ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၂၁ / ၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့
ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့ပါ ပြဌာန်းချက်များအရ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို
ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများအဖြစ်
ခန့်အပ် တာဝန် ပေးလိုက်သည်-
(၁)
|
ဗိုလ်မှူးကြီးတင်အောင်ထွန်း
|
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
|
(၂)
|
ဦးမြင့်သောင်း
|
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
|
(၃)
|
ဦးဟံထွန်း
|
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန
|
(၄)
|
ဒေါ်နီလာကျော်
|
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန
|
(၅)
|
ဦးမောင်မောင်စိုး
|
စည်ပင်သာယာရေး ဝန်ကြီးဌာန
|
(၆)
|
ဦးနိုင်ငံလင်း
|
လူမှုရေး ဝန်ကြီးဌာန
|
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment