Wednesday, April 6, 2016

မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၉/၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်)
မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) တို့ပါ ပြဌာန်းချက်များအရ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြလာသည့် အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁)
ဗိုလ်မှူုးကြီးမျိုးမင်းအောင်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
(၂)
ဒေါက်တာစိုးသန်း (ခ)
 ဦးကျော်စိုးသန်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(၃)
ဦးဇာနည်အောင်
လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
(၄)
ဦးမျိုးသစ် (ခ) ဦးပါလေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၅)
ဦးမြတ်သူ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
(၆)
ဒေါက်တာရဲလွင်
စည်ပင်သာယာရေးဝန်ကြီးဌာန

(ပုံ) ထင်ကျော်                 
နိုင်ငံတော်သမ္မတ              
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်






No comments:

Post a Comment