ လူဦးရေ အကြမ်းစာရင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ မြို့နယ်မှာရှိတဲ့ လူဦးရေ စာရင်းအကြမ်းကို လာမယ့် ၂၀၁၄ သြဂုတ်လလောက်မှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီအပေါ် မူတည်ပြီး နောက်ပိုင်းမှာ ဘယ်အဆင့်မှာ ဘာတွေ ထုတ်ပြန်သွားမယ်ဆိုတာကို သီးခြား ကြေညာ သွားမှာဖြစ်ပါတယ်။ အားလုံး အပြီးအစီး စာရင်းကိုတော့ ၂၀၁၅ ခုနှစ် မေလခန့်မှာ ထုတ်ပြန်ကြေညာနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်အေးအေးဝင်း (အေပီသတင်းဌာန)
မေး။ ။ ရခိုင်က ကျန်ရှိတဲ့ လူတွေအတွက်ကို သူတို့က နာမည်ကောက်တဲ့ထဲမှာ မပါတော့ အမြန်ဆုံး ဖြေရှင်းပေးပါလို့ မစ္စတာ ဘန်ကီမွန်းကလည်း ပြောထားပါတယ်။ သူတို့ကို ထည့်သွင်း ကောက်ယူဖို့ ဘယ်လိုများ ဖြေရှင်းမလဲ။ ဘယ်လို ထည့်သွင်းကောက်ယူ ပေးပါမလဲ။

ဖြေ။   ။ ကျွန်တော်တို့ ရခိုင်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေအတွက် ဆောင်ရွက်သင့်တဲ့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေးခု ရှိပါတယ်။ နိုင်ငံတကာ ပညာရှင် အဖွဲ့တွေနဲ့ ပြည်တွင်း ပညာရှင်များနဲ့ ဆွေးနွေးချက်အရ နည်းလမ်းလေးခု ထွက်ပေါ် လာပါတယ်။

နံပါတ်တစ်က လက်ရှိလုပ်ငန်း အောင်မြင်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဆက်မကောက်ပါနဲ့ ဒါကို ရပ်ထားလိုက်ပါ။ ဘယ်လောက် ထိ ကျွန်တော်တို့ ကောက်ပြီးပြီ ဘယ်နှစ်ရာခိုင်နှုန်း ကျန်ခဲ့တယ်၊ ဘာကြောင့် ကျန်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်တွေနဲ့ အတူ သန်းခေါင် စာရင်း လုပ်ငန်းကို အဆုံးသတ်တဲ့ လုပ်နည်းတစ်ခုရှိပါတယ်။

ဒုတိယ နည်းလမ်းကတော့ ရနိုင်သမျှ ရင်းမြစ်တွေကနေ ကိန်းဂဏန်းတွေ ယူပြီးတော့ ခန့်မှန်း လူဦးရေ စာရင်းထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ဆီမှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘင်္ဂါလီလူမျိုးများ၊ ရခိုင်ပြည်နယ် တစ်ခုတည်း မှာနေသော ဘင်္ဂါလီ လူမျိုးများနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း အတိအကျ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် မေလ က အဲဒီဒေသတွင်း ပဋိပက္ခ ဖြစ်ပြီးတဲ့ အချိန်မှာ ကောက်ယူထားတဲ့ နောက်ဆုံးစာရင်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဆိုလိုတဲ့ သဘောကတော့ up to date data တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒီအချက်အလက်တွေကို အသုံးပြုပြီးတော့လည်း ခန့်မှန်းတွက်ချက်လို့ ရပါတယ်။

တတိယနည်းကတော့ ဆက်လက်ကောက်ယူတဲ့အခါမှာ အောင်မြင်မှုကို ဖျက်ဆီးပစ်မယ့် ပဋိပက္ခ သွေးထွက်သံယို မဖြစ်အောင် ညှိနှိုင်းဖို့ လိုပါတယ်။ ဒီလို သူတို့ဘက်က ကျန်းသေ အာမခံချက်ပေးမှ ဆက်လုပ်ဖြစ်မယ့် ကိစ္စဖြစ်ပါတယ်။

နောက်ဆုံး နည်းကတော့ အပြည့်မကောက်ခံဘဲ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း survey စစ်တမ်းကောက်ဖို့ဆိုတဲ့ နည်းကို ကျွန်တော်တို့ ဆောင်ရွက်လို့ ရပါတယ်။ ကျွန်တော် လာမယ့် သောကြာနေ့မှာ ရခိုင်ပြည်နယ်ကို ထပ်မံ သွားရောက်ပါမယ်။ ဒီလထဲမှာပဲ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး အပါအဝင် STADEHOLDER တွေ အားလုံးနဲ့ ကျွန်တော်တို့ သန်းခေါင်စာရင်း ပြန်ကောက်နိုင်အောင် ကြိုးစား လုပ်ဆောင်သွားပါမယ်။ ဒါဟာ Technical Delay အရ သန်းခေါင်စာရင်းရပ်ပြီးတဲ့ အချိန်ကနေ စပြီး ခြောက်ပတ်မှ ရှစ်ပတ်အတွင်း ကောက်ခံလို့ရတာကြောင့် ကျွန်တော်တို့ မေလနောက်ဆုံးပတ် အထိ ကောက်ခံလို့ ရတာကြောင့် ကျွန်တော် မေလ နောက်ဆုံးရက်အထိ ကြိုးစား ဆောင်ရွက် သွားပါမယ်။ အဲ့ဒီအထိ ကြိုးစားဆောင်ရွက်လို့ မရရင် ဒီလုပ်ငန်းက ရပ်တန့်ရမယ့် လုပ်ငန်း ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတာ နိုင်ငံမှာမရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာရဲ့ ရပ်တည်ချက်ကိုတော့ ကျွန်တော်တို့ ကောက်မှာ မဟုတ်ပါဘူး။ ဘင်္ဂါလီလို့ ပြောရမှာ ခက်တယ်ဆိုရင်လည်း လူမျိုးကို မေးရင် မဖြေတဲ့ နည်းလည်း လက်ခံပေးမယ်ဆိုရင် ကောက်ယူမယ်လို့ ကျွန်တော်တို့ ကြိုတင်ကြေညာပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒေါ်လှလှဌေး ( အေအက်ဖ်ပီ)
မေး။ ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလို့ဆိုပြီး စာရင်းကောက်ယူလို့ရတာ ဘယ်လောက် အတိုင်းအတာများ ရှိပါသလဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကို မျက်မြင်သက်သေအဖြစ် ခေါ်သွားတာမျိုးရှိပါသလား။ နောက်တစ်ခု က မေလထိ ရခိုင်ပြည်နယ်ဘက်မှာ  ဆက်ကောက်မယ်ဆိုတော့ ကချင်ပြည်နယ်ဘက်မှာ ကျေးရွာအုပ်စု ၂၅ အုပ်စုလောက် ကျန်တယ်လို့ စောစောက ဝန်ကြီး ပြောသွားပါတယ်။ ကချင်ပြည်နယ်ဘက်ကိုရော ဘယ်လိုများ လုပ်သွားဖို့ အစီအစဉ် ရှိပါမလဲ။

ဖြေ။   ။တစ်နိုင်ငံလုံးမှာ ဘင်္ဂါလီက ၁ ဒသမ ၃၃သန်း ရှိပါတယ်။ ဆိုလိုတာကတော့ ရခိုင် ပြည်နယ်ကလွဲပြီး တစ်နိုင်ငံလုံးမှာ  ဘင်္ဂါလီ သုံးသိန်းကျော်ရှိပါတယ်။ အဲဒီ သုံးသိန်း ကျော်လုံး ကျွန်တော်တို့ ကောက်လို့ရတယ်။ ရခိုင်ပြည်နယ်မှာ ခရိုင်ငါးခုရှိပြီး ခရိုင်နှစ်ခုက ဘင်္ဂါလီလူမျိုးစုအဖြစ် စာရင်းအကောက်ခံပါတယ်။ ကျွန်တော်သိသလောက်တော့ အကြမ်းဖျင်း နှစ်သောင်းကျော်လောက် အကောက်ခံတယ်။ ကျန်တဲ့ လူတွေအတွက် မေလကုန်ထိ ကြိုးစားကောက်ခံမယ်။ ကချင်ပြည်နယ်မှာ ကျန်တဲ့ ကျေးရွာ ၂၅အုပ်စုဟာ Technical Delay မှာ အကျုံးဝင်ပါတယ်။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး လုပ်နေတော့ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကျွန်တော် ဆွေးနွေးပါတယ်။ ကေအိုင်အေ ဗဟိုကိုလည်း ကျွန်တော် အနည်းဆုံး စာသုံးစောင်ပို့ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားပါတယ်။ တဖက်က လက်ခံတဲ့ အပေါ် မူတည်ပြီး Technical Delay ကာလအတွင်းမှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးစိုးမင်း(စောင့်ကြည်သတင်းဂျာနယ်)
မေး။ ။ သန်းခေါင်စာရင်းကောက်ပြီးတဲ့အချိန်အထိ ဘတ်ဂျက်ငွေ ဘယ်လောက်ထိ သုံးစွဲခဲ့ပါသလဲ။ ပိုငွေလိုငွေ လက်ကျန်ငွေတွေ သိချင်ပါတယ်။

ဖြေ။   ။ ဒါက စာရင်းမချုပ်ရသေးပါဘူး။ သန်းခေါင်စာရင်း ကောက်ယူမှုဟာ အဆင့် လေးဆင့်နဲ့ ကောက်ယူတဲ့အတွက်ပါ။ ကြိုတင်ပြင်ဆင်တဲ့အဆင့်၊ စာရင်း ကောက်ယူတဲ့ အဆင့်၊ စာရင်းဇယားတွေ စိစစ်တဲ့အဆင့်၊ စာရင်းဇယားတွေ ထုတ်ပြန်တဲ့ အဆင့်မှာ အခုက ဒုတိယအဆင့်ကိုပဲ လုပ်နေတုန်းရှိသေးတယ်။ ဒုတိယအဆင့်မှာတောင် စာရင်း ကောက်တဲ့အပိုင်းလေးပဲ ပြီးသေးတယ်။ မေးခွန်းတွေ ပြန်စုတဲ့အပိုင်းပြီးမှ စာရင်း ကောက်တဲ့ အပိုင်းပြီးမယ်။ ဒါကြောင့် ငွေစာရင်းချုပ်လို့ မရသေးဘူး။ စုစုပေါင်း ၅၈ ဒသမ ၅သန်း လောက်ကုန်မယ်လို့ မှန်းတယ်။ နိုင်ငံတော်က ၁၅သန်း ထည့်တယ်။ UN က ၅ သန်း လှူတယ်။ နိုင်ငံတကာ အလှူရှင်တွေလည်း ရှိပါတယ်။ စာရင်းမချုပ်ရသေးဘူး။ လုပ်ငန်းက မပြီးသေးဘူး။ အဆင့်လေးဆင့်မှာ အခုမှ အဆင့်နှစ်ရဲ့ အစပဲ ရှိသေးတယ်။ နောက်ပိုင်း လုပ်ငန်းတွေကတော့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ လုပ်ငန်းတွေပါ။ ဒါတွေပြီးမှ စာရင်းချုပ်လို့ရမှာပါ။

ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းတွင် စာရင်းကောက်ယူရန် ကျန်ရှိသော ရခိုင်နှင့် ကချင်ပြည်နယ် များတွင် Technical Delay အရ လာမည့် မေလ နောက်ဆုံးရက်အထိ ဆက်လက် ကောက်ခံမည် ဖြစ်သည်။ သန်းခေါင်စာရင်းအကြမ်းကို လာမည့်သြဂုတ်လတွင် ထုတ်ပြန်မည် ဖြစ်ပြီး အပြီးအစီး စာရင်းကိုမူ ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်သွားရန် ခန့်မှန်းထားကြောင်း ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 ------------------------------------------------------------------------------------------------------------

၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (PGM) အစည်းအဝေးသို့ တက်ရောက်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားချက်များ

နေပြည်တော် မေ ၇
မေ ၇ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရှင်းလင်း ပြောကြားခဲ့သော ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့်    Partnership Group for Peace, Development and Democracy in  Myanmar (PGM) အစည်းအဝေးသို့ တက်ရောက်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားချက်များမှာ ယမန်နှစ်က အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောတူညီချက်ဖြင့် မိတ်ဆွေနိုင်ငံများ အဖွဲ့ဆိုသည့် အမည်မှ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းအဝေး (Partnership Group for Peace, Development and Democracy in Myanmar-PGM) ဟု အမည်ပြောင်းလဲခဲ့ပါကြောင်း။

လက်ရှိ အစည်းအဝေးမှာ မစ္စတာ ဘန်ကီမွန်း၊ မစ္စတာ ဗီဂျေနမ်ဗီးယားနှင့် USG/DPA ဖြစ်သူ Mr.Jeffrey Feltman တို့ အပါအဝင် ဩစတြေးလျ၊ တရုတ်၊ EU ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား (ROK)၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ ဗီယက်နမ် စသော ၁၅ နိုင်ငံမှ ဌာနေ ကိုယ်စားလှယ် (PR) များ တက်ရောက်ကြပါကြောင်း။

အစည်းအဝေးအစတွင် အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်တွင် မိမိက မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်အချို့ကို အကျဉ်းချုပ် တင်ပြခဲ့ပါကြောင်း၊ တင်ပြချက်များတွင်-
-
အစိုးရအဖွဲ့သစ်ကာလအတွင်း ကဏ္ဍအသီးသီးမှာ တိုးတက်ပြုပြင် ပြောင်းလဲ ဆောင်ရွက်ချက်များ၊
-
ငြိမ်းချမ်းရေး တည်ဆောက် ကြိုးပမ်းမှုများ၊
-
သန်းခေါင်စာရင်းကောက်ယူမှု အခြေအနေများ၊
-
ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် စနစ်အကျ ဖြေရှင်း ဆောင်ရွက်နေမှုများ စသည်တို့ ပါဝင်ခဲ့ပါကြောင်း။

ထို့နောက် တက်ရောက်လာသူ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံချင်းစီမှ အကြံပြုခြင်း၊ မှတ်ချက်ပြု ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံအများစု၏ ပြောကြားချက်များမှာ-
-
မြန်မာနိုင်ငံတွင် သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေကြောင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊
-
အစိုးရ၏ တိုင်းရင်းသား အဖွဲ့အစည်းများအကြား ကြိုးပမ်း ညှိနှိုင်းဆောင်ရွက်နေ မှုများ၊ စုဝေးခွင့်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ကြိုးပမ်းဆောင်ရွက်နေမှု များကို ကြိုဆိုကြောင်း၊
-
အာဆီယံဥက္ကဋ္ဌ တာဝန်ယူ၍ ဒေသဆိုင်ရာ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင် ရေး အတွက် ကြိုးပမ်းနေမှုကို ကြိုဆိုဂုဏ်ယူကြောင်း၊
-
နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး တိုးမြင့်မှု ဆိုင်ရာ ဆောင်ရွက်မှု၊ အကျဉ်းသားများ လွှတ်ပေးနေမှု၊ နယ်စပ်ဒေသ များတွင် တိုးတက် ဆောင်ရွက် နေမှု များကို ကြိုဆိုကြောင်း၊
-
နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအား ကြိုဆိုကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မည်သို့ကူညီပေး စေလိုသည်ကို သိရှိလိုကြောင်း စသည်တို့ ပါဝင် ပါတယ်။

နိုင်ငံအချို့၏ ဆွေးနွေးချက်များမှာ-
-
၂၀၁၅ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အရေးကြီးကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု ရှိစေရေး ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊
-
ရခိုင်ပြည်နယ်တွင်း လူမျိုးစု ပြဿနာများအား အလျင်အမြန် ဖြေရှင်းဆောင်ရွက် ကြိုးစားပေးပါရန် လိုအပ်ပါကြောင်း၊
-
ကုလသမဂ္ဂနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများအား လုံခြုံရေး အပြည့်အဝပေးရန် လိုအပ်ပါကြောင်း၊
-
သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်း အောင်မြင်သော်လည်း ပဋိပက္ခ ဖြစ်မည်ကို စိုးရိမ်ပူပန်မှု အနည်းငယ် ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မှု အစီအစဉ်အား သိရှိလိုပါကြောင်း စသည်တို့ ပါဝင်ပါကြောင်း။

နိုင်ငံအချို့က-
-
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့မှုကို ဝင်ရောက် စွက်ဖက်မှု မပြုရန် လိုအပ်ပါကြောင်း၊
-
ရခိုင်ပြည်နယ်ရှိ လူမျိုးစု ပြဿနာမှာ ရှုပ်ထွေးပြီး သမိုင်းနောက်ခံ ဖြစ်ရပ်များနှင့် ဆက်စပ်နေ၍ ချက်ချင်းဖြေရှင်း၍ မရနိုင်ကြောင်း၊ ဆွေးနွေးမှု၊ ညှိနှိုင်းမှုများဖြင့်သာ အချိန်ယူ ဆောင်ရွက်ရန် လိုကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ၎င်း အချက်အလက်ကို သိရှိနားလည် သည်းခံရန် လိုကြောင်း၊
-
မြန်မာနိုင်ငံအတွက် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေခြင်းကို ပြန်လည် သုံးသပ် စဉ်းစားသင့်ကြောင်း၊
-
ဘာသာပေါင်းစုံ ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ရန် အကြံပြုကြောင်း၊
-
ဘာသာပေါင်းစုံ ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတွင်း ပြန်လည် ရင်ကြားစေ့ရေး နှင့် ပတ်သက်သည့် သတင်းစကားမျိုးအား သဘာထား ကွဲလွဲနေသည့် အဖွဲ့ အစည်းများ အကြား ပျံ့နှံ့ရောက်ရှိသွားအောင် ဆောင်ရွက် စေလိုကြောင်း၊
-
မြန်မာနိုင်ငံရှိ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် ခွဲခြားမှု မရှိသော ပံ့ပိုးမှုများ ပြုလုပ်ရန် လိုကြောင်း၊
-
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အနေဖြင့် ကျွမ်းကျင်မှု ဆိုင်ရာ အကူအညီပေးရေး ကိုသာ ဦးတည်ဆောင်ရွက် သင့်ကြောင်း စသည်တို့ကို ပြောကြား ခဲ့ပါကြောင်း။

အစည်းအဝေး ပြီးဆုံးသည့် နေ့မှာပင် ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကုလသမဂ္ဂမှ သတင်းထုတ်ပြန်ချက် (Press Release) တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံကို သတင်းစာ များတွင် သတင်းအဖြစ် ထည့်သွင်းဖော်ပြပြီးလည်း ဖြစ်ပါကြောင်း။

ဤအစည်းအဝေးသည် ယခင် မိတ်ဆွေနိုင်ငံများ အဆင့်မှ မိတ်ဖက်နိုင်ငံများ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက် ရှင်းလင်း ပြောဆိုနိုင်ခြင်းသည် မိမိနိုင်ငံ၏ ကိစ္စရပ်များအား တစ်ဆင့်စကားဖြင့် မပြည့်မစုံ ကြားသိ နေရမှုများ၊ နားလည်မှု လွဲမှားနေမှုများအား လူကိုယ်တိုင် တွေ့ဆုံ၍ ဖြစ်ရပ်မှန် အကြောင်းအရာများကို ပြည့်စုံစွာ ရှင်းလင်းခွင့်ရရှိသဖြင့် အကျိုးအမြတ် ရှိသော အစည်းအဝေး တစ်ခုဖြစ်သည်ဟု သုံးသပ်ရမိပါကြောင်းဖြင့် ပြောကြားသည်

 ---------------------------------------------------------------------------------------------------

ရှေ့ပြေး လူဦးရေစာရင်းကို ယခုနှစ် သြဂုတ်လတွင် ထုတ်ပြန် ကြေညာမည်

နေပြည်တော် မေ ၇
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်က အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် Partnership Group for Peace, Development and Democracy in Myanmar (PGM) အစည်းအဝေးသို့ တက်ရောက်ခဲ့မှု အခြေအနေ များနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်က နောက်ဆုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ နှစ်ပေါင်း (၃၀)ကျော် ကြာမြင့်ခဲ့ပြီဟု ယေဘုယျ ပြောဆိုနေကြသော်လည်း ၁၉၈၃ ခုနှစ် ကောက်ယူခဲ့စဉ်က လုံခြုံရေး ဆိုင်ရာ ကန့်သတ်ချက်များအရ ပဋိပက္ခ နယ်မြေများတွင် ကောက်ယူမှု မပြုနိုင်ခဲ့ခြင်းကြောင့် ထိုနယ်မြေများတွင် နိုင်ငံ့သမိုင်း တစ်လျှောက် တစ်ကြိမ်တစ်ခါမျှ သန်းခေါင်စာရင်း ကောက်ယူခွင့် မရရှိခဲ့ဘူးဟု ဆိုရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော် အစိုးရအဖွဲ့သစ်သည် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံ့ တာဝန်ကို ယူခဲ့ပြီးနောက် နှစ်လအကြာ မေ ၂ ရက်တွင် သန်းခေါင်စာရင်း ကောက်ယူမည် ဟု ဆုံးဖြတ် ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ပြည်သူ့လွှတ်တော်တွင် ပြည်လုံးကျွတ် အဆင့် သန်းခေါင်စာရင်း ကောက်ယူ ပေးစေလိုသော ပြည်သူများ တောင်းဆိုချက်အပေါ် ပြည်သူ့ကိုယ်စားလှယ်တော်များက အဆိုပြု တင်ပြလာမှုများ ရှိခဲ့ခြင်းကြောင့် ထို သန်းခေါင်စာရင်း အစီအမံသည် ပြည်သူ့ဆန္ဒနှင့် အစိုးရ၏ အကောင်အထည်ဖော် မှု ပေါင်းစပ် ဖြစ်ပေါ်လာ ရသော အစီအမံတစ်ရပ်ဟုလည်း ပြောရမည်ဖြစ်ပါကြောင်း။

သန်းခေါင်စာရင်းကောက်ယူမှုကို ကမ္ဘာ့ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် အဆင့် လေးဆင့်ပါ အစီအမံကို နာယကကြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင် သော ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ရေးဆွဲပြီး အဆင့်ဆင့် အကောင်အထည်ဖော် ခဲ့ပါကြောင်း၊ အဆင့်လေးဆင့်မှာ ကြိုတင်ပြင်ဆင်ခြင်းအဆင့်၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း အဆင့်၊ စာရင်းဇယားများ ပြုစုခြင်းအဆင့်နှင့် စာရင်းထုတ်ပြန်ခြင်း အဆင့် တို့ ဖြစ်ပါကြောင်း။

၂၀၁၄ ခုနှစ် မတ် ၂၉ ရက်တွင် ကွင်းဆင်း အသိပညာပေးလုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ၁၂ ရက်ကြာ နိုင်ငံတစ်ဝန်းတွင် မြေပြင် ကွင်းဆင်း စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း။

တစ်နိုင်ငံလုံးတွင် စာရင်းကောက်ကွက်ပေါင်း ၈၁၀၀၀ ခန့်ရှိပြီး စာရင်းကောက်ပေါင်း ၉၀၀၀၀ ခန့်နှင့် စာရင်းစစ်ပေါင်း ၂၅၀၀၀ ခန့်နှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤအဆင့်သည် စီမံချက် အဆင့်(၂)ထဲမှ အပိုင်း တစ်ပိုင်းဖြစ်ပြီး ယခုအခါ ကောက်ယူ ပြီး မေးခွန်းစာရွက် များကို ပြန်လည် စုစည်းသယ်ယူနေသည့် လုပ်ငန်းကို ဆောင်ရွက်နေပါကြောင်း၊ တစ်တိုင်း ပြည်လုံးက ကောက်ကွက်နေရာပေါင်း ၈၀၀၀၀ ကျော်မှ မြို့နယ်/ ခရိုင်/တိုင်းဒေသကြီးနှင့် ထိုမှ တစ်ဆင့် ဝန်ကြီးဌာန ကို ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းလမ်းမှ အဆင့်ဆင့် သယ်ယူနေရခြင်း ဖြစ်ပါကြောင်း၊ စီမံချက်အရ မေလ ဒုတိယပတ် အတွင်း ပြီးဆုံးမည်ဖြစ်ပါ ကြောင်း၊ ယင်းမှာ သန်းခေါင်စာရင်း စီမံချက်၏ ဒုတိယလုပ်ငန်းစဉ် ပြီးဆုံးခြင်းပင် ဖြစ်ပါကြောင်း။

မေးခွန်းပုံစံများ ပျောက်ဆုံးခြင်း၊ အထားမှားခြင်းများ မဖြစ်စေရန် ကောက်ကွက်အားလုံးကို အသေးစိတ် စစ်ဆေးရန် လိုအပ်ပါကြောင်း၊ မြို့နယ်အလိုက် ကောက်ကွက်များ စစ်ဆေး ခြင်း၊ ကောက်ကွက်အလိုက် မေးခွန်းပုံစံများ ရေတွက်ခြင်း၊ အိမ်ထောင်စု နံပါတ်နှင့် ကောက်ကွက် စာရင်းချုပ်များအား စစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းထိန်းပုံစံများ၊ မြေပုံများပါရှိခြင်း ရှိ/မရှိကိုလည်း စစ်ဆေးမည်ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်ကို မြို့နယ်/ မြို့နယ်ခွဲမှ လ၀က ဝန်ထမ်းများနှင့် အတူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ် တစ်ခုလုံး ဇွန်လကုန်တွင် ပြီးဆုံးမည် ဖြစ်ပါကြောင်း။

သန်းခေါင်စာရင်း၏ တတိယအဆင့် လုပ်ငန်းဖြစ်သော စာရင်းဇယားပြုစုခြင်းကို ယနေ့ စတင် စမ်းသပ် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ထိုအဆင့်ကို UNFPA အကူအညီဖြင့် DRS Company မှ ခေတ်မီနည်းပညာ အထောက်အကူပြု စက်ကိရိယာ များဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယင်းမှာ အကြမ်းဖျင်း ကိုးလခန့် ကြာမြင့်နိုင်ပါကြောင်း၊ ၎င်းနောက် စီမံချက် စတုတ္တ အဆင့်အဖြစ် အခြေခံ လူဦးရေ စာရင်းဇယား ပြုစုထုတ်ပြန်ခြင်းကို ၂၀၁၅ ခုနှစ် မေလခန့်တွင် အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း။

ယခုအချိန်တွင် နိုင်ငံတစ်ဝန်းမှ ကောက်ယူပြီးစီးခဲ့သော မေးခွန်းပုံစံများကို ပြန်လည် လက်ခံနေပြီး စာရင်းဇယားပြုစုခြင်း လုပ်ငန်းအတွက် အဆင့်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ စကင်နာ မဖတ်ခင်တွင် ပြင်ဆင်ခြင်းလုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ရမည် ဖြစ်သလို စကင်နာ ဖတ်ပြီးချိန်တွင်လည်း အမှားပြင်ဆင်ခြင်း လုပ်ငန်းစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထုတ်ပြန်ကြေညာရမည့် လုပ်ငန်းစဉ် အားလုံးသည် ပြန်လည် စုစည်းရရှိသော အချက်အလက်များကို စက်ဖြင့် ပြန်လည်ဖတ်နိုင်သော အခြေအနေအပေါ် မူတည်ဆောင်ရွက်ရမည်ဖြစ်ပြီး ယခုအချိန်ထိ လက်ဝယ်ကို မေးခွန်း စာရွက်များ အစုံအလင် မရောက်ရှိသေးခြင်းကြောင့် အချိန်ကာလ သတ်မှတ်ချက်များ အနည်းငယ် ကွာဟမှုများ ရှိနိုင်ပါကြောင်း။

ဤနေရာတွင် ဆောင်ရွက်သမျှအပေါ် သုံးသပ်ရန်အတွက် ယခင် သန်းခေါင်စာရင်း ကာလ၏ ကိန်းဂဏန်း များနှင့် နှိုင်းယှဉ် တင်ပြသွားလိုပါကြောင်း၊ နိုင်ငံတွင် သန်းခေါင် စာရင်း နောက်ဆုံး ကောက်ယူခဲ့သော ၁၉၈၃ ခုနှစ်တွင် လူဦးရေမှာ ၃၅ ဒသမ ၃ သန်း ခန့် ရှိ၍ ယနေ့ခန့်မှန်း လူဦးရေ၏ ထက်ဝက်ခန့်သာရှိပါကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းတွင် လုံခြုံရေး အခြေအနေများကြောင့် မကောက်ယူနိုင်ခဲ့သော ကျေးရွာအုပ်စုပေါင်း ၉၄၂ အုပ်စု၊ လူဦးရေ ၁ ဒသမ ၁၇ သန်းကျော် မကောက်ယူနိုင်ခဲ့ခြင်းကြောင့် စုစုပေါင်း လူဦးရေ၏ ၃ ဒသမ ၃၅ ရာခိုင်နှုန်းကို မကောက်ယူနိုင်ခဲ့ပါကြောင်း၊ မကောက်ယူနိုင်သော နယ်မြေများ အနေဖြင့် ကချင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၂၁၀၊ ရှမ်းပြည်နယ်တွင် ကျေးရွာအုပ်စု ၄၉၀၊ ကရင်ပြည်နယ်တွင် ကျေးရွာ အုပ်စု ၁၈၆ စု၊ ကယားပြည်နယ်တွင် ကျေးရွာအုပ်စု ၁၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးရွာအုပ်စု ၄၁၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ကျေးရွာ အုပ်စု ၅၅ အုပ်စု ရှိပါကြောင်း၊ ယနေ့ အကြမ်းဖျင်း ရရှိထားသော စာရင်းဇယားများအရ ကချင်ပြည်နယ်တွင် စာရင်းပေါက်နေသော ရွာများထဲမှ ကျေးရွာပေါင်း ၉၇ ရွာသာ စာရင်းကောက်ရန် ကျန်တော့ကြောင်းနှင့် ကျန်နေရာများတွင် ကွက်ပြည့်နင်း အပြည့်အဝ ကောက်ခံနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ခရိုင် ငါးခုရှိသည့် အနက် ခရိုင်သုံးခုအတွင်း၌သာ လူမျိုးအမည်မှန် ဖြေဆိုမှုမပြု၍ ကောက်ယူရန် ချန်လှပ် ထားခဲ့သည်မှ အပ ကျန်ခရိုင်များကို အပြည့်အဝ ကောက်ယူနိုင်ခဲ့ပါကြောင်း၊ လက်ကျန် နေရာများကို ထပ်မံကောက်ယူနိုင်ရေး အတွက်လည်း သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စဉ်ဆက်မပြတ် ညှိနှိုင်းနေပါကြောင်း၊ ဆွေးနွေးမှု ရလဒ်များအပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း အစီရင်ခံစာများတွင် ထည့်သွင်း ဖော်ပြ သွားမည်ဖြစ်ပါကြောင်း။

ယခုတစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ယခင်နှင့် သိသိသာသာ ကွာခြားသည့် အချက်မှာ ယခင် အစဉ်အဆက် အကြောင်း အမျိုးမျိုးကြောင့် စာရင်းမကောက်ခဲ့ ရသော အထူးဒေသ(၂) “ဝ”ဒေသ၊ အထူးဒေသ(၄) မိုင်းလားဒေသ၊ ကိုးကန့်ဒေသ စသည်တို့အပြင် ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကရင်နီ၊ ကယား အစရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နေရာများတွင် တိုင်းရင်းသား ညီအစ်ကိုများ၏ အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်မှုကြောင့် ကွက်ပြည့်နင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ယင်း ဖြစ်ရပ်မှာ ညီရင်း အစ်ကိုများအကြား ထူးခြားစွာ ပူးပေါင်းဆောင်ရွက်နိုင်သော ဖြစ်စဉ်တစ်ခုဖြစ်ပြီး နိုင်ငံတော် အတွက် လွန်စွာမှ ဝမ်းသာကြည်နူးဖွယ်ရာကောင်းသော ညီညွတ်ရေး ပုံရိပ်တစ်ခုဟု ပြောရမည် ဖြစ်ပါကြောင်း၊ ယင်းမှာ အစိုးရအဖွဲ့သစ် ကာလအတွင်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကြောင့် ထွက်ပေါ်လာသော ရလဒ်ဟုလည်း ဆိုရမည် ဖြစ်ပါကြောင်း။

သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူချိန်တွင် မိမိတို့နှင့်ပူးပေါင်း ဆောင်ရွက် နေသော ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ စိတ်ကြိုက်ရွေးချယ် ထားသော (အမေရိကန်၊ ပြင်သစ်၊ UK၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နယ်သာလန်၊ အယ်လ်ဗေးနီးယား၊ တူနီးရှား၊ ကနေဒါ၊ ချီလီ၊ အီတလီ၊ တီမော၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ ဘူဂီနာဖာဆို၊ ကွန်ဂို) စသော နိုင်ငံများမှ အတွေ့အကြုံရှိ လူဦးရေပညာရှင် ၂၃ ဦးနှင့် ပြည်တွင်း ပညာရှင် ၂၃ ဦး ပေါင်းစပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု၊ ခရိုင် ၄၀၊ မြို့နယ် ၁၂၀ ကိုသွားပြီး စာရင်း ကောက်ကွက် ၉၆၀ မှ အိမ်ထောင်စု ၁၈၀၀ နှင့် လူဦးရေ ၂၁၉၄ ဦးကို တွေ့ဆုံ မေးမြန်း ခဲ့ကြပါကြောင်း၊ မေးမြန်းချက်၊ ဖြေကြားချက်၊ တုံ့ပြန်ပြောကြားချက်များကို စနစ်တကျ ဗီဒီယိုမှတ်တမ်း တင်ခဲ့ကြပါကြောင်း၊ ပြင်သစ်လူမျိုး Dr. Nancy Stiglar ခေါင်းဆောင်သော ကွင်းဆင်း လေ့လာရေး အဖွဲ့များနှင့် အလှူရှင် နိုင်ငံများဖြစ်သော ဩစတြေးလျ၊ ဆွီဒင်၊ အင်္ဂလန် (DEEID) တို့နှင့် ဧပြီ ၁၁ ရက်က ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံ သုံးသပ်ခြင်းများ လုပ်သည့်အခါ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် တွေ့ရှိချက်များထဲမှ အချက် အချို့ကို ထုတ်နုတ်ပြရလျှင် သန်းခေါင်စာရင်း အသိပညာပေး စည်းရုံးလှုံ့ဆော်မှု လွန်စွာ ကောင်းမွန်ကြောင်း၊ မေးခွန်းပုံစံအပါအဝင် ပစ္စည်းများ နယ်စွန်နယ်ဖျား ရပ်ကွက်/ ကျေးရွာ အထိ လုံလောက်စွာ ဖြန့်ဖြူးနိုင်ကြောင်း၊ ပြည်သူလူထုပူးပေါင်း ဆောင်ရွက်မှု အလွန်ကောင်းကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များအား အဆင့်ဆင့် စနစ်တကျ သင်တန်း ပေးထားခဲ့သည်ကို တွေ့ရကြောင်း၊ စာရင်းကောက်များ ဒေသခံဘာသာ စကား ကျွမ်းကျင်ပြီး လူထုအားလေးစားစွာ ဆက်ဆံကြကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဟု ဆိုနေကြသော ပြဿနာမှလွဲ၍ ရောက်ရှိခဲ့သော နိုင်ငံတစ်ဝန်းတွင် လူမျိုးဘာသာ မေးခွန်း အား လွတ်လပ်စွာ ဖြေကြားကြကြောင်း။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးစုတွင် မူလရှိပြီး လူမျိုးအမည်မှန် ဖြေသူများအား သန်းခေါင် စာရင်း ကောက်ယူနိုင်ခဲ့ကြောင်း၊ ရိုဟင်ဂျာဟု ဖြေသူအား လူမျိုးအမှန်ကိုသာ ဖြေကြား ပါရန် ရှင်းပြကြကြောင်း၊ အိမ်ရှင်မှ ရိုဟင်ဂျာဟု အတင်းအကျပ် ရေးသားရန် တိုက်တွန်းပြီး ဆန့်ကျင်မှုများ ပြုလုပ်နေပါက စာရင်းကောက်ယူမှု မပြုတော့ကြောင်း၊ ယခု သန်းခေါင် စာရင်း ကောက်ယူခဲ့ခြင်းသည် စမ်းသပ် စာရင်းကောက်ယူခြင်း ဆောင်ရွက်စဉ်ကထက် ပိုမို ပြည့်စုံ ကောင်းမွန်ကြောင်းဖြင့် ပါရှိပါကြောင်း။

အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေး မှတ်ချက်ပြုခဲ့သည့် အချက်အချို့ကို ထုတ်နုတ်ပြရလျှင် ရခိုင်ဒေသ တွင် နိုင်ငံရေးအရ ဆုံးဖြတ်ခဲ့သည့် ကိစ္စအပေါ် အနည်းငယ် စိုးရိမ်သည်မှလွဲ၍ ကျန်နယ်မြေဒေသ အားလုံးတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ သန်းခေါင်စာရင်း ကောက်ယူနိုင်သဖြင့် ဂုဏ်ယူပါကြောင်း၊ ရခိုင်ဒေသမှ ရရှိလာသည့် အချက်အလက်များကို ဆန်းစစ်လေ့လာပြီးမှ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ဆုံးဖြတ်ရန်နှင့် မေးခွန်းလွှာများ ပြန်လည် ပို့ဆောင်မှု အထူးဂရုပြုရန် အကြံပြုလိုကြောင်း၊ ဆက်လက် ပူးပေါင်း ကူညီသွားမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောဆိုခဲ့ပါကြောင်း။

သဘာပတိဖြစ်သူ ဆွစ်ဇာလန်နိုင်ငံ ပညာရှင် Mr. Wemer Haug ကနိုင်ငံများတွင် သန်းခေါင် စာရင်း လုပ်ငန်းကို (၁၀) နှစ် တစ်ကြိမ် ဆောင်ရွက်နေကြကြောင်း၊ မြန်မာနိုင်ငံတွင် နှစ် (၃၀) မကောက်နိုင်၍ မကောက်ဖူးသည့် နိုင်ငံဟုပင် ပြောဆိုရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ယခု သန်းခေါင်စာရင်း လုပ်ငန်းသည် အမှားနည်းပြီး နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ ဆောင် ရွက်နိုင်ခဲ့၍ ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း။

အလားတူပင် မိမိတို့နှင့်အတူ သန်းခေါင်စာရင်း ကာလတစ်လျှောက်လုံးတွင် အတူတကွ ပူးတွဲ လုပ်ကိုင်နေသော နိုင်ငံတကာ နည်းပညာအကြံပေးအဖွဲ့ (International Technical  Advisory Board -ITAB) နှင့် ဧပြီ ၂၄ ရက်တွင် ညှိနှိုင်းဆွေးနွေးချက်အရ မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းအပေါ် သုံးသပ်ချက်ကိုလည်း ဆက်ပြီး တင်ပြ လိုပါကြောင်း၊ ITAB အဖွဲ့ဆိုသည်မှာ သန်းခေါင်စာရင်း စီမံချက် အဆင့်တိုင်းကို နိုင်ငံ တကာ စံချိန်စံညွှန်းများနှင့် တိုင်းတာ စစ်ဆေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂ အစီအစဉ်နှင့် ဖွဲ့စည်းပေးထားသော ၁၄ နိုင်ငံမှ နိုင်ငံတကာ လူဦးရေ ပညာရှင်များ ပါသော အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း။

ITAB အဖွဲ့ဝင်များက မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းနှင့် ပတ်သက်၍ ချီးကျူးဂုဏ်ပြုပါကြောင်း၊ ရခိုင်ဒေသတွင် နိုင်ငံရေး ပြဿနာကို ဖြေရှင်း နိုင်ပါက စာရင်း ပြန်ကောက်သည့် လုပ်ငန်းစဉ်သည် အကောင်းဆုံးဖြစ်မည်ဟု အကြံပြု ပါကြောင်း။

ITAB အဖွဲ့၏ တွဲဖက်သဘာပတိဖြစ်သူ ဆွစ်ဇာလန်နိုင်ငံပညာရှင် Mr. Wemer Haug က သန်းခေါင် စာရင်း ကောက်ရာ တွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် လူ့အခွင့်အရေးကို လိုက်နာ ရမည် ဆိုသော်လည်း နိုင်ငံ၏ ပကတိ အနေအထား အပေါ် မူတည် စဉ်းစားရသည်ဟု ပြောခဲ့ပါကြောင်း၊ စင်ကာပူနိုင်ငံမှ ပညာရှင် Mr. Paulchaung ကလည်း သန်းခေါင် စာရင်း အောင်မြင်မှု အပေါ် ဂုဏ်ယူပါကြောင်း၊ ရခိုင်ဒေသတွင်း လူမျိုး အမည် ပြဿနာသည် နိုင်ငံရေး ပြဿနာ (Political Problem) ဖြစ်သည့်အတွက် နည်းပညာပိုင်း (Technical) နည်းဖြင့် ဖြေရှင်း၍ မရဟု ပြောကြားခဲ့ပါကြောင်း၊ ပညာရှင် အချို့ကမူ စာရင်းကောက်ရန် ကျန်သည့် Under count ကိစ္စမှာ သန်းခေါင်စာရင်း လုပ်ငန်းတွင် အစဉ်အမြဲ ဖြစ်နေသည့် ပြဿနာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ Under count မှာမူ Systematic Under count ဟု ခေါ်ဆိုနိုင်ပါကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း။

မိမိတို့ သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် ကနဦးအစပိုင်းတွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံး တွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် နိုင်ငံဧရိယာ အားလုံးနီးပါးကို ကောက်ယူနိုင်ခဲ့ ပါကြောင်း၊ လက်ရှိ အနေဖြင့် မေးခွန်းပုံစံ လက်ခံခြင်း လုပ်ငန်းကို ဆောင်ရွက်နေပါကြောင်း၊ ရှေ့ပြေးလူဦးရေ စာရင်းကို ယခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါကြောင်း၊ ထုတ်ပြန်ကြေညာသည့် နေရာတွင် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ထိ ထုတ်ပြန်ကြေညာမည်ဖြစ်ပါကြောင်း၊ ဖြစ်နိုင်လျှင် မိမိတို့ သန်းခေါင်စာရင်း၏ လွှမ်းခြုံနိုင်မှုနှင့် ဖြေကြားမှု ရာခိုင်နှုန်းကိုလည်း ထိုအချိန်တွင် ထုတ်ပြန်မှာဖြစ်ပါကြောင်း။

သန်းခေါင်စာရင်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူတည် ဆောင်ရွက်ပေးသည့် ကိစ္စ ရပ်သာဖြစ်ပြီး အခြား ကိစ္စ များနှင့် ရောထွေး မစဉ်းစားသင့်ဘဲ စံချိန်စံညွှန်းဆိုသည့် ရှုထောင့် တစ်မျိုးတည်းက မူတည် စဉ်းစားပြီး ဆောင်ရွက်စေခြင်း ထက် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာအာဏာပိုင်ဆိုင်မှုနှင့် အရာအားလုံး ယိုယွင်းပျက်စီးနိုင်မှု၊ သွေးထွက်သံယို ဖြစ်မှု စသည့် အကျိုးဆက်များကိုပါ ဆက်စပ်ပြီး မျှမျှတတ စဉ်းစားပေးရမည့် လုပ်ငန်းစဉ် ဟုလည်း ပြောကြား လိုပါကြောင်း။

နိုင်ငံတော် အစိုးရသစ်ကာလအတွင်း သုံးနှစ်နီးပါး အချိန်ယူပြင်ဆင် ဆောင်ရွက်ခဲ့ရသော ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်း လုပ်ငန်းကြီးသည် နိုင်ငံတော်အကျိုး၊ ပြည်သူများ ၏ အကျိုးကို လက်ရှိနှင့် အနာဂတ် ကာလများတွင် တစ်ခန်း တစ်ကဏ္ဍ အနေဖြင့် အကျိုးပြု ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု ရိုးသားစွာ ယုံကြည်လက်ခံထားပါကြောင်း၊ ထို့ကြောင့် ယင်း အမျိုးသားရေး လုပ်ငန်းစဉ်ကြီးတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ နိုင်ငံတစ်ဝန်းတွင် စိတ်ရော ကိုယ်ပါ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသော ပြည်သူလူထု တိုင်းရင်းသား ညီအစ်ကို အပေါင်းတို့ကိုလည်းကောင်း၊ ကာလတစ်လျှောက်လုံး အတူလက်တွဲ ဆောင်ရွက်ခဲ့သော ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ကို လည်းကောင်း၊ နိုင်ငံတော် အစိုးရအဖွဲ့၏ ကိုယ်စား လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါကြောင်း ပြောကြားခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် PGM အစည်းအဝေးသို့ တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ကြသည်။

ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ သတင်း မီဒီယာများမှ သတင်းထောက် များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

------------------------------------------------ 



Black List မှ ပယ်ဖျက်ခွင့်ပြုသော ဆရာဝန် (၁၀၁၀) ဦးစာရင်း 

Thu, 10/10/2013 - 12:19

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Black List မှ ထပ်မံပယ်ဖျက်ပေးခြင်း

 

နေပြည်တော် သြဂုတ် ၁၆
အမည်ပျက်စာရင်း (Black List) ရေးသွင်းခံရသော ကုမ္ပဏီ (၂) ခုနှင့် လူပုဂ္ဂိုလ် (၁၀) ဦး အား အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်-
(က)
မြန်မာအင်ချမ်းထွန်း အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (Myanmar Inchan Tun International Co.,Ltd.)

(၁)
ဦးပေါင်ဂင်မန့် (ခ) သောမတ်       ၄/တတန (နိုင်) ၀၁၀၄၉၄

(၂)
ဦးစိုးနောင် (ခ) အာကာ             ၁၂/ဗဟန (နိုင်) ၀၆၄၁၁၂

(၃)
ဦးဆိုင်ဆုံ                                 ၁၂/အစန (နိုင်) ၁၁၇၄၄၇

(၄)
ဦးသိန်းဝင်း                            ၁၃/လလန (နိုင်) ၀၀၄၀၀၅

(၅)
ဦးစောလကပေါ                     ၁၄/မအပ (နိုင်) ၁၆၇၀၃၀

(၆)
ဦးပါမှို                                  ၄/မတပ (နိုင်) ၀၃၂၀၃၉

(၇)
ဦးသက်နိုင် (ခ) ဘိုင်လေး       ၁၂/အစန (နိုင်) ၁၅၃၈၃၈

(၈)
ဦးသိန်းသန်းထွန်း                 ၁၂/သဃက (နိုင်) ၀၃၇၈၅၄
(ခ)
ရွှေမြားမြန်မာကုမ္ပဏီလီမိတက် (Golden Arrow Myanmar) ။  ဦးသန့်ဇင် ၁၂/မဂတ (နိုင်) ၀၈၂၁၀၆
(ဂ)
ကုမ္ပဏီဖွဲ့စည်းထားခြင်း မရှိသော နိုင်ငံခြားသားပုဂ္ဂိုလ်။     Mr. In Kwal Lhi

--------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Black List မှ ထပ်မံ ပယ်ဖျက်ပေးခြင်း

နေပြည်တော် သြဂုတ် ၁၆

Black list တွင်ရေးသွင်းခံရသော သြစတြေးလျနိုင်ငံသားများ (မြန်မာနိုင်ငံသားဟောင်းများ) ဖြစ်ကြသော ဦးဘအေး (PP No. M 5953363) နှင့် ဦးတင်ဦး (PP. No. E 7522396) တို့အား Black list မှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

-----------------------------------------------------------------------------------------------------------------------------------------------------------------------

Black List မှ ထပ်မံပယ်ဖျက်ပေးခြင်း

နေပြည်တော် ဧပြီ ၂၅


အကြောင်းအမျိုးမျိုးကြောင့် Black List ရေးသွင်းခံရသောအောက်ဖော်ပြပါ လူပုဂ္ဂိုလ်များအား Black List မှ ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်-

စဉ်       အမည်                          မှတ်ပုံတင်အမှတ်                          နိုင်ငံသား

(၁)       Mr. Yoon Man Ki                    -                               Republic of Korea

(၂)       Mr. Kim Yong Man                   -                               Republic of Korea

(၃)      ဒေါ်မြင့်မြင့်စိုး                 ၁၂/အစန(နိုင်)၁၆၈၂၇၇                     မြန်မာ

(၄)      ဒေါ်ရီရီထွန်း                  ၁၂/လမန(နိုင်)၁၃၇၂၆၄                     မြန်မာ

(၅)     ဒေါ်ခေမာကြည်               ၁၂/မရက(နိုင်)၀၃၀၁၂၇                     မြန်မာ

(၆)    ဦးအောင်ကျော်ထူး             ၁၂/အစန(နိုင်)၁၁၆၇၄၄                     မြန်မာ

(၇)    ဒေါ်အိအိမိုး                     ၁၂/ရကန(နိုင်)၀၆၂၇၈၄                     မြန်မာ

(ဂ)    Mr. ZakariaKamdar                    -                                      Pakistan


-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Black List မှ ထပ်မံ ပယ်ဖျက်ပေးခြင်း






































--------------------------------------------------------------------------------------------------------------------------------------------------------------------------------

Black List မှပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်း

 

 







 


1 comment:

  1. သာစည်မှတ်ပုံတင်ရုံးးးးမနက်၉း၃၀မှဖွင့်တယ်းး

    ReplyDelete